GAD Bogalay

GAD Bogalay တင်ပြလိုသည်များအား Page Messenger သို့ ပေးပို့နိုင်ပါသည်။

ဘိုကလေးမြို့နယ်၌ မိုးစပါးကြဲခင်းစနစ် လျော့နည်းပပျောက်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိစေရန် မျိုးစေ့ချကိရိယာ (Drum Seede...
10/07/2026

ဘိုကလေးမြို့နယ်၌ မိုးစပါးကြဲခင်းစနစ် လျော့နည်းပပျောက်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိစေရန် မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးပြသခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပ
ဘိုကလေး၊ ဇူလိုင် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်း ၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါးရာသီတွင် ကြဲခင်းစနစ် လျော့နည်းပပျောက်စေရန်နှင့် ပန်းတိုင်အထွက်နှုန်း ရရှိစေရန် ရည်ရွယ်၍ မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးပြသခြင်း ကွင်းသရုပ်ပြပွဲ အခမ်းအနားကို ယနေ့ (ဇူလိုင်လ ၁၀ ရက်) နံနက် (၀၉:၀၀) နာရီအချိန်က သကံဝကျေးရွာအုပ်စုရှိ တောင်သူ ဦးတင်စိုး၏ လယ်မြေ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကွင်းသရုပ်ပြပွဲ အခမ်းအနားတွင် ရှေးဦးစွာ ဘိုကလေးမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဘိုကလေးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အမှတ် (၁) ဦးလှဌေးနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အမှတ် (၂) ဒေါ်သင်းသင်းမွန်တို့က ဒေသခံတောင်သူများအား အမှာစကား အသီးသီး ပြောကြားခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ညီညီထွဋ်က မျိုးစေ့ချကိရိယာ (Drum Seeder) အသုံးပြု၍ မိုးစပါးစိုက်ပျိုးရခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများ၊ စိုက်ပျိုးစရိတ်နှင့် လုပ်အားသက်သာစေမှုများနှင့် ယခုကဲ့သို့ ကွင်းသရုပ်ပြပွဲ ကျင်းပပြုလုပ်ရခြင်းနှင့် စပ်လျဉ်း၍ အသေးစိတ် ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံတောင်သူလယ်သမားများက တောင်သူ ဦးတင်စိုး၏ လယ်မြေအတွင်း မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် လက်တွေ့စိုက်ပျိုးပြသနေမှုများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

ဘိုကလေးမြို့ အ.ထ.က(၁) ၌ စာသင်ကျောင်းအခြေပြု မီးဘေးနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲ ကျင်းပဘိုကလေး၊ ဇူလိုင် ၉ကျော...
09/07/2026

ဘိုကလေးမြို့ အ.ထ.က(၁) ၌ စာသင်ကျောင်းအခြေပြု မီးဘေးနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲ ကျင်းပ
ဘိုကလေး၊ ဇူလိုင် ၉
ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များ မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာပါက စနစ်တကျ ကြိုတင်ကာကွယ်နိုင်ရန်နှင့် တုံ့ပြန်ဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ စာသင်ကျောင်းအခြေပြု မီးဘေးနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြသခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် မီးသတ်ဦးစီးဌာနနှင့် တာဝန်ရှိသူများက ဦးဆောင်၍ ကျောင်းသား၊ ကျောင်းသူများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောခဲ့ကြသည်။
ထိုသို့ အသိပညာပေးရာတွင် နေအိမ်နှင့် စာသင်ကျောင်းများ၌ မီးဘေးအန္တရာယ် မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ၊ အရေးပေါ်မီးလောင်မှု ဖြစ်ပွားလာပါက မီးသတ်ဆေးဘူး (Fire Extinguisher) အား စနစ်တကျ ကိုင်တွယ်အသုံးပြု၍ ငြှိမ်းသတ်နည်းလမ်းများ၊
ရေဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ရပါက အသက်ဘေးအန္တရာယ်မှ ကာကွယ်နိုင်ရန် အသက်ကယ်အင်္ကျီ (Life Jacket)နှင့် အသက်ကယ်ဘောကွင်း (Lifebuoy)များကို စနစ်တကျ ဝတ်ဆင်အသုံးပြုနည်းလမ်းများကို လက်တွေ့သရုပ်ပြသကာ ဟောပြောဆွေးနွေးခဲ့ကြသည်။
အဆိုပါ စာသင်ကျောင်းအခြေပြု အသိပညာပေးဟောပြောပွဲသို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး တက်ရောက်လာကြသူများအား ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို တာဝန်ရှိသူများက ဖြန့်ဝေပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

ဘိုကလေးမြို့နယ်၌ “ကျေးလက်ဒေသဖွံ့ဖြိုးရေး” ပြည်သူ့စကားဝိုင်း ကျင်းပဘိုကလေး၊ ဇူလိုင် ၈ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘ...
09/07/2026

ဘိုကလေးမြို့နယ်၌ “ကျေးလက်ဒေသဖွံ့ဖြိုးရေး” ပြည်သူ့စကားဝိုင်း ကျင်းပ
ဘိုကလေး၊ ဇူလိုင် ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ၏ ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များကို တိုက်ရိုက်ဆွေးနွေးဖော်ထုတ်နိုင်ရန် ရည်ရွယ်၍ “ကျေးလက်ဒေသဖွံ့ဖြိုးရေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Forum) အခမ်းအနားကို ယနေဇူလိုင်လ ၈ ရက် မွန်းလွဲ (၁:၀၀) နာရီအချိန်တွင် ညီနောင်ဝကျေးရွာအုပ်စု၊ ကျောင်းစုဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြည်သူ့စကားဝိုင်းကို ဘိုကလေးမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှု၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ဦးဆောင်ကျင်းပမှုတို့ဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
ပြည်သူ့စကားဝိုင်းသို့ အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေး၊ အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သင်းသင်းမွန်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်နှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။ ထို့ပြင် ညီနောင်ဝကျေးရွာအုပ်စု၊ ညီနောင်ဖျားကျေးရွာအုပ်စုနှင့် မလော့ကျေးရွာအုပ်စုတို့မှ ဒေသခံပြည်သူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
အခမ်းအနားတွင် ဘိုကလေးမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်က ပြည်သူ့စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။
ထို့နောက် ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်ကော်မတီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ အကြီးအကဲများက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာ ကဏ္ဍရပ်များအလိုက် အသီးသီး ဦးဆောင်ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ဒေသခံပြည်သူများက မိမိတို့ကျေးရွာများ၏ အဓိကလိုအပ်ချက်များဖြစ်သည့် လမ်း၊ တံတားဆိုင်ရာ လိုအပ်ချက်များ၊ ကျန်းမာရေးကဏ္ဍဆိုင်ရာ လိုအပ်ချက်များနှင့် ပညာရေးဝန်ထမ်း လိုအပ်ချက်တို့ကို အသီးသီး တင်ပြဆွေးနွေးခဲ့ကြရာ တက်ရောက်လာကြသည့် သက်ဆိုင်ရာ ကဏ္ဍအလိုက် တာဝန်ရှိသူများက ပြည်သူများ၏ မေးမြန်းတင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သတင်းရရှိသည်။

ဘိုကလေးမြို့နယ်၊ ငွေတောင်စံပြကျေးရွာ၌ ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ၊ ပျိုး...
06/07/2026

ဘိုကလေးမြို့နယ်၊ ငွေတောင်စံပြကျေးရွာ၌ ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ၊ ပျိုးပင်ပေါင်း ၂၀၀ စုပေါင်းစိုက်ပျိုး
ဘိုကလေး၊ ဇူလိုင် ၆
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ (World Rural Development Day) ကို ဂုဏ်ပြုသောအားဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဘိုကလေးမြို့နယ်၊ ငွေတောင်စံပြကျေးရွာ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဘိုကလေးမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးတို့က အဖွင့်အမှာစကား အသီးသီး ပြောကြားခဲ့ကြသည်။
ဆက်လက်၍ ဘိုကလေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းလှိုင်က ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ အထိမ်းအမှတ်အဖြစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပရခြင်းဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်လာစေရန်နှင့် ရာသီဥတုမျှတကောင်းမွန်လာစေရန် စသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး၊ ကျေးလက်နေပြည်သူများ ပူးပေါင်းပါဝင် စိုက်ပျိုးကြရန် တိုက်တွန်းပြောကြားခဲ့သည်။ ထို့နောက် ငွေတောင်စံပြကျေးရွာအတွင်း စိုက်ပျိုးသွားမည့် ပျိုးပင်များကို မြို့နယ်ဦးစီးမှူးက ခွဲဝေပေးအပ်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးက စနစ်တကျ လက်ခံရယူခဲ့သည်။
ထို့နောက် အပင်စုပေါင်းစိုက်ပျိုးခြင်းကို ဆက်လက်ဆောင်ရွက်ရာ အခမ်းအနားသို့ တက်ရောက်လာကြသည့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေး၊ မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းလှိုင်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာ အကြီးအကဲများက ကျေးရွာသူ၊ ကျေးရွာသားများနှင့်အတူ ငွေတောင်စံပြကျေးရွာအတွင်းရှိ သတ်မှတ်နေရာများအလိုက် -
မဟော်ဂနီ ပျိုးပင် (၁၀၀) ပင်နှင့်
မန်ဂျန်ရှား ပျိုးပင် (၁၀၀) ပင်၊
စုစုပေါင်း အရိပ်ရပျိုးပင် (၂၀၀) ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သတင်းရရှိသည်။

06/07/2026

📌 ဩရိဿကမ်းခြေကို ဖြတ်ကျော်ခဲ့သည့် မုန်တိုင်းငယ် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျား၊ ၎င်းမုန်တိုင်းအတွက် နောက်ဆုံးသတင်း ထုတ်ပြန်ချက်ဖြစ်ကြောင်း မိုး/ဇလ အသိပေး

​ဘိုကလေး၊ ဇူလိုင် ၆

​မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ (ဇူလိုင်လ ၆ ရက်) မွန်းတည့် ၁၂:၀၀ နာရီအချိန် ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်ခဲ့ပြီး အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်း ကမ်းခြေကို ဖြတ်ကျော်ခဲ့သည့် မုန်တိုင်းငယ် (Depression) သည် လက်ရှိတွင် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားလျက်ရှိကြောင်း သိရသည်။

​မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက် ၁၀:၃၀ နာရီအချိန် တိုင်းထွာရရှိသည့် မိုးလေဝသအချက်အလက်များအရ -

​ဩရိဿပြည်နယ်မြောက်ပိုင်း ကမ်းခြေဒေသများကို ဖြတ်ကျော်ခဲ့ပြီးဖြစ်သော အဆိုပါ မုန်တိုင်းငယ် (Depression) သည် အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဖြစ်သည်။

​ယခုအခါ မုန်တိုင်းငယ်သည် ဂျက်ခမ်းပြည်နယ်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဩရိဿပြည်နယ် ကုန်းတွင်းပိုင်းဒေသများသို့ ရောက်ရှိနေပြီ ဖြစ်သည်။

​ဆက်လက်ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများနှင့် ပတ်သက်၍ အဆိုပါ မုန်တိုင်းငယ်သည် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ကာ အိန္ဒိယနိုင်ငံ၏ ကုန်းတွင်းပိုင်းဒေသများကို ဆက်လက်ဖြတ်ကျော်သွားနိုင်ကြောင်း ခန့်မှန်းရရှိသည်ဟု ဖော်ပြထားသည်။

​ထို့ပြင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယခုထုတ်ပြန်ချက်သည် အဆိုပါ မုန်တိုင်းငယ်နှင့် ပတ်သက်၍ ထုတ်ပြန်ပေးသည့် နောက်ဆုံးသတင်း ဖြစ်ကြောင်း တစ်ပါတည်း အသိပေး နှိုးဆော်ထားသည်။

ဘိုကလေးမြို့၌ မှုခင်းကျဆင်းရေး ရက် (၁၀၀) စီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်စဉ် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ အမျိုးသား...
06/07/2026

ဘိုကလေးမြို့၌ မှုခင်းကျဆင်းရေး ရက် (၁၀၀) စီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်စဉ် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ အမျိုးသားတစ်ဦး ဖမ်းဆီးရမိ
​ဘိုကလေး၊ ဇူလိုင် ၅
​ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်း မှုခင်းကျဆင်းရေးနှင့် ခိုး/ဆိုး/လု/နှိုက်မှုများ မဖြစ်ပွားစေရေးအတွက် ရက် (၁၀၀) စီမံချက်အရ နယ်မြေလှည့်ကင်းဆောင်ရွက်စဉ် စိတ်ကြွရူးသွပ်ဆေးပြားများ လက်ဝယ်ထားရှိသူ တရားခံတစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
​ဖြစ်စဉ်မှာ ဇူလိုင်လ ၅ ရက် ညနေ ၃:၀၀ နာရီအချိန်ခန့်တွင် ဘိုကလေးမြို့မရဲစခန်းမှ ဒုရဲအုပ် ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များသည် သက်သေဖြစ်သူ အမှတ် (၆) ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့နှင့်အတူ နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် ဘိုကလေးမြို့၊ အမှတ် (၆) ရပ်ကွက်၊ ပြည်လုံးချမ်းသာလမ်းအတိုင်း လမ်းလျှောက်လာသူ မသင်္ကာဖွယ်ရာ အမျိုးသားတစ်ဦးအား တွေ့ရှိရသဖြင့် မေးမြန်းရှာဖွေခဲ့သည်။
​ထိုသို့ မေးမြန်းရာ အဆိုပါအမျိုးသားမှာ အမှတ် (၆) ရပ်ကွက်နေ အသက် (၂၁)နှစ်အရွယ် ထွန်းထွန်း ဖြစ်ကြောင်း သိရှိရပြီး၊ ၎င်း၏ခန္ဓာကိုယ်အား သက်သေများရှေ့တွင် ရှာဖွေရာ ၎င်းဝတ်ဆင်ထားသော ပုဆိုးခါးပိုက်အတွင်းမှ အဖြူရောင် ပလပ်စတစ်အိတ်ဖြင့်ထည့်၍ အမည်းရောင်တိပ်ဖြင့် ပတ်လျက် ထုတ်ပိုးထားသော WY စာတန်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား (၂၅) ပြား (အလေးချိန် ၂.၅ ဂရမ်)အား ရှာဖွေတွေ့ရှိသဖြင့် သက်သေများရှေ့တွင် သိမ်းဆည်းခဲ့သည်။
​ထို့နောက် ရဲတပ်ဖွဲ့သည် တရားခံ ထွန်းထွန်း၏ နေအိမ်သို့ ဘိုကလေးမြို့နယ်ရဲတပ်ဖွဲ့မှူး၏ မူးယစ်ဆေးဝါးနေအိမ် ရှာဖွေခွင့်ဝရမ်းဖြင့် ဆက်လက်ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ်အတွင်းရှိ ကုတင်ပေါ်မှ WY စိတ်ကြွရူးသွပ်ဆေးပြား (၂) ပြား (အလေးချိန် ၀.၂ ဂရမ်)နှင့် ကုတင်အောက်မှ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် အအေးစုပ်ပိုက်၊ ခဲပြားနှင့် အပေါက်ဖောက်ထားသည့် အချိုရည်ဗူးခွံတို့အား ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။
​သို့ဖြစ်ပါ၍ စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း (၂၇) ပြားအား သုံးစွဲရန်အလို့ငှာ လက်ဝယ်ထားရှိသူ ထွန်းထွန်းအား ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း ပိုမိုအားကောင်းလာပြီး "အားကောင်းသောလေဖိအားနည်းရပ်ဝန်း" အဖြစ်သို့...
04/07/2026

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း ပိုမိုအားကောင်းလာပြီး "အားကောင်းသောလေဖိအားနည်းရပ်ဝန်း" အဖြစ်သို့ ရောက်ရှိ
​ဘိုကလေး၊ ဇူလိုင် ၄
​ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော မိုးလေဝသအခြေအနေများနှင့် ပတ်သက်၍ အားကောင်းသော လေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area) ဖြစ်ပေါ်နေသည့် အခြေအနေကို မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ (ဇူလိုင်လ ၄ ရက်) မွန်းတည့် ၁၂:၀၀ နာရီအချိန်တွင် တရားဝင် ထုတ်ပြန်ကြေညာလိုက်သည်။
​မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက် ၁၀:၃၀ နာရီအချိန် တိုင်းထွာရရှိသော ဂြိုဟ်တုလှိုင်းများနှင့် မြေပြင်တိုင်းတာချက်များအရ -
• ​ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်း - အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေတို့တွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် ပိုမိုအားကောင်းလာခဲ့သည်။
• ​ထိုသို့ ပိုမိုအားကောင်းလာမှုကြောင့် ယနေ့နံနက်ပိုင်းတွင် "အားကောင်းသောလေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area)" အဖြစ်သို့ အဆင့်တိုးမြင့် ရောက်ရှိသွားခဲ့ကြောင်း ဖော်ပြထားသည်။
​အဆိုပါ အားကောင်းသော လေဖိအားနည်းရပ်ဝန်း၏ ရွေ့လျားမှုနှင့် မိုးလေဝသအခြေအနေ ထူးခြားပြောင်းလဲမှုများနှင့် ပတ်သက်၍ မိဘပြည်သူများအနေဖြင့် တရားဝင်ထုတ်ပြန်ချက်များကို ဆက်လက်သတိပြု စောင့်ကြည့်နိုင်ပါရန် တင်ပြအပ်ပါသည်။

မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၏ လုပ်ငန်းညှိနှိုင်းအ...
01/07/2026

မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
ဘိုကလေး၊ ဇွန် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး၊ စိုက်ပျိုးရေး၊ ပညာရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ ပိုမိုထိရောက်လျင်မြန်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၃၀ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ဘိုကလေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်က တက်ရောက်လာကြသည့် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများအား လုပ်ငန်းဆိုင်ရာ လမ်းညွှန်ချက်များကို မှာကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များကလည်း သက်ဆိုင်ရာ ကဏ္ဍများအလိုက် လိုအပ်သည်များကို ထပ်ဆင့်ရှင်းလင်း မှာကြားခဲ့ကြပြီး တက်ရောက်လာကြသည့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက မိမိတို့ဒေသအလိုက် ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် လိုအပ်ချက်များကို တင်ပြကြရာ မြို့နယ်ကော်မတီဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ဘိုကလေးပညာရေးဒီဂရီကောလိပ် မိုးရာသီဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ၊ အမျိုးသား ဒုတိယနှစ်အသင်း ပထမဆ...
01/07/2026

ဘိုကလေးပညာရေးဒီဂရီကောလိပ် မိုးရာသီဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ၊ အမျိုးသား ဒုတိယနှစ်အသင်း ပထမဆု ဆွတ်ခူးရရှိ
ဘိုကလေး၊ ဇွန် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ဘိုကလေးပညာရေးဒီဂရီကောလိပ်၏ သင်တန်းသား၊ သင်တန်းသူများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရန်နှင့် ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့သည့် မိုးရာသီအမျိုးသား/အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇွန်လ ၂၉ ရက် ညနေပိုင်းက ဘိုကလေးမြို့ အောက်ပိုင်းဘောလုံးကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးရာသီဘောလုံးပြိုင်ပွဲကို ဇွန်လ (၂၂)ရက်နေ့မှစတင်၍ အသင်းများခွဲကာ စနစ်တကျ ယှဉ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်ပြီး ယနေ့မွန်းလွဲ (၂:၀၀)နာရီအချိန်တွင် ပရိသတ်များအကြိုက်ဆုံး ဗိုလ်လုပွဲစဉ်အဖြစ် အမျိုးသား ဒုတိယနှစ်အသင်းနှင့် စတုတ္ထနှစ်အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြသည်။
ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ ဘိုကလေးမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့် ကော်မတီဝင်များ၊ ဘိုကလေးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်သန်းသန်းစိုးနှင့် ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်အားပေးခဲ့ကြသည်။
ပြိုင်ပွဲစဉ်များအပြီး ညနေ (၄:၀၀)နာရီအချိန်တွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ တာဝန်ရှိသူများက အမျိုးသားနှင့် အမျိုးသမီး ဘောလုံးပြိုင်ပွဲများတွင် နေရာအလိုက် အကောင်းဆုံး ကစားသမားဆု ရရှိကြသူများ၊ ဒုတိယဆု ရရှိသော အသင်းများနှင့် ပထမဆု (ချန်ပီယံဆု) ရရှိသော အသင်းများအား ဂုဏ်ပြုဆုတံဆိပ်နှင့် ဆုဒိုင်းများကို အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ယခုကျင်းပခဲ့သည့် ဘိုကလေးပညာရေးဒီဂရီကောလိပ် မိုးရာသီဘောလုံးပြိုင်ပွဲတွင် အမျိုးသားဘောလုံးပြိုင်ပွဲ၌ ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်နှင့် စတုတ္ထနှစ် အသင်းစုစုပေါင်း (၄)အသင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး၊ ဒုတိယနှစ်အသင်းက ပထမဆု(ချန်ပီယံဆု)ကိုလည်းကောင်း၊စတုတ္ထနှစ်အသင်းက ဒုတိယဆုကိုလည်းကောင်း အသီးသီး ဆွတ်ခူးရရှိခဲ့ကြသည်။
အမျိုးသမီးဘောလုံးပြိုင်ပွဲတွင်လည်း ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်နှင့် စတုတ္ထနှစ် အသင်းစုစုပေါင်း (၄) အသင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အားကစားစိတ်ဓာတ်အပြည့်ဖြင့် ဆော့ကစားခဲ့ကြကြောင်း သတင်းရရှိသည်။

ဘိုကလေးမြို့နယ် အထက(ကဒုံကနိ) စာစစ်ဌာန၏ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်း (Grade 12) စာမေးပွဲ အောင်စာရင်း
28/06/2026

ဘိုကလေးမြို့နယ် အထက(ကဒုံကနိ) စာစစ်ဌာန၏ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်း (Grade 12) စာမေးပွဲ အောင်စာရင်း

Address

Bogale

Website

Alerts

Be the first to know and let us send you an email when GAD Bogalay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share