ဗန်းမောက်မြို့

ဗန်းမောက်မြို့ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ဗန်းမောက်မြို့, City Hall, Banmauk.

ဗန်းမောက်မြို့သည် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ကသာခရိုင်တွင် တည်ရှိသည်။ ဗန်းမောက်မြို့နယ်တွင် တိုင်းလျမ်(ခေါ်)ရှမ်းနီ လူမျိုး၊ ကနန်းလူမျိုး၊ ကတူးလူမျိုးများ နေထိုင်ကြသည်။ မိရိုးဖလာအားဖြင့် တောင်သူလုပ်ငန်းကို လုပ်ကိုင်ကြပြီး၊ ၁၉၇၅ ခုနှစ်နောက်ပိုင်းတွင် ရွှေတူးဖော်ရေးလုပ်ငန်းကို တဖြည်းဖြည်းလုပ်ကိုင် လာကြသည်။ သတ္ထုရိုင်းပေါများစွာ ထွက်သောဒေသ ဖြစ်သည်။ သံရိုင်းများ၊ ခဲတွင်များ၊ ဘော်တွင်းများ၊ ကြေး

တွင်းများရှိသည်။ ရွှေဖြူလည်းထွက်သည်။

နာမည်ကြီးဘုရားမှာ မြို့၏ အနောက်မြောက်ဖက်ရှိ ဇလုံတောင်ဘုရား ဖြစ်သည်။ နာမည်ကြီးဆရာတော်မှာ ရဟန္တာအရှင်မြတ် ဝေသုခီဆရာတော် ဖြစ်သည်။ ဥမင်လိုဏ်ဘုရား နှင့် မြို့အနီး တောင်ဖက်အရပ်ရှိ ကျုံးတောင်ဘုရား တို့မှာ ထင်ရှားသည်။ ကျွန်းသစ် ထုတ်လုပ်ရာ အထူးဒေသဖြစ်သည်။ စပါးတင်ပို့သော ဒေသလည်း ဖြစ်သည်။ ဗုဒ္ဓဘာသာ ကိုးကွယ်သူက အများစုဖြစ်သည်။

08/08/2026

၃၈ နှစ်မြောက် ရှစ်လေးလုံး လူထုအရေးတော်ပုံ အခမ်းအနားအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး၊ ကျောင်းသားတပ်မတော် ဥက္ကဌ ရဲဘော်သံခဲ၏ ရဲဘော်ထုသို့ ပေးပို့သော မိန့်ခွန်း။

စကစ ‌ဘောစုတ် SNA တွေ အခုထိ အသိတရား မရကြသေးဘူးလား😂 မင်းတို့ရဲ့ ဖာခေါင်း စစ်ဦးချုပ်က မြို့ပေါ်မှာ မိန်းမငယ်နဲ့ ပိုက်ဆံ စိတ...
06/08/2026

စကစ ‌ဘောစုတ် SNA တွေ အခုထိ အသိတရား မရကြသေးဘူးလား😂
မင်းတို့ရဲ့ ဖာခေါင်း စစ်ဦးချုပ်က မြို့ပေါ်မှာ မိန်းမငယ်နဲ့ ပိုက်ဆံ စိတ်ကြိုက်သုံး ဇိမ်ခံ ပျော်ပါးနေပြီး မင်းတို့က သူကောင်းစားဖို့အတွက် အသေခံပေးနေကြရတယ်။😆😂

05/08/2026

ဗန်းမောက်တွင် စည်းကမ်းမဲ့ ရွှေတူးဖော်မှုများကြောင့် ရေချောင်းများ ပျက်စီးပြီး စစ်ရှောင်တဲများနှင့် ပြည်သူ့နေအိမ်များ ရေလွှမ်းမိုး

ဗန်းမောက်မြို့နယ်အတွင်း စက်ယန္တရားကြီးများ အသုံးပြု၍ လယ်ယာမြေများပေါ်၌ စည်းကမ်းမဲ့ ရွှေတူးဖော်မှုများ ပြုလုပ်နေခြင်းကြောင့် သဘာဝ ရေစီးချောင်းများ ပျက်စီးခဲ့ပြီး၊ မိုးသည်းထန်စွာ ရွာသွန်းချိန်တွင် စစ်ရှောင်တဲများနှင့် ဒေသခံ ပြည်သူ့နေအိမ်များ ရေမြုပ်မှု ဖြစ်ပွားလျက်ရှိသည်။

ကန့်ဘလူတွင် မှတ်ပုံတင်လာလုပ်သည့် အမျိုးသမီးတစ်ဦးအား ဖုန်းအတွင်းမှ အချက်အလက်များကြောင့် စစ်ကောင်စီတပ် ဖမ်းဆီးသတ်ဖြတ်စစ်ကိ...
04/08/2026

ကန့်ဘလူတွင် မှတ်ပုံတင်လာလုပ်သည့် အမျိုးသမီးတစ်ဦးအား ဖုန်းအတွင်းမှ အချက်အလက်များကြောင့် စစ်ကောင်စီတပ် ဖမ်းဆီးသတ်ဖြတ်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဟင်းဖြူတောကျေးရွာမှ မှတ်ပုံတင်ပြုလုပ်ရန် မြို့ပေါ်သို့ လာရောက်သည့် အမျိုးသမီးတစ်ဦး၏ ဖုန်းအတွင်းမှ အချက်အလက်များတွေ့ရှိသည်ဟုဆိုကာ စစ်ကောင်စီတပ်က ဖမ်းဆီး၍ သတ်ဖြတ်လိုက်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

သတ်ဖြတ်ခံလိုက်ရသူမှာ ဟင်းဖြူတောကျေးရွာနေ ဦးထွန်းကြည် နှင့် ဒေါ်မိုးကြည် တို့၏ သမီးဖြစ်သူ မသက်သက်အောင် ဆိုသူဖြစ်တယ်လို့ သိရသည်။ မသက်သက်အောင်သည် ကန့်ဘလူမြို့ပေါ်သို့ မှတ်ပုံတင်ပြုလုပ်ရန် လာရောက်စဉ် စစ်ဆေးရေးဂိတ်၌ စစ်ဆေးခံခဲ့ရပြီး ဖုန်းအတွင်းမှ Facebook ဓာတ်ပုံများနှင့် အချက်အလက်များတွေ့ရှိသည်ဟုဆိုကာ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ယင်းနောက် ၎င်းအား စစ်ကောင်စီတပ်က သတ်ဖြတ်လိုက်ပြီဖြစ်ကြောင်း ကန့်ဘလူမြို့ပေါ်ရှိ ပျူစောထီး အသိုင်းအဝိုင်းအတွင်းမှ သတင်းများ ထွက်ပေါ်နေခြင်းဖြစ်ပြီး ဖြစ်စဉ် အသေးစိတ်နှင့် ပတ်သက်၍ သီးခြားအတည်ပြုနိုင်ရန် ဆက်လက် စုံစမ်းလျက်ရှိသည်။

စကစ ဖမ်းခေါ်ခံရမယ့်အစား ENDA က တော်လှန်ရေးဘက်ပါဝင်လာစေရန် ခေါ်ဆောင်ခဲ့တဲ့ လူငယ်တွေကို ပြန်လွှတ်ပေးဖို့ စကစ လက်အောက်ခံ ဘေ...
03/08/2026

စကစ ဖမ်းခေါ်ခံရမယ့်အစား ENDA က တော်လှန်ရေးဘက်ပါဝင်လာစေရန် ခေါ်ဆောင်ခဲ့တဲ့ လူငယ်တွေကို ပြန်လွှတ်ပေးဖို့ စကစ လက်အောက်ခံ ဘောင်မဝင် တန်းမဝင် SNA မှ တောင်းဆိုလိုက်ပြီး ခန္တီးဒေသကို ရှမ်းဒေသဟု အရှက်မဲ့စွာပြော

ခန္တီးမြို့နယ် မှန်ပင်ကျေးရွာ၊ ကင်းတော်ရွာ၊ ကောင်းမှုရွာ၊ အောက်ဖောင်ဆိုင်ရွာနဲ့ ကောင်းဟိန်ရွာ စတဲ့ကျေးရွာတွေမှာ ဇူလိုင် ၂၈ ရက်နေ့မှ ၃၁ ရက်နေ့အထိ ဦးခေါင်းတွင် မည်သူက ဘာလူမျိုးဟူ၍ တံဆိပ်မကပ်ထားသည့်
လူငယ် ၂၂ ဦးအပြင် အခြားတိုင်းရင်းသားလူငယ် အများအပြားကို ENNO/ENDA မှ တော်လှန်ရေးတွင် ပါဝင်လာစေရန် ခေါ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ENNO/ENDA အဖွဲ့က ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ပါ အချက်တွေအရ ၎င်းတို့ နာဂဒေသ ခန္တီးမြို့နယ်မှ အဆိုပါဒေသတွင်းနေ လူထုတွေကို ၎င်းတို့အဖွဲ့ထံ ပါဝင်ဖို့ လိုအပါကြောင်းနဲ့ တပ်သားသစ် စုဆောင်းခြင်းဖြစ်ကြောင်း ဖော်ပြထားတယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ICRC မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် တွေ့ဆုံကြောင်း စစ်ကောင်စီ ထုတ်ပြန်အပြည်ပြည်ဆိုင်ရာ က...
03/08/2026

ဒေါ်အောင်ဆန်းစုကြည်နှင့် ICRC မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် တွေ့ဆုံကြောင်း စစ်ကောင်စီ ထုတ်ပြန်

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Arnaude de Baqque သည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၂၀၂၆ ခုနှစ် ဩဂုတ်လ ၃ ရက် နံနက်ပိုင်းတွင် လာရောက်တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီ ပြောခွင့်ရ ဒေါ်ခိုင်ခိုင်စိုး၏ တရားဝင် တယ်လီဂရမ်အကောင့်မှတစ်ဆင့် ထုတ်ပြန်လိုက်သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ဓာတ်ပုံ စုစုပေါင်း ၄ ပုံ ပါဝင်ပြီး ၂ ပုံမှာ ဩဂုတ်လ ၃ ရက် နံနက်ပိုင်းက ICRC တာဝန်ရှိသူနှင့် တွေ့ဆုံနေသည့် ဓာတ်ပုံများဖြစ်ကာ၊ ကျန် ၂ ပုံမှာ ဇွန်လ ၁၉ ရက်နေ့က ကျရောက်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့ကျင်းပစဉ် ရိုက်ကူးထားသည့် ဓာတ်ပုံများ ဖြစ်သည်။

စစ်ကောင်စီအနေဖြင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှား ရှိနေသေးကြောင်း သက်သေပြသည့် ဓာတ်ပုံကို ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်နေ့က ဝါဒဖြန့် ရုပ်သံလိုင်းများမှတစ်ဆင့် ပထမအကြိမ် ထုတ်လွှင့်ခဲ့ပြီးနောက် ယခုထုတ်ပြန်ချက်မှာ ဒုတိယအကြိမ် ထုတ်ပြန်လာခြင်းလည်း ဖြစ်သည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကင်မ်အဲရစ် အပါအဝင် ထောက်ခံသူ အများစုကမူ သက်ရှိထင်ရှား ရှိနေကြောင်း ခိုင်မာစွာ သက်သေပြနိုင်ရေးအတွက် မိသားစုဝင်များနှင့် တိုက်ရိုက်တွေ့ဆုံခွင့်ပေးရန် ဆက်လက် တောင်းဆိုလျက် ရှိကြသည်။

ဗန်းမောက်မြို့တွင် ရှမ်းနီဈေးသယ်အမျိုးသမီးတစ်ဦး ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီလက်အောက်ခံ SNA က သတင်းပေါက်ကြားမှုကြောင့် မ...
02/08/2026

ဗန်းမောက်မြို့တွင် ရှမ်းနီဈေးသယ်အမျိုးသမီးတစ်ဦး ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီလက်အောက်ခံ SNA က သတင်းပေါက်ကြားမှုကြောင့် မြို့အဝင်အထွက် ပိတ်မည်ဟုဆို

ဗန်းမောက်မြို့၊ မြစ်သေးချင်းတွင် ပြီးခဲ့သည့် ဇူလိုင်လ ၃၀ ရက်နေ့က စစ်ကောင်စီလက်အောက်ခံ SNA တပ်ဖွဲ့ဝင်များက မြစ်သေးကျင်းရွာဘက်မှ မြို့ထဲသို့ ကုန်ထမ်းရောင်းချနေသည့် ဈေးသယ်အမျိုးသမီးတစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ပစ်ခတ်သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ ဇူလိုင်လ ၃၁ ရက်နေ့တွင် သတင်းပေါက်ကြားမှု မရှိစေရန်အတွက် သက်ဆိုင်သူများကို ခေါ်ယူကာ နှုတ်ပိတ်ငွေကြေးပေးလျော်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ အစည်းအဝေးပြုလုပ်ခဲ့ကြကြောင်း ဒေသခံများထံမှ သိရှိရသည်။

လုံးခင်းတွင် ပြည်သူများထံမှ ငွေနှင့်ပစ္စည်းများ လုယက်နေသည့် အရပ်ဝတ် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဝင်ရောက်ပစ်ခတ်မှု ၂ ဦး သ...
01/08/2026

လုံးခင်းတွင် ပြည်သူများထံမှ ငွေနှင့်ပစ္စည်းများ လုယက်နေသည့် အရပ်ဝတ် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဝင်ရောက်ပစ်ခတ်မှု ၂ ဦး သေဆုံးပြီး လက်နက် ၁ လက် သိမ်းဆည်းရမိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအတွင်း ပြည်သူများထံမှ ဓားပြတိုက် လုယက်နေသည့် အရပ်ဝတ် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တော်လှန်ရေးတပ်ဖွဲ့က ရှောင်တ ခင် ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး လက်နက် ၁ လက် သိမ်းဆည်းရမိခဲ့ကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဩဂုတ်လ ၁ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် လုံးခင်းကျေးရွာ၊ ထွန်းတောက် စက်သုံးဆီဆိုင်အနီး၌ လမ်းသွားလမ်းလာ ပြည်သူများထံမှ ခိုးဆိုးလုယက် ဓားပြတိုက်နေသည့် မူးယစ်ဆေးဝါး သုံးစွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ရုတ်တရက် ဝင်ရောက်ပစ်ခတ် ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပစ်ခတ်ရှင်းလင်းမှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့ပြီး ၎င်းတို့ထံမှ သေနတ် ၁ လက် သိမ်းဆည်းရမိခဲ့ကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့ဝင်များ ဘေးအန္တရာယ်မရှိဘဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

"လုံးခင်းထဲကိုဝင်ပြီးတော့မှ ခိုးဆိုးလုယက်နေတဲ့ စစ်ကောင်စီအဖွဲ့တွေကို ဒီကောင်တွေကို ရှောင် တခင်ဝင်ပြီးတော့မှ ရှင်းတာ ဒီကောင်တွေက စစ်ကောင်စီ ဘက်က ဆေးစွဲနေတဲ့ကောင်တွေလေ ပစ် ခတ်တာက ဒီမနက် ၉ နာရီခွဲကျော်မှာလောက်မှာဖြစ်တာ ၂ ကောင်သေပြီးတော့ သေနတ် ၁ လက်ရတယ်လို့ သိရတယ်" ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

အင်းတော်တွင် မူးယစ်ဆေးသုံးစွဲသူများကို ပလဖ က သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးစဉ် လမ်းသွားလမ်းလာ အရပ်သားတစ်ဦး သေဆုံးစစ်ကိုင်းတိုင...
30/07/2026

အင်းတော်တွင် မူးယစ်ဆေးသုံးစွဲသူများကို ပလဖ က သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးစဉ် လမ်းသွားလမ်းလာ အရပ်သားတစ်ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်အနောက်ခြမ်း အလယ်ကျွန်းကျေးရွာတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) က မူးယစ်ဆေးဝါး သုံးစွဲသူများကို သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးစဉ် လမ်းသွားလမ်းလာ အရပ်သားတစ်ဦး သေနတ်ကျည် ထိမှန်သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါဖြစ်စဉ်သည် ဇူလိုင် ၂၈ ရက် နံနက် ၉ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပလဖ အဖွဲ့ဝင်များက မူးယစ်ဆေးဝါး သုံးစွဲနေသည့်နေရာ (ဖိုးဝိုင်း) သို့ ဝင်ရောက်ဖမ်းဆီးစဉ် သုံးစွဲသူများ ဝရုန်းသုန်းကား ထွက်ပြေးသဖြင့် သေနတ်ဖြင့် ပစ်ခတ်ရာမှ အနီးအနားတွင် လမ်းလျှောက်နေသည့် အသက် (၄၁) နှစ်အရွယ် ကိုမိုးမင်း ကို ကျည်ဆန် ထိမှန်ခဲ့ခြင်း ဖြစ်သည်။

ကိုမိုးမင်းသည် ဘယ်ဘက်ရင်အုံကို ကျည်ထိမှန်ကာ အခင်းဖြစ်ပွားရာနေရာ၌ပင် ပွဲချင်းပြီး သေဆုံးခဲ့သည်။ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် အခင်းဖြစ်နေရာသို့ အရပ်သားများ ဝင်ရောက်ခွင့် မပြုခဲ့ဘဲ သေဆုံးသူ၏ မိဘများကိုပင် အဝေးမှသာ ကြည့်ရှုခွင့်ပြုခဲ့ကြောင်းနှင့် ဆေးဝါးကုသပေးမှုလည်း ပြုလုပ်ပေးခဲ့ခြင်း မရှိကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ပလဖ ဘက်မှ နစ်နာသူမိသားစုအား လျှော်ကြေးပေးအပ်ကာ ကျေအေးခိုင်းခဲ့သော်လည်း ပေးအပ်သည့် ပမာဏကိုမူ မသိရှိရပေ။ ပစ်ခတ်ခဲ့သည့် ရဲဘော်ကိုမူ ဖမ်းဆီးထိန်းသိမ်းခိုင်းထားကြောင်း ကာကွယ်ရေးတပ်ဖွဲ့များနှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ပြောဆိုသည်။

အခြား ဒေသခံတစ်ဦး၏ ပြောဆိုချက်အရ ပစ်ခတ်မှုအပြီးတွင် "ငါ့ကောင် မင်းလက်ဖြောင့်သားပဲ မိုက်တယ်ကွ" ဟု အဖွဲ့ဝင်အချို့၏ ပြောဆိုသံကို ကြားသိခဲ့ရပြီး၊ ဖြစ်စဉ်မှာ တမင်တကာ သူများအိမ်ဝင်းအတွင်း ပစ်သတ်သကဲ့သို့ ဖြစ်နေသဖြင့် ကျူးလွန်သူများကို ထိရောက်စွာ အရေးယူပေးရန်နှင့် လက်နက်ကိုင်ဆောင်ခွင့် ပိတ်ပင်ပေးရန် မိသားစုနှင့် ဒေသခံများက တောင်းဆိုထားသည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်၍ မြောက်ပိုင်းဒေသ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက လက်နက်ကိုင်တပ်ဖွဲ့ဝင်များအနေဖြင့် သာမာန်ပြည်သူများအပေါ် လက်နက်ပြ ခြိမ်းခြောက်ခြင်း မပြုသင့်ဘဲ မူးယစ်ဆေးဝါး ပြန့်ပွားနေသည့် ကုန်သည်နှင့် လာရာလမ်းကြောင်း (ရင်းမြစ်များ) ကိုသာ အဓိက ထိန်းချုပ်ရမည်ဖြစ်ကြောင်း၊ ထို့အပြင် မိမိတို့ ယန္တရားအတွင်း အုပ်ချုပ်ရေးအသုံးချ၍ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲနေသူများကိုလည်း အဓိက ထိန်းချုပ်ရန် လိုအပ်ကြောင်း ထောက်ပြထားသည်။

29/07/2026

SRF ဥက္ကဋ္ဌ ရဲဘော်စံတင်ထွန်း ထိန်းသိမ်းခံရမှုမှ လွတ်မြောက်လာပြီးနောက် ဖြစ်စဉ် အသေးစိတ်ကို ရှင်းလင်းပြောကြား

Address

Banmauk
02131

Website

Alerts

Be the first to know and let us send you an email when ဗန်းမောက်မြို့ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category