Budalin township Students' Union - ABFSU

Budalin township Students' Union - ABFSU ကျောင်းသားရှိရင်ကျောင်းသားသမဂ္ဂရှိရမယ် ။

"ဘုတလင်မှာ ဗကသရဲဘော်သုံးဦး ကျဆုံးခြင်း ၃ နှစ်ပြည့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတရပ် ကျင်းပ ပြုလုပ်"၂၀၂၆ ဇူလို...
25/07/2026

"ဘုတလင်မှာ ဗကသရဲဘော်သုံးဦး ကျဆုံးခြင်း ၃ နှစ်ပြည့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတရပ် ကျင်းပ ပြုလုပ်"

၂၀၂၆ ဇူလိုင် ၂၅၊ ဗကသ

ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ရဲ့ ဥက္ကဌ ရဲဘော်ကျော်ဝင်းသန့်၊ ဒုဥက္ကဌ ရဲဘော်ကြယ်စင်ငြိမ်းချမ်းနဲ့ သတင်းပြန်ကြားရေးမှူး ရဲဘော်သုတနေတို့ ကျဆုံးခြင်း၃ နှစ်ပြည့်အထိမ်းအမှတ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုတရပ်ကို ဒီကနေ့ ဇူလိုင်လ ၂၅ ရက်နေ့က ဘုတလင်မြို့နယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်‌။

အကြမ်းဖက် ဖက်ဆစ်တပ်က ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့ မနက်ပိုင်းမှာ ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ရဲ့ ရုံးခန်းကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းမီးရှို့ပြီး ဗကသရဲဘော်သုံးဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာ‌ကြောင့် ကျဆုံးခဲ့တာဖြစ်ပါတယ်။

သတင်းနှင့်ပြန်ကြားရေးမှူး
ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)
#ဗကသ #ဘုတလင် #လှုပ်ရှားမှု

ဘုတလင်မှာ ဗကသရဲဘော်သုံးဦး ကျဆုံးခြင်း ၃ နှစ်ပြည့်အခမ်းအနား ပြုလုပ်၂၀၂၆ ဇူလိုင် ၂၅၊ ဗကသဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ ...
25/07/2026

ဘုတလင်မှာ ဗကသရဲဘော်သုံးဦး ကျဆုံးခြင်း ၃ နှစ်ပြည့်အခမ်းအနား ပြုလုပ်

၂၀၂၆ ဇူလိုင် ၂၅၊ ဗကသ

ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ရဲ့ ဥက္ကဌ ရဲဘော်ကျော်ဝင်းသန့်၊ ဒုဥက္ကဌ ရဲဘော်ကြယ်စင်ငြိမ်းချမ်းနဲ့ သတင်းပြန်ကြားရေးမှူး ရဲဘော်သုတနေတို့ ကျဆုံးခြင်း ၃ နှစ်ပြည့်အထိမ်းအမှတ် အကြိုအခမ်းအနားတရပ်ကို ဒီကနေ့ ဇူလိုင်လ၂၅ ရက်နေ့က ဘုတလင်မြို့နယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်‌။
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချူပ်)နှင့် ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ တို့က ဉီးစီးကျင်းပခဲ့တာဖြစ်ပြီး ကနီမြို့နယ်ကျောင်းသားများသမဂ္ဂ၊ယင်းမာပင်မြို့နယ်ကျောင်းသားများသမဂ္ဂ နှင့် အရာတော်မြို့နယ်ကျောင်းသားများသမဂ္ဂတို့က ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်ကဗျာဆရာများသမဂ္ဂ(ဗလကသ)နှင့် ဒေသတွင်းမဟာမိတ် တော်လှန်ရေးအင်အားစုများလည်း တက်ရောက်ခဲ့ကြပါတယ်။

အကြမ်းဖက် ဖက်ဆစ်တပ်က ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့ မနက်ပိုင်းမှာ ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ရဲ့ ရုံးခန်းကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းမီးရှို့ပြီး ဗကသရဲဘော်သုံးဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာ‌ကြောင့် ကျဆုံးခဲ့တာဖြစ်ပါတယ်။

သတင်းနှင့်ပြန်ကြားရေးမှူး
ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)
#ဗကသ #ဘုတလင် #လှုပ်ရှားမှု

ဘုတလင်မြို့နယ် ကျောင်းသားများသမဂ္ဂက 7July (၆၄)နှစ်‌ပြည့် အထိမ်းအမှတ်အဖြစ်''  ၇.၇.၆၂ မမေ့ကြနဲ့  ၊ ဆဲဗင်းဂျူလိုင်စိတ်ဓာတ်က...
07/07/2026

ဘုတလင်မြို့နယ် ကျောင်းသားများသမဂ္ဂက 7July (၆၄)နှစ်‌ပြည့် အထိမ်းအမှတ်အဖြစ်'' ၇.၇.၆၂ မမေ့ကြနဲ့ ၊ ဆဲဗင်းဂျူလိုင်စိတ်ဓာတ်ကိုင်စွဲတိုက်ပွဲဝင်ကြ"ခေါင်းစဥ် ဖြင့်စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်

ဇူလိုင်(၇)၊၂၀၂၆

ဘုတလင်မြို့နယ် ကျောင်းသားများသမဂ္ဂက 7July(၆၄)နှစ်‌ပြည့် အထိမ်းအမှတ်အဖြစ် ''၇.၇.၆၂ မမေ့ကြနဲ့ ၊ဆဲဗင်းဂျူလိုင်စိတ်ဓာတ်ကိုင်စွဲတိုက်ပွဲဝင်ကြ''ခေါင်းစဥ်ဖြင့်စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ရပ်ကို ဘုတလင်မြို့နယ် ပြည်သူ့အခြေပြုကျောင်းတစ်ကျောင်းတွင် ပြုလုပ်ခဲ့ကြပါတယ်။

7July ကျောင်းသားအရေးအခင်းအကြောင်းဟောပြောခြင်း၊ လူထုလွတ်မြောက်ရေး တာဝန်များကို ဆက်လက်ကြိုးပမ်းကြရန် ၊ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးအကြောင်းအရာများ ဟောပြောခြင်း၊ 7July ကျောင်းသားအရေးအခင်းအကြောင်းပါသည့် ပန်းဖလက်များကို ကျောင်းသားထုအကြား ဖြန့်ဝေခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။

သတင်းနှင့်ပြန်ကြားရေး
ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ
ဗကသများအဖွဲ့ချုပ်

#ဆဲဗင်းဇူလိုင်

22/06/2026

စစ်အာဏာရှင်ကို တိုက်ရမယ့်လက်နက်နဲ့ မဟာမိတ်နှင့် ပြည်သူကို ချိန်ရွယ်လာသောအခါ

◼️ ကျော်ကိုကို | ဆောင်းပါး

မြန်မာ့နွေဦးတော်လှန်ရေးဟာ ဖက်ဆစ်စစ်တပ်ရဲ့ လက်နက်အားကိုး ဗိုလ်ကျမှုကို ပြည်သူလူထုတစ်ရပ်လုံးက ရရာလက်နက်စွဲကိုင်ကာ တော်လှန်ခဲ့ကြတဲ့ တရားမျှတသော ပြည်သူ့စစ်ပွဲ ဖြစ်တယ်။ ပြည်သူလူထုက မိမိတို့ရဲ့ အသက်သွေးချွေးတွေကို စွန့်လွှတ်စတေးပြီး တော်လှန်ရေးတပ်ဖွဲ့များထံ မိမိတို့ရဲ့ ချွေးနည်းစာတွေကို ပုံအောပံ့ပိုးခဲ့ကြပါတယ်။ပြည်သူတွေရဲ့ ရည်ရွယ်ချက်က စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းရန်နဲ့ တန်းတူညီမျှသော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကို တည်ဆောက်ရန် ဖြစ်တယ်။ဒါပေမယ့်လည်း တော်လှန်ရေးကာလ (၅) နှစ်နီးပါး ကြာမြင့်လာချိန်မှာ အောက်ခြေမြေပြင်၌ ကြေကွဲစရာ၊ စိုးရိမ်စရာ ဖြစ်ရပ်ဆိုးများ တစ်ခုပြီးတစ်ခု ဖြစ်ပွားလာနေပါတယ်။

ဇွန်လ ၂၂ ရက်နေ့က မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်း ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်ဟာ တော်လှန်ရေးအင်အားစုများအကြား မဟာမိတ်ကျင့်ဝတ်နှင့် ပတ်သက်၍ ကြီးမားသော မေးခွန်းထုတ်စရာ ဖြစ်လာခဲ့တယ်။ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ရဲ့ လက်နက်ကိုင်တပ်ဖွဲ့အဖြစ် ပြန်လည်ရပ်တည်လာပြီး နွေဦးတော်လှန်ရေးတွင် ဘုံရန်သူကို တိုက်ခိုက်နေတဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ ၈၁၅ စစ်ဒေသစခန်းအချို့ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ခရိုင်ကွပ်ကဲရေးအမိန့်ဖြင့် ဝင်ရောက်စီးနင်းခဲ့ကြပါတယ်။

ဒီဖြစ်စဉ်မှာ PLA တပ်ဖွဲ့ဝင်များက တော်လှန်ရေးအချင်းချင်း သွေးမြေမကျစေရန်နဲ့ စစ်ကောင်စီက အမြတ်မထုတ်နိုင်စေရန်အတွက် "ကျည်တစ်တောင့်မျှ ပြန်လည်မဖောက်ဘဲ" စခန်းမှ ဆုတ်ခွာပေးခဲ့ပါတယ်။ သို့သော်လည်း စိတ်ပျက်စရာကောင်းတာက NUG ကာကွယ်ရေးဝန်ကြီးဌာန (MOD) အောက်က တပ်ဖွဲ့များဟာ စခန်းတွင် PLA ရဲဘော်များကို မတွေ့ရှိတဲ့အတွက် ရွာထဲအထိ ဝင်ရောက်ကာ PLA ရဲဘော်တစ်ဦး၏ အစ်မဖြစ်သူ အရပ်သားအမျိုးသမီးအား သေနတ်ဖြင့်ချိန်ရွယ်ကာ "မလိုက်ရင် သတ်ပစ်မည်" ဟု ခြိမ်းခြောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်ပါတယ်။

ဒီလုပ်ရပ်ဟာ ဖက်ဆစ်စစ်တပ်က ပြည်သူကို ဓားစာခံဖမ်းသည့် လုပ်ရပ်နှင့် ဘာများ ခြားနားပါသလဲ။ စစ်အာဏာရှင်ကို တိုက်ရန် ပြည်သူက ဝယ်ယူပေးထားတဲ့ လက်နက်များနဲ့ မဟာမိတ်တပ်ဖွဲ့များနဲ့ အပြစ်မဲ့ပြည်သူများကို ပြန်လည်ချိန်ရွယ်နေခြင်းဟာ တော်လှန်ရေးရဲ့ တရားမျှတမှုကို ရိုက်ချိုးလိုက်ခြင်းပင် ဖြစ်ပါတယ်။

မတော်တဆမဟုတ်သည့် လက်ဝါးကြီးအုပ်မှု ပုံစံခွက် (Pattern)
______________________________

အမှန်စင်စစ် ယခု မြင်းခြံခရိုင် PLA စခန်းစီးနင်းခံရမှုနဲ့ ပြည်သူကို ဓားစာခံဖမ်းတဲ့ ဖြစ်စဉ်ဟာ အောက်ခြေတပ်ဖွဲ့များအကြား မတော်တဆဖြစ်ပွားနေတဲ့ စစ်ရေးပွတ်တိုက်မှုတစ်ခု မဟုတ်ပါ။ လွန်ခဲ့တဲ့ သမိုင်းကြောင်း ဖြစ်စဉ်များကို ပြန်ကြည့်ရင် NUG အောက်ခြေတပ်ဖွဲ့များဟာ ၎င်းတို့ရဲ့ စစ်ရေးကွပ်ကဲမှုစနစ် (Chain of Command) ထဲသို့ အတင်းအဓမ္မ သွတ်သွင်းလိုသည့် စစ်ဘုရင်ဝါဒ (Warlordism) သဘောထားဖြင့် မဟာမိတ်တပ်ဖွဲ့များကို အကြိမ်ကြိမ် နှိပ်ကွပ်၊ ဖမ်းဆီး၊ တိုက်ခိုက်ခဲ့ဖူးတယ်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း အားကောင်းတဲ့ တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ဗမာ့အမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ကို NUG တပ်များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ဖူးသလို၊ ဂန့်ဂေါခရိုင်အတွင်းက ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့်လည်း ပွတ်တိုက်မှုများ ဖြစ်ပွားခဲ့တယ်။ တမူးမြို့နယ်တွင်လည်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (NLA) ခေါင်းဆောင် ကိုဇီးကွက် အပါအဝင် ရဲဘော်များကို ဖမ်းဆီးအကျပ်ကိုင်ကာ ၎င်းတို့၏ ကွပ်ကဲမှုအောက် ဝင်ရောက်ရန် လက်နက်အားကိုး အဓမ္မပြုလုပ်ခဲ့တယ်။

ဒါ့အပြင် မင်းကင်းမြို့နယ်အတွင်း ကျောင်းသားလူငယ်များဖြင့် ဖွဲ့စည်းထားသည့် Students' Revolutionary Force (SRF)ရဲ့ ခေါင်းဆောင် ရဲဘော်စံတင်ထွန်းကို လက်နက်အင်အားသုံး အကြမ်းဖက်ဖမ်းဆီးစဉ် သေနတ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ နှစ်ဦး ဒဏ်ရာရရှိခဲ့တဲ့ သမိုင်းဆိုးများ ရှိခဲ့ဖူးတယ်။ စစ်ကိုင်း PDF ၏ ခေါင်းဆောင်တစ်ဦးဖြစ်သော ရဲဘော်စစ်ငြိမ်းနိုင် အပါအဝင် ရဲဘော်လေးဦးကို ဖမ်းဆီးထားတာလည်း ယနေ့ထက်တိုင် ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးပေ။

ဤဖြစ်စဉ်အားလုံးရဲ့ တူညီသောအချက်ကတော့ NUGရဲ့ ကာကွယ်ရေးကဏ္ဍကို ကိုင်တွယ်နေသူများဟာ "ငါနှင့်မတူ ငါ့ရန်သူ" သို့မဟုတ် "ငါ့အမိန့်အောက်မဝင်လျှင် ဖယ်ရှားပစ်ရမည်" ဟူသော လက်ဝါးကြီးအုပ် နိုင်ငံရေးအတ္တကို အခြေခံနေခြင်း ဖြစ်တယ်။ စစ်ကောင်စီကို မတိုက်ခိုက်နိုင်သေးမီ အချိန်မှာပင် မိမိနှင့် သဘောထားကွဲလွဲသည့် မဟာမိတ်များကို လက်နက်အားကိုး နှိပ်ကွပ်နေခြင်းသည် စစ်အာဏာရှင်စနစ်ကျားဆိုးကို တော်လှန်ရေးခြံဝင်းအတွင်း အစာကျွေး အလှမွေးနေခြင်း ဖြစ်ပါတယ်။

တော်လှန်ရေးက ပေးဆပ်ရမည့် တန်ဖိုး
___________________________________

NUG အောက်ခြေတပ်အချို့ရဲ့ မဟာမိတ်အပေါ် သဘောထားမမှန်မှုနဲ့ အာဏာရှင်ဆန်ဆန် ပြုမူချက်များကြောင့် တော်လှန်ရေးတစ်ခုလုံးအနေဖြင့် ကြီးမားသော တန်ဖိုးများကို ပေးဆပ်ရမှာ ဖြစ်တယ်။

၁။လူထုယုံကြည်မှု ကျဆင်းခြင်း

ပြည်သူများက စစ်ကောင်စီရဲ့ လက်နက်ကြီးရန်၊ စစ်ကြောင်းထိုးရန်များအကြား ဒုက္ခပင်လယ်ဝေနေရသူများ ဖြစ်တယ်။ မိမိတို့ အားကိုးအားထားရမယ့် တော်လှန်ရေးရဲဘော်များက ရွာထဲအထိဝင်ကာ သေနတ်ဖြင့် ချိန်ရွယ်ခြိမ်းခြောက်လာတဲ့အခါ လူထုအနေဖြင့် တော်လှန်ရေးအပေါ် စိတ်ပျက်အားလျော့လာပြီး "ဘယ်သူတက်တက် စစ်တပ်ဆန်ဆန် ဗိုလ်ကျမှာပဲ" ဟူသော အမြင်မျိုး သက်ရောက်သွားစေနိုင်တယ်။

၂။ မဟာမိတ်မျက်နှာစာ ပျက်စီးခြင်း

ဖက်ဆစ်စစ်တပ်ကို ဖြိုဖျက်ရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) နှင့် သီးခြားတော်လှန်ရေးတပ်ဖွဲ့များရဲ့ ညီညွတ်မှုသည် အသက်သွေးကြော ဖြစ်တယ်။

ယခုလို ဗကပ/PLA ကဲ့သို့ သမိုင်းကြောင်းရှိတဲ့ အဖွဲ့အစည်းကိုပင် ရန်လိုစော်ကားလာပါက အခြားသော မဟာမိတ်များအနေဖြင့် NUG ၏ နိုင်ငံရေးဦးဆောင်မှုနှင့် သဘောထားအပေါ် လုံးဝယုံကြည်တော့မည် မဟုတ်ပါ။

၃။ရန်သူ့အတွက် အခွင့်အလမ်းဖြစ်ခြင်း

မြင်းခြံခရိုင်နဲ့ စစ်ကိုင်းတိုင်းတို့သည် စစ်ရေးအရ အလွန်အရေးပါသော စစ်မျက်နှာများ ဖြစ်တယ်။ တော်လှန်ရေးအင်အားစုအချင်းချင်း စစ်ရေးအရ ရန်စောင်နေကြပါက ရန်သူစစ်ကောင်စီအတွက် စစ်ကြောင်းထိုးရန်နှင့် နယ်မြေပြန်လည်စိုးမိုးရန် အခွင့်အကောင်းကြီး ပေးလိုက်သကဲ့သို့ ဖြစ်သွားမှာ ဖြစ်တယ်။

နိဂုံးနှင့် တောင်းဆိုချက်
_____________________

ယခု မြင်းခြံခရိုင် ၈၁၅ စစ်ဒေသ ဖြစ်စဉ်တွင် PLA တပ်ဖွဲ့ဝင်များပြသခဲ့သည့် "ကျည်တစ်တောင့်မျှ ပြန်မဖောက်ခြင်း" ဆိုတဲ့ ဆုံးဖြတ်ချက်က ကြောက်ရွံ့ခြင်း မဟုတ်ဘဲ တော်လှန်ရေးအပေါ် ထားရှိသည့် ကြီးမားသော ရင့်ကျက်မှုနှင့် နိုင်ငံရေးအမြင် ဖြစ်တယ်။ NUG အစိုးရအနေဖြင့် PLAရဲ့ သည်းခံမှုကို အခွင့်ကောင်းယူကာ အောက်ခြေတပ်များရဲ့ ရမ်းကားမှုကို လျစ်လျူရှုမထားသင့်ပေ။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာန (MOD) အနေဖြင့်လည်း ဒီကိစ္စကို နှုတ်ဆိတ်နေ၍ မရတော့ပါ။

(၁)ဖမ်းဆီးခေါ်ဆောင်သွား​ခြင်းခံရတဲ့
PLA ရဲဘော်ရဲ့ အမဖြစ်သူ အရပ်သားအမျိုးသမီးကို ခြွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေးရန် လိုအပ်နေပါပြီ။

(၂)အပြစ်မဲ့ပြည်သူကို သေနတ်ဖြင့်ချိန်ကာ ဓားစာခံဖမ်းရန် အမိန့်ပေးခဲ့သည့် ခရိုင်ကွပ်ကဲရေးမှူးများနှင့် ကျူးလွန်သူများကို စစ်ဘက်တရားရုံး (Court Martial) ဖြင့် ပြတ်ပြတ်သားသား အရေးယူပြရမှာ ဖြစ်တယ်။

ပြည်သူလူထုဟာ စစ်အာဏာရှင်အသစ်တွေကို
ထီးနန်းတင်ရန်အတွက် ဒီတော်လှန်ရေးကို ဆင်နွှဲနေခြင်း မဟုတ်ပါ။ NUG အနေနဲ့ မိမိတို့ရဲ့ အောက်ခြေတပ်တွေကို စစ်ဘက်ကျင့်ဝတ်နဲ့ မဟာမိတ်ကျင့်ဝတ်များအတိုင်း ထိန်းကျောင်းနိုင်ခြင်း မရှိဘဲ၊ လက်နက်အားကိုး ဗိုလ်ကျမှုများကို ဆက်လက်မျက်ကွယ်ပြုနေမယ်ဆိုပါက တော်လှန်ရေး၏ တရားမျှတမှုသည် သမိုင်းတွင် အရောင်အဆင်း ပျက်ပြယ်သွားရလိမ့်မှာ ဖြစ်ကြောင်း သတိပေး တိုက်တွန်းလိုက်ရပါတယ်။

◼️ ကျော်ကိုကို

ဘုတလင်မြို့နယ်မှာ ဗကသများအဖွဲ့ချုပ်က လေကြောင်းအန္တရာယ် ကာကွယ်ရေးစာစောင်ဖြန့်ဝေ၂၀၂၆ ဧပြီ ၃ ဗကသဘုတလင်မြို့နယ် ပြည်သူလူထုကိ...
03/04/2026

ဘုတလင်မြို့နယ်မှာ ဗကသများအဖွဲ့ချုပ်က လေကြောင်းအန္တရာယ် ကာကွယ်ရေးစာစောင်ဖြန့်ဝေ

၂၀၂၆ ဧပြီ ၃ ဗကသ

ဘုတလင်မြို့နယ် ပြည်သူလူထုကို ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က လေကြောင်းအန္တရာယ်ကာကွယ်ရေး သတိပေးစာစောင်တွေကိုဒီကနေ့ ဧပြီလ ၃ ရက်နေ့မှာ ဖြန့်ဝေခဲ့ပါတယ်။
ဘုတလင်မြို့နယ်တွင်းရှိ အိမ်ခြေ သုံးရာကျော်ကိုဖြန့်ဝေခဲ့ခြင်းဖြစ်ပြီး လေကြောင်းရန်ကာကွယ်ရေး စာဆောင်များနဲ့အတူ ဗုံးခိုကျင်းစနစ်တကျ တည်ဆောက်ပုံ ပါဝင်သည့် လက်ကမ်းစာဆောင်များကိုပါ ဖြန့်ဝေခဲ့ကြပါတယ်။

ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ
ဗကသများအဖွဲ့ချုပ်
#ဗကသ #လေကြောင်းရန် #ကာကွယ်ရေး

စစ်အာဏာသိမ်းမှု ၅နှစ်ပြည့် လှုပ်ရှားမှုဖော်ဖော်ဝါရီလ ၁ ရက် ၂၀၂၆အကြမ်းဖက်စစ်တပ်မှ မတရားအာဏာသိမ်းမှုကို ဆန့်ကျင်ရေး ၅နှစ်ပ...
01/02/2026

စစ်အာဏာသိမ်းမှု ၅နှစ်ပြည့် လှုပ်ရှားမှု

ဖော်ဖော်ဝါရီလ ၁ ရက် ၂၀၂၆

အကြမ်းဖက်စစ်တပ်မှ မတရားအာဏာသိမ်းမှုကို ဆန့်ကျင်ရေး ၅နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂမှ လက်ကမ်းစာဆောင်များဖြန့်ဝေခဲ့ကြပါတယ် ။

"တပ်ပေါင်းစု၍အတူရပ် စစ်သုံးစစ်ကိုအမြစ်ဖြတ်'' ထုတ်ပြန်ချက် ပါသည့် စာဆောင်များကိုဖြန့်ဝေခဲ့ကြခြင်းဖြစ်ပါတယ် ။

#ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ #ဗကသ

ကျောင်းသားများကို ဖိအားပေးပြီး ဆန္ဒပြခိုင်းခြင်းများအပေါ်သဘောထားထုတ်ပြန်ချက်ရက်စွဲ - ၂၀၂၆ခုနှစ် ၊ ဇန်နဝါရီလ ၂၄ ရက်
24/01/2026

ကျောင်းသားများကို ဖိအားပေးပြီး ဆန္ဒပြခိုင်းခြင်းများအပေါ်
သဘောထားထုတ်ပြန်ချက်

ရက်စွဲ - ၂၀၂၆ခုနှစ် ၊ ဇန်နဝါရီလ ၂၄ ရက်

Address

Budalin

Website

Alerts

Be the first to know and let us send you an email when Budalin township Students' Union - ABFSU posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share