
  • Home
  • Myanmar
  • Bago

သီရိဇေယျာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from သီရိဇေယျာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း, Library, Bago.

02/11/2025
(၂၆)ကြိမ်မြောက်ကထိန်အလှူတော်
02/11/2025

(၂၆)ကြိမ်မြောက်
ကထိန်အလှူတော်

၂၆ ကြိမ်မြောက်ကထိန်အလှူတော်
02/11/2025

၂၆ ကြိမ်မြောက်
ကထိန်အလှူတော်

May Wint Soe
19/11/2024

May Wint Soe

၂၅ ကြိမ်မြောက်ကထိန်အလှူတော်
19/11/2024

၂၅ ကြိမ်မြောက်
ကထိန်အလှူတော်

(၁၃)ကြိမ်မြောက်ရဟန်းခံ၊ရှင်ပြု၊တရားစခန်းအကြတ်နေ့၊အတက်နေ့နှင့်နှစ်ဆန်းတစ်ရက်နေ့ဆွမ်းအလှူများအားသစ်တံခါးဆရာတော်သီရိဇေယျာ‌ဆ...
17/04/2024

(၁၃)ကြိမ်မြောက်
ရဟန်းခံ၊ရှင်ပြု၊တရားစခန်း
အကြတ်နေ့၊အတက်နေ့နှင့်နှစ်ဆန်းတစ်ရက်နေ့
ဆွမ်းအလှူများအား
သစ်တံခါးဆရာတော်
သီရိဇေယျာ‌ဆရာတော်
တို့အားဦးထိပ်ထားလျှက်
ဦးအောင်မြင့်+ဒေါ်သန်းသန်းနွဲ့၊
ဒေါ်မြင့်မြင့်ဝင်း၊
ဦးစိုးသန်းဦး+ဒေါ်မို့မို့လွင်
တို့အားအမှူးထား၍
ကိုသန်းထွန်းဝင်း+မမေဝင့်စိုး
သားများ မောင်ကျော်ရဲရင့်ပိုင်
မောင်ပိုင်နေလင်း
မိသားစုတို့မှလှူဒါန်းပါသည်

17/04/2024

သီရိဇေယျာဘုန်းတော်ကြီးသင်ကျောင်း၏(၁၀)ကြိမ်မြောက်ရဟန်းခံ၊ရှင်ပြု၊ တရားစခန်းသံဃာအပါး(၁၀၀)တို့အား မဟာသင်္ကြန်အကြတ်‌၊အတက် နှင့် နှစ်ဆန်းတစ်ရက်နေ့ဆွမ်းအလှူအဖြစ် သစ်တံခါးဆရာတော်
သီရိဇေယျာကျောင်းဆရာတော်တို့အားဦးထိပ်ထားလျှက်
ဦးအောင်မြင့်+ဒေါ်သန်းသန်းနွဲ့
ဒေါ်မြင့်မြင့်ဝင်း
ဦးစိုးသန်းဦး+ဒေါ်မို့မို့လွင်တို့အားအမှူးထား၍

ဦးသန်းထွန်းဝင်း+ဒေါ်မေဝင့်စိုး
သားများဖြစ်သော-မောင်ကျော်ရဲရင့်ပိုင်၊မောင်ပိုင်နေလင်း
ရွှေပိုင်ဟိန်း ကုမ္ပဏီမှ လှူဒန်းခဲ့ပါကြောင်း ဝမ်းမြောက်ဝမ်းသာဖြင့် နတ်လူသာဓုခေါ်ဆိုနိုင်စေရန် မျှဝေလိုက်ပါသည်....

လူမျိုး၊ ဘာသာမခွဲခြားဘဲ ဆင်းရဲနွမ်းပါးသည့် သားငယ် သမီးငယ်လေးများ၏ ဘဝရှေ့ရေးအတွက် ပညာနို့ချို တိုက်ကျွေးပေးနေသည့် သီရိဇေယျာဘုန်းတော်ကြီးသင်ပညာရေးကျောင်း ရေရှည်ရပ်တည် နိုင်ရေးအတွက် သဒ္ဓါတရား ထက်သန်ကြသော အလှူရှင်များ၏ အကူအညီကိုများစွာမျှော်လင့်လျှက် ….

ပဲခူးမြို့၊ ကျွန်းသာယာရပ်ကွက်၊ အောင်သုခလမ်း၊ နယ်မြေ (၆) တွင် တည်ထားကိုးကွယ်သော သီရိဇေယျာ ကျောင်းတိုက်ဆရာတော် ဦးနန္ဒိယ ဦးစီးတည်ထောင်သော သီရိဇေယျာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသည် (၃-၆-၂၀၁၃) ရက်နေ့မှစ၍ နိုင်ငံတော်အစိုးရ သာသနာတော် ထွန်းကားပြန့်ပွား ရေးဦးစီးဌာန၊ အမှတ် (၁) အခြေခံပညာဦးစီးဌာနတို့မှ ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ပညာသင်ကြားလျှက် ရှိပါ သည်။

တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား၊ကျောင်းသူ (၂၇၀) ဦးနှင့် ဆရာ၊ဆရာမ (၇) ဦးရှိပြီး ဆင်းရဲချမ်းသာမရွေး လူတိုင်း စာတတ်မြောက်စေပြီး ခေတ်မှီပညာတတ်များ ပေါ်ထွန်းစေရန်၊ ကိုယ်ကျင့် တရားကောင်းမွန်ပြီး အမျိုးဘာသာ သာသနာကို တန်ဘိုးထား သိရှိနားလည် စေရန်နှင့် ဗုဒ္ဓဘာသာ ၀င်ကောင်းများပေါ်ထွန်းပြီး၊ အများအကျိုး၊ သာသနာ့ အကျိုး တိုင်းပြည်အကျိုး ထမ်းရွက်သယ်ပိုးနိုင်မည့် သားကောင်း၊ သမီးမွန်များ ဖြစ်လာစေရန် ရည်ရွယ်ပြီး ပျိုးထောင်ပေးနေခြင်း ဖြစ်သည့်အပြင် ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ ၊ ကိုယ့် သာသနာအတွက် ထမ်းသိမ်းစောင့်ရှောက်တတ်စေရန်အတွက်လည်း ဆရာတော် ဦးနန္ဒိယ သည် ယဉ်ကျေးလိမ္မာနှင့် စာရိတ္တမြင့်မားရေးတို့ကိုပါ ဖွင့်လှစ်သင်ကြား ပေးလျှက်ရှိပါသည်။

သီရိဇေယျာ ကျောင်းတိုက်ဆရာတော် ဦးနန္ဒိယသည် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း နှင့် ယဉ်ကျေးလိမ္မာသင်တန်းတို့ကို ဆရာ၊ဆရာမ (၇) ဦးနှင့် ရပ်ကွက်နေ ရပ်မိရပ်ဖများ နှင့် အတူ ဦးဆောင် ဦးရွက်ပြုကာ ရင်ဆိုင်ကြုံတွေ့ရသော အခက်အခဲ အတားအဆီးများကို မလျော့သောဇွဲ၊လုံးလတို့နှင့် အပင်ပန်းအဆင်းရဲခံပြီး တစ်နိုင်ငံလုံးရှိ ဘ/က ကျောင်းများနည်းတူ နိုင်ငံအဆင့်အရည် အသွေးမှီစနစ်များဖြင့် အခြေခံလို အပ်ချက်စံနှုန်းများကို ဖော်ဆောင် နိုင်ရေးအတွက် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း အင်္ဂါရပ်များနှင့်အညီ ဖော်ဆောင်သွား မည် ဖြစ်ပါသည်။

သီရိဇေယျာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ပညာသင်ကြားလျက် ရှိသော ဆင်းရဲနွမ်းပါးသည့် သားငယ်၊ သမီးငယ်လေးများ အတွက် အ၀တ်အထည်များ၊ အသုံးအဆောင်ပစ္စည်းများ၊ စာရေးကိရိယာများနှင့် နေ့စဉ်စားသောက်ကုန်ပစ္စည်းများလည်း လိုအပ်လျက်ရှိနေပါသည်။ သို့ဖြစ်ပါ၍ သီရိဇေယျာဘုန်းတော်ကြီးသင် ပညာရေးကျောင်း ရေရှည်ရပ်တည်နိုင်ရေးအတွက် သဒ္ဓါထက်သန်ကြသော အလှူရှင်များ၏ အကူအညီကို များစွာမျှော်လင့်လျှက် …..

အလိမ္မာပန်းကလေးများနှင့်အတူ ကျောင်းဖြစ်မြောက်အောင်မြင်ရေးအဖွဲ့
အကျိုးတော်ဆောင်များ

ဖုန်း - ၀၉ ၅၃၈၀၂၇၂၊ ၀၅၂ ၂၂၂၁၀၇၉

(၂၄)ကြိမ်​မြောက်မဟာဘုံကထိန်
25/11/2023

(၂၄)ကြိမ်​မြောက်
မဟာဘုံကထိန်

Address

Bago

Website

Alerts

Be the first to know and let us send you an email when သီရိဇေယျာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category