Intagwa City

Intagwa City အင်းတ​ကော်​မြို့သတင်း

ပဲခူးမြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ================ပဲခူးမြို့နယ် သည် မြန်မာနိုင်ငံ၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်ရှ...
24/03/2023

ပဲခူးမြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ
================
ပဲခူးမြို့နယ် သည် မြန်မာနိုင်ငံ၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်ရှိ မြို့နယ်တစ်ခု ဖြစ်သည်။မြို့နယ်ရုံးစိုက်ရာမြို့မှာ ပဲခူးမြို့ ဖြစ်သည်။

ပဲခူးမြို့သည် ပဲခူးတိုင်းဒေသကြီး၏ မြို့တော်ဖြစ်သည်။ ပဲခူးခရိုင်နှင့် ပဲခူးမြို့နယ်တို့၏ ရုံးစိုက်ရာမြို့ ဖြစ်သည်။ ရန်ကုန်မြို့၏ အရှေ့မြောက်ဘက်တွင် တည်ရှိပြီး အမှတ်(၁) ပြည်ထောင်စုအဝေးပြေးလမ်းမကြီးအား ဖြင့် ၅၃ ကီလိုမီတာ (၃၃ မိုင်)ကွာဝေးသည်။

ရှေးအခါက ဟံသာဝတီ ဟူသောအမည်ဖြင့် မွန်ဘုရင်တို့၏ နေပြည်တော်အဖြစ်လည်းကောင်း၊ တပင်ရွှေထီး၊ ဘုရင့်နောင် နှင့် နန္ဒဘုရင်တို့၏ နေပြည်တော်အဖြစ် လည်းကောင်း အလွန်ပင်ထင်ရှားခဲ့သည့် မြို့တစ်မြို့ ဖြစ်သည်။

အမည်
ပဲခူး (အသံထွက်=ပဂိုး) ဟူသည်မှာ ဗမာတို့ခေါ်သည့်အမည် မဟုတ်ပေ။ မွန်တို့၏ အခေါ်သာဖြစ်ပြီး အဓိပ္ပာယ်မှာ လှပသောမြို့၊ မြို့လှမြို့ ဟူ၍ဖြစ်သည်။ သို့သော် ထိုအသံထွက်၏ ဆင်းသက်ပုံ အနက်မှာမူ ဤသို့မဟုတ်ပဲ မွန်ဘာသာအားဖြင့် "ဥပါယ်ဂို့ = ဥပါယ်ပြုရာအရပ်" ဟုဆိုကာ သမိုင်းဇာတ်လမ်းနှစ်မျိုး ဖြစ်နေရသည်။

ပထမဇာတ်လမ်းအရ ဟံသာဝတီမြို့ဟူ၍ မွန်လူမျိုးတို့က မြို့တည်ရန် ကြံစည်ရာ အိန္ဒိယလူမျိုးတို့နှင့် နေရာသတ်မှတ်မှု အချင်းများကြရသည်။ အိန္ဒိယသင်္ဘောသားတို့က ဤနေရာသည် မိမိတို့အလျင်ရောက်ပြီး ကျောက်တိုင်စိုက်ထူကာ မှတ်သားခဲ့သည့် နေရာဖြစ်သည်။ ထို့ကြောင့် မိမိတို့သာပိုင်သည်ဟု အခိုင်အမာဆိုသည်ကို မွန်တို့က ပရိယာယ်ပြုပြီး အိန္ဒိယသားတို့၏ ကျောက်တိုင်အောက်တွင် သိကြားမင်းက မွန်တို့အတွက် ကျောက်တိုင်စိုက်ပြီးဖြစ်သည်၊ ထို့ကြောင့် မိမိတို့သာပိုင်သည်ဟု ပြန်လည်ချေပကြသည်။ နောက်ဆုံးတွင် နှစ်ဖက်လုံးက ကျောက်တိုင်ကို တူးပြီး စစ်ဆေးရာ မွန်တို့ ပရိယာယ်အတိုင်း အနိုင်ရ၍ ထိုဒေသကို အပိုင်ရလေသည်။ ထို့ကြောင့် "ဥပါယ်ဂို့" ဟုခေါ်ကာ ကာလကြာသော် "ဥပါယ်ဂို့" မှ "ပဂိုး" ဟုပြောင်းလဲခေါ်လာကြသည်ဟု ဆိုသည်။

အခြားဇာတ်လမ်းတစ်ခုအရမူ ကျူးကျော်လာသည့် အိန္ဒိယသင်္ဘောသားတို့ကို အသားမင်းသားက ပရိယာယ်ဖြင့် စီးချင်းထိုးကာ အနိုင်ရသည့် အရပ်ဖြစ်သည်ကို အစွဲပြု၍ "ဥပါယ်ဂို့" ဟုခေါ်ကာ ကာလကြာသော် "ဥပါယ်ဂို့" မှ "ပဂိုး" ဟုပြောင်းလဲခေါ်လာကြသည်။

မြန်မာ့စွယ်စုံကျမ်းကမူ ပဲခူးမြို့ဟု ဖြစ်ပေါ်လာရသည်မှာ ဟင်္သာဝမ်းဘဲများ ကူးသန်းကျက်စားရာ အရပ်ဒေသဖြစ်၏။ ရှေးခေတ်အခါက ဝမ်းပဲကူးဟုခေါ်ခဲ့ရာမှ ကာလကြာမြင့်လာသောအခါ ပဲကူး၊ ထိုမှတစ်ဖန် ပဲခူးဟူ၍ ဖြစ်ပေါ်လာသည်ဟု ရေးသားထားသည်။

သမိုင်းကြောင်း
ပုဂံခေတ်
သမိုင်းကြောင်းအရဆိုလျှင် ဟံသာဝတီ-ပဲခူးအားမွန်တို့၏ အုပ်ချုပ်မှုအောက်တွင်ရှိသည်ကို ရှေးဦးစွာတွေ့ရမည်ဖြစ်သည်။ ပုဂံ အနော်ရထာမင်း လက်ထက်တွင် ဥဿာပဲခူး ဟူ၍တွေ့ရပြီး ပဲခူးမင်းအကူအညီတောင်းခံမှုကြောင့် ကျန်စစ်သား၊ငထွေးရူး၊ငလုံးလဖယ် နှင့် ညောင်ဦးဖီး တို့သူရဲကောင်းလေးဦး အားစေလွတ်၍ ကျူးကျော်သူ ကျွမ်းစစ်သည်တို့ကို နှိမ်နှင်းစေကြောင်း၊နောင်တွင် အနော်ရထာ သထုံကိုချီတက်သိမ်းပိုက်စဉ်တွင်လည်း ပဲခူးမှတစ်ဆင့် ချီတက်ကြောင်း၊အနော်ရထာမင်း အလွန်တွင် နန်းတက်သည့် စောလူးမင်းလက်ထက်တွင် ပဲခူးစား ငရမန်ကန်း ပုန်ကန်မှုအကြောင်း အစရှိသဖြင့် ပဲခူးသည် ပုဂံခေတ်ကတည်းက အစပြုကာ မြန်မာ့သမိုင်းစာမျက်နှာပေါ်တွင် အခိုင်အမာနေရာယူပြီးဖြစ်သည်။

မဂဒူးမင်းဆက်နှင့် အင်းဝ-ဟံသာဝတီနှစ်လေးဆယ်စစ်
နောင် ပုဂံအင်အားနည်းချိန်တွင် မွန်တို့က မုတ္တမကို အခြေပြုကာမဂဒူး မင်းဆက် ကိုပြန်လည်ထူထောင်ခဲ့ကြသည်။ ပဲခူးတွင်လည်း အခမမန်းက ပုဂံကို ပုန်ကန်ပြီး သီးခြားမင်းပြုကာနေရာ တရဖျား လက်ထက်ရောက်လျှင် မဂဒူးမင်းဆက်ကို စတင်တည်ထောင်သူ ဝါရီရူး က တရဖျားကို အနိုင်ရပြီး ပဲခူးသည်လည်း မုတ္တမ လက်အောက်ခံအဖြစ်သို့ရောက်ပြန်သည်။ မဂဒူးမင်းဆက် ၈ ဆက်မြောက်ဖြစ်သည့် ဆင်ဖြူရှင် ဗညားဦး လက်ထက်တွင် ပုန်ကန်မှုများကြောင့် မုတ္တမ မှ ပဲခူးတို့ ပြောင်းရွေ့နန်းစိုက်ရသည်။ ဗညားဦး နောက်နန်းတက်သည့် ဗညားနွဲ့လက်ထက်ရောက်သော် အထက်တွင် ပုဂံခေတ်ကုန်ဆုံးပြီး အင်းဝခေတ်ရောက်ကာ အင်းဝတွင် အစဉ်အဆက်ထီးနန်းစိုးစံကြသည် မင်းကြီးစွာ၊သားတော်များဖြစ်သည့် ဆင်ဖြူရှင်၊မင်းခေါင်တို့နှင့် အပြိုင်စစ်ခင်းပြီး သမိုင်းတွင်သည့် အင်းဝ-ဟံသာဝတီ နှစ်လေးဆယ်စစ် ကိုစတင်စေခဲ့သည်။

တောင်ငူ-ဟံသာဝတီခေတ်
မဂဒူးမင်းဆက် ၁၈ ဆက်မြောက် ဖြစ်သည့် သုရှင်ဒကာရွတ်ပိ လက်ထက်တွင် တောင်ငူမှ အင်အားကြီးလာသည့် တပင်ရွှေထီး၏ ရန်စစ်ကို မခံနိုင်တော့ပဲ ဟံသာဝတီ-ပဲခူးသည် မြန်မာတို့ အပိုင်ဒေသဖြစ်လာပြန်သည်။ တပင်ရွှေထီး လုပ်ကြံခံရပြီး မြန်မာတို့ မငြိမ်မသက်ဖြစ်နေချိန်တွင် မွန်မင်းများဖြစ်သည့် သမိန်စက္ကဝေါ နှင့် သမိန်ထောရာမ တို့ နှစ်ဦး အခိုက်အတန့်မျှ အုပ်ချုပ်ခဲ့သော်လည်း ဘုရင့်နောင် တိုက်လျှင် သမိန်ထောရာမ ပြေးသောကြောင့် ဘုရင့်နောင်ဦးဆောင်သည့် မြန်မာတို့မှာ ဟံသာဝတီကို အခြေပြုပြီး ဒုတိယ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို တည်ထောင်ကြသည်။ ကမ္ဘောဇသာဒီ နန်းတော်ကိုလည်း တည်ထောင်သည်။ သို့သော်ဘုရင့်နောင် အလွန် သားတော် နန္ဒဘုရင်(ငါးဆူဒါယကာ)လက်ထက်တွင် လက်အောက်ခံ ပဒေသရာဇ်တို့ ပုန်ကန်ပြီး ဟံသာဝတီကျဆုံးရပြန်သည်။

ညောင်ရမ်းခေတ်၊ကုန်းဘောင်ခေတ် နှင့် ကိုလိုနီခေတ်
သို့ဖြင့် ဟံသာဝတီသည် ထီးနန်းစိုက်ရာဒေသအဖြစ်မှ ညောင်ရမ်းခေတ်တွင် လက်အောက်ခံ ပဒေသရာဇ်အဆင့် သို့လျောကျခဲ့သည်။ အခိုက်အတန့်အားဖြင့် သာလွန်မင်းတရားကြီး အောက်အရပ်တွင် တိုင်းတပါးသား ငဇင်ကာ အားလာရောက် နှိမ်နှင်းချိန်တွင်သာ ယာယီနန်းစံခဲ့ဖူးသည်။ ညောင်ရမ်းခေတ်နောက်ဆုံးကာလများတွင် ဇင်းမယ်သား ဆင်ဝန်ဦးအောင်လှက ဗညားဒလ ဘွဲ့ခံကာပဲခူးမှ အင်းဝအားထောင်ထားစစ်ပြိုင်ပြုသည်။ အနိုင်ရသော်လည်း အလောင်းဘုရား ဦးအောင်ဇေယျ ဦးဆောင်သည့် ဗမာတို့၏ ပြန်လည်တိုက်ခိုက်မှုအောက်တွင်ကျဆုံးရပြန်သည်။ ပဲခူးမြို့ကို ဟံသာဝတီ ၃၂ မြို့ဝန် (ခ) ရန်ကုန်မြို့ဝန်က အုပ်ချုပ်သည်။သို့ဖြင့် မွန်တို့နှင့်အတူ ဟံသာဝတီ -ပဲခူးမြို့သည်လည်း မင်းနေပြည်တော်အဖြစ်သို့ တစ်ဖန်ပြန်မရောက်တော့ချေ။

သို့သော် ဒုတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲအပြီးတွင်မူ အောက်မြန်မာနိုင်ငံကို အင်္ဂလိပ်တို့လုယူအုပ်ချုပ်ရာ အုပ်ချုပ်ရေးဗဟိုအဖြစ် ပဲခူးကို သတ်မှတ်ပြီး တာဝန်ခံအုပ်ချုပ်သူ ကော်မရှင်နာဖြစ်သည့် ဆာအာသာဖယ်ယာမှာလည်း ထင်ရှားသူဖြစ်ခဲ့သည်။ မြန်မာတစ်ပြည်လုံး အင်္ဂလိပ်အောက်ကျရောက်ပြီးနောက် ရန်ကုန်မြို့ကို အုပ်ချုပ်ရေးဗဟိုအဖြစ် သတ်မှတ်သောကြောင့် ပဲခူးမြို့သည် သာမန်တိုင်းမြို့ကြီးအဖြစ်သာ သတ်မှတ်ခြင်းခံရတော့သည်။

ဗြိတိသျှအစိုးရလက်ထက် ၁၈၇၈ တွင် ပဲခူးမြစ်နှင့် စစ်တောင်းမြစ်တို့ ဆက်သွယ်ရာ ပဲခူး စစ်တောင်း တူးမြောင်းကို ဖောက်လုပ်သည်။ပဲခူးမြို့ မြူနီစီပါယ်အဖွဲ့ကို ၁၈၈၃-ခုနှစ်၊ ဒီဇင်ဘာလ (၁)ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။ ထိုနှစ်တွင် မြို့ပေါ်ရှိလူဦးရေမှာ တစ်သောင်းကျော်ကျော်သာ ရှိသေးသည်။ ၂၇၊ ဖေဖော်ဝါရီ ၁၈၈၄ တွင် ပဲခူး ရန်ကုန် မီးရထားလမ်းကို ဖောက်လုပ်ပြီးစီးသည်။မြို့အနောက်ပိုင်းကို ၁၈၈၅-ခုနှစ်တွင် မြူနီစီပါယ် နယ်နိမိတ်အတွင်း ပါဝင်ဖွဲ့စည်းခဲ့သည်။ ၁၉၁၁-ခုနှစ်တွင် ပဲခူးမြို့ လူဦးရေမှာ ၁၇၁၀၄-ဦးအထိ တိုးတက်များပြားလာသည်။

ပဲခူးမြို့လယ်၊ ပဲခူးမြစ်လယ်ပေါ်တွင် ဖြတ်ကူးထားသော သံတံတားကြီးကို ၁၈၈၆-၁၈၈၉ ခုနှစ်တွင် တည်ဆောက်ခဲ့သည်။ ၎င်းတံတားကြီးမှာ အင်္ဂလန်မှ မှာယူစဉ်က ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ကုလားတန်မြစ်ပေါ်တွင် တည်ဆောက်ရန် ဖြစ်သော်လည်း တံတားမှာ တိုလွန်းနေ၍ ပဲခူးမြို့သို့ ပို့ပေးပြီး ပဲခူးမြစ်ကူး သံတံတားကြီးအဖြစ် တည်ဆောက်လိုက်ကြခြင်း ဖြစ်သည်။ ရခိုင်မှတစ်ဆင့် သယ်ယူခအပါအဝင် ကုန်ကျငွေ စုစုပေါင်း ၅၅၇၁၈-ကျပ် ဖြစ်ပေသည်။ ဒုတိယကမ္ဘာစစ်အတွင်းက ပျက်စီးသွားပြီဖြစ်၍ ယခုအခါ မရှိတော့ပေ။

ဒေသသမိုင်းကျဉ်း
၁။ ပဲခူးမြို့ကို ဟံသာဝတီဟုလည်းခေါ်ပါသည်၊၊ ရှေးမြန်မာမင်း အစဉ် ဆက်တို့၏ မင်းနေပြည်တော်အဖြစ် ထီးနန်းစိုက်ခဲ့ရာမြို့ဖြစ်ပါသည်။ အထူး သဖြင့် မွန်တို့ကြီးစိုးခဲ့ရာ မြို့တော်တည်ရှိမည့် နေရာသည် ဘုရားဗျာဒိတ် တော်နှင့်အညီ ဖြစ်သည်ဟု သိရ၏။ ရှေးယခင် ဂေါတမမြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ် ဝါတော်(၆)ဝါ ရသောအခါ ရာမညဒေသ မွန်ပြည် နယ်တည်ရှိရာ သထုံသုဝဏ္ဏ (ဘူမိ) သို့ ကြွလာတော်မူလေသည်။ ထိုစဉ် သထုံမြို့တော်ကို မဟာသိရီမာသောက မင်းကြီးအုပ်ချုပ်လျက်ရှိ၏။ သုဝဏ္ဏ (ဘူမိ)မှလှည့်လည်ကြွချီရာတွင် မြတ်စွာဘုရားခင်သည် ဟံသာဝတီမြို့တော် ကြီးပေါ်ထွန်းမည့်နေရာသို့ ရောက်ရှိရာ၌ပင်လယ်ပြင်မှ ပေါ်ထွန်းစကုန်းမြေ အငူသို့ရောက်ရှိရာတွင် ဟင်္သာဖိုမတို့ကိုတွေ့မြင်တော်မူလေသည်။ ကုန်းမြေ မှ ကျဉ်းမြောင်း၍ ဟင်္သာဖိုမယှဉ်တွဲနားနေစရာမရှိသောကြောင့်ဟင်္သာဖို ၏ ကျောကုန်းပေါ်၌ ဟင်္သာမကနားရလေသည်။ ဘုရားရှင်ကို ဖူးမြင်ရသော အခါဟင်္သာမောင်နှံ သည် တောင်ပံတို့ကို ယှက်၍ ဘုရားရှင်အား ပူဇော်သမှု ပြုကြလေသည်။ ဤနေရာ၌ နောင်တွင် ဟံသာဝတီပြည်ကြီး တည်ထွန်း လာမည့် အကြောင်းနှင့် မြတ်စွာဘုရား သာသနာတော်ကြီးစည်ပင်ဖွံ့ဖြိုးလာမည့် အကြောင်း ဗျာဒိတ်ပေးတော်မူခဲ့သည်။ဘုရားရှင်၏ ဗျာဒိတ်တော် နှင့်အညီ ဟံသာဝတီကို ခရစ်နှစ်(၈၂၅)တွင် သမလ၊ ဝိမလညီနောင်တို့မှ စတင်တည်ထောင်ခဲ့ပြီး၊ ဟံသာဝတီ၊ မြို့တည်နှစ်ကြိမ် ဖြစ်ပေါ်ခဲ့သည်။ ဟံသာဝတီဟူသော အမည်သည် ဟင်္သာတို့ ကျက်စားပျော်ပါးရာ ဖြစ်၍ နယ်ပယ်ကူး၊ဥပယ်ခိုး၊ပဲခူးဟူ၍ ရှိသည်။ တချို့ပညာရှင်များက ဟင်္သာသည် ဝမ်းဘဲငှက်အမျိုးအစားဖြစ်၍ ဝမ်းဘဲငှက်တို့လူးလားပျံခတ် ပျော်ပါးရာဖြစ် ၍ ဝမ်းဘဲကူးဟုခေါ်ကြောင်း၊ အချို့ကလည်း တိုင်းတစ်ပါးသားတို့ မကြာခဏ နယ်ပယ်ကူး၍ တိုက်ခိုက်လာခြင်းကြောင့် နယ်ပယ်ကူးကမှ တစ်ဆင့် ပဲခူးဟု တွင်ခဲ့သည်။

၂။တည်နေရာ နှင့် အကျယ်အဝန်း
ပဲခူးမြို့သည်ရန်ကုန်မြို့တော်၏ အရှေ့မြောက်ဘက်၊ ရန်ကုန်မှ မော်တော်ကားလမ်းအားဖြင့် မိုင်၅၀၊ မီးရထားလမ်းအားဖြင့် ၄၈ မိုင်၊ မြောက်လတ္တီတွဒ် ၁၇ဒီဂရီ၁၄မိနစ်မှ ၁၇ဒီဂရီ ၅၀မိနစ် အကြား၊ အရှေ့လောင်ဂျီတွဒ်၉၆ဒီဂရီ ၂၄မိနစ်မှ ၉၆ဒီဂရီ ၄၁မိနစ်အကြား တည်ရှိပြီး၊ ပဲခူးမြို့၏ ဧရိယာအကျယ်အဝန်းမှာ (၇၁၇၈၆၁)ဧက၊ စတုရန်း မိုင်(၁၁၂၁.၆၆) ကျယ်ဝန်းပါသည်။

နယ်နိမိတ်
၃။ အရှေ့ဘက်တွင် ဝေါမြို့နယ်၊ သနပ္ပင်မြို့နယ်၊အနောက်ဘက်တွင် ရန်ကုန်တိုင်းဒေသကြီး၊လှည်းကူးမြို့နယ်၊တိုက်ကြီးမြို့နယ်၊ သာယာဝတီမြို့ နယ်၊ တောင်ဘက်တွင်ကဝမြို့နယ်၊ မြောက်ဘက်တွင် ဒိုက်ဦးမြို့နယ်၊ လက်ပံတန်းမြို့နယ် တို့အကြားတွင် တည်ရှိပါသည်။

မြေပြင်အခြေအနေ
၄။ ပဲခူးမြို့သည် ပဲခူးရိုးမတောင်ကြော၏ အရှေ့ဘက်ရေဆင်း ဖြစ်၍ မြို့နယ်တစ်ခုလုံး၏ အနောက်ဘက်ခြမ်းသည် သစ်တောများ ဖုံးလွှမ်းသည့် တောတောင် ထူထပ်သော ကုန်းမြင့်ပိုင်း ဖြစ်ပါသည်။ မြောက်ဘက်ခြမ်း သည်ပိုမိုမြင့်မား၍အဖိုးတန်သစ်များ ပေါက်ရောက်သော သစ်တောကြိုးဝိုင်း များရှိပါသည်။ ဧရိယာ အကျယ်အဝန်းအားဖြင့် အရှေ့မှအနောက်သို့(၂၁)မိုင်၊ တောင်မှမြောက်သို့ (၄၃)မိုင် ကျယ်ဝန်းပါသည်။

ရေဆင်း
၅။ ပဲခူးမြို့နယ်သည် ပဲခူးမြစ်ကိုအခြေခံ၍ တည်ရှိပြီး၊ ပဲခူးမြစ်သည် ပဲခူးရိုးမပေါ်ရှိ ဆင်နှာမောင်းတောင်တွင် မြစ်ဖျားခံ၍တောင်ဘက်ရှိ ရန်ကုန် မြစ် အတွင်းသို့ စီးဆင်းပါသည်။ မြောက်ဘက်ပဲခူးရိုးမတွင်မြစ်ဖျားခံသော ကိုလူကွဲချောင်း၊ လက်ပံချောင်း၊ အောင်မြချောင်း၊ ရွှေလောင်းချောင်း၊ စလူချောင်းတို့သည် ပဲခူးမြစ်သို့ စီးဆင်းပေါင်းဆုံကြပါသည်။ အခြားချောင်း များမှာ မဇင်းချောင်း၊ ဇလက်ထော်ချောင်းနှင့်ဝင်းဘောဒတ်ချောင်း တို့သည် လည်း ပဲခူးမြစ်အတွင်းသို့ စီးဆင်းကြပါသည်။ ပဲခူးမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် ပျမ်းမျှအမြင့် (၃၁)ပေ အထက်တွင် တည်ရှိပါသည်။



ရာသီဥတု
ပဲခူးမြို့နယ်သည်ပူအိုက်စွတ်စိုသော ရာသီဥတုရှိပြီး၊ အမြင့်ဆုံး အပူချိန် (၃၉.၈၀.C)နှင့် အနိမ့်ဆုံးအပူချိန်မှာ (၁၆.၄၀.C) ဖြစ်ပါသည်။ နှစ်စဉ်မိုးရေချိန်အများဆုံး(၁၄၈)လက်မမှ မိုးရေချိန်အနည်းဆုံး(၁၀၁)လက်မခန့်ရွာသွန်းပြီး မိုးများသည့်ဒေသဖြစ်သည်။

သဘာဝပေါက်ပင်များ
ပဲခူးမြို့နယ်အတွင်း ပေါက်ရောက်သည့် သဘာဝပေါက်ပင်များမှာ ရတနာတန်းဝင်ကျွန်း၊ အုပ်စု(၁)တွင်ပါဝင်သည့် ပျဉ်းကတိုး၊ ပိတောက်၊ သစ်ယာ၊ အင်ကြင်း၊ သင်္ကန်း၊ တမလန်း၊ အုပ်စု(၂)တွင် ပါဝင်သည့်သစ်ပင် များမှာကညင်၊ ကရဝေး၊ ကရှစ်(သစ်ခါး)၊ ကုက္ကိုလ်၊ ကျန၊ စကားဝါ(စကား)၊ စစ်၊ တောင်တမာ၊ထင်းရှုး၊ နှောပင်လယ်ကနစို(ကနစို)၊ ဘင်္ဂ၊မန်ကျည်းပွေး၊ မှန်သင်း၊ယင်းမာ၊ယမနေ၊ ယင်းထိုက်၊ သဒီ၊သင်းဝင်၊ သစ်ကတိုး၊သစ်ခရား၊ သစ်စေး၊ သစ်မန်ကျည်း၊ သစ်ရှို၊အနန်း၊ အင်၊အုပ်စု(၃)တွင် ပါဝင်သည့် အပင် များမှာကညောင်း၊ကံ့ကော်၊ ကောင်းမှု၊ ကြေးလံ၊ စန္ဒာဝါ၊ ညံ၊ တလိုင်းခေါင်း၊ တောသရက်၊ တောင်ပိန္နဲ၊ တောင်သရက်၊ ပိန္နဲဖို၊ ပျဉ်းမ၊ ဖန်ခါး၊ မဏိဩဂ၊ ရင်ခတ်၊ ရုံး၊ သပြေ၊သရဖီ၊ ဘင်္ဂဒူ ၊ သစ်ချ၊ သစ်ငယ်၊ အောက်ချင်း စာနီ စသည့်အပင်များ ပေါက်ရောက်ကြပါသည်။
ရှားပါးသည့် ဆေးဘက်ဝင်အပင်များမှာ ဇီးဖြူ၊ ဖန်ခါး၊ တောင်မရိုး၊ ဆင်တုံးမနွယ်၊ ဆေးမြင်းခွာ၊ တောင်သန်ကြီး၊ ကရဝေး၊ဝံအူ၊တောရှောက်၊ ဂုံမင်း၊ စနွင်း၊ ပရနာဝါ၊ ကစော့ဘုတ် စသည့် အပင်များပေါက်ရောက်ကြပြီး ဝါးများမှာ ကြသောင်း၊ တင်း၊ ဝါးသပွတ်၊ မျှင်၊ သိုက်၊ ဝါးဖြူ စသည့်ဝါးများပေါက်ရောက်ပါသည်။

တောရိုင်းတိရစ္ဆာန်များ
ပဲခူးမြို့နယ်တွင်တွေ့ရှိရသောတောရိုင်းတိရစ္ဆာန်များမှာဆင်၊ကျားသစ်၊ တောဝက်၊ ဝက်ဝံ၊ တောကျွဲ၊ ပြောင်၊ ဆတ်၊ တောင် ဆိတ်၊ ဂျီ၊ တောခွေး၊ ခွေးတူဝက်တူ၊တောကြောင်၊သင်းခွေချပ်၊ကြောင်မင်း၊ဖွတ်၊ပဒတ်၊ ဖျံ၊ တော နွား၊ မျောက်အမျိုးမျိုး၊ တောင်လိပ်၊ ရေလိပ်၊ လိပ်ပုတ် စသည့် တိရစ္ဆာန် များ တွေ့ရှိရပါသည်။

စီးပွားရေးဆိုင်ရာခြုံငုံသုံးသပ်ချက်
ပဲခူးမြို့နယ်သည် ပဲခူးတိုင်းဒေသကြီးအတွင်း တည်ရှိပြီး
စီးပွားရေးအရ အချက်အခြာကျသော မြို့နယ်တစ်ခု ဖြစ်ပါသည်။မြို့နယ်အတွင်းရှိ ဒေသခံ ပြည်သူလူထုသည် စိုက်ပျိုးရေးလုပ်ငန်း၊ဝန်ဆောင်မှုလုပ်ငန်းကို အဓိက လုပ်ကိုင် ဆောင်ရွက်ကြပါသည်။ပဲခူးမြို့နယ် သည် ကုန်းလမ်း၊ ရေလမ်းကြောင်းလမ်းများဆုံရာလမ်းမပေါ်တွင်တည်ရှိ၍ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သော မြို့နယ်ဖြစ်ပါသည်။ မြို့နယ်၏ အဓိကထွက်ကုန်မှာ ဆန်စပါးဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးသို့ အများဆုံးတင်ပို့ရောင်းချပါသည်။

အထင်ကရနေရာများ
၁ ။ ရွှေမော်ဓောဘုရား မြို့တွင်းကြီးရပ်ကွက်
၂ ။ ကမ္ဘောဇသာဒီ နန်းတော် နန်းတော်ရာရပ်ကွက်
၃ ။ ရွှေသာလျောင်းဘုရား မဇင်းရပ်ကွက်
၄ ။ မြသာလျောင်းဘုရား မဇင်းရပ်ကွက်
၅ ။စိန်သာလျောင်းဘုရား ကတွင်းခြံကျေးရွာ
၆ ။ မဟာစေတီဘုရား မဇင်းရပ်ကွက်
၇ ။ ကိုးသိန်းကိုးသန်းဘုရား ဥဿာ(၁)ရပ်ကွက်
၈ ။ အကျွတ်အလွတ်စေတီ ဥဿာ(၁)ရပ်ကွက်
၉ ။ ရွှေအောင်ရွေးဘုရား နန်းတော်ရာရပ်ကွက်
၁၀ ။ ကျိုက်ပွန်ဘုရား ဥဿာ(၆)ရပ်ကွက်
၁၁ ။ ရွှေဂူကြီးဘုရား(ဗုဒ္ဓဂါယာ) ဥဿာ(၈)ရပ်ကွက်
၁၂ ။ ဟင်္သာကုန်းဘုရား ဗိုလ်ကုန်းရပ်ကွက်
၁၃။ ဘုရားကြီး သမိုင်းဝင်မဟာဝိဇယရံသီ စေတီတော်မြတ်ကြီး ဘုရားလမ်းအမှတ် (၃) ရပ်ကွက်
၁၄။အင်းတကော် ဆံတော်ရှင်ကျိုက်သီရိဓမ္မသိုက်ဘုရား အမှတ်(၁)ရပ်ကွက်
၁၅ ။ အဘယမုနိဘုရား အမှတ်(၂)ရပ်ကွက်
၁၆။ ဒေးစွန်ပါဘုရား ဝမ်းဘဲအင်းကျေးရွာ
၁၇။စိန်သာလျောင်းဘုရား
၁၈။ကလျာဏီသိမ်တော်ကြီး
၁၉။ဟံသာဝတီဗုဒ်ဓဂါယာ
၂၀။ဟင်္သာကုန်းဘုရား

ထင်ရှားပုဂ္ဂိုလ်များ
မြို့မဆရာတော်ကြီး ရှင်ဣန္ဒာစာရ (ဝမ်းဘဲအင်းရွာ)
အိုင်စီအက်စ် ဦးတင်ထွဋ်
ဗန်းမော် တင်အောင်
ခေတ်ဟောင်းအဆိုတော် ရုပ်ရှင်မင်းသမီး ခင်ခင်ရီ (ညောင်ဝိုင်းရပ်)
တရားသူကြီးချုပ် ဦးအောင်တိုး
လင်းယုန်နီ(လိပ်ပြာကန်ရပ်)
ဒေါက်တာစိုးရင်
စာရေးဆရာ ဒါရိုက်တာ သာဓု
မောင်ကိုယု (ဇိုင်းဂနိုင်းတောင်ပိုင်း)
ဒေါက်တာကျော်စိန်
အမျိုးသားကျောင်းအုပ်ကြီး ဦးသန်း
စာရေးဆရာ မောင်သိန်းဆိုင်
စာရေးဆရာ ခက်ဇော် (ခ) ဗြိတိသျှကိုကိုမောင်
ကဗျာဆရာ ခရမ်းပြာထက်လူ

ရပ်ကွက်၊ကျေးရွာအုပ်စု၊ရွာ၊လူဦးရေ
ပဲခူးမြို့နယ်၌ ရပ်ကွက်(၃၄)ရပ်ကွက်၊ကျေးရွာအုပ်စု(၆၇)အုပ်စု၊ကျေးရွာ(၂၇၀)ရွာရှိပြီး ၂၀၁၄သန်းခေါင်စာရင်းအရ အမျိုးသား(၂၃၅၅၂၉)ဦး၊အမျိုးသမီး(၂၅၅၉၀၅)ဦးနှင့် စုစုပေါင်းလူဦးရေ(၄၉၁၄၃၄)ဦးရှိပါသည်။

ရပ်ကွက်များ
၁။မြို့တွင်းအရှေ့ (က)
၂။မြို့တွင်းအရှေ့ (ခ)
၃။မြို့တွင်းအနောက်(က)
၄။မြို့တွင်းအနောက်(ခ)
၅။လိပ်ပြာကန်
၆။ပုဏ္ဏားစု
၇။ပန်းလှိုင်
၈။ဈေးပိုင်း
၉။ညောင်ဝိုင်း(တောင်)
၁၀။ညောင်ဝိုင်း (မြောက်)
၁၁။သွန်းဘုရားကုန်း
၁၂။ကျောက်ကြီးစု
၁၃။ဇိုင်းဂနိုင်း(တောင်)
၁၄။ဇိုင်းဂနိုင်း(မြောက်)
၁၅။မဇင်း(က)
၁၆။မဇင်း(ခ)
၁၇။မဇင်း(ဂ)
၁၈။ဟင်္သာကုန်း
၁၉။ဗိုလ်ကုန်း
၂၀။ဟံသာဝတီ
၂၁။ရွာသစ်
၂၂။မြို့သစ်
၂၃။အမှတ် (၁) /ဥဿ.....ာ(၁)၂၄။အမှတ် (၂) /ဥဿ.....ာ(၂)
၂၅။အမှတ် (၃) /ဥဿ.....ာ(၃)
၂၆။အမှတ် (၄) /ဥဿ.....ာ(၄)
၂၇။အမှတ် (၅) /ဥဿ.....ာ(၅)
၂၈။အမှတ် (၆) /ဥဿ.....ာ(၆)
၂၉။အမှတ် (၇)/ဥဿ.....ာ(၇)
၃၀။အမှတ် (၈) /ဥဿ.....ာ(၈)
၃၁။အမှတ် (၉) /ဥဿ.....ာ(၉)
၃၂။ဘုရားကြီး (၁)
၃၃။ဘုရားကြီး (၂)
၃၄။ဘုရားကြီး (၃)

ကျေးရွာအုပ်စုများ
၁။မဲခုန်
၂။ကတွင်းခြံ
၃။မှုန်တိုင်း
၄။ကမာနတ်
၅။ဈေးညောင်ပင်
၆။အထက်စီဒီး(အနောက်)
၇။အထက်စီဒီး(အရှေ့)
၈။အောက်စီဒီး(အနောက်)
၉။အောက်စီဒီး(အရှေ့)
၁၀။အိုးဘို
၁၁။စိုင်ဒီ
၁၂။မုကျကလ
၁၃။ဘုရားကလေး
၁၄။တတ်ခလေး
၁၅။မယင်း
၁၆။အဝိုင်း
၁၇။ဝမ်းဘဲအင်း
၁၈။ရွာသစ် ( ကိုင်းတာ)
၁၉။ပျဉ်ပုံကြီး
၂၀။သပြေရိုး
၂၁။ဝင်္ဂဘော်
၂၂။ရွှေတန်
၂၃။လက်ပန်ခုံ
၂၄။ခုန်တိုင်း(ခုံတိုင်း)
၂၅။ပေပင်ချောင်
၂၆။ရှမ်းရွာကြီး
၂၇။အုပ်ဖို
၂၈။အထက်ဇိုင်းဂနိုင်းကြီး
၂၉။ဘောနတ်ကြီး
၃၀။စစ်ပင်ဆိတ်
၃၁။ကျိုက်ဒေးယုံ
၃၂။ပေါက်တော
၃၃။အင်းတကော်
၃၄။ကျောက်တန်း
၃၅။တာဝဘူတာ
၃၆။ကင်းပိုင်ခြံ/ကျုံ့
၃၇။ဂွေ့တန်းရှည်
၃၈။ထုံးကြီး
၃၉။ကမ်းနီ
၄၀။ကော့ချဲ
၄၁။ညောင်အင်း
၄၂။ငှက်ပျောတော
၄၃။ဘူးလယ်အင်း
၄၄။ထန်းပင်ချောင်
၄၅။လက်ပန်ဝင်း (အရှေ့)
၄၆။သာယာအေး
၄၇။ကွမ်ပေါင်
၄၈။သာယာကုန်း
၄၉။လသာကုန်း
၅၀။လသာအေး
၅၁။ဘုရားငုတ်တို
၅၂။ပျဉ်းမငူ
၅၃။မှော်လုံ
၅၄။ဇောင်းတူ
၅၅။ဇီးတော
၅၆။တမာပင်
၅၇။ထန်းတောကြီး
၅၈။အောက်ကမ္ဘား
၅၉။ကမ်းမြင့်
၆၀။အဆိပ်တောင်
၆၁။ဝါးပြန်ကုန်း
၆၂။သံစို့ပင်
၆၃။သရက်ကုန်း
၆၄။ဝါးမရမြး
၆၅။အလိုင်နီ
၆၆။လေးအိမ်စု
၆၇။လှော်ကား

ပဲခူးမြို့နယ်ရှိ ရွာများ

က
ကင်းချောင်းရွာ၊ ပဲခူးမြို့နယ်
ကင်းပိုင်ခြုံရွာ၊ ပဲခူးမြို့နယ်
ကတွင်းခြံရွာ၊ ပဲခူးမြို့နယ်
ကန်ကုန်းရွာ၊ ပဲခူးမြို့နယ်
ကန်တော်ရွာသစ်ရွာ၊ ပဲခူးမြို့နယ်
ကမာနတ်ရွာ၊ ပဲခူးမြို့နယ်
ကမ်းနီရွာ၊ ပဲခူးမြို့နယ်
ကမ်းမြင့်ရွာ၊ ပဲခူးမြို့နယ်
ကရင်စုရွာ၊ ပဲခူးမြို့နယ်
ကလိရွာ၊ ပဲခူးမြို့နယ်
ကိုင်းတန်းရွာ၊ ပဲခူးမြို့နယ်
ကိုင်းတာကြီးရွာ၊ ပဲခူးမြို့နယ်
ကုန်းသံဒင်းရွာ၊ ပဲခူးမြို့နယ်
ကူတောင်ရွာ၊ ပဲခူးမြို့နယ်
ကော့ချဲရွာ၊ ပဲခူးမြို့နယ်
ကော့ပြင်းဝိုင်ရွာ၊ ပဲခူးမြို့နယ်
ကော်ပတ်ခြံရွာ၊ ပဲခူးမြို့နယ်
ကံကြီးကုန်းရွာ၊ ပဲခူးမြို့နယ်
ကံဘဲ့ရွာ၊ ပဲခူးမြို့နယ်
ကျိုက်ကစဉ်ရွာ၊ ပဲခူးမြို့နယ်
ကျိုက်ကေတောင်ပိုင်းရွာ၊ ပဲခူးမြို့နယ်
ကျိုက်ကေတောင်ရွာ၊ ပဲခူးမြို့နယ်
ကျိုက်ကေမြောက်ပိုင်းရွာ၊ ပဲခူးမြို့နယ်
ကျိုက်ကေမြောက်ရွာ၊ ပဲခူးမြို့နယ်
ကျိုက်တကန်ရွာ၊ ပဲခူးမြို့နယ်
ကျိုက်ဒေးယုံရွာ၊ ပဲခူးမြို့နယ်
ကျီးပင်ရိုးရွာ၊ ပဲခူးမြို့နယ်
ကျုံတကန်ရွာ၊ ပဲခူးမြို့နယ်
ကျုံးရိုးရွာ၊ ပဲခူးမြို့နယ်
ကျောက်တန်းရွာ၊ ပဲခူးမြို့နယ်
ကျောက်လုံးကြီးရွာ၊ ပဲခူးမြို့နယ်
ကျောင်းစု (ကင်မွန်းခြုံ)ရွာ၊ ပဲခူးမြို့နယ်
ကျောင်းစုရွာ၊ ပဲခူးမြို့နယ်
ကျွန်းဦးရွာ၊ ပဲခူးမြို့နယ်
ကျွဲတဲကုန်းရွာ၊ ပဲခူးမြို့နယ်
ကျွဲဒညင်းကုန်းရွာ၊ ပဲခူးမြို့နယ်
ကျွဲဖီလာရွာ၊ ပဲခူးမြို့နယ်
ကျွဲဖြူအင်းရွာ၊ ပဲခူးမြို့နယ်
ကြက်လည်ဆစ်ရွာ၊ ပဲခူးမြို့နယ်
ကွမ်ပေါင်ရွာ၊ ပဲခူးမြို့နယ်
ကွမ်းခြံကုန်းရွာ၊ ပဲခူးမြို့နယ်

ခမိတ်ရွာ၊ ပဲခူးမြို့နယ်
ခုန်တိုင်းရွာ၊ ပဲခူးမြို့နယ်
ခုံတိုင်းရွာ၊ ပဲခူးမြို့နယ်
ချင်းစုရွာ၊ ပဲခူးမြို့နယ်
ချမ်းသာကုန်းရွာ၊ ပဲခူးမြို့နယ်
ချမ်းသာကွင်း (အထက်)ရွာ၊ ပဲခူးမြို့နယ်
ချမ်းသာကွင်း (အောက်)ရွာ၊ ပဲခူးမြို့နယ်
ချမ်းသာကွင်းအထက်ရွာ၊ ပဲခူးမြို့နယ်
ချမ်းသာကွင်းအောက်ရွာ၊ ပဲခူးမြို့နယ်
ချောင်းဝရွာ၊ ပဲခူးမြို့နယ်
ချောင်းဝရွာ၊ ဝါးပြန်ကုန်း

ဂုံမဏီရွာသစ်ရွာ၊ ပဲခူးမြို့နယ်
ဂုံမနီရွာသစ်ရွာ၊ ပဲခူးမြို့နယ်
ဂွေ့တန်းရှည်ရွာ၊ ပဲခူးမြို့နယ်
ဂွေ့တန်းရှည်၊ ပဲခူးမြို့နယ်

ငါးကြီးတန်းရွာ၊ ပဲခူးမြို့နယ်
ငါးကြီးအင်းရွာ၊ ပဲခူးမြို့နယ်
ငှက်ပျောတောရွာ၊ ပဲခူးမြို့နယ်

စက်စက်ယိုရွာ၊ ပဲခူးမြို့နယ်
စစ်ပင်ဆိတ်ရွာ၊ ပဲခူးမြို့နယ်
စမ်းတွင်းကုန်းရွာ၊ ပဲခူးမြို့နယ်
စာသူငယ်ရွာသစ်ရွာ၊ ပဲခူးမြို့နယ်
စာသူငယ်ရွာ၊ ပဲခူးမြို့နယ်
စိုင်တီရွာ၊ ပဲခူးမြို့နယ်
စိုင်ဒီရွာ၊ ပဲခူးမြို့နယ်

ဆင်ကဲရွာ၊ ပဲခူးမြို့နယ်
ဆင်ခြံရွာ၊ ပဲခူးမြို့နယ်
ဆင်စခန်းရွာ၊ ပဲခူးမြို့နယ်
ဆင်တဲရွာ၊ ပဲခူးမြို့နယ်
ဆင်ရွာ၊ ပဲခူးမြို့နယ်
ဆပ်ချောင်းရွာ၊ ပဲခူးမြို့နယ်
ဆပ်ပျာကျင်းရွာ၊ ပဲခူးမြို့နယ်
ဆယ်မိုင်ကုန်း (ရာဘာခြံ)ရွာ၊ ပဲခူးမြို့နယ်
ဆယ်မိုင်ကုန်းရွာ၊ ပဲခူးမြို့နယ်

ဇီးတောရွာ၊ ပဲခူးမြို့နယ်
ဇောင်းတူရွာ၊ ပဲခူးမြို့နယ်
ဇောင်းယားကုန်းရွာ၊ ပဲခူးမြို့နယ်

ဈေးညောင်ပင်ကြီးရွာ၊ ပဲခူးမြို့နယ်
ဈေးညောင်ပင်ရွာ၊ ပဲခူးမြို့နယ်

ညောင်အင်းရွာ၊ ပဲခူးမြို့နယ်
ညံသာယာရွာ၊ ပဲခူးမြို့နယ်

တက်ခလေး (မြောက်)ရွာ၊ ပဲခူးမြို့နယ်
တတ်ခလေးရွာ၊ ပဲခူးမြို့နယ်
တပ်ကလေးမြောက်ရွာ၊ ပဲခူးမြို့နယ်
တပ်ကလေးရွာ၊ ပဲခူးမြို့နယ်
တမာပင်ရွာ၊ ပဲခူးမြို့နယ်
တာဆုံရွာ၊ ပဲခူးမြို့နယ်
တာဆုံရွာ၊ ပျဉ်ပုံကြီး
တာဆုံရွာ၊ လက်ပန်ဝင်း
တာဝဘူတာရွာ၊ ပဲခူးမြို့နယ်
တိုက်ကြီးရွာ၊ ပဲခူးမြို့နယ်
တောင်ကြီးကွဲရွာ၊ ပဲခူးမြို့နယ်
တောင်ဆပ်အင်းရွာ၊ ပဲခူးမြို့နယ်
တောင်ပို့လုံးရွာ၊ ပဲခူးမြို့နယ်
တောင်ပဲသီးကုန်းရွာ၊ ပဲခူးမြို့နယ်
တောင်ဘို့တစ်ရာရွာ၊ ပဲခူးမြို့နယ်
တောင်ဘို့တစ်ရာ၊ ပဲခူးမြို့နယ်
တောင်သူစုရွာ၊ ပဲခူးမြို့နယ်
တံခွန်တိုင်ရွာ၊ ပဲခူးမြို့နယ်

ထန်းတောကြီးရွာ၊ ပဲခူးမြို့နယ်
ထန်းပင်ကုန်းရွာ၊ ပဲခူးမြို့နယ်
ထန်းပင်ချောင်ရွာ၊ ပဲခူးမြို့နယ်
ထားဝယ်ရွာ၊ ပဲခူးမြို့နယ်
ထားဝယ်အင်းရွာ၊ ပဲခူးမြို့နယ်
ထုံးကလေးရွာ၊ ပဲခူးမြို့နယ်
ထုံးကြီးရွာ၊ ပဲခူးမြို့နယ်

နတ်ကင်းရွာ၊ ပဲခူးမြို့နယ်
နတ်စက်ရွာ၊ ပဲခူးမြို့နယ်
နောင်ပိုမိုရွာ၊ ပဲခူးမြို့နယ်
နွားတဲကုန်းရွာ၊ ပဲခူးမြို့နယ်
နွားတဲကုန်း၊ ပဲခူးမြို့နယ်

ပုဂံဘိုရွာ၊ ပဲခူးမြို့နယ်
ပေပင်ခုန်ရွာ၊ ပဲခူးမြို့နယ်
ပေပင်ချောင်ရွာ၊ ပဲခူးမြို့နယ်
ပေါက်တောရွာ၊ ကော့ချဲ
ပေါက်တောရွာ၊ ပဲခူးမြို့နယ်
ပျဉ်ပုံကြီးရွာ၊ ပဲခူးမြို့နယ်
ပျဉ်းမငူရွာ၊ ပဲခူးမြို့နယ်
ပြည်တော်သာရွာ၊ ပဲခူးမြို့နယ်
ပြည်တော်အေးရွာ၊ ပဲခူးမြို့နယ်
ပြဟန်ရွာ၊ ပဲခူးမြို့နယ်

ဖိုးကဲရွာ၊ ပဲခူးမြို့နယ်

ဗိုလ်တဲစုရွာ၊ ပဲခူးမြို့နယ်

ဘဏ္ဍာကုန်းရွာ၊ ပဲခူးမြို့နယ်
ဘန့်ဘွေးကုန်းရွာ၊ ပဲခူးမြို့နယ်
ဘိုတဲစုရွာ၊ ပဲခူးမြို့နယ်
ဘိုးဖလောက်ကွင်းရွာ၊ ပဲခူးမြို့နယ်
ဘီလူးကုန်းရွာ၊ ပဲခူးမြို့နယ်
ဘုရားကလေးကုန်းရွာ၊ ပဲခူးမြို့နယ်
ဘုရားကလေးရွာ၊ ပဲခူးမြို့နယ်
ဘုရားကြီးရွာ၊ ပဲခူးမြို့နယ်
ဘုရားငုတ္တိုရွာ၊ ပဲခူးမြို့နယ်
ဘုရားငုတ်တိုရွာ၊ ပဲခူးမြို့နယ်
ဘူတာစုရွာ၊ ပဲခူးမြို့နယ်
ဘူးလယ်အင်းရွာ၊ ပဲခူးမြို့နယ်
ဘောနတ်ကြီးရွာ၊ ပဲခူးမြို့နယ်

မကျီးခုန်ရွာ၊ ပဲခူးမြို့နယ်
မယင်း (တောင်)ရွာ၊ ပဲခူးမြို့နယ်
မယင်းကံကြီးရွာ၊ ပဲခူးမြို့နယ်
မယင်းရွာမရွာ၊ ပဲခူးမြို့နယ်
မယင်းရွာ၊ ပဲခူးမြို့နယ်
မယင်းလေးအိမ်စုရွာ၊ ပဲခူးမြို့နယ်
မယ်သီလကန်ရွာ၊ ပဲခူးမြို့နယ်
မရမ်းချောရွာ၊ ပဲခူးမြို့နယ်
မလွှကုန်းရွာ၊ ပဲခူးမြို့နယ်
မိုးကွဲရွာ၊ ပဲခူးမြို့နယ်
မုက္ကလရွာ ၊ ပဲခူးမြို့နယ်
မုက္ကလရွာ၊ ပဲခူးမြို့နယ်
မုတ်ရှစ်ဝရွာ၊ ပဲခူးမြို့နယ်
မုန်တောကွင်းရွာ၊ ပဲခူးမြို့နယ်
မဲခုန်ရွာ၊ ပဲခူးမြို့နယ်
မြို့ကလေးရွာ၊ ပဲခူးမြို့နယ်
မြို့လေးရွာ၊ ပဲခူးမြို့နယ်
မြောက်ဆပ်အင်းရွာ၊ ပဲခူးမြို့နယ်
မြောက်ပဲသီးကုန်းရွာ၊ ပဲခူးမြို့နယ်
မှန်တောကွင်းရွာ၊ ပဲခူးမြို့နယ်
မှုန်တိုင်းရွာ၊ ပဲခူးမြို့နယ်
မှုန်တိုင်းရွာ၊ လသာကုန်း
မှော်လုံရွာ၊ ပဲခူးမြို့နယ်

ရုံမင်းစည်ရွာ၊ ပဲခူးမြို့နယ်
ရေအေးစမ်းရွာ၊ ပဲခူးမြို့နယ်
ရဲဒင်းစုရွာ၊ ပဲခူးမြို့နယ်
ရွာတော်ကုန်းရွာ၊ ပဲခူးမြို့နယ်
ရွာသစ်ကလေးရွာ၊ ကမ်းမြင့်
ရွာသစ်ကလေးရွာ၊ ပဲခူးမြို့နယ်
ရွာသစ်ကိုင်းတာရွာ၊ ပဲခူးမြို့နယ်
ရွာသစ်ရွာ၊ ပဲခူးမြို့နယ်
ရွှေတန် (တောင်)ရွာ၊ ပဲခူးမြို့နယ်
ရွှေတန် (အနောက်)ရွာ၊ ပဲခူးမြို့နယ်
ရွှေတန်ရွာ၊ ပဲခူးမြို့နယ်
ရွှေပန်းရွာ၊ တတ်ခလေး
ရွှေပန်းရွာ၊ ပဲခူးမြို့နယ်
ရွှေဘိုစုရွာ၊ ပဲခူးမြို့နယ်
ရွှေဘော်ကုန်းရွာ၊ ပဲခူးမြို့နယ်
ရွှေလောင်းရွာ၊ ပဲခူးမြို့နယ်
ရွှေလှေကျောင်းရွာ၊ ပဲခူးမြို့နယ်
ရွှေလှေဘူတာရွာ၊ ပဲခူးမြို့နယ်
ရွှေလှေမရွာ၊ ပဲခူးမြို့နယ်
ရှမ်းကုန်းရွာ၊ ပဲခူးမြို့နယ်
ရှမ်းစုရွာ၊ ပဲခူးမြို့နယ်
ရှမ်းရွာကြီးရွာ၊ ပဲခူးမြို့နယ်

လက်ပန်ခုံရွာ၊ ပဲခူးမြို့နယ်
လက်ပန်ရွာ၊ ပဲခူးမြို့နယ်
လက်ပန်ဝင်း (အနောက်)ရွာ၊ ပဲခူးမြို့နယ်
လက်ပန်ဝင်း (အရှေ့)ရွာ၊ ပဲခူးမြို့နယ်
လက်ပန်ဝင်းရွာ၊ ပဲခူးမြို့နယ်
လသာကုန်းရွာ၊ ပဲခူးမြို့နယ်
လသာကုန်းရွာ၊ လှော်ကား
လသာအေးရွာ၊ ပဲခူးမြို့နယ်
လေးအိမ်စုရွာ၊ ပဲခူးမြို့နယ်
လွှကုန်းရွာ၊ ပဲခူးမြို့နယ်
လှော်ကားရွာ၊ ပဲခူးမြို့နယ်

ဝက်ကုန်းရွာ၊ ပဲခူးမြို့နယ်
ဝက်ကျရွာ၊ ပဲခူးမြို့နယ်
ဝက်လာကွင်းရွာ၊ ပဲခူးမြို့နယ်
ဝင်ကိုက်ရှိုရွာ၊ ပဲခူးမြို့နယ်
ဝင်းကရင်ရွာ၊ ပဲခူးမြို့နယ်
ဝင်းကိုရှိုရွာ၊ ပဲခူးမြို့နယ်
ဝင်းဘော်ဒတ်ရွာ၊ ပဲခူးမြို့နယ်
ဝင်းလှိုက်ကြီးရွာ၊ ပဲခူးမြို့နယ်
ဝင်္ဂဘော်ရွာ၊ ပဲခူးမြို့နယ်
ဝန်လိုသိုက်ရွာ၊ ပဲခူးမြို့နယ်
ဝမ်းတွင်းကုန်းရွာ၊ ပဲခူးမြို့နယ်
ဝမ်းဘော်ဓါတ်ရွာ၊ ပဲခူးမြို့နယ်
ဝမ်းဘဲအင်းရွာ၊ ပဲခူးမြို့နယ်
ဝါးတာရွာ၊ ပဲခူးမြို့နယ်
ဝါးပိုင်ရွာ၊ ပဲခူးမြို့နယ်
ဝါးပိုင်းရွာ၊ ပဲခူးမြို့နယ်
ဝါးပျံကုန်းရွာ၊ ပဲခူးမြို့နယ်
ဝါးပြန်ကုန်းရွာ၊ ပဲခူးမြို့နယ်
ဝါးမရမ်းရွာ၊ ပဲခူးမြို့နယ်
ဝါးရားစုရွာ၊ ပဲခူးမြို့နယ်
ဝိတို (အနောက်)ရွာ၊ ပဲခူးမြို့နယ်
ဝိတိုရွာသစ်ရွာ၊ ပဲခူးမြို့နယ်

သစ်ဆိမ့်ကုန်းရွာ၊ ပဲခူးမြို့နယ်
သပြေကုန်းရွာ၊ ပဲခူးမြို့နယ်
သပြေရိုးရွာ၊ ပဲခူးမြို့နယ်
သမန်းကုန်းရွာ၊ ပဲခူးမြို့နယ်
သရက်ကုန်းရွာ၊ ပဲခူးမြို့နယ်
သရက်ကုန်းရွာ၊ ဝင်္ဂဘော်
သရက်သုံးပင်ရွာ၊ ပဲခူးမြို့နယ်
သာဂလရွာ၊ ပဲခူးမြို့နယ်
သာနိုးကုန်းရွာ၊ ပဲခူးမြို့နယ်
သာယာကုန်းရွာ၊ ပဲခူးမြို့နယ်
သာယာအေးရွာ၊ ပဲခူးမြို့နယ်
သုံးအိမ်စုရွာ၊ ပဲခူးမြို့နယ်
သူဌေးကုန်းရွာ၊ ပဲခူးမြို့နယ်
သဲဖြူချောင်းရွာ၊ ပဲခူးမြို့နယ်
သဲဖြူရွာ၊ ပဲခူးမြို့နယ်
သံစို့ပင်ရွာ၊ ပဲခူးမြို့နယ်

အင်းကလေးရွာ၊ ပဲခူးမြို့နယ်
အင်းကလေးရွာ၊ လှော်ကား
အင်းစလောင်းရွာ၊ ပဲခူးမြို့နယ်
အင်းဆလောင်ရွာ၊ ပဲခူးမြို့နယ်
အင်းတကော်ရွာ၊ ပဲခူးမြို့နယ်
အင်းဖားရွာ၊ ပဲခူးမြို့နယ်
အဆိတ်ကုန်းရွာ၊ ပဲခူးမြို့နယ်
အဆိပ်တောင်ရွာ၊ ပဲခူးမြို့နယ်
အထက်စီဒီး (အနောက်)ရွာ၊ ပဲခူးမြို့နယ်
အထက်ဇိုင်းဂနိုင်းကြီးရွာ၊ ပဲခူးမြို့နယ်
အထက်ဒီးစီအနောက်ရွာ၊ ပဲခူးမြို့နယ်
အထက်ဒီးစီအရှေ့ရွာ၊ ပဲခူးမြို့နယ်
အထက်ဝါးပေရွာ၊ ပဲခူးမြို့နယ်
အနောက်ဝိတိုရွာ၊ ပဲခူးမြို့နယ်
အရှေ့ကုန်းရွာ၊ ပဲခူးမြို့နယ်
အလိုင်နီ (အထက်)ရွာ၊ ပဲခူးမြို့နယ်
အလိုင်နီရွာသစ်ရွာ၊ ပဲခူးမြို့နယ်
အလိုင်နီရွာ၊ ပဲခူးမြို့နယ်
အဝိုင်းရွာသစ်ရွာ၊ ပဲခူးမြို့နယ်
အဝိုင်းရွာ၊ ပဲခူးမြို့နယ်
အဝိုင်းအညာစုရွာ၊ ပဲခူးမြို့နယ်
အိုင်ကြီးဒေါင့်ရွာ၊ ပဲခူးမြို့နယ်
အိုးဘိုရွာ၊ ပဲခူးမြို့နယ်
အုတ်ဖိုရွာ၊ ပဲခူးမြို့နယ်
အုပ်ဖိုရွာ၊ ပဲခူးမြို့နယ်
အောက်ကမ္ဘာရွာ၊ ပဲခူးမြို့နယ်
အောက်စီဒီး (အနောက်)ရွာ၊ ပဲခူးမြို့နယ်
အောက်စီဒီး (အရှေ့)ရွာ၊ ပဲခူးမြို့နယ်
အောက်ဒီးစီအနောက်ရွာ၊ ပဲခူးမြို့နယ်
အောက်ဝါးပေရွာ၊ ပဲခူးမြို့နယ်
အောင်မြရွာ၊ ပဲခူးမြို့နယ်
အောင်မြေစွန်းရွာ၊ ပဲခူးမြို့နယ်
အောင်မြေရွာ၊ ပဲခူးမြို့နယ်
အောင်သပြေရွာ၊ ပဲခူးမြို့နယ်
အော်ရောဖရွာ၊ ပဲခူးမြို့နယ်
အေးရွာ၊ ပဲခူးမြို့နယ်

ဥက္ကံရွာ၊ ပဲခူးမြို့နယ်

ဩရောဖရွာ၊ ပဲခူးမြို့နယ်

ပဲခူးမြို့နယ်အတွင်းမှ တည်းခိုခန်း၊ တည်းခိုရိပ်သာ၊ ဟိုတယ်၊ မိုတယ်များ၏ တည်နေရာနှင့် ဖုန်းနံပါက်များခိုင်ရွှေဝါ(တည်းခိုခန်း...
27/02/2023

ပဲခူးမြို့နယ်အတွင်းမှ တည်းခိုခန်း၊ တည်းခိုရိပ်သာ၊ ဟိုတယ်၊ မိုတယ်များ၏ တည်နေရာနှင့် ဖုန်းနံပါက်များ

ခိုင်ရွှေဝါ
(တည်းခိုခန်းများ)
အမှတ် ၉၃၆၊ သနပ်ပင်လမ်း၊ ဆက်သွယ်ရေးရုံး ဘေး၊ မြို့တွင်းကြီးရပ်ကွက်၊
ပဲခူး၊ပဲခူးတိုင်းဒေသကြီး
09-428045183

ဂိုးဒင်းမြန်မာ
(တည်းခိုခန်းများ)
အမှတ် ၃၆၃၊ ဘုရင့်နောင်လမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း ထောင့်၊ ဥဿာမြို့သစ်(၂)ရပ်ကွက်၊
ပဲခူး၊ပဲခူးတိုင်းဒေသကြီး
09-5302340, 09-5301357

ငွေကံ့ကော်
(တည်းခိုခန်းများ)
သနပ်ပင်လမ်း၊ ကမာနတ်ရွာ၊
ပဲခူး၊ပဲခူးတိုင်းဒေသကြီး
09-43054580

ငွေကံ့ကော်
(တည်းခိုခန်းများ)
သနပ်ပင်လမ်း၊ ကမာနတ်ရွာ၊
ပဲခူး၊ပဲခူးတိုင်းဒေသကြီး
09-43054580

ငွေနှင်း
(တည်းခိုခန်းများ)
အမှတ် ၅၂၇၊ ရန်ကုန်-မန္တလေးလမ်း၊ ဆက်သွယ်ရေးရုံး အရှေ့၊ လိပ်ပြာကန်ရပ်ကွက်၊
ပဲခူး၊ပဲခူးတိုင်းဒေသကြီး
09-421045210, 052-2222113, 09-421971871, 09-250213348

ဇီဇဝါ
(တည်းခိုခန်းများ)
အမှတ် ၉၅၊ သနပ်ပင်လမ်း၊ ဆက်သွယ်ရေးရုံး အရှေ့၊ နန်းတော်ရာရပ်ကွက်၊
ပဲခူး၊ပဲခူးတိုင်းဒေသကြီး
052-2221313

တော်ဝင်ပဲခူး
(တည်းခိုခန်းများ)
အမှတ် ၁၇/အေ၊ ရာဇဓိရာဇ်လမ်း၊ ဗိုလ်တေဇလမ်း ထောင့်၊ ဥဿာမြို့သစ်(၇)ရပ်ကွက်၊
ပဲခူး၊ပဲခူးတိုင်းဒေသကြီး
09-428130097

တော်ဝင်သစ်ခွ
(တည်းခိုခန်းများ)
အမှတ် ၄၈၁၊ ဆရာစံလမ်း၊ ဥဿာမြို့သစ်(၂)ရပ်ကွက်၊
ပဲခူး၊ပဲခူးတိုင်းဒေသကြီး
09-770888920

တိုကျို
(တည်းခိုခန်းများ)
အမှတ် ၅၄၅၊ သနပ်ပင်လမ်း၊ နာရီစင် အနီး၊ လိပ်ပြာကန်ရပ်ကွက်၊
ပဲခူး၊ပဲခူးတိုင်းဒေသကြီး
052-2221448

နဒီ [River]
(တည်းခိုခန်းများ)
အမှတ် ၁၉၅၊ ကမ်းနားလမ်း၊ ဇိုင်းဂနိုင်း(မြောက်)ရပ်ကွက်၊
ပဲခူး၊ပဲခူးတိုင်းဒေသကြီး
09-254089602

နှင်းချယ်ရီ
(တည်းခိုခန်းများ)
အမှတ် ၂၇၊ ဇိုင်းဂနိုင်း (မြောက်) (၂)လမ်း၊ ဇိုင်းဂနိုင်း(မြောက်)ရပ်ကွက်၊
ပဲခူး၊ပဲခူးတိုင်းဒေသကြီး
052-2223000

နှင်းဆီခင်
(တည်းခိုခန်းများ)
အမှတ် ၄၉၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းသွယ်၊ ဥဿာမြို့သစ်(၄)ရပ်ကွက်၊
ပဲခူး၊ပဲခူးတိုင်းဒေသကြီး
09-251053288, 09-250587237

ပဲခူးချမ်းမြ
(တည်းခိုခန်းများ)
အမှတ် ၂၉၊ ဇိုင်းဂနိုင်း (မြောက်) (၂)လမ်း၊ ဇိုင်းဂနိုင်း(မြောက်)ရပ်ကွက်၊
ပဲခူး၊ပဲခူးတိုင်းဒေသကြီး
052-2222059, 09-970605438

ပန်းမဟေသီ
(တည်းခိုခန်းများ)
အမှတ် ၈၄၊ ဇိုင်းဂနိုင် (မြောက်) (၄)လမ်း၊ ဇိုင်းဂနိုင်း(မြောက်)ရပ်ကွက်၊
ပဲခူး၊ပဲခူးတိုင်းဒေသကြီး
09-5069665

ဗစ္တိုးရီးယား
(တည်းခိုခန်းများ)
အမှတ် ၁၀၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဥဿာမြို့သစ်(၄)ရပ်ကွက်၊
ပဲခူး၊ပဲခူးတိုင်းဒေသကြီး
09-5380350, 09-785380350

မေ
(တည်းခိုခန်းများ)
အမှတ် ၅၀၁၊ ရန်ကုန်-မန္တလေးလမ်း၊ ဥဿာမြို့သစ်(၄)ရပ်ကွက်၊
ပဲခူး၊ပဲခူးတိုင်းဒေသကြီး
09-787120363, 09-263801538

မိုးဦး
(တည်းခိုခန်းများ)
အမှတ် ၅၇၉၊ ရန်ကုန်-မန္တလေးလမ်း၊ ကျွန်းသာယာရပ်ကွက်၊
ပဲခူး၊ပဲခူးတိုင်းဒေသကြီး
09-428118988

မေတ္တာမွန်
(တည်းခိုခန်းများ)
အမှတ် ၁၃/၁၈၈၊ ဘုရင့်နောင်လမ်း၊ ဥဿာမြို့သစ်(၄)ရပ်ကွက်၊
ပဲခူး၊ပဲခူးတိုင်းဒေသကြီး
052-2230279, 09-31206712

ယွန်းရွှေရည်
(တည်းခိုခန်းများ)
အမှတ် ၅၃၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းသွယ်၊ ဥဿာမြို့သစ်(၄)ရပ်ကွက်၊
ပဲခူး၊ပဲခူးတိုင်းဒေသကြီး
09-779628321

ရတနာ
(တည်းခိုခန်းများ)
အမှတ် ၈၈၊ ဇိုင်းဂနိုင်(မြောက်)(၄)လမ်း၊ ဇိုင်းဂနိုင်း(မြောက်)ရပ်ကွက်၊
ပဲခူး၊ပဲခူးတိုင်းဒေသကြီး
09-448023599

ရွှေသရဖူ
(တည်းခိုခန်းများ)
အမှတ် ၃၇၁၊ ကမ်းနားလမ်း၊ ဇိုင်းဂနိုင်း(တောင်)ရပ်ကွက်၊
ပဲခူး၊ပဲခူးတိုင်းဒေသကြီး
09-31422446

ရွှေအိမ်
(တည်းခိုခန်းများ)
အမှတ် ၃၈၈/ဘီ၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဥဿာမြို့သစ်(၄)ရပ်ကွက်၊
ပဲခူး၊ပဲခူးတိုင်းဒေသကြီး
09-428015938, 09-963974190

ရွှေအိမ်စံ
(တည်းခိုခန်းများ)
အမှတ် ၇၀၊ ဇိုင်းဂနိုင် (မြောက်) (၄)လမ်း၊ ဇိုင်းဂနိုင်း(မြောက်)ရပ်ကွက်၊
ပဲခူး၊ပဲခူးတိုင်းဒေသကြီး
09-428120127

ရွှေပဲခူး
(တည်းခိုခန်းများ)
အမှတ် ၅၉၁၊ ဗထူးလမ်း၊ ဥဿာမြို့သစ်(၄)ရပ်ကွက်၊
ပဲခူး၊ပဲခူးတိုင်းဒေသကြီး
09-421217779

ဝင်းဟိန်း
(တည်းခိုခန်းများ)
အမှတ် ၁၃/၁၊ ပထမထပ်၊ မင်းလမ်း၊ ဇိုင်းဂနိုင်း(မြောက်)ရပ်ကွက်၊
ပဲခူး၊ပဲခူးတိုင်းဒေသကြီး
09-5301209, 09-795301209

သီရိဟေမာန်
(တည်းခိုခန်းများ)
အမှတ် ၂၇၉၊ ဗန္ဓုလလမ်း၊ ရှင်စောပုရပ်ကွက်၊
ပဲခူး၊ပဲခူးတိုင်းဒေသကြီး
09-960344496, 09-264211890

ဟိန်း
(တည်းခိုခန်းများ)
အမှတ် ၂၄၊ ရန်ကုန်-မန္တလေးလမ်း၊ ဥဿာမြို့သစ်(၈)ရပ်ကွက်၊
ပဲခူး၊ပဲခူးတိုင်းဒေသကြီး
052-2230933

ဥဿာ
(တည်းခိုခန်းများ)
အမှတ် ၃၂၂၊ ရွှေမော်ဓောဘုရားလမ်း၊ ရှင်စောပုရပ်ကွက်၊
ပဲခူး၊ပဲခူးတိုင်းဒေသကြီး
09-43054580, 09-428177087

ဧဒင်
(တည်းခိုခန်းများ)
အမှတ် ၁၇၁၊ ဗထူးလမ်း၊ ဥဿာမြို့သစ်(၂)ရပ်ကွက်၊
ပဲခူး၊ပဲခူးတိုင်းဒေသကြီး
09-454762164, 09-796943171

အိုအေစစ်
(တည်းခိုခန်းများ)
အမှတ် ၁၂၂၊ ပထမထပ်၊ မင်းလမ်း၊ မြို့မကျောင်းလမ်း ထောင့်၊ ဈေးပိုင်းရပ်ကွက်၊
ပဲခူး၊ပဲခူးတိုင်းဒေသကြီး
052-2221805

အောင်သိဒ္ဓိ
(တည်းခိုခန်းများ)
အမှတ် ၁၀၊ မင်းလမ်း၊ ကျွန်းသာယာရပ်ကွက်၊
ပဲခူး၊ပဲခူးတိုင်းဒေသကြီး
052-2223503, 09-428129540

Comet
(တည်းခိုခန်းများ)
အမှတ် ၁၃၁၈၊ ရန်ကုန်-မန္တလေးလမ်း၊ ဥဿာမြို့သစ်(၈)ရပ်ကွက်၊
ပဲခူး၊ပဲခူးတိုင်းဒေသကြီး
09-796983055

Facerose Motel
(တည်းခိုခန်းများ)
အမှတ် ၃၂၉၊ ကိုယ့်မင်းကိုယ့်ချင်းလမ်း၊ လိပ်ပြာကန်ရပ်ကွက်၊
ပဲခူး၊ပဲခူးတိုင်းဒေသကြီး
09-5094388, 09-5096739, 09-695096739

Forward
(တည်းခိုခန်းများ)
အမှတ် ၁၃/၁၉၀၊ ဆည်မြောင်းလမ်း (ဓမ္မစေတီလမ်း)၊ ဘုရင့်နောင်လမ်း ထောင့်၊ ဥဿာမြို့သစ်(၄)ရပ်ကွက်၊
ပဲခူး၊ပဲခူးတိုင်းဒေသကြီး
09-428554676, 09-779709998

Grander
(တည်းခိုခန်းများ)
အမှတ် ၁၆၂၊ ဘုရင့်နောင်လမ်း၊ ဥဿာမြို့သစ်(၈)ရပ်ကွက်၊
ပဲခူး၊ပဲခူးတိုင်းဒေသကြီး
09-796965266, 09-5301357

New Wave
(တည်းခိုခန်းများ)
အမှတ် ၁၁/၁၂၊ ဒက္ခိဏသာခါလမ်း၊ ဥဿာမြို့သစ်(၇)ရပ်ကွက်၊
ပဲခူး၊ပဲခူးတိုင်းဒေသကြီး
09-8664156, 09-73229847

Oakthar Myaing
(တည်းခိုခန်းများ)
အမှတ် ၁၂၆၊ တပင်ရွှေထီးလမ်း၊ ဥဿာမြို့သစ်(၂)ရပ်ကွက်၊
ပဲခူး၊ပဲခူးတိုင်းဒေသကြီး
052-2230493

Star
(တည်းခိုခန်းများ)
ဝင်းနမိတ္တာရုံလမ်း၊ ဥဿာမြို့သစ်(၂)ရပ်ကွက်၊
ပဲခူး၊ပဲခူးတိုင်းဒေသကြီး
052-2224300

Winner
(တည်းခိုခန်းများ)
(ဒီ)-ရုံ၊ အခန်း ၆/၇/၈၊ ရန်ကုန်-မန္တလေးလမ်း၊ ကျွန်းသာယာအဝေးပြေးဝန်း၊
ပဲခူး၊ပဲခူးတိုင်းဒေသကြီး
09-973399945

============

ဘူးလယ်အင်းဗီလာ
(တည်းခိုရိပ်သာများ)
အမှတ် ၁၁၃၇၊ ရန်ကုန်-မန္တလေးလမ်း၊ Hanthar Wady Golf Course အနီး၊ ဘူးလင်းတာဇုံရွာ၊
ပဲခူး၊ပဲခူးတိုင်းဒေသကြီး
09-973444072, 09-781900009, 09-761300009

==========

ကမ္ဘောဇဟင်္သာ featured
(ဟိုတယ်များ)
အမှတ် ၁/အေ၊ ဗထူးလမ်း၊ ဥဿာမြို့သစ်(၂)ရပ်ကွက်၊
ပဲခူး၊ပဲခူးတိုင်းဒေသကြီး
09-977454543, 052-2230485

ကမ္ဘောဇဟင်္သာ
(ဟိုတယ်များ)
အမှတ် ၁/အေ၊ ဗထူးလမ်း၊ ဥဿာမြို့သစ်(၂)ရပ်ကွက်၊
ပဲခူး၊ပဲခူးတိုင်းဒေသကြီး
052-2230485, 09-977454543

ဂန္ဓမာ
(ဟိုတယ်များ)
အမှတ် ၃၂၂၊ ရွှေမော်ဓောဘုရားလမ်း၊ ရှင်စောပုရပ်ကွက်၊
ပဲခူး၊ပဲခူးတိုင်းဒေသကြီး
052-2201629, 09-428173780

ထွန်း
(ဟိုတယ်များ)
အမှတ် ၂၃၃၊ (၃၀)လမ်း၊ ရုံးကြီးရပ်ကွက်၊
ပဲခူး၊ပဲခူးတိုင်းဒေသကြီး
052-2222203, 052-2221973, 09-255762006

မြနန္ဒာ
(ဟိုတယ်များ)
အမှတ် ၁၀၊ ထုံးတန်းလမ်း၊ မင်းလမ်း ထောင့်၊ ဇိုင်းဂနိုင်း(တောင်)ရပ်ကွက်၊
ပဲခူး၊ပဲခူးတိုင်းဒေသကြီး
052-2222275, 052-2224576, 09-5019799

မြန်မာမင်္ဂလာ
(ဟိုတယ်များ)
အမှတ် ၃၈၇၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဥဿာမြို့သစ်(၄)ရပ်ကွက်၊
ပဲခူး၊ပဲခူးတိုင်းဒေသကြီး
09-778115909


မြန်မာမင်္ဂလာ
(ဟိုတယ်များ)
အမှတ် ၃၈၇၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဥဿာမြို့သစ်(၄)ရပ်ကွက်၊
ပဲခူး၊ပဲခူးတိုင်းဒေသကြီး
09-778115909

ရွှေဝါထွန်း
(ဟိုတယ်များ)
အမှတ် ၁၆၊ ရန်ကုန်-မန္တလေးလမ်း၊ ရှင်စောပုရပ်ကွက်၊
ပဲခူး၊ပဲခူးတိုင်းဒေသကြီး
052-2224285, 052-2221263

ဟင်္သာနန်းတော်
(ဟိုတယ်များ)
အမှတ် ၁၆၆၊ ဗထူးလမ်း၊ ဥဿာမြို့သစ်(၃)ရပ်ကွက်၊
ပဲခူး၊ပဲခူးတိုင်းဒေသကြီး
052-2230650, 09-5127809, 09-254327412, 09-428651670

ဥဿကျော်
(ဟိုတယ်များ)
ရန်ကုန်-မန္တလေးလမ်း၊ ဥဿာမြို့သစ်(၉)ရပ်ကွက်၊
ပဲခူး၊ပဲခူးတိုင်းဒေသကြီး
09-259443300, 09-259443311

Amara Gold
(ဟိုတယ်များ)
အမှတ် ၄၈၁၊ ဗန္ဓုလလမ်း၊ ရန်ကုန်-မန္တလေးလမ်း ထောင့်၊ ဥဿာမြို့သစ်(၄)ရပ်ကွက်၊
ပဲခူး၊ပဲခူးတိုင်းဒေသကြီး
052-2201077, 052-2230668, 09-793451525

Bago Star
(ဟိုတယ်များ)
အမှတ် ၁၁/၁၂/၁၃/၂၁၊ ကျိုက်ပွန်ဘုရားလမ်း၊ ဥဿာမြို့သစ်(၈)ရပ်ကွက်၊
ပဲခူး၊ပဲခူးတိုင်းဒေသကြီး
052-2230066, 09-5043091

Bulaeinn Villas Resort
(ဟိုတယ်များ)
ဓမ္မဒူတကျောင်းတိုက်လမ်း၊ Hanthar Wady Golf Course အနီး၊ ဘူးလယ်အင်းတာဇုံရွာ၊
ပဲခူး၊ပဲခူးတိုင်းဒေသကြီး
09-781900009, 09-761300009

Comet
(ဟိုတယ်များ)
အမှတ် ၁၃၁၈၊ ရန်ကုန်-မန္တလေးလမ်း၊ ဥဿာမြို့သစ်(၈)ရပ်ကွက်၊
ပဲခူး၊ပဲခူးတိုင်းဒေသကြီး
09-796983055

Famous
(ဟိုတယ်များ)
တိုက်ကြီး-ပဲခူးလမ်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစက်မှုဇုန်၊
ပဲခူး၊ပဲခူးတိုင်းဒေသကြီး
09-263119990, 09-263229990, 09-797511144

Facebook Motel featured
(ဟိုတယ်များ)
အမှတ် ၃၂၉၊ ကိုယ့်မင်းကိုယ့်ချင်းလမ်း၊
ပဲခူး၊ပဲခူးတိုင်းဒေသကြီး
09-5096739, 09-5094388, 09-259531313, 09-252680868

Han Thar Gardens [European]
(ဟိုတယ်များ)
အမှတ် ၃၄၊ ရန်ကုန်-မန္တလေးလမ်း၊ ဘူးလယ်အင်းတာဇုံရွာ၊
ပဲခူး၊ပဲခူးတိုင်းဒေသကြီး
09-428177217, 09-421755282

Hotel 81
(ဟိုတယ်များ)
ရန်ကုန်-မန္တလေးလမ်း၊ ဟံသာဝတီဂေါက်ကွင်း အရှေ့၊ လက်ပံဝန်းရွာ၊
အင်းတကော်၊ပဲခူးတိုင်းဒေသကြီး
09-428121061, 09-428177563, 09-693994899

Hotel Aroma
(ဟိုတယ်များ)
အမှတ် ၅၊ ရန်ကုန်-မန္တလေးလမ်း၊ ကျွန်းသာယာရပ်ကွက်၊
ပဲခူး၊ပဲခူးတိုင်းဒေသကြီး
052-2201090, 09-768163514, 09-457884015, 09-440717171

Hotel Bago
(ဟိုတယ်များ)
ရန်ကုန်-မန္တလေးလမ်း၊ ဥဿာမြို့သစ်(၈)ရပ်ကွက်၊
ပဲခူး၊ပဲခူးတိုင်းဒေသကြီး
09-260445566, 09-428130099

Hotel K2
(ဟိုတယ်များ)
အမှတ် ၄၄၂၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဥဿာမြို့သစ်(၇)ရပ်ကွက်၊
ပဲခူး၊ပဲခူးတိုင်းဒေသကြီး
09-260000651

Hotel Mariner [2]
(ဟိုတယ်များ)
အမှတ် ၃၅၄၊ ဘုရင့်နောင်လမ်း၊ ဥဿာမြို့သစ်(၂)ရပ်ကွက်၊
ပဲခူး၊ပဲခူးတိုင်းဒေသကြီး
052-2230676, 09-262835626

Hotel Mariner featured
(ဟိုတယ်များ)
အမှတ် ၃၃၀၊ ရွှေမော်ဓောဘုရားလမ်း၊ ရှင်စောပုရပ်ကွက်၊
ပဲခူး၊ပဲခူးတိုင်းဒေသကြီး
052-2201034, 052-2222202, 09-250711227

Jade Garden
(ဟိုတယ်များ)
အမှတ် ၃၆၄၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဥဿာမြို့သစ်(၄)ရပ်ကွက်၊
ပဲခူး၊ပဲခူးတိုင်းဒေသကြီး
052-2230570, 052-2230547, 09-457404848

Royal Land
(ဟိုတယ်များ)
အမှတ် ၁၄၈/၁၊ ရန်ကုန်-မန္တလေးလမ်း၊ ဥဿာမြို့သစ်(၉)ရပ်ကွက်၊
ပဲခူး၊ပဲခူးတိုင်းဒေသကြီး
09-792055522, 09-792055566

Shwe Pyi Resort
(ဟိုတယ်များ)
အမှတ် ၉၉/စီ၊ ရန်ကုန်-မန္တလေးလမ်း၊ (၁၀)မိုင်၊
ပဲခူး၊ပဲခူးတိုင်းဒေသကြီး
09-457400006, 09-445566036, 09-445566037, 09-977997900, 09-977997901, 09-977997902, 09-977997903, 09-977997904, 09-456524900, 09-977991901

Supreme
(ဟိုတယ်များ)
အမှတ် ၆၁၁၊ ဗိုလ်အောင်ကျော်လမ်း၊ ဥဿာမြို့သစ်(၆)ရပ်ကွက်၊
ပဲခူး၊ပဲခူးတိုင်းဒေသကြီး
09-961444300, 052-2201330

Swiss-Myanmar Orchards
(ဟိုတယ်များ)
ရန်ကုန်-မန္တလေးလမ်း၊ (၃၄)မိုင်၊
ပဲခူး၊ပဲခူးတိုင်းဒေသကြီး
09-457193446

The Hotel Hera
(ဟိုတယ်များ)
အမှတ် ၁၃၁၆၊ မြို့ရှောင်လမ်း၊ ဘုန်းမြတ်လမ်း ထောင့်၊ ဥဿာမြို့သစ်(၈)ရပ်ကွက်၊
ပဲခူး၊ပဲခူးတိုင်းဒေသကြီး
052-2230001, 052-5102300, 09-785102300, 09-961045300, 09-455102300

Three Five Hotel
(ဟိုတယ်များ)
အမှတ် ၁၀၊ မင်းလမ်း၊ ဇိုင်းဂနိုင်း(မြောက်)ရပ်ကွက်၊
ပဲခူး၊ပဲခူးတိုင်းဒေသကြီး
09-5300202, 09-5301966

Tree Garden
(ဟိုတယ်များ)
ရန်ကုန်-မန္တလေးလမ်း၊ တိုးဂိတ် အနီး၊ ဥဿာမြို့သစ်(၉)ရပ်ကွက်၊
ပဲခူး၊ပဲခူးတိုင်းဒေသကြီး
09-33356308, 09-254646136

===========

ထူး
(မိုတယ်များ)
အမှတ် ၅၀၄/အေ/ဘီ၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဥဿာမြို့သစ်(၄)ရပ်ကွက်၊
ပဲခူး၊ပဲခူးတိုင်းဒေသကြီး
09-768334003

ပွင့်ခရေ
(မိုတယ်များ)
အမှတ် ၅၈၊ ဗိုလ်အောင်ကျော်လမ်း၊ ဥဿာမြို့သစ်(၆)ရပ်ကွက်၊
ပဲခူး၊ပဲခူးတိုင်းဒေသကြီး
09-428044566, 09-250711228

ဟင်္သာနန်းတော်
(မိုတယ်များ)
အမှတ် ၁၆၆၊ ဗထူးလမ်း၊ ဥဿာမြို့သစ်(၃)ရပ်ကွက်၊
ပဲခူး၊ပဲခူးတိုင်းဒေသကြီး
052-2230650, 09-5127809, 09-254327412, 09-428651670

ဟိန်း
(မိုတယ်များ)
အမှတ် ၂၄၊ ရန်ကုန်-မန္တလေးလမ်း၊ ဥဿာမြို့သစ်(၈)ရပ်ကွက်၊
ပဲခူး၊ပဲခူးတိုင်းဒေသကြီး
052-2230933

Emperor
(မိုတယ်များ)
အမှတ် ၈/၂၊ မင်းလမ်း၊ ဇိုင်းဂနိုင်း(မြောက်)ရပ်ကွက်၊
ပဲခူး၊ပဲခူးတိုင်းဒေသကြီး
052-2222108, 052-2224583

Address

Bago

Website

Alerts

Be the first to know and let us send you an email when Intagwa City posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share