DICA Bago

DICA Bago Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from DICA Bago, Government Organization, Bago.

ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၇/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကျင်းပပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမ...
26/08/2022

ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၇/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကျင်းပ
ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၇/၂၀၂၂) ကြိမ်မြောက်အစည်းအဝေးကို ယနေ့ (၂၆-၈-၂၀၂၂) နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာ အစည်း အဝေးခန်းမ၌ ကျင်းပခဲ့ရာ ကော်မတီ ဉက္ကဋ္ဌ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေး၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁ ခုမှ တင်ပြလာသော ကုန်ကြမ်းပစ္စည်း အမည်၊ Code No. ပြောင်းလဲခြင်းနှင့် ကုန်ကြမ်းအမျိုးအစားအသစ် ထပ်မံတင်သွင်းပြီး၊ ကုန်ချော ထုတ်လုပ်မှုပမာဏ တိုးမြှင့်ခွင့်ပြုပါရန်ကိစ္စနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၃ ခုတို့မှ တည် ဆောက်ရေးကာလ ထပ်မံတိုးမြှင့်ခြင်းကိစ္စရပ်များအပေါ် ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့အထိ ပဲခူးတိုင်းဒေသကြီးအတွင်း နိုင်ငံခြား/ နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၂၃.၇၁၂ သန်းနှင့် မြန်မာကျပ်ငွေ ၉,၅၂၉.၁၅ သန်း ဝင်ရောက်ခဲ့ပြီး၊ အလုပ်အကိုင်အခွင့်အလမ်း ၇၄၅၈ ဦး ဖော်ဆောင်ပေးနိုင်ခဲ့ပါသည်။
Bago Region Investment Committee (BRIC )Meeting (7/2022) was convened at Tawwin Hanthar Meeting room of Bago Region Government Office on 26-8-2022 and attended by Chief Minister H.E U Myo Swe Win; Chairman of BRIC ,members of the Committee and responsible persons from respective Departments.
At the meeting, the Committee discussed and constructively made decision concerned with the issues , which were allowed to change the name of raw materials, Code (No), import of new type of raw materials and increased production volume of finished goods submitted by one foreign enterprise and were extension of construction period submitted by three foreign enterprises.
From 1st February 2021 to date, the Bago Region has received the investment amounts of USD over 123 million and over 9 billion MMK, and created nearly 7500 job opportunities for the residents in the region.

07/07/2022
ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကျင်းပပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမ...
28/06/2022

ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကျင်းပ
ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆/၂၀၂၂) ကြိမ်မြောက်အစည်းအဝေးကို ယနေ့ (၂၈-၆-၂၀၂၂) နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာ အစည်း အဝေးခန်းမ၌ ကျင်းပခဲ့ရာ ကော်မတီ ဉက္ကဋ္ဌ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေး၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁ ခုမှ တင်ပြလာသော မြေဌားရမ်းခ ငွေပေးချေမှုကာလ ပြောင်းလဲပြင်ဆင်ရန်အတွက် မြေဌားစာချုပ်ပြင်ဆင်ခြင်းကိစ္စ နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၃ ခုမှ တည်ဆောက်ရေးကာလ ထပ်မံ တိုးမြှင့်ခြင်းများအပေါ် ဆွေးနွေး ဆုံးဖြတ်ခဲ့ကြပါသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့အထိ ပဲခူးတိုင်းဒေသကြီးအတွင်း နိုင်ငံခြား/ နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု အမေရိ ကန်ဒေါ်လာ ၁၂၃.၇၁၂ သန်းနှင့် မြန်မာကျပ်ငွေ ၉,၅၂၉.၁၅ သန်း ဝင်ရောက်ခဲ့ပြီး၊ အလုပ်အကိုင်အခွင့်အလမ်း ၇၄၅၈ ဦး ဖော်ဆောင်ပေးနိုင်ခဲ့ပါသည်။
Bago Region Investment Committee (BRIC )Meeting (6/2022) was convened at Tawwin Hanthar Meeting room of Bago Region Government Office on 28-6-2022 and attended by Chief Minister H.E U Myo Swe Win; Chairman of BRIC ,members of the Committee and responsible persons from respective Departments.
At the meeting, the Committee discussed and constructively made decision concerned with the issues ,which were allowed the lease payment period to be changed in the original lease agreement submitted by one foreign enterprise and were extension of construction period submitted by three foreign enterprises.
From 1st February 2021 to date, the Bago Region has received the investment amounts of USD over 123 million and over 9 billion MMK, and created nearly 7500 job opportunities for the residents in the region.

ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကျင်းပပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမ...
27/05/2022

ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကျင်းပ
ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀၂၂) ကြိမ်မြောက်အစည်းအဝေးကို ယနေ့ (၂၇-၅-၂၀၂၂) နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာ အစည်း အဝေးခန်းမ၌ ကျင်းပခဲ့ရာ ကော်မတီ ဉက္ကဋ္ဌ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ကော်မတီဝင်များနှင့် သက်ဆိုင်ရာကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေး၌ ရာခိုင်နှုန်းပြည့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းနှစ်ခုမှ CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း နှင့် အားကစားလက်အိတ်များ ထုတ်လုပ်ခြင်း လုပ်ငန်းဆောင်ရွက်ခွင့်ပြုရန် အတည်ပြုမိန့် လျှောက်ထားလာခြင်းတို့အပေါ် ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းနှစ်ခုအနေဖြင့် အတည်ပြုမိန့်ရရှိပြီးပါက ပဲခူးတိုင်း ဒေသကြီးအတွင်းသို့ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၆.၁ သန်း စီးဝင်လာမည်ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်း စုစုပေါင်း ၁၄၀၀ကျော် ဖော်ဆောင်နိုင်မည် ဖြစ်ပါသောကြောင့် ဒေသခံ များ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူကောင်းများ ရရှိလာမည်ဖြစ် ပါသည်။
Bago Region Investment Committee (BRIC )Meeting (5/2022) was convened at Tawwin Hanthar Meeting room of Bago Region Government Office on 27-5-2022 and attended by Chief Minister H.E U Myo Swe Win; Chairman of BRIC ,members of the Committee and responsible persons from respective companies.
At the meeting, the Committee discussed and constructively made decision concerned with two wholly Foreign owned enterprises which will carry out manufacturing of garments and manufacturing of sport gloves on CMP basis.
If the submitted enterprises approved to pursue the business, the investment capital which amount to USD $ 6.1 million will flow into the region .And also those enterprises are expected to create over 1400 job opportunities which assist the socio- economic development of the residents in Bago Region.

ပဲခူးတိုင်းဒေသကြီးအတွင်းသို့ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု မြန်မာကျပ်ငွေ ၁၂၀၀ သန်း ဝင်ရောက်ပဲခူးတိုင်းဒေသကြီးရင်း...
29/04/2022

ပဲခူးတိုင်းဒေသကြီးအတွင်းသို့ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု မြန်မာကျပ်ငွေ ၁၂၀၀ သန်း ဝင်ရောက်

ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၂) ကြိမ်မြောက်အစည်းအဝေးကို ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ကော်မတီ ဉက္ကဋ္ဌ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ကော်မတီဝင်များနှင့် သက်ဆိုင်ရာကုမ္ပဏီများမှ တာဝန်ရှိသူ များ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေး၌ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုမှ အဆင့်မြင့်ဆန်အမျိုးမျိုး ကြိတ်ခွဲထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ‌ဆောင်ရွက်ခွင့်ပြုရန် အတည်ပြုမိန့်လျှောက်ထား လာခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုမှ ကုန်ကြမ်းအမျိုးအစားအသစ် ထပ်မံတင်သွင်း ခြင်း အပါအဝင် ကုန်ချောများပြောင်းလဲထုတ်လုပ်ခြင်းနှင့် အခြားကုမ္ပဏီများမှ လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များလျှောက်ထားလာခြင်းတို့အပေါ် ဆွေးနွေး ဆုံးဖြတ်ခဲ့ကြပါသည်။ ထို့အပြင် အီလက် ထရောနစ် တွေ့ဆုံဆွေးနွေးခြင်းဝန်ဆောင်မှုစနစ်(DICA Online Solution-DOSo)နှင့် ပတ်သက် ၍ ကော်မတီဝင်များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

အဆိုပါလုပ်ငန်းဆိုင်ရာတင်ပြချက်များအာ အတည်ပြုခွင့်ပြုပြီးပါက ပဲခူးတိုင်းဒေသကြီး အတွင်းသို့ ရင်းနှီးမြှုပ်နှံမှုပမာဏ မြန်မာကျပ်ငွေ ၁၂၀၀ သန်း စီးဝင်လာမည်ဖြစ်ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ ယနေ့အထိ အလုပ်အကိုင်အခွင့်အလမ်း စုစုပေါင်း (၆၀၀၈) ဦး ဖော်ဆောင်နိုင်မည် ဖြစ်ပါသောကြောင့် ဒေသခံများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူကောင်းများ ရရှိလာမည်ဖြစ်ပါသည်။
Bago Region Investment Committee (BRIC )Meeting (4/2022) was convened at Tawwin Hanthar Meeting room of Bago Region Government Office on 29-4-2022 and attended by Chief Minister H.E U Myo Swe Win; Chairman of BRIC ,members of the Committee and responsible persons from respective companies.

At the meeting, the Committee discussed and constructively made decision upon wholly Myanmar owned enterprise which will carry out production, distribution and sale of various types of high quality rice applied for endorsement and one foreign enterprise which will carry out manufacturing of earphones on CMP basis , import of new types of raw materials and conversion of finished products and application of business concerned issues by existing enterprises. And then DICA Online Solution- (DOSo) was explained to the committee members by Daw Hmwe Hmwe Thin, Deputy Director from DICA Bago Region.

If the submitted enterprises approved to pursue the business, the investment capital amount to 1200 million kyats will flow into the region. And also the total enterprises in Bago Region are expected to create six thousands and eight job opportunities from 1st February 2021 to present and support the socio- economic development of the residents in Bago Township.

ရင်းနှီးမြုပ်နှံမှုမြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေး အစီအစဉ်များ ရှင်းလင်းပွဲကျင်းပပြုလုပ်        ရင်းနှီးမြှုပ်နှံမ...
08/04/2022

ရင်းနှီးမြုပ်နှံမှုမြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေး အစီအစဉ်များ ရှင်းလင်းပွဲကျင်းပပြုလုပ်

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဉီးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဉီးစီးမှူးရုံးအနေဖြင့် အီလက်ထရောနစ်တွေ့ဆုံဆွေးနွေးခြင်းဝန်ဆောင်မှုစနစ် (DICA Online Solution-DOSo)၊ တစ်နေရာတည်း အလုံးစုံဝန်ဆောင်မှုပေးသည့်အဖွဲ့ (One Stop Service)၏စံချိန်စံညွှန်းမီလုပ်ထုံးလုပ်နည်းများ(Standard Operation Procedures)၊ Cost of Doing Business in Myanmar Survey Report 2022 နှင့် DICA Info Android Mobile Application အစီအစဉ် (၄) ခုနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲကို ၈-၄-၂၀၂၂ ရက်နေ့၊ မွန်းလွဲ (၁၄:၀၀)နာရီတွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဉီးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ဉီးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ရှင်းလင်းဆွေးနွေးပွဲအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကြီးကြပ်ရေးအဖွဲ့၊ တိုင်းဒေသကြီးကုန်သည်နှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် ပြည်တွင်း/ပြည်ပ ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များ တက်ရောက်ခဲ့ပါသည်။

DICA Bago Branch gives a seminar on Investment Promotion and Facilitation

The DICA Bago Branch gave a seminar "Investment Promotion and Facilitation by streamlining the virtual system" on 8-4-2022 at DICA Bago Branch Meeting Room. In this Seminar, DICA Online Solution (DOSo), Standard Operation Procedures of One-Stop Service, Cost of Doing Business in Myanmar Survey Report 2022, and DICA Info Android Mobile Application were made further clarification to the attendees by U Ko Ko Latt; Director, Daw Hmwe Hmwe Thin; Deputy Director, Daw Thaw Mon Naing; Staff Officer, Daw May Zin Oo; Deputy Staff Officer and Daw Hnin Ei Moe; Deputy Staff Officer of DICA Bago.

The seminar was attended by the Regional Level Officials from the Bago Region Government Office, members of the Bago Region Investment Monitoring Team and Bago Region Chamber of Commerce and Industry, and responsible persons from domestic and foreign enterprises pursuing business in the Bago Region.

ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီသို့ ကျပ်ငွေ ၅.၉ ဘီလျံနှင့် အမေရိကန်ဒေါ်လာ ၄.၃၄၄ သန်း တန်ဖိုးရှိ ရင်းနှီးမြ...
21/01/2022

ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီသို့ ကျပ်ငွေ ၅.၉ ဘီလျံနှင့် အမေရိကန်ဒေါ်လာ ၄.၃၄၄ သန်း တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အတည်ပြုမိန်လျှောက်ထား...။
ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၂) ကြိမ်မြောက်အစည်းအဝေးအား (၂၁-၁-၂၀၂၂) နေ့တွင် ကျင်းပခဲ့ရာ ကော်မတီဉက္ကဌ၊ ဝန်ကြီးချုပ် ဉီးမျိုးဆွေဝင်း၊ ကော်မတီဝင်များ နှင့် အထူးဖိတ်ကြားထား သည့် သက်ဆိုင်ရာ ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေး၌ ရာနှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် အော်ဂဲနစ်ကွန်ပေါင်း ဓာတ်မြေဩဇာထုတ်လုပ်ဖြန့်ဖြူးရောင်းချခွင့်ပြုရန် ကုမ္ပဏီတစ်ခုမှအတည်ပြုမိန့်လျှောက်ထားလာခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂ ခုမှ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခွင့်ပြုရန် လျှောက်ထားလာခြင်းအပေါ် ဆွေးနွေး ဆုံးဖြတ်ခဲ့ကြပါသည်။
အဆိုပါလုပ်ငန်းများမှ တင်ပြချက်များအား အတည်ပြုခွင့်ပြုပြီးစီးပါက ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ရင်းနှီးမြှုပ်နှံပမာဏ ကျပ်ငွေ ၅.၉ ဘီလျံခန့်နှင့် အမေရိကန်ဒေါ်လာ ၄.၃ သန်းကျော် စီးဝင်လာမည်ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်း ၂၈၀ ခန့် ဖန်တီးပေးနိုင်မည်ဖြစ်သဖြင့် ဒေသခံများလူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် ရေးအတွက် အထောက်အကူကောင်းများရရှိမည်ဖြစ်ပါသည်။

The Bago Region Investment Committee holds its (1/2022) Meeting
The Bago Region Investment Committee Meeting (1/2022) was held at the Tawwin Hanthar meeting room of Bago Region Government Office on 21-1-2022 and was attended by Chief Minister U Myo Swe Win; Chairman of BRIC, member of the committee and special invitees from relevant enterprises.
At the meeting, the committee discussed and constructively made decision upon one wholly citizen owned enterprise, which will carry out manufacturing of organic compound fertilizer, applied for endorsement and capital increase of two foreign enterprises.
If the submitted enterprises are approved to pursue the business, the investment capital, which amounts to USD 4.3 million and MMK 5.9 billion, will flow into the region. And also, those enterprises are expected to create 280 job opportunities, which assist the socio-economic development of the residents in Bago Township.

ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆/၂၀၂၁)ကြိမ်မြောက်အစည်းအဝေးကျင်းပ ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု...
27/12/2021

ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆/၂၀၂၁)ကြိမ်မြောက်အစည်းအဝေးကျင်းပ
ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆ /၂၀၂၁) ကြိမ်မြောက်အစည်းအဝေးအား ယနေ့ (၂၇-၁၂-၂၀၂၁) နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ကော်မတီဉက္ကဋ္ဌ ဝန်ကြီးချုပ် ဉီးမျိုးဆွေဝင်း၊ ကော်မတီဝင်များနှင့် သက်ဆိုင်ရာကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီတစ်ခုမှ အဆင့်မြင့်ဆန်အမျိုးမျိုးကြိတ်ခွဲထုတ်လုပ်၍ ပြည်ပသို့ ၁၀၀% တင်ပို့ရောင်းချခွင့်ပြုပါရန် အတည်ပြုမိန့်လျှောက်ထားလာခြင်း အပေါ်ဆွေးနွေး ဆုံးဖြတ် ခဲ့ပါသည်။ ယခုကဲ့သို့ စိုက်ပျိုးရေးထွက်ကုန်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်မည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူများပေါ်ထွက်လာခြင်း၊ ပြည်ပသို့ Value added Product အဖြစ်တင်ပို့ခြင်းစသည့် ဆောင်ရွက် မှုများကြောင့် ဒေသတွင်း လူမှုစီးပွားဘဝတိုးတက်ရေး အတွက် အထောက်အကူကောင်းဖြစ်လာပြီး နိုင်ငံခြား ဝင်ငွေတိုးမြင့် ရရှိလာမည်ဖြစ်ပါသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်း ပဲခူးတိုင်းဒေသကြီး အတွင်းသို့ ပြည်တွင်း/ ပြည်ပ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၉၁ သန်း ကျော်နှင့် ကျပ်ငွေ ၂.၅ ဘီလျံခန့် ဝင်ရောက်လာပြီးဖြစ်ကာ အလုပ်အကိုင်အခွင့်အလမ်း ၄၇၀၀ ကျော် ဖန်တီးပေးခဲ့ပြီး ဖြစ်ပါသည်။
Bago Region Investment Committee's (6/2021) meeting was convened at Tawwin Hanthar Meeting Room of Bago Region Government Office this morning (27-12-2021) and attended by Chief Minister U Myo Swe Win; Chairman of Bago Region Investment Committee, members of the committee and responsible persons from concerned enterprises.
At the meeting, the committee made the constructive decision on the proposal, submitted by a citizen enterprise to operate the business of husking rice and export agricultural goods, and other investment related matters. The emergence of local businesses, invest in agricultural sector and export value added products to foreign countries, assists the development of socio- economy and foreign income. The Bago Region has received foreign and domestic investments that amount to USD 91 million and Kyats 2.5 Billion and created over 4700 job opportunities from 1 February to date.

ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ ၅/၂၀၂၁ ကြိမ်မြောက် အစည်းအဝေး ကျင်းပပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု...
26/11/2021

ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ ၅/၂၀၂၁ ကြိမ်မြောက် အစည်းအဝေး ကျင်းပ

ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ ၅/၂၀၂၁ ကြိမ်မြောက် အစည်းအဝေးအား ယနေ့ (၂၄-၁၁-၂၀၂၁)ရက် နေ့လည် (၀၂:၀၀)နာရီတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ကျင်းပရာ ကော်မတီ ဥက္ကဋ္ဌ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ကော်မတီ အဖွဲ့ဝင် များ စုံညီစွာတက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေး၌ ပဲခူးတိုင်းဒေသကြီးအတွင်း လုပ်ငန်းဆောင်ရွက်နေဆဲ ကုမ္ပဏီများမှ မတည်ရင်းနှီး ငွေနှင့် လုပ်သားအင်အားတိုးမြှင့်ခြင်း၊ မြေဧကလျှော့ချလိုခြင်း၊ ကော်မတီအဖွဲ့ဝင် ပြောင်းလဲခြင်းတို့ အပေါ် ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း မတည်ရင်းနှီးငွေနှင့်လုပ်သားအင်အားတိုးမြှင့်ခွင့်ပြုရန် တင်ပြလာသော ကုမ္ပဏီအနေဖြင့် ပဲခူးမြို့နယ်အတွင်း အမေရိကန်ဒေါ်လာ ၀.၁၀၀ သန်း ထပ်မံ ထည့်ဝင်၍ ရင်းနှီးမြှုပ်နှံခြင်း၊ ပြည်တွင်းအလုပ်သမား ၂၀ ဦး တိုးမြှင့် ခန့်ထားခြင်းတို့ ဆောင်ရွက်မည် ဖြစ်သည့် အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ထုတ်ပေးနိုင်မည်ဖြစ်ပြီး၊ တိုင်းဒေသကြီး၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူ ဖြစ်လာမည်ဖြစ်ပါသည်။

Bago Region Investment Committee meeting (5/2021) was held in the Tawwin Hanthar meeting room, Region Government office on 24 November 2021 and Committee members led by Chairman of Committee and Chief Minister, U Myo Swe Win attended.

At the Meeting, they discussed concern with the investment companies in Bago Region, increase to capital, reduce land area and changed one of the committee members.

In Bago Region, the company proposed to additional US$ (0.1) million will be invested and increase 20 more local workers. So, it will support job opportunities and the socio-economic development of the Region.

ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄ / ၂၀၂၁)ကြိမ်မြောက်အစည်းအဝေး ကျင်းပ ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံ...
27/10/2021

ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄ / ၂၀၂၁)ကြိမ်မြောက်အစည်းအဝေး ကျင်းပ
ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၁) ကြိမ်မြောက်အစည်းအဝေးအား ယနေ့(၂၇-၁၀-၂၀၂၁) နံနက်ပိုင်းတွင် ပဲခူးတိုင်း‌ဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ကျင်းပခဲ့ရာ ကော်မတီဉက္ကဌ ဝန်ကြီးချုပ် ဉီးမျိုးဆွေဝင်း၊ ကော်မတီအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာကုမ္ပဏီများမှ တာဝန်ရှိသူ များတက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုမှ အတည်ပြုမိန့်လျှောက်ထားခြင်း ၊မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုမှ တည်ဆောက်ရေးကာလတိုးမြှင့်ခွင့်ပြုရန်တင်ပြခြင်း၊ ပဲခူးတိုင်း ဒေသကြီးအတွင်း လုပ်ငန်းဆောင်ရွက်လျက်ရှိသော ကုမ္ပဏီများမှ ရင်းနှီးမြှုပ်နှံမှုပမာဏတိုးမြှင့်ခြင်း၊ မွေးမြူ ရေးလုပ်ငန်းလုပ်ဆောင်ရန်နှင့် ပြည်ပသို့ ပြောင်းဆန်တင်ပို့ရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်တွင် တင်ပြ လျှောက်ထားမှုအခြေအနေများအား ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။
အဆိုပါ ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုအနေဖြင့် အတည်ပြုမိန့်ရရှိပြီးပါက ပဲခူးမြို့နယ် အတွင်း သို့ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၄ သန်းစီးဝင်လာမည်ဖြစ်ကာ၊ အလုပ်အကိုင်အခွင့် အလမ်း ၃၀၀ ခန့် ဖန်တီးပေးနိုင်မည်ဖြစ်သဖြင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူ ပြုနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် များမကြာမီအချိန်အတွင်း ပဲခူးမြို့နယ်အတွင်းသို့ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၃၃.၅ သန်း ထပ်မံစီးဝင်လာရန် ရှိနေပါသည်။
Bago Region Investment Committee meeting (4/2021) was convened at the Tawwin Hanthar Meeting Room of Bago Region Government Office today and was attended by Chief Minister U Myo Swe Win, Chairman of the committee, members of the committee, and respective persons from the concerned companies.
At the meeting, a joint venture enterprise submitted its proposal and a citizen enterprise submitted to extend construction period, and then the committee discussed and made constructive decisions. Increase of investment; condition on applying proposal for agriculture and livestock business and increase of export goods, by the enterprises operating businesses in the region, are also discussed in the meeting.
The approved joint venture enterprise which amounts to USD 4.00 million is expected to create nearly 300 job opportunities and assist the socio- economic development of the residents in Bago Township. Moreover, the investments which amount to SD 33.5 million will flow into the township very soon.

Address

Bago

Telephone

+95522201747

Website

Alerts

Be the first to know and let us send you an email when DICA Bago posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share