Bago Region DUHD

Bago Region DUHD Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Bago Region DUHD, Government Organization, Shin Saw Pu Street, Bago.

မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန (RDT/DUHD) နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် စာတမ်းဖတ်ပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ...
30/01/2021

မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန (RDT/DUHD) နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် စာတမ်းဖတ်ပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ဒုတိယနေ့တွင် မြို့ပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ Zoom Meeting (video conferencing) ဖြင့် တက်ရောက်ပြီး ပဲခူးတိုင်းဒေသကြီး လုပ်ငန်းဆောင်ရွက်မှု Video Clips ပြသခြင်းနှင့် ဉာဏ်စမ်းပစေဠိပြိုင်ပွဲများ ပါဝင်ယှဉ်ပြိုင်ခဲ့ပါသည်။

မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန (RDT/DUHD) နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် စာတမ်းဖတ်ပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ...
29/01/2021

မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန (RDT/DUHD) နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် စာတမ်းဖတ်ပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ပထမနေ့တွင်
မြို့ပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ Zoom Meeting (video conferencing) ဖြင့် တက်ရောက်ပြီး "အိမ်ရာစစ်တမ်းများက ညွှန်ပြသည့် ပဲခူးမြို့အတွက် အိမ်ရာဆိုင်ရာ မူဝါဒများ” ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ကြားခြင်းနှင့် ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲများ ပါဝင်ယှဉ်ပြိုင်ခဲ့ပါသည်။

ပဲခူးတိုင်းဒေသကြီး၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် အငှားအိမ်ရာ၊ ဝန်ထမ...
28/01/2021

ပဲခူးတိုင်းဒေသကြီး၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် အငှားအိမ်ရာ၊ ဝန်ထမ်းအိမ်ရာ အဆောက်အဦများနှင့် တည်ဆောက်ရေးလုပ်ငန်းများအတွက် တင်ဒါအောင်မြင်သော ကုမ္ပဏီများစာရင်း

မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ်သည် (၂၉.၁၂.၂၀၂၀) ရက်နေ့  နံနက်(၁၀:၃၀)အချိန်တွင် ပဲခူးမြို့ရ...
29/12/2020

မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်သည် (၂၉.၁၂.၂၀၂၀) ရက်နေ့ နံနက်(၁၀:၃၀)အချိန်တွင် ပဲခူးမြို့ရှိ ပဲခူးတိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနသို့ ရောက်ရှိပြီး တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးနှင့် မြို့နယ်ဦးစီးမှူးရုံးရှိ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။

ပဲခူးတိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တင်ဒါစနစ်ဖြင့် ဆောင်ရွက်မည့် တည်ဆောက်ရ...
12/11/2020

ပဲခူးတိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တင်ဒါစနစ်ဖြင့် ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများအတွက် ကြိုတင်ရှင်းလင်း ဆွေးနွေးခြင်း အခမ်းအနားကို (၁၀.၁၁.၂၀၂၀)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ စက်မှု၊ လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန တိုင်းဒေသကြီး ညွှန်ကြားရေးမှူးက ပဲခူးတိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ လည်းကောင်း တင်ဒါကော်မတီဝင်များနှင့် တင်ဒါတင်သွင်းမည့် ကုမ္ပဏီများက Zoom Meeting (Vido Conferencing System)ဖြင့်လည်းကောင်း တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

သီတင်းကျွတ် အခါသမယတွင် ပဲခူးတိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုး​ရေးဦးစီးဌာန ပဲခူးမြို့နယ်ဦးစီးမှူးရုံးဝန်ထမ်းမိသ...
27/10/2020

သီတင်းကျွတ် အခါသမယတွင် ပဲခူးတိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုး​ရေးဦးစီးဌာန ပဲခူးမြို့နယ်ဦးစီးမှူးရုံးဝန်ထမ်းမိသားစုမှ တိုင်းဒေသကြီး ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့် အရာရှိများအား ဂါရဝပြု ကန်တော့ခြင်း။

သီတင်းကျွတ် အခါသမယတွင် ပဲခူးတိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုး​ရေးဦးစီးဌာန ညွှန်ကြားရေးမှူးရုံးဝန်ထမ်းမိသားစုမှ ...
27/10/2020

သီတင်းကျွတ် အခါသမယတွင် ပဲခူးတိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုး​ရေးဦးစီးဌာန ညွှန်ကြားရေးမှူးရုံးဝန်ထမ်းမိသားစုမှ တိုင်းဒေသကြီး ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့် အရာရှိများအား ဂါရဝပြု ကန်တော့ခြင်း။

(၂၁.၁၀.၂၀၂၀) ရက်နေ့ ညနေပိုင်းတွင် ပဲခူးတိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးနှင့် ...
22/10/2020

(၂၁.၁၀.၂၀၂၀) ရက်နေ့ ညနေပိုင်းတွင် ပဲခူးတိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးနှင့် လက်ထောက် ညွှန်ကြားရေးမှူးတို့သည် ပဲခူးတိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ဝန်ထမ်းမိသားစုများမှ ထည့်ဝင်ငွေများနှင့် ကုမ္ပဏီများမှ စုပေါင်းထည့်ဝင်ငွေများဖြင့် ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့ပြည်သူ့ဆေးရုံကြီး Covid-19 ရောဂါကာကွယ်ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန် Patient Monitor ၊ ECG Machine စက်များနှင့် Covid-19 Team အတွက် အာဟာရဒါနများအား သွားရောက်လှူဒါန်းခဲ့ပါသည်။

(၁၂.၁၀.၂၀၂၀)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနသည် Covid-19 ကာလအတွင်း ဝန်ထမ်းများ၏ စားဝ...
12/10/2020

(၁၂.၁၀.၂၀၂၀)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနသည် Covid-19 ကာလအတွင်း ဝန်ထမ်းများ၏ စားဝတ်နေရေးကိစ္စ အထောက်အကူပြုစေရန်အတွက် အခြေခံစားသောက်ကုန်ဖြစ်သော ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ပဲ၊ ကြက်ဥ၊ ခေါက်ဆွဲ၊ အာလူးနှင့် ဆေးဝါးတို့ကို တိုင်းဒေသကြီးညွှန်ကြား​ရေးမှူးရုံး၊ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးရုံးနှင့် မြို့နယ်ဦးစီးမှူးရုံးများရှိ ဝန်ထမ်းများနှင့် နေ့စားဝန်ထမ်းများအပါအဝင် ဝန်ထမ်းများအားလုံးကို ကူညီထောက်ပံ့ပေးအပ်ခဲ့ပါသည်။

ပဲခူးတိုင်း​ဒေသကြီး၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုး​ရေးဦးစီးဌာနမှ  ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် တည်ဆောက်ရေးလုပ်ငန်းများအတွက် ...
09/10/2020

ပဲခူးတိုင်း​ဒေသကြီး၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုး​ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် တည်ဆောက်ရေးလုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း။

ပဲခူးတိုင်းဒေသကြီး မြို့ပြစီမံကိန်းရေးဆွဲရေးနှင့်ဖွံ့ဖြိုးရေးကော်မတီ (၇/၂၀၂၀) အစည်းအဝေးကို (၈.၁၀.၂၀၂၀) ရက်နေ့ နေ့လည်(၁၄:...
09/10/2020

ပဲခူးတိုင်းဒေသကြီး မြို့ပြစီမံကိန်းရေးဆွဲရေးနှင့်ဖွံ့ဖြိုးရေးကော်မတီ (၇/၂၀၂၀) အစည်းအဝေးကို (၈.၁၀.၂၀၂၀) ရက်နေ့ နေ့လည်(၁၄:၀၀)အချိန်မှ ညနေ(၁၇:၀၀)အချိန်ထိ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးနှင့် ဒုတိယညွှန်ကြားရေးမှူး တို့က ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင်လည်းကောင်း၊ ကော်မတီဝင်များက Zoom Meeting (Video Conferencing System)ဖြင့် လည်းကောင်း တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

Address

Shin Saw Pu Street
Bago

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 16:00
Wednesday 09:00 - 16:00
Thursday 09:00 - 16:00
Friday 09:00 - 17:00
Saturday 09:00 - 12:00

Telephone

0522200117

Website

Alerts

Be the first to know and let us send you an email when Bago Region DUHD posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share