Doa Bago Region-gov

Doa Bago Region-gov စိုက်ပျိုးရေးဆိုင်ရာနည်းပညာအချက်အလက်များ

အသီးပုပ်ကြွေပြဿနာ အဖြေရှာဖရဲ၊ သခွားမွှေး၊ ဘူးသီး၊ ပိန်းနှဲသီး ပဲတောင့်ရှည်သီး ပဲပုတ်သီးတောင့် ရုံးပလွေသီး ငရုပ်ပွသီး ခရမ...
09/02/2021

အသီးပုပ်ကြွေပြဿနာ အဖြေရှာ

ဖရဲ၊ သခွားမွှေး၊ ဘူးသီး၊ ပိန်းနှဲသီး ပဲတောင့်ရှည်သီး ပဲပုတ်သီးတောင့် ရုံးပလွေသီး ငရုပ်ပွသီး ခရမ်းသီး စသောအသီးပင်များမှာအသီးတွေဟာ မကြာခဏမဲပုပ်ပြီး ကြွေကျကာ အသီးမတင်တဲ့ ပြဿနာတွေ ကြုံရတတ်ပါတယ်။ ပဲတောင့်ရှည် အပါအဝင် အခြား ပဲတောင့်တွေမှာလည်းကျနိုင်ပေမယ့် မှိုအဖြူရောင် ကျိ့ချွဲချွဲ နဲ့ရောဂါတစ်မျိုးလည်းဖြစ်ပေါ်နိုင်ပါတယ် ယခုရောဂါက မှိုအမဲမီးခိုးရောင် အနက်ရောင်ပါ မရောထွေးစေလိုပါ ကာကွယ်နှိမ်နင်းနည်းတူနိုင်ပေမယ့် ဖျန်းရမယ့်ဆေးကွာအနဲငယ်နိုင်ပါတယ်။

တကယ်တော့ ဒီပြဿနာဟာ မှိုဝင်တာကြောင့် ဖြစ်တာပဲ ဖြစ်ပါတယ်။ အသီးကင်းလေးတွေဟာ အရည်ရွှမ်းပြီး အစာအာဟာရ (Sucrose content) နဲ့ ပြည့်စုံနေပါတယ်။ ဒီအခြေအနေဟာ မှိုရောဂါတွေအတွက် အရမ်းကြိုက်တဲ့ အနေအထားဖြစ်ပါတယ်။ ပတ်ဝန်းကျင်စိုထိုင်းနေတဲ့အခါ မိုးရွာပြီးကာစ အနေအထားတွေ၊ ရေဖျန်းပြီးကာစအချိန်တွေမှာ ရောဂါဖြစ်စေတဲ့ မှိုတွေက သိပ်ကြိုက်တဲ့အတွက် လေထဲကနေ အသီးတွေကို အလွယ်တကူ ကူးစက်တိုက်ခိုက်ပါတယ်။

ရောဂါလက္ခဏာ
အသီးကင်းတွေတင်မက အသီးညှာတွေအထိ ညိုမည်းပြီး မှိုတွေစွဲနေတတ်ပါတယ်။ မှိုတွေကို ကြည့်လိုက်ရင်လည်း ဟင်းသိုးထမင်းသိုးတွေမှာတက်တဲ့ မှိုတွေလို ပွရောင်းရောင်း မီးခိုရောင်မှိုတွေကို တွေ့ရမှာဖြစ်ပါတယ်။ တစ်ခါတစ်လေ ပုတ်နေတဲ့အသီးကအမွှေးတွေထွတ်နေသလိုပါပဲ

ရောဂါဖြစ်စေသောမှို
Choanephora cucurbitarum, Rhizopus artocarpi

ရောဂါကာကွယ်နှိမ်နင်းနည်း
၁။ အကယ်၍ အသီးတွေပုပ်မဲနေပြီ၊ မှိုစွဲနေပြီဆိုရင်တော့ ရောဂါကျအသီးတွေကို ဖယ်ရှားပစ်ပါ။ ကောင်းတဲ့အသီးတွေကို မကူးအောင်ဖြစ်ပါတယ်။

၂။ နိုက်ထရိုဂျင်ဓါတ်များသောမြေဆီ ဥပမာ - ပုလဲမြေသြဇာကို လျှော့ကျွေးပါ (သို့) နိုက်ထရိုဂျင်အချိုးနည်းတဲ့ မြေသြဇာကိုသာ ကျွေးပါ။ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ် ပါဝင်သော မြေဆီများကို ပုံမှန်ထောက်ပံ့ပါ။ အသီးရဲ့တောင့်တင်းခိုင်မာမှုအတွက် ဖြစ်ပါသည်။

၃။ ရေဖျန်းတဲ့အခါမှာလည်း အသီးတွေကိုမစိုအောင် ဂရုစိုက်ပါ။ စွတ်စိုထိုင်းမှိုင်းတဲ့ ရာသီဥတုရှိလျှင် ရေတစ်ကြိမ်သာ ပမာဏနည်းနည်းဖြင့် အပင်ကိုပေးပါ။

၄။ အထိရောက်ဆုံးကတော့ မှိုသတ်ဆေးဖျန်းပါ။ ဥပမာ - Zineb, Mancozeb, Thiram, Copper hydroxide ထိသေမှိုဆေးများ Propiconazole, hexaconazole ပင်လုံးပြန့်မှိုဆေးများ ဈေးကွက်မှာဈေးအမည်က ထုတ်လုပ်တဲ့ကုန်မဏီအလိုက်ကွာပါတယ် ဒီ status ရဲ့ ပထမ comment မှာ ဈေးကွက်မှာရတဲ့ဆေးအမည်တွေကိုရေးပေးထားပါတယ် အလွယ်တကူမေးမြန်းဝယ်ယူနိုင်ပါတာ် မှတ်ချက် မည်သည့်ကုန်မဏီ ပစ္စည်းကိုမှ ငြေကြာလိုခြင်းမရှိသဖြင့်ဈေးကွက်အမည်ကိုမပြောထားဖြင်းဖြစ်ပါတယ် အဆိပ်ရှိပစ္စည်း a.i. ကိုသာပြောထားတာပါ။

အရေးကြီးတာတစ်ခုရှိပါသေးတယ် မှိုသတ်ဆေးတွေက စားသုံးသူတွေကိုထိ့ခိုက်နိုင်တာကြောင့် ဆေးဖျန်းပြီးနောက် မခူးစွတ်ခင် PHI pre harvest interval ဆောင့်ဆိုင်းရမည့် ရက်ကိုတော့စောင့်ပြီးမှခူးပေးရပါမယ်။

Ref; gardenwiki, seminis, Department of Plant Pathology,
Vellayani, Compendium of soybean diseases, cabi

အချိန်အခါမဟုတ် မိုးမိတဲ့ကြက်သွန်ခင်းတွေမှာဘာပြုလုပ်သင့်လဲမနေ့ညကတော့ မြန်မာနိုင်ငံအလယ်ပိုင်း၊ အထက်ပိုင်းဒေသတွေမှာ မိုးရွာ...
08/02/2021

အချိန်အခါမဟုတ် မိုးမိတဲ့ကြက်သွန်ခင်းတွေမှာဘာပြုလုပ်သင့်လဲ

မနေ့ညကတော့ မြန်မာနိုင်ငံအလယ်ပိုင်း၊ အထက်ပိုင်းဒေသတွေမှာ မိုးရွာသွန်းသွားတယ်လို့သိရပါတယ်။ အခုလိုအချိန်အခါမဟုတ် မိုးရွာသွန်းခဲ့ရင်တော့ တောင်သူဦးကြီးတို့ရဲ့ ကြက်သွန်စိုက်ခင်းကို ဂရုစိုက်ပြုစုစောင့်ရှောက်ဖို့လိုအပ်ပါပြီ။ အကယ်၍ ရေသွင်းပြီးခါစ မိုးရွာလိုက်လို့ စိုက်ခင်းရေများသွားတယ်ဆိုရင်တော့ ချက်ခြင်းပဲရေထုတ်မြောင်းတွေမှတဆင့် စိုက်ခင်းထဲမှရေထွက်သွားအောင်ပြုလုပ်ပေးသင့်ပါတယ်။ မိုးမိထားတဲ့ ကြက်သွန်ခင်းကို ဂျစ်ပဆန်ကျောက်မှုန့်ထည့်ပေးရပါမယ်။ ဆာလ်ဖာ ရွက်ဖျန်းဆေးကို နေအပူချိန်မမြင့်ခင်အသုံးပြုသင့်ပါတယ်။ ထို့အပြင် မိုးရွာသွန်းမှုကြောင့် ကြက်သွန်ပင် ဥပုပ်ခေါင်းပုပ်ရောဂါ ကျရောက်လာနိုင်တာဖြစ်တဲ့အတွက် မှိုရောဂါကာကွယ်ဆေးအသုံးပြုသင့်ပါတယ်။ အသုံးပြုသင့်တဲ့ မှိုကာကွယ်ဆေးကတော့ မန်ကိုဇက် ကိုအသုံးပြုသင့်ပါတယ်ခင်ဗျာ။ ဥပုပ်ခေါင်းပုပ်ရောဂါကျရောက်ခဲ့ပါက ကော့ပါးဟိုက်ဒရောက်ဆိုဒ်၊ ကော့ပါးအောက်စီကလိုရိုဒ် နှင့် ဖော့စတိုင်းအလူမီနီယမ် မှိုသတ်ဆေးကိုအသုံးပြုသင့်ပါတယ်ခင်ဗျာ။

အထွက်ကောင်းပြီး ဈေးကောင်းရကြပါစေခင်ဗျာ။
A.K.Z.M(2013)

အခုလို Facebook အသုံးပြုရန် ခက်ခဲနေချိန်တွင် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာဝန်ဆောင်မှုရယူရန် ထွက်တိုးဖုန်းအက်ပလီကေးရှင်းကို အခုပဲဒါင်းလုတ်ယူလိုက်ပါ။
ပလေးစတိုး - www.bit.ly/fbhtwettoe

တောင်သူဦးကြီးများအားလုံးကို အကူအညီပေးရန် ထွက်တိုးမှ အဆင်သင့်ရှိနေပါတယ်။
မိမိမိတ်ဆွေ၊သူငယ်ချင်းများကိုလဲ ဒေါင်းလုတ်ယူထားဖို့လဲဝေမျှပေးပါဦးနော်။

(၁.၂.၂၀၂၁ မှ ၅.၂.၂၀၂၁) ထိတစ်ပတ်အတွင်း အပြောင်းးအလဲ ဖြစ်ပေါ်ခဲ့တဲ့ လယ်ယာထွက်ကုန် သီးနှံဈေးနှုန်းများ---------------------...
06/02/2021

(၁.၂.၂၀၂၁ မှ ၅.၂.၂၀၂၁) ထိတစ်ပတ်အတွင်း အပြောင်းးအလဲ ဖြစ်ပေါ်ခဲ့တဲ့ လယ်ယာထွက်ကုန် သီးနှံဈေးနှုန်းများ
------------------------------------

ဆန်

ရန်ကုန်ဝါးတန်းကုန်စည်ဒိုင်မှာတော့ ဒီတစ်ပတ်မှာဆန်ဈေးအနည်းငယ်တက်လာပါတယ်။ စစ်တပ်အာဏာသိမ်း မှုကြောင့် လူအများအပြား ဆန်ဝယ်ယူခြင်းကြောင့် ဈေးတက်လာတာဖြစ်သလိုရုတ်တရက် ကုန်စည်လမ်း ကြောင်းပို့ဆောင်မှုများ ရပ်တန့်သွားခြင်းကြောင့် ကုန်စည်ပို့ဆောင်ခများဈေးတက်လာခြင်းကြောင့်လည်း ဖြစ် ပါတယ်။

ဖျာပုံပေါ်ဆန်းမွှေးက တစ်အိတ်ကို ၃၃၅၀၀ ကနေ ၃၅၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်၊ဒေးဒရဲပေါ်ဆန်းမွှေးက တစ်အိတ်ကို ၃၄၀၀၀ ကနေ ၃၆၀၀၀ ပေါက်ဈေးရှိပြီး ၁၅၀၀ ကျပ်၊မြောင်းမြပုသိမ်ပေါ်ဆန်းမွှေးက ၃၆၀၀၀ ကနေ ၃၈၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ်၊ပေါ်ဆန်းနယ်စုံ(သစ်)က တစ်အိတ်ကို ၃၃၀၀၀ ကနေ ၃၅၀၀၀ ပေါက်ဈေးရှိ ပြီး ၂၅၀၀ ကျပ်၊ငစိန်ဆန်က တစ်အိတ်ကို ၂၂၀၀၀ ကနေ ၂၃၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်၊မြီးဒုံဆန်က တစ်အိတ် ကို ၂၆၈၀၀ ကနေ ၂၈၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်၊ဧည့်မထ ၂၅ % က တစ်အိတ်ကို ၂၄၀၀၀ ကနေ ၂၆၀၀၀ ကျပ်ရှိပြီး ၂၀၀၀ ကျပ်၊ရက် ၉၀ ဆန်ကတော့ တစ်အိတ်ကို ၃၁၀၀၀ ကနေ ၃၃၀၀၀ ပေါက်ဈေးရှိ ပြီး ၃၅၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။

မတ်ပဲ

မတ်ပဲကတော့ ဒီတစ်ပတ်မှာ ဈေးအနည်းငယ်ပြန်တက်လာခဲ့ပါတယ်။ ပြည်ပအဝယ် အနည်းငယ်ရှိတဲ့အတွက် ဈေးက ပြန်တက်လာတာဖြစ်ပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ တစ်တန်ကို ၉၆၇၅၀၀ ပေါက်ဈေးရှိပြီါ် ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် တစ်တန်ကို ၂၀၀၀၀ လောက်ဈေးတက်လာပါတယ်။ မတ်ပဲ (SQ/RC)ကတော့ တစ်တန်ကို၁၁၅၇၅၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၄၀၀၀၀ ကျပ်လောက်ဈေးတက်လာပါတယ်။

မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၉၀၀၀၀ ကနေ ၉၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။မော်လမြိုင်ဈေးကွက်မှာလည်း တစ်တင်းကို ၃၀၄၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၈၀၀ကျပ် ဈေးကျဆင်း သွားပါတယ်။ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၃၀၈၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၂၀၀ ကျပ်ဈေးကျဆင်းသွား ပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံနီကလည် ဒီတစ်ပတ်မှာဈေးတက်လာပါတယ်။ ပြီးခဲ့တဲ့ အပတ်ကတည်းက ဈေးတက်နေတာ ဖြစ် ပါတယ်။ဈေးကွက်အတွင်း လက်ကျန်တွေ ရှိနေသေးပေမယ့် အသစ်ပဲတွေက အိန္ဒိယဝယ်ယူမှုရှိနေတဲ့ အတွက် အသစ်တွေက ဈေးကောင်းရရှိနေတာဖြစ်ပါတယ်။

ရန်ကုန်ဈေးကွက်မှာ တစ်တန်ကို ၈၃၇၅၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် တစ်တန်ကို ၂၀၀၀၀ နီးပါး ဈေးတက်လာပါတယ်။မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၇၇၀၀၀ ကနေ ၇၈၅၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၅၀၀ ကျပ် ဈေးတက်လာပါတယ်။အောင်လံဈေးကွက်မှာတော့ ပဲစင်းငုံနီ အသစ်က တစ်တင်းကို ၂၆၃၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၃၀၀၀ ကျပ်ဈေးတက်လာပါတယ်။ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၂၅၃၀၀ ကနေ ၂၅၄၀၀ ပေါက်ဈေးရှိပြီး ပေါက်ဈေးရှိပြီး တစ်တင်းကို ၃၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

ပဲတီစိမ်း

ပဲတီစိမ်းကတော့ လတ်တလောပြည်ပက အဝယ်များနေပြီး ပဲအဟောင်းလက်ကျန်နည်းနေတဲ့အတွက် ဆက်တိုက်ဈေးတက်နေပါတယ်။ နယ်ဈေးကွက်တွေမှာတော့ အသစ်တွေ ဈေးကွက်ထဲဝင်ရောက်လာပြီဖြစ်တဲ့အတွက် အနည်းငယ်ဈေးအေးပါတယ်။ရန်ကုန်ဈေးကွက်မှာတော့ ပဲတီစိမ်း(ပခုက္ကူ၊ပဲခူးရွှေဝါ၊ခရမ်းရွှေဝါ၊ဝါးခယ်မ)တို့က တစ်ပိဿာကို ၂၃၃၀ ကျပ်ကနေ ၂၃၇၀ ပါက်ဈေးရှိပြီး တစ်ပိဿာကို ၃၀ ကျပ်ဈေးတက်လာပါတယ်။

မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်း(ကြီး ၁.၂.၃) က တစ်အိတ်ကို ၁၁၈၀၀၀ ကနေ ၁၂၂၀၀၀ ပေါက်ဈေးရှိ ပြီး ၂၀၀၀ကျပ်ဈေးကျဆင်းသွားပါတယ်။ မုံရွာဈေးကွက်မှာလည်း ပဲတီစိမ်း(ကြီး၊သေး)က တစ်တင်းကို ၃၉၅၀၀ ကနေ ၄၂၂၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၅၀၀ ကျပ်ဈေးတက်လာပါတယ်။

ကုလားပဲ

ကုလားပဲကတော့ ရန်ကုန်ဈေးကွက်မှာ ဈေးကျဆင်းသွားပါတယ်။ အသစ်တွေ ဈေးကွက်ထဲကို အများအပြား ဝင်ရောက်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ နယ်ဈေးကွက်မှာတော့ တပ်ရိက္ခာအနေနဲ့ ဝယ်ယူမှာဖြစ်လို့ဈေးတွေ အနည်းငယ်တက်လာတယ်လို့သိရပါတယ်။ကုလားပဲကတော့ လတ်တလောမှာတော့ ဈေးတက်နိုင်ခြေအများကြီး မရှိသေးပဲ ဈေးက ထပ်ပြီးကျဆင်းနိုင် ခြေတွေရှိတယ်လို့ ကုန်သည်တွေ့ သုံးသပ်ထားပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ ကုလားပဲဖြူလုံးက တစ်ပိဿာကို ၁၃၆၅ ကနေ ၁၃၈၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၅ ကျပ် ကုလားပဲဖြူလုံးကြီးကတော့ တစ်ပိဿာကို ၁၄၆၅ ကနေ ၁၃၈၅ ရှိပြီး တစ်ပိဿာကို ၁၀၀ကျပ်အသီးသီးဈေး ကျဆင်းသွားပါတယ်။ ကုလားပဲခြမ်း ကတော့ တစ်ပိဿာကို ၁၈၀၀ ကနေ ၁၈၅၀ ပေါက်ဈေးရှိပြီးဈေးငြိမ်ပါတယ်။

မန္တလေးဈေးကွက်မှာတော့ ကုလားပဲ(ထိုင်ဝမ်)က သုံးတင်းဝင် တစ်အိတ်ကို ၇၃၀၀၀ကနေ၇၄၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်၊ကုလားပဲ 929 ကတော့ တစ်အိတ်ကို ၇၉၀၀၀ ကနေ ၈၀၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ်၊ကုလားပဲ V2 ကတော့ တစ်အိတ်ကို ၈၃၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ်၊ကုလားပဲ V7 ကတော့ တစ်အိတ်ကို ၈၀၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ကျပ်အသီးသီးဈေးတက်လာပါတယ်။ မုံရွာဈေးကွက်မှာတော့ ကုလးပဲ 929 က တစ်တင်းကို ၂၆၅၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးတက်လာ ပါတယ်။ ကုလားပဲ V2 ကတော့ ၂၇၅၀၀ ပေါက်ဈေးရှိပြီး ၃၀၀ ကျပ် ဈေးတက်လာပါတယ်။

ထောပတ်ပဲ

ထောပတ်ပဲကတော့ ဈေးကွက်ထဲကို အသစ်တွေ ဝင်လာတဲ့အတွက်ဈေးက ကျဆင်းသွားပါတယ်။ရန်ကုန်ဈေးကွက်မှာ အချိန်အတော်ကြာဈေးငြိမ်နေပေမယ့် ဒီတစ်ပတ်မှာတော့ တစ်ပိဿာကို ၉၅၅ ကနေ ၁၂၂၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀၀ နီးပါးဈေးကျဆင်းသွားပါတယ်။မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၆၀၀၀၀ ကနေ ၇၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ် ကို ၁၅၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်.။မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၁၈၇၀၀ ပေါက်ဈေးရှိပြီး ၃၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

ဝတ်ရည်မွန်(AMIA)

တစ်ပြည်လုံးတွင်အများအားဖြင့်သာယာမည်===================(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၄)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်...
04/02/2021

တစ်ပြည်လုံးတွင်အများအားဖြင့်သာယာမည်
===================

(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၄)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
===================

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် တိမ်ထူထပ်နေပြီး၊ ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေကာ၊ ကျန် ဘင်္ဂလားပင်လယ်အော်တွင် အများအားဖြင့် သာယာနေပါသည်။

ယနေ့ညနေအထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်။

မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် (၄)ပေမှ (၇)ပေခန့် ရှိနိုင်ပါသည်။နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ် တို့တွင် ညအပူချိန်များ အနည်းငယ်တိုးလာနိုင်ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ သာယာမည်။ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက် ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။ မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ သာယာမည်။

Source : မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်=====================(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၃)ရက်နေ...
03/02/2021

ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်
=====================

(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၃)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
======================

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေ ပါသည်။

ယနေ့ညနေအထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်။မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် (၄)ပေမှ (၇)ပေခန့် ရှိနိုင်ပါသည်။


နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ တစ်ပြည်လုံးတွင် အများအားဖြင့် သာယာမည်။နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက် ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့်သာယာမည်။မန္တလေးမြို့နှင့်အနီးတစ်ဝိုက် အတွက်ယနေ့ညနေအထိ ခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။

Source : မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

ပဲမျိုးစုံသီးနှံအတွက် အကြံပြုချက်ပဲလွမ်း၊ မတ်ပဲ၊ ပဲတီစိမ်းနှင့် ပတ်သက်၍ ယခင်တစ်ပတ်မှ သိမှတ်စရာများ ဖော်ပြခဲ့ သည်။ ကုလားပ...
02/02/2021

ပဲမျိုးစုံသီးနှံအတွက် အကြံပြုချက်

ပဲလွမ်း၊ မတ်ပဲ၊ ပဲတီစိမ်းနှင့် ပတ်သက်၍ ယခင်တစ်ပတ်မှ သိမှတ်စရာများ ဖော်ပြခဲ့ သည်။ ကုလားပဲ၊ ပဲစင်းငုံ၊ ပဲပုပ်နှင့် သက်ဆိုင်သည်များ ဆက်လက်အကြံပြုလိုပါ သည်။ ပဲစိုက်ရာတွင် “ခဲကြီးမှ ပဲသီးသည်”ဟု သိမှတ်ခဲ့ကြသော၊ ပဲတောင်သူများသည် ယခုအခါ “နက်နက်၊ ညက်ညက်” ပြုလုပ် ၍ ထယ်ရေးကျင့်သုံးလာခဲ့ကြသည်။

ဆောင်းရာသီမှာ ပဲစိုက်မှုများသည်။ မိုးအသင့် အတင့်သာရွာသော၊ အညာဒေသမိုးရာသီ တွင်လည်း ပဲစိုက်မှုအထိုက်အလျှောက်ရှိသည်။ သို့သော် ဆောင်းပဲက ပို၍များသည်။ ဆောင်းပဲအစစ်မှာ “ကုလားပဲ” ဖြစ်သည်။ စပါးခင်း၌ “ရေလိုက်ကြဲကုလားပဲ” စိုက်နည်းကို ဆည်ရေသောက်ဒေသ၊ ရွှေဘိုနှင့် ဝက်လက်မြို့နယ်မှ စတင်ကျင့်သုံးစိုက်ပျိုး ခဲ့ရာ၊ ယခုအခါ ဒေသများစွာ လိုက်နာကျင့်သုံးကြသည်။

စပါးရိတ်ကာနီး အောင်ရေ စပါးခင်းမှ လွှတ်ချိန်တွင် စပါးခင်းထဲ ကုလားပဲကြဲ၍ စိုက်သည့် နည်းစနစ်ဖြစ် သည်။ မြေပြုပြင်မှု အထူးမပြုလုပ်ရဘဲနှင့် စပါးရိတ်သော် ပဲခင်းသည် ရိုးပြတ် များကြား၌ ခွတက်ပြီး ပွင့်သီးသည်။ အောင်ရေလွှတ်သော မြေအစိုဓာတ်သည်။ ပဲစေ့အပင်ပေါက်ရန် အနေတော်ဖြစ်နေသည်။

ကုလားပဲပင်သည် အပင်ငယ်စဉ် မှို ရောဂါဝင်တတ်သည်။ စိုက်ပျိုးမည့် မျိုး သည်။ မျိုးကောင်းမျိုးသန့် ပြောင်းလဲစိုက် သင့်ပြီး။ တစ်ဧကတင်း ၃၀ ထွက်ရှိသော ကုလားပဲ ပြောင်းလဲစိုက်သင့်သည်။ ဆင်း ရွှေနီ(အသက်ရက် ၉၀) ရှိသည်။

စစ်ကိုင်း တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတွင် လယ်နှင့်ယာသီးထပ်စိုက်သင့်သည်။ ရေဆင်းကုလားပဲမျိုးသည် ယာသီးနှံနှင့် သီးထပ်နိုင်သည့် သက်လျင်မျိုး (ရက် ၉၀)၊ ရေဆင်းကုလားပဲဖြူ နံပါတ်(၈)၊ နံပါတ် (၉)၊ နံပါတ်(၁၀) တို့သည် ယာသီးထပ် ကောင်းပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကိုက်ညီသည်။

မကွေးတိုင်းဒေသကြီး သည် ရွှေနီလုံးကြီး၊ ကုလားပဲမျိုး (သက် တမ်းရက် ၁၀၀)၊ တစ်ဧက ၃၅ တင်းထွက်သောမျိုးနှင့် သီးထပ်စိုက်သင့်သည်။ ဖော် ပြပါမျိုးများသည် မြန်မာနိုင်ငံ အပူပိုင်း ဒေသ စားနပ်ရိက္ခာဖူလုံရေးအတွက် စီမံကိန်းနှင့် အိန္ဒိယနိုင်ငံ၊ သြစတြေးလျနိုင်ငံ မှ မျိုးအခြေခံများ ဖြစ်သည်။ ရေဆင်း သုတေသနမှ မျိုးထုတ်လုပ်ခဲ့သည်။

ဒေစီ (အစေ့သေးမျိုး)၊ ကာဘူလီ(အစေ့ကြီးမျိုး) တို့ထက် နောက်ကျထွက်လာသည့်မျိုးဖြစ် သည်။ နေ့တာရှည်ပင်များ ဖြစ်သည်။ ပဲစင်းငုံပင်သည် နေ့တာတိုပင်ဖြစ် သည်။ စိုက်ချိန်အရေးကြီးသည်။ စိုက်ချိန် ပေါ်မူတည်၍ အပင်ကြီးထွားမှု၊ အပင်အရပ်အနိမ့်မြင့်မှု ဖြစ်လာသည်။

မိုးဦးနှင့် မိုးလယ်၌ စိုက်ကြသည်။ ယခုနှစ် ပဲစင်းငုံစိုက်ပျိုး မှု ဧကနည်းကြသဖြင့် ပဲစင်းငုံဈေး ခေါင် ခိုက်သွားသည်ဟု ပဲဈေးကွက်မှ သိရသည်။ ယခင်က သက်ကြီးမျိုးများ စိုက်ခဲ့ရာမှ ယခုအခါ သက်လျင်မျိုးများ ပြောင်းလဲစိုက် လာကြပြီ။ သီးထပ်၊သီးညှပ်စိုက်ကြသည်။

ရက် ၁၅၀ နှင့် ရင့်မှည့်သော ပဲစင်းငုံမျိုး များစိုက်ကြသဖြင့် အချိန်တိုတိုနှင့် သီးထွက်ကောင်းရသည်။ ပဲပုပ်မျိုးတွင် သက်တမ်း ရက်၈၀ နှင့် ဆီထွက်ရာခိုင်နှုန်း ၂၀ ကျော်မျိုးများ စိုက်သင့်သည်။

ရှမ်းပြည်နယ်တွင် မိုးကာလ (မေလ၊ ဇွန်လ) စိုက်သော်လည်း မြန်မာနိုင်ငံ အောက်ပိုင်းတွင် အောက်တို ဘာလ၊ ကိုင်းကျွန်းမြေတွင် ရေကျချိန်၊ အောက်တိုဘာလနှင့် စပါးအပြီး သီးထပ် စိုက်လျှင် နိုဝင်ဘာလ၌ အပြီးစိုက်ကြပါ။ ရေဆင်းပဲပုပ်မျိုးများသည် တစ်ဧကပဲ အထွက်နှုန်းနှင့် ဆီထွက်ရာခိုင်နှုန်း ကောင်းသဖြင့် မျိုးပြောင်းလဲစိုက်ပျိုးကြသင့်ပါပြီ။

- ကိုရဲ (စိုက်ပျိုးရေး)

တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်===================(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ...
02/02/2021

တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်
===================

(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၂)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
====================

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် အများအားဖြင့် သာယာမည်။

ယနေ့ညနေအထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်။

မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၅)ပေမှ (၈)ပေခန့် ရှိနိုင်ပါသည်။နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ တစ်ပြည်လုံးတွင် အများအားဖြင့်သာယာမည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက် ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။

Source : မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

(၂၅.၁.၂၀၂၁ မှ ၂၉.၁.၂၀၂၁) ထိတစ်ပတ်အတွင်း အပြောင်းးအလဲ ဖြစ်ပေါ်ခဲ့တဲ့ လယ်ယာထွက်ကုန် သီးနှံဈေးနှုန်းများ-------------------...
30/01/2021

(၂၅.၁.၂၀၂၁ မှ ၂၉.၁.၂၀၂၁) ထိတစ်ပတ်အတွင်း အပြောင်းးအလဲ ဖြစ်ပေါ်ခဲ့တဲ့ လယ်ယာထွက်ကုန် သီးနှံဈေးနှုန်းများ
----------------------------------------------

➤ မတ်ပဲ

မတ်ပဲကတော့ ပြီးခဲ့တဲ့အပတ်နဲ့ ယှဉ်ရင်ဈေးပြန်ကျဆင်းသွားပါတယ်။ တစ်ပတ်အတွင်းမှာလည်းဈေးတည်ငြိမ်မှုမရှိတာတွေ့ရပါတယ်။အိန္ဒိယဝယ်ယူမှုနည်းတဲ့အတွက် ပြည်တွင်း ဝယ်ယူမှု ကလည်း လျော့နည်းပြီး ဈေးက ကျဆင်းသွားတာဖြစ်ပါတယ်။အသစ်တွေကလည်း ဆက်တိုက် ဝင်နေတဲ့အတွက် ဈေးက ကျဆင်းသွားတာဖြစ်ပါတယ်။ရန်ကုန်ဈေးကွက်မှာတော့ တစ်တန်ကို ၉၄၇၅၀၀ ပေါက်ဈေးရှိပြီး ၄၀၀၀၀ ကျော်ဈေးကျဆင်းသွား ပါတယ်။ မတ်ပဲ (SQ/RC)ကတော့ တစ်တန်ကို ၁၁၁၇၅၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၁၅၀၀၀ လောက်ဈေးကျ ဆင်းသွား ပါတယ်။

မန္တလေးမှာတော့ပဲအသစ်က သုံးတင်းဝင် တစ်အိတ်ကို ၈၈၀၀၀ ကနေ ၉၄၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။မော်လမြိုင်ဈေးကွက်မှာလည်း တစ်တင်းကို ၃၁၂၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၃၀၀ကျပ် ဈေးကျဆင်း သွားပါတယ်။ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၃၂၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၁၀၀ ကျပ်ဈေးကျဆင်းသွား ပါတယ်။

➤ ပဲစင်းငုံနီ

ပဲစင်းငုံနီက ဒီတစ်ပတ်မှာလည်း ဈေးက တက်လာပါတယ်။အိန္ဒိယက ပဲအသစ်ဝယ်ယူမှုတွေ ဆက်တိုက်ရှိနေတဲ့ အတွက်ဈေးတက်နေတာလည်း ဖြစ်ပါတယ်။ရန်ကုန်ဈေးကွက်မှာ တစ်တန်ကို ၈၂၀၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် တစ်တန်ကို ၃၀၀၀၀ကျော်ဈေးတက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၇၆၅၀၀ ကနေ ၇၇၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၄၅၀၀ ကျပ် ဈေးတက်လာပါတယ်။

မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၂၅၄၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၂၀၀ ကျပ်ဈေးတက်လာပါတယ်။ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၂၅၇၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၄၀၀ ကျပ်ဈေးတက်လာ ပါတယ်။

➤ ကုလားပဲ

ကုလားပဲ က တော့ အသစ်တွေ ဈေးကွက်ထဲကိုဝင်လာတဲ့အတွက် ဈေးအနည်းငယ်ကျဆင်းသွားပါတယ်။နယ် စုံမှဆက်တိုက်ဝင်ရောက်လာတဲ့အတွက် ဈေးက ကျဆင်းသွားတာဖြစ်ပြီး ပြည်ပ ဝယ်ယူမှုလည်း လျော့နည်း ပါတယ်။ လာမယ့် လ မှာ ပဲမျိုးစုံ ဈေးကွက်ထဲကို ဝင်လာနိုင်တဲ့အတွက်ဈေးက ထပ်ပြီး ကျဆင်းနိုင်ခြေရှိ တယ်လို့ သိရပါတယ်။ရန်ကုန်ဈေးကွက်မှာတော့ ကုလားပဲဖြူလုံးက တစ်ပိဿာကို ၁၄၁၅ ကနေ ၁၄၇၀ ပေါက်ဈေးရှိပြီါ် ကုလားပဲဖြူလုံးကြီးကတော့ တစ်ပိဿာကို ၁၄၅၀ ကနေ ၁၄၈၅ ရှိပြီး ဈေးငြိမ်ပါတယ်။ကုလားပဲခြမ်း ကတော့ တစ်ပိဿာကို ၁၈၀၀ ကနေ ၁၈၅၀ ပေါက်ဈေးရှိပြီါ် ၅၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

မန္တလေးဈေးကွက်မှာတော့ ကုလားပဲ(ထိုင်ဝမ်)က သုံးတင်းဝင် တစ်အိတ်ကို ၇၂၀၀၀ကနေ၇၃၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ကုလားပဲ 929 ကတော့ တစ်အိတ်ကို ၇၇၀၀၀ ကနေ ၇၈၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ကျပ်ဈေး ကျဆင်းသွားပါတယ်။ကုလားပဲ V2 ကတော့ တစ်အိတ်ကို ၈၁၀၀၀ ပေါက်ဈေးရှိပြီး ၃၀၀၀ ကျပ်၊ကုလားပဲ V7 ကတော့ တစ်အိတ်ကို ၇၈၀၀၀ ကနေ ၇၉၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်အသီးသီးဈေးကျဆင်းသွားပါတယ်။

မုံရွာဈေးကွက်မှာတော့ ကုလးပဲ 929 က တစ်တင်းကို ၂၆၁၀၀ ကနေ ၂၆၂၀၀ ပေါက်ဈေးရှိပြီး ၁၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ကုလားပဲ(ထိုင်ဝမ်)ကတော့ တစ်တင်းကို ၂၅၁၀၀ ပေါက်ဈေးရှိပြီး ၂၀၀ ကျပ်၊ကုလားပဲ V2 ကတော့ ၂၇၂၀၀ ပေါက်ဈေးရှိပြီး ၄၀၀ ကျပ် အသီးသီးဈေးကျဆင်းသွားပါတယ်။

➤ စားတော်ပဲလုံး

စားတော်ပဲလုံးကလည်း လက်ကျန်လျော့နည်းနေပြီ ဖြစ်တဲ့အတွက်ဈေးက တက်နေပါတယ်။ ပြီးခဲ့တဲ့ အပတ်ကတည်းကဈေးတက်နေတာဖြစ်ပါတယ် ရန်ကုန်ဈေးကွက်မှာ တစ်ပိဿာကို ၂၈၀၀ ကနေ ၃၂၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၅၀ ကျပ် ဈေး တက်လာပါတယ်။
မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၇၁၀၀၀ ကနေ ၇၆၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃၀၀၀ ကျပ်ဈေးတက်လာပါတယ်။

➤ ပဲလွန်း(ဖြူ၊ပြာ၊နီ)

ပဲလွန်းတွေကတော့ ဒီတစ်ပတ်မှာလည်း ဈေးက တက်နေပါတယ်။ပြည်တွင်း ဝယ်ယူမှုများနေတဲ့အတွက်ဈေးက ဆက်တိုက်တက်နေတာဖြစ်ပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ ပဲလွန်းဖြူက တစ်ပိဿာကို ၂၇၅၀ ကနေ ၂၇၇၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀ ကျပ်ဈေးတက်လာပါတယ်။ပဲလွန်းနီကတော့ တစ်ပိဿာကို ၂၅၈၀ ကနေ ၂၆၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၆၅ ကျပ်ဈေးတက်လာပါတယ်။

မန္တလေးဈေးကွက်မှာတော့ ပဲလွန်းပြာ(သစ်)က တစ်အိတ်ကို ၁၀၀၀၀၀ကနေ ၁၁၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀၀ကျပ်ဈေးတက်လာပါတယ်။ ပဲလွန်းဖြူ(သစ်)ကတော့ တစ်အိတ်ကို ၁၅၀၀၀၀ ကနေ ၁၇၀၀၀၀ ရှိပြီး ဈေးငြိမ်ပါတယ်။မုံရွာဈေးကွက်မှာတော့ ပဲလွန်းပြာ က တစ်တင်းကို ၃၆၀၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။

➤ ပဲကြီး

ဈေးငြိမ်နေတဲ့ ပဲကြီးက ဒီတစ်ပတ်မှာတေ့ ဈေးကွက်ထဲ အသစ်တွေ ဝင်လာပြီးဈေးက တက်လာပါတယ်။ပြ ည်တွင်း ဝယ်ယူမှုများတဲ့အတွက် ဈေးတက်နေတာဖြစ်ပါတယ်။
မန္တလေးဈေးကွက်မှာတော့ ပဲကြီး (ကြီး၊လတ်၊သေး)က တစ်အိတ်ကို ၇၈၀၀၀ ကနေ ၁၀၈၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃၀၀၀ကျပ်ဈေးတက်လာပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၂၃၀၀၀ပေါက်ဈေးရှိပြီး တစ်တင်းကို ၅၀၀ ကျပ်ဈေး

အဖူး၊ အပွင့်ဝင်ချိန်၊ ပဲမျိုးစုံ ပိုးမွှား ကာကွယ်ပါအဖူး၊ အပွင့်ဝင်ချိန်၊ ပဲမျိုးစုံ ပိုးမွှား ကာကွယ်ပါဒေသ၊ ရေမြေ၊ ရာသီ ဥ...
28/01/2021

အဖူး၊ အပွင့်ဝင်ချိန်၊ ပဲမျိုးစုံ ပိုးမွှား ကာကွယ်ပါအဖူး၊ အပွင့်ဝင်ချိန်၊ ပဲမျိုးစုံ ပိုးမွှား ကာကွယ်ပါ

ဒေသ၊ ရေမြေ၊ ရာသီ ဥတုနှင့် ကိုက်ညီ သော သီးနှံ မျိုးစေ့များ ရွေးချယ် စိုက်ပျိုး လာရန် နှိုးဆော် တိုက်တွန်း လျက်ရှိ သည်။

ပဲမျိုးစုံ ဆိုလျှင် လည်း ကုလားပဲ၊ ပဲတီစိမ်း၊ မတ်ပဲ၊ ပဲစင်းငုံ၊ ပဲလွမ်း၊ မြေထောက် ပဲတို့ကို စိုက်ပျိုး လျှင် မျိုးကွဲ အလိုက် အပင်ဖြစ်ထွန်းမှု၊ ကိုင်းဖြာ ထွက်မှု၊ အပင် သက်တမ်း၊ ပန်းပွင့်ချိန်၊ အသီးအတောင့်ဖြစ်ချိန်၊ အပင်ရောဂါ နှင့် ပိုးမွှားဒဏ်ကို မည်မျှထိခံ နိုင်ရည်ရှိ သနည်း စသည့်အချက်အလက်ပေါင်းများ စွာကို လေ့လာရွေးချယ်ပြီးမှ စိုက်ပျိုးကြ သင့်သည်။ ပဲတစ်မျိုးစီအလိုက် မျိုးကွဲများ စွာရှိသည်။

ပဲတီစိမ်း၊ ကုလားပဲ၊ ပဲစင်းငုံ မည်သည့်ပဲမဆို မျိုးပေါင်းများစွာ ကွဲပြား၍ မျိုးများကို သုတေသနမှ ထုတ်လုပ် ပေးထားသည်။

ပဲမျိုးစုံတွင် ကျရောက်သော ပိုးမွှား များသည် ပဲရိုင်းပင်များ၊ ပေါင်းမြက်များ မှလည်း လာနိုင်ကြသည်။ ပဲပင်များတွင် သာမကအပင် မျိုးစုံကို စားသောက် ဖျက်ဆီးသော အစုံစား ဖျက်ပိုး များလည်း ရှိကြသည်။ မုန်ညင်း၊ မုန်လာပင်များမှာလည်း ကျ
သည်။

ကျေးကျိုင်း ဖျက်ပိုး ဆိုပါက မတ်ပဲနှင့် ပဲလွမ်းတွင် ပို၍ ကျရောက် သည်။ ပဲကြမ်း ပိုးသည် ပြောင်းဖူးပင်၊ အာလူး၊ ဝါနှင့် ဆေးရွက်ကြီးပင်များမှလည်း ပဲပင်များသို့ ကူး စက်ကျရောက်သည်။

ထို့ကြောင့် ပဲစိုက်ခင်း ဘေးရှိ သီးနှံစိုက်ခင်းများကိုလည်း ဂရုပြု ရသည်။ ပဲကြမ်းပိုး ဖျက်ပိုးသည် ပဲပင်၌ ပန်းစတင်ပွင့်ချိန်နှင့် ပဲစေ့အဆံတည်ချိန်၌ ဆိုးရွားစွာကျရောက်လေ့ရှိသော ဖျက်ပိုး ဖြစ်ပြီး၊ ပဲပုပ်နှင့် ပဲလွမ်းတွင် များများကျ ရောက်သည်။ တချို့သော ဖျက်ပိုးသည် စတင်စိုက်ပျိုးပြီး ရှေ့ပိုင်းကာလ တစ်လ ခန့်အတွင်းကျတတ်သော်လည်း ဖျက်ပိုး အများစုသည် ပန်းပွင့်ချိန်၊ အစေ့အဆံ တည်ချိန်၌ ကျရောက်မှုများသည်။ ပျပိုးသည် မတ်ပဲနှင့် ပဲလွမ်းတွင်ကျသည်။

ပဲစင်းငုံ တွင်လည်း ပန်းပွင့်ချိန်ကျရောက်မှုများ လာသည်။ အရွက်နုများနှင့် သီးတောင့်နု များတွင် ကျရောက်မှုများသည်။

ရာသီဥတု ပူပြင်းလျှင် ပို၍ပေါက်ပွားမှုများသည်။ လှေး ပိုးသည် ပဲလွမ်းတွင်ကျရောက်မှုများပြီး အပင်ငယ်စဉ်မှ အသီးစတင်ဖြစ်ချိန်ထိ ကျ ရောက်သည်။ ပဲလွမ်းသည် ပဲမျိုးစုံတွင် ဖျက်ပိုးကျမှု ပိုများသည်။

ပဲသီးစားပိုး၊ ပဲတောင့်ထိုးပိုးသည် ဝါ၊ ခရမ်း၊ ခရမ်းချဉ်၊ အာလူး၊ ဆေးရွက်ကြီးပင်၊ နှမ်း၊ ငရုတ်၊ ပြောင်းပင်များတွင် ကျရောက်သကဲ့သို့ ပဲမျိုးစုံတွင်လည်း ကျရောက်သည်။ ကုလားပဲတွင် သီးလုံးဖြစ်ချိန်ကျရောက်မှု ပိုများပြားသည်။ သီးလုံးဖောက်ပိုးအများ စုသည် ပန်းပွင့်စချိန်၌ ဥများကို ဖလံအမ မှ ပန်းပွင့်ပေါ်သို့ လာရောက်ဥများ ဥချသည်။

ဥမှပေါက်ပွားလာသော လောက် ကောင်ကြီးထွားချိန်နှင့် သီးတောင့်ဖြစ်ချိန် အစေ့အဆံဖြစ်လာချိန်နှင့် ချိန်ကိုက်၍ဖြစ်တည်စေ သဖြင့် ပဲမျိုးစုံပင်များတွင် ပန်းပွင့် ချိန်၌ ပိုးသတ်ဆေးပက်ဖျန်းရန် ဖျက်ပိုး ကာကွယ်ရန် ပိုမိုဂရု စိုက်သင့် သည်။ ပဲစိုက်ပျိုးသူသည် ပဲသီးတောင့်ဖြစ် ချိန် ပိုးကျမှသိကြသည်ကများသည်။ ဖျက် ပိုးသည် ဘယ်ကလာသနည်း။

ပဲသီးတောင့် ဖြစ်ပေါ်ချိန်မှ ပိုးကကျရောက်ခြင်းမဟုတ် ပါ။ ပန်းပွင့်ချိန်တွင် စတင်ကျရောက်ခြင်း ဖြစ်သည်ကို ကြိုတင်၍ သိကြရန် လိုပါ မည်။ အရွက်၊အဖူး၊ အပွင့်၊ သီးကင်းတွင် ပိုးသည် ကိုက်ဖြတ်စားသည်။ ပိုးလောက် ကောင်၏ ဦးခေါင်းနှင့် ကိုယ်ခန္ဓာတစ်ဝက် သည် အသီးတွင်းသို့ ဝင်ရောက်စားသည်။ ခန္ဓကိုယ်အောက်ပိုင်းသည် သီးလုံးအပြင် တွင် ရှိနေတတ်သည်။

ကုလားပဲတွင် သီး လုံးကို ကိုက်ဖောက်ဝင်ရောက်ပြီး ကုလား ပဲသီးလုံးထဲ၌ ခွေခေါက်ပြီး အသီးတောင့် ထဲ၌ နေထိုင်စားသောက်သည်။ ပြောင်းဖူးတွင် ပြောင်းဖူးဖက်များ ထိုးဖောက်ကိုက်ဖြတ်၍ ပြောင်းဖူးအတွင်း နေထိုင်ကာ ပြောင်းဖူးစေ့များစားသည်။ ဖျက်ပိုးမှန်သမျှ လူမမြင်ရသော လုံခြုံသည့် အတွင်းပိုင်းခိုအောင်းနေထိုင် စားသောက် တတ်သော အလေ့အထ ရှိကြသည်။

ပြောင်း ဖူးဖက်ခွာကြည့်မှ ပိုးကောင်မြင်ရသည်။ ထို့ကြောင့် အသီးထဲ၊ အဖူးထဲဝင်ရောက် ဖျက်ဆီးတတ်သော ဖျက်ပိုးများကို အပင်၏ အနီးတစ်ဝိုက်တွက် စိမ်းမဲရောင် ပိုးချေးများကို ရှာဖွေကြည့်ပြီး ဖျက်ပိုးကျမှု ရှိ၊ မရှိ သိနိုင်သည်။ ပဲတောင့်ထိုးပိုးသည် ကုလားပဲသီးလုံးမှလွဲ၍ ပဲတောင့်ဖြစ်သော ပဲပင်မှန်သမျှ ကျရောက်ဖျက်ဆီးသည်။ ကုလားပဲတွင် သီးလုံးဖောက်ပိုးကျရောက် တတ်သည်။

ပဲပင်မှန်သမျှ အဖူး၊ အပွင့်၊ အသီး စတင်ဖြစ်ချိန်တွင် အစက်အပြောက်ပဲ တောင့်ထိုးပိုး၊ ပျပိုး၊ သီးလုံးဖောက်ပိုး၊ ပဲ ကြမ်းပိုးစိမ်းတို့ကို ဂရုပြုပါ။ ပန်းပွင့်ပြီး နောက်ပိုင်း၌ ယင်ဖြူသည် ပဲတီစိမ်း၌ ကျ ရောက်တတ်သည်။ ကုလားပဲတွင် ရင့်မှည့် ပြီးနောက်ပိုင်းနောက်ကျရိတ်သိမ်းရသော စိုက်ခင်းများ၌ ပဲစေ့ထိုးပိုးကို ဂရုပြု ကာကွယ်နှိမ်နင်းကြရန် လိုပါသည်။

- ကိုရဲ (စိုက်ပျိုးရေး)

ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့် အတင့် ဖြစ်ထွန်းမည်====================(၂၀၂၁ ခုနှစ်၊ ဇန်နဝါ...
28/01/2021

ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့် အတင့် ဖြစ်ထွန်းမည်
====================

(၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၈)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
====================

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

ယနေ့ညနေအထိခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့် အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်။

မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် (၅)ပေမှ (၈)ပေခန့် ရှိနိုင်ပါသည်။နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) တို့တွင် နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက် ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်

Source : မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်====================(၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၇)ရက်နေ့ နံနက...
27/01/2021

တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်
====================
(၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၇)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
=====================
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။
ယနေ့ညနေအထိခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း(၆၀) ဖြစ်ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်။
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၅)ပေမှ (၈)ပေခန့် ရှိနိုင်ပါသည်။နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ တစ်ပြည်လုံးတွင် အများအားဖြင့် သာယာမည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက် ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။
Source : မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

ပဲမျိုးစုံ ပိုးမွှားရောဂါ အချိန်မီနှိမ်နင်းပါမြန်မာ နိုင်ငံတွင် ပဲမျိုးစုံ ဧကကို ၁၀ ဒသမ ၇၅ သန်း ဧက စိုက်ပျိုးလျှက် ရှိသည...
26/01/2021

ပဲမျိုးစုံ ပိုးမွှားရောဂါ အချိန်မီနှိမ်နင်းပါ

မြန်မာ နိုင်ငံတွင် ပဲမျိုးစုံ ဧကကို ၁၀ ဒသမ ၇၅ သန်း ဧက စိုက်ပျိုးလျှက် ရှိသည်။ မြန်မာ့ ပဲမျိုးစုံ များအနက် မတ်ပဲ၊ ပဲတီစိမ်း၊ ကုလားပဲနှင့် ပဲစင်းငုံ တို့သည် ပြည်ပ ဈေးကွက်တွင် နေရာရလျှက် ရှိသည်။

ဈေးကွက်၏ လက်လှမ်း ခေါ်မှုကြောင့် ပဲမျိုးစုံ စိုက် ဧကများသည် တစ်ရှိန် ထိုးတက် လာခဲ့သည်။အာဆီယံ နိုင်ငံများ အတွင်း ပဲမျိုးစုံ စိုက်ပျိုးမှု ဦးဆောင် နိုင်ငံလည်း ဖြစ်လာ ခဲ့သည်။

ပဲမျိုးစုံ စိုက်ဧက တိုးတက် လာသည် နှင့်အမျှယှင်ပြိုင် အန်တု လာသည်မှာ ပဲမျိုးစုံ သီးနှံများကို နှောင့်ယှက် ဖျက်ဆီးသည့် ပိုးမွှား ရောဂါပင် ဖြစ်သည်။

အရှေ့တောင် အာရှနိုင်ငံများတွင် ပဲမျိုးစုံ သီးနှံပိုးမွှား ရောဂါ ဖျက်ဆီး မှုကြောင့် နှစ်စဉ် ၁၅ ရာခိုင် နှုန်းထိ ဆုံးရှုံး မှုရှိသည်ဟု သိရသည်။

သို့အတွက် စိုက်ဧက တစ်ရှိန် ထိုးမြင့် တက်လာသည်နှင့် အမျှ ပဲမျိုးစုံ သီးနှံအတွက် ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းရေးကို အချိန်မီဆောင် ရွက်ရန်မှာ အလွန် အရေးကြီး သော အချက်ဖြစ်သည်။ ငမြှောင်တောင်ပိုးသည် ပဲမျိုးစုံကို ဖျက်ဆီးနိုင်သည့် အဓိကဖျက်ပိုးဖြစ်သည်။

အစုံစားဖျက်ပိုးဖြစ်သည်။ ဖလံအမ၏ အရှေ့အတောင်သည် အညိုရောင်ရှိ၍ ရွှေ ဝါရောင်အစင်းကွက်များပါရှိသည်။နောက် အတောင်မှ ယဖြူမှိုင်းရောင်ရှိ၍ အနားစွန်း တွင် အညိုဖျော့ရောင်ဖြင့် အနားကွပ်ထား သည်။

အရွက်၏ အောက်မျက်နှာပြင်တွင် ဖလံအမသည် ဥများကို အစုံလိုက်အပြုံ လိုက် ဥသည်။ ဥတစ်မြုံလျှင် ဥပေါင်း ၂၀၀ မှ ၃၀၀ ထိရှိပြီး၊ ဥမြုံပေါ်တွင် ညိုဝါရောင် အမွှေးနုများဖြင့် ဖုံးအုပ်ထားသည်။
ဖလံ အမတစ်ကောင်သည် ဥပေါင်း ၁,၀၀၀ မှ ၂,၀၀၀ အထိ ဥနိုင်သည်။

ဥမှပေါက်လာသော ပိုးလောက်ကောင်များသည် စိမ်းညို ရောင်ရှိ၍ အစာဝလာသောအခါ အရောင် ရင့်လာသည်။ ပိုးလောက်ကောင်၏ ခန္ဓာကိုယ်ဘေးတွင် အဝါရောင်အစင်းတန်းပါ၍ အစင်းတန်းပေါ်တွင် အနက်ရောင်လခြမ်း ပုံအကွက်များ စီတန်းနေသည်။

ရုပ်ဖုံးဘ၀ ကို မြေကြီးထဲတွင် ပြုလုပ်သည်။ ရုပ်ဖုံးနီ ညိုရောင်ရှိသည်။ လောက်ကောင်ဘဝတွင် အဆင့် ခုနစ်ထိ ရှိသည်။ ဥဘဝမှဖလံသက် တမ်းကုန်ဆုံးသည်ထိ တစ်လ၊ ရုပ်ဖုံးဘ၀ တွင် တစ်ပတ်မှ နှစ်ပတ်၊ အကောင်ကြီး ဘဝတွင် သုံးရက်ကြာသည်။

ငမြှောင်တောင်ပိုး၏ လောက်ကောင် အဆင့်ဆင့်ကသာ သီးနှံပင်ကို ကိုက်စား ဖျက်ဆီးသည်။ လောက်ကောင်များသည် နေ့အချိန်တွင်အပင်ခြေမြေကြီးထဲသို့ ဆင်း၍ ခိုအောင်းနေပြီး၊ နံနက်စောစောနှင့် ည အချိန်မှသာ အပင်ပေါ်တက်၍ စားသောက်ဖျက်ဆီးသည်။

အပင်ကို ဖျက်ဆီးတတ် သည်။ အပင်ကို ဖျက်ဆီးခံရပါက နွားစား ထားသကဲ့သို့ တံစဉ်နှင့် ရိတ်ဖြတ်ထား သကဲ့သို့ ငုံးတိတိပြတ်နေသည်။ လောက် ကောင်များ အုပ်စုဖွဲ့၍ စားသောက်လေ့ရှိ သည်။

ငမြှောင်တောင်ပိုးကို ကာကွယ်နှိမ် နင်းမည်ဆိုပါက စပါး၊ ပြောင်း၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံအပြင် ခြုံနွယ်ပိတ်ပေါင်းများ ကိုလည်း ခိုအောင်းစားသောက်တတ်သဖြင့် ဘက်စုံနည်းဖြင့် ကာကွယ်နှိမ်နင်းမှသာ ပို ၍ထိရောက်မှုရှိပါသည်။

ကျိုင်းကောင်တစ် ကောင်သည် တစ်နေ့လောက်ကောင် လေး ငါးကောင်ထိ စားသောက်ဖျက်ဆီးနိုင်
သည်။

ညထွက်နှံကောင်သည် ပိုးဥသုံးဥမှ လေးဥထိ စားသောက်ဖျက်ဆီးနိုင်သည်။ ပိုးသတ်ဆေးကို ချင့်ချိန်ဖျန်းခြင်းဖြင့် မိတ် ဆွေသားရဲကောင် ပိုးမွှားများတိုးပွားအောင် ဆောင်ရွက်ပေးရန် လိုအပ်သည်။

ဥမြုံများ၊ ပိုးလောက်ကောင်များကို လူဖြင့်ရှာဖွေဖျက်ဆီးပါ။ မီးရောင်ထောင် ခြောက်ထွန်း၍ ဖလံအမများကို ဖမ်းခြင်းဖြင့် ဥပေါင်းထောင်ချီ၍ ဖျက်ဆီးပစ်ရာရောက် စေသည်။

ညအချိန်တွင်ထွက်စားတတ် သဖြင့် ညအချိန်တွင် ထိသေဆေး၊ စားသေ ဆေးတစ်မျိုးမျိုးဖြင့် ပက်ဖျန်းကာကွယ်နိုင် သည်။ ဆွတ်ခူးချိန်နီးပါက တမာပိုးသတ် ဆေးကိုသာ အသုံးပြုပါ။

ပတ်ဝန်းကျင် ခြုံ နွယ်မြက်များကို သုတ်သင်ခုတ်ထွင်၍ မီး ရှို့ပစ်ပါက ပိုးသံသရာကို ပြတ်
တောက် စေပါသည်။

ပဲမျိုးစုံသီးနှံကို ဖျက်ဆီးတိုက်ခိုက်နေ သည့် ပိုးတစ်ကောင်မှာ ပင်စည်ထိုးယင် ဖြစ်သည်။ ပဲမျိုးစုံအားလုံးတွင် ကျရောက် ဖျက်ဆီးနိုင်သည်။ ဤပိုးသည် အပင်ငယ် စဉ်တစ်လအတွင်း မသိလိုက်ရဘဲ ဖျက်ဆီး သည့်ပိုးဖြစ်သဖြင့် အထူးဂရုပြုရန် လိုအပ် သည်။

ယင်မသည် အလွန်သေးငယ်သဖြင့် အလွယ်တကူ မမြင်နိုင်ပေ။ ယင်မ၏ ဥတံ ဖြင့် မြေကြီးနှင့်နီးသော အရွက်ညှာအနီး တစ်ဝိုက် အရွက်မျက်နှာပြင်ပေါ်တွင် ထိုး သွင်း၍ တစ်လုံးချင်းဥသည်။

ပေါက်လာ သော လောက်ကောင်ငယ်များသည် အရွက်အသားအတွင်း ထိုးဖောက်၍ အရွက်ညှာမှ တစ်ဆင့် မြေကြီးနှင့်ကပ်လျှက် ပင်စည်ထိ စားသောက်ဖျက်ဆီးသည်။

အရွက်များ မီး လောင်ထားသကဲ့သို့ တဖြည်းဖြည်းခြောက် သွားသည်။ ပဲခင်းတွင် ဖျာတစ်ချပ်စာ အကွက်လိုက်အကွက်လိုက် ဝါခြောက် နေသည်။

အပင်ငယ်စဉ်နှင့်ပင် သေသွားရ သည်။ ပိုးကျခံရပါက မြေကြီးနှင့်ကပ်လျက် ပင်စည်ဖောင်းပွ၍ အက်ကွဲနေသည်။ ၎င်းင်း အက်ကွဲဒဏ်ရာအတွင်း စည်ပုံသဏ္ဌာန်ရှိ ရုပ်ဖုံးအိမ်များ တွေ့ရသည်။

ပိုးလောက် ကောင်များသည် အရွက်အစိမ်းသားများကို မြွေလိမ်မြွေကောက်သဖွယ် ထွင်းဖောက် စားသောက်သည်။

ယင်ကောင်သည် အနက်ရောင်ရှိ သည်။ အမသည် အထီးထက် ခန္ဓာကိုယ် အနည်းငယ်ပိုကြီးသည်။ ယင်မတစ်ကောင် သည်ဥပေါင်း ၁၀၀ မှ ၃၀၀ ထိ ဥနိုင်သည်။

အကောင်ကြီးဘ၀ နှစ်ပတ်၊ ဥဘ၀ နှစ်ရက်၊ သုံးရက်၊ ပိုးလောက်ကောင်ဘ၀ တစ်ပတ်၊ ရာသီဥတုအေးပါက ရုပ်ဖုံးဘဝတွင် ခုနစ် ရက်မှ ၁၀ ရက်ထိ ကြာသည်။

ပင်စည်ထိုးယင်ကို ကာကွယ်နှိမ်နင်း ရန်မှာ မြေပြင်စင်ကပင် ပဲပင်အကြွင်း အကျန်များ မီးရှို့ပြီးပြင်ချိန်တွင် တစ်ဧက ဒိုင်ယာဇီနွန် ၁၀-ဂျီ (၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်း) ကြိုတင်ထည့်ပါ။

ဖျက်ဆီးခံရ သော အပင်များကို နှုတ်ပြီး မီးရှို့ပါ။ အပင် ငယ်စဉ်အရွက်နုထွက်ချိန်မှစ၍ ပင်လုံးပြန့် အာနိသင်ရှိဆေးတစ်မျိုးမျိုး ကြိုတင်ဖျန်း ပေးပါ။

ပဲမျိုးစုံသီးနှံကို ဒုက္ခပေးသည့်နောက် ပိုးတစ်ကောင်မှာ ပဲတောင့်ထိုးသည့်ပိုး ဖြစ် သည်။ ကုလားပဲမှလွဲ၍ ပဲမျိုးစုံ ဆီထွက် သီးနှံနှမ်း၊ နေကြာတွင်လည်း ကျရောက် နိုင်သည်။

ဥဘ၀ သုံးရက်၊ လောက်ကောင် ဘ၀ နှစ်ပတ်၊ ဖလံဘဝတွင် တစ်ပတ်ကြာသည်။ ဖလံ၏ အရှေ့အတောင်သည် အညို ရောင်အဖြူကွက်များပါဝင်သည်။ နောက် အတောင်သည် မီးခိုးဖျော့ရောင်ရှိ၍အနား စွန်းတွင် အညိုရောင်ကွက်များရှိသည်။ အညွန့်၊ အဖူး၊ အပွင့် အတောင်များပေါ်တွင် ဥများကို အစုလိုက် ဥချသည်။

ဖလံအမ သည် ဥ ၂၀၀ မှ ၁,၀၀၀ ခန့်ထိ ဥနိုင်သည်။ ဥများသည် လုံးရှည်အဝါရောင်ရှိ၍ ပေါက် ခါနီးတွင် အညိုရောင်ပြောင်းသွား သည်။ ပိုးလောက်ကောင်သည် အစိမ်းဖျော့ရောင် အောက်ခံဖြစ်၍ ကျောပေါ်တွင် အနက်စက်များပါဝင်သည်။ လောက်ကောင်ဘ၀ အဆင့် ငါးဆင့်ရှိသည်။

လောက်ကောင်၏ ပါးစပ်မှထုတ် သော ချည်မျှင်နှင့်အရွက်၊ အဖူး၊ အပွင့်၊ အသီးတို့ကိုလုံးထွေးပြီး အိမ်ပြုလုပ်လျှက် အတွင်းတွင်နေ၍ စားသောက်ဖျက်ဆီး သည်။ ပွင့်ထွေးရွက်ထွေးပိုးဟုလည်း ခေါ် သည်။

သီးတောင့်ခွဲကြည့်ပါက လောက် ကောင်တွေ့ရသည်။ လောက်ကောင်ဘေး တွင် စွန့်ပစ်ထားသော ပိုးချေးများတွေ့ရ သည်။

ရုပ်ဖုံးကို လုံးထွေးနေသော အိမ် အတွင်းပြုလုပ်သည်။ တစ်ခါတစ်ရံ အပင် ခြေမြေကြီးထဲတွင်လည်း ရုပ်ဖုံး ပြုလုပ်သည်။ ပဲတောင့်ထိုး ပိုးကို ကာကွယ်နှိမ်နင်း ရန်မှာ ပိုးချည်လုံးထွေးနေသော အစိတ် အပိုင်းများကို ခူးယူဖျက်ဆီးပါ။

ပန်းဖူး မဝင်မီကတည်းကပင် စားသေဆေး ပိုးသတ် ဆေးတစ်မျိုးမျိုး (ဥပမာ- နညိသျကူ်ညေ) ကြိုတင်ပက်ဖျန်းပါ။ သီးတောင့်ခူးချိန်နီးလျှင် ဆေးဖျန်းခြင်းကို ရှောင်ကြည်ရန် လို အပ်ပါသည်။

အဓိကအရေးကြီးသည်မှာ ပဲမျိုးစုံသီး နှံများကို ဖျက်ဆီးစားသောက်သည့် ပိုးများ ကို တန်ပြန်စားသောက်သည့် မိတ်ဆွေပိုးများရှိကြသည်။

ပိုးမွှားကာကွယ်ရာတွင် မိတ်ဆွေပိုးများ များပြားအောင် ဖန်တီးပေး ခြင်းသည်လည်း ထိရောက်သော ကာကွယ်နှိမ်နင်းရေး နည်းလမ်းကောင်းတစ်ခုဖြစ် သည်။ အင်းဆက်ပိုးတချို့နှင့် ကျေးငှက် တို့သည် ကုလားပဲဖျက်ပိုးများ၏ သဘာဝရန်သူဖြစ်သည်။

သားရဲကောင်တို့သည် ပဲစင်းငုံဖျက်ပိုးများကို စားသောက်ကြ သည်။ သို့အတွက် ပဲမျိုးစုံဖျက်ပိုးများ ကာကွယ်နှိမ်နင်းရာတွင်ဘက်စုံနည်းဖြင့် ကာကွယ်နှိမ်နင်းပါက ပို၍ထိရောက်မှု ရရှိ နိုင်သည်။ ပဲမျိုးစုံသီးနှံများတွင် ကျရောက်တတ် သော အဓိကရောဂါများ ပင်ညှိုးရောဂါ ဖြစ်သည်။

ဤရောဂါသည် အေးသောရာသီဥတု ၂၀ ဒီဂရီစင်တီဂရိတ်မှ ၂၅ ဒီဂရီစင်တီဂရိတ် ကို ကြိုက်နှစ်သက်သည်။ ရောဂါဖြစ်စေသည့်မှိုသည် ပင်ကြွင်း ပင်ကျန်မျိုးစေ့များ တွင် ခိုအောင်းနေနိုင်သည်။ ရောဂါကျ ရောက်သောမြေတွင် နှစ်ပေါင်းများစွာ ခိုအောင်း နေနိုင်သည်။

မြေစေးမြေဆိုလျှင် ပို၍ရှည်ကြာစွာ နေနိုင်သည်။ ဤနည်းဖြင့်တစ်နေရာမှ တစ်နေရာသို့ ပြန့်နှံ့ကူးစက်နိုင်သည်။ ပဲရာဇာ၊ ပဲစင်းငုံတို့သည် ဤမှို ရောဂါပိုးများကို လက္ခဏာမဲ့ သယ်ဆောင် နိုင်စွမ်းရှိကြသည်။

အပင်ငယ်စဉ်ကပင် ဤရောဂါစတွေ့ နိုင်သည်။ သို့သော် တခြားမြေပုပ်၊ မြေဆွေး ရောဂါများနှင့်ရောထွေးနိုင်သဖြင့် သေချာစစ်ဆေးကြည့်ရန် သတိပြုသင့်သည်။

အပင် ငယ်စဉ်တွင် အရွက်များအောက်သို့ ငိုက်ကျ ခြင်း၊ အရောင်ဖျော့ခြင်း၊ မြေကြီး
ပေါ်သို့ လဲကျနေခြင်းများ တွေ့နိုင်သည်။ လဲကျနေ သော ပင်စည်သည် သိမ်ပြီးရှုံ့နေသည်။

အမြစ်ပိုင်း၏ ပြင်ပလက္ခဏာများသည် ထူးခြားပြောင်းလဲမှုမရှိ၊ အမြစ်၏ အတွင်း သားများ ခွဲကြည့်လျှင် ညိုနေသည်။

အပင်ကြီးအဆင့်တွင် အသီးသီးချိန်ထိ ဤရောဂါ ဖြစ်နိုင်သည်။ ပထမအညွန့်များ ငိုက်ကျလာ ပြီး တစ်ပင်လုံးညှိုးလာသည်။ ထို့နောက် ကောက်ရိုးရောင်ကဲ့သို့ ခြောက်လာသည်။ ပင်စည်ကို ခွဲကြည့်ပါက အူတိုင်အနက် ရောင်ဖြစ်နေသည်။

တစ်ခါတစ်ရံ တစ်ပင် လုံးညှိုးခြင်းမရှိဘဲ ပင်ကိုင်းတစ်ခု၊ သို့မဟုတ် တချို့သာ ညှိုးကျပါသည်။ ဤရောဂါကာကွယ်နှိမ်နင်းမည် ဆိုပါက အမျိုးမတူသော သီးနှံဖြင့် သီးလှည့် စိုက်ပျိုးပါ။

ရောဂါခံနိုင်ရည်ရှိသော မျိုးကို ရွေးချယ်စိုက်ပျိုးပါ။ မျိုးစေ့ဆောင်ရောဂါ ဖြစ်သဖြင့် မျိုးစေ့ငါးပြည်ကို ဘင်လိတ်တီ ဆေး တစ်ကျပ်ခွဲသားနှင့် လူးနယ်ပြီးစိုက် ပါ။

ရောဂါဖြစ်သောအပင်များကို အမြစ်ပါပါအောင် နှုတ်၍ မီးရှို့ပစ်ပြီး မြေကို ထယ် လှန်ပေးထားရန် လိုပါသည်။

- အောင်ဆန်း (စိုက်ပျိုးရေး)

Address

ပဲခူး-သနပ္ပင်လမ်း
Bago
08011

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 12:00

Telephone

+959428177944

Website

Alerts

Be the first to know and let us send you an email when Doa Bago Region-gov posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Doa Bago Region-gov:

Share