Shwedagon Pagoda

Directions Website Contact the organization

Shwedagon Pagoda This is the official page of Shwedagon Pagoda and managed by the Board of Trustees,Shwedagon Pagoda.

ရွှေတိဂုံစေတီတော် ၁၃၈၈ ခုနှစ် ဝါတွင်းကာလ သီလခံယူပွဲအခမ်းအနားကျင်းပရန်ကုန်၊ စက်တင်ဘာ (၁၉)           ရွှေတိဂုံစေတီတော် ဘဏ္...
19/09/2026

ရွှေတိဂုံစေတီတော် ၁၃၈၈ ခုနှစ် ဝါတွင်းကာလ သီလခံယူပွဲအခမ်းအနားကျင်းပ

ရန်ကုန်၊ စက်တင်ဘာ (၁၉)
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ဝါတွင်းကာလ သီလခံယူပွဲအခမ်းအနားကို ၁၃၈၈ခု တော်သလင်း လဆန်း(၁၉-၉-၂၀၂၆)ရက်နေ့ နံနက် (၉)နာရီ (၃၀)မိနစ်တွင် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်းတွင် ကျင်းပခဲ့ရာ ဂေါပကအဖွဲ့ဝင်များ၊ ဝန်ထမ်းများ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲ့များ၊ အလှူရှင်များနှင့် ယောဂီသူတော်စင်အပါင်းတို့မှ နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ သြဝါဒါစရိယ၊
ဘဒ္ဒန္တသုစိတ္တ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ထံမှ နဝင်္ဂသီလ ခံယူဆောက်တည်ကြပါသည်။

ထို့နောက် ဂေါပကအဖွဲ့ဝင်များ၊ ရုံးဝန်ထမ်းများ ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲ့များနှင့် အလှူရှင်များက ဩဝါဒါစရိယဆရာတော်ကြီးနှင့် ပင့်သံဃာ အရှင်သူမြတ်များထံသို့ စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။

ထို့နောက် ဆရာတော်ကြီးထံမှ အနုမောဒနာတရားနာ‌ကြားပြီး‌နောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

ယင်းနောက် ဂေါပကအဖွဲ့ဝင်များက ဩဝါဒါစရိယ ဆရာတော်ကြီးနှင့် သံဃာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြပြီး ဥပုသ်သီတင်းသီလဆောက်တည်သူ ယောဂီသူတော်စင် အပေါင်းတို့ကိုလည်း နေ့ဆွမ်းဖြင့် ဧည့်ခံကျွေးမွေးလှူဒါန်းမှုပြုခဲ့သည်။

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသော လုပ်ငန်းခွင်မွမ်းမံသင်တန်း အမှတ်စဥ်(၂/၂၀၂၆)သင်တန်းဖွင့်ပွ...
14/09/2026

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသော လုပ်ငန်းခွင်မွမ်းမံသင်တန်း အမှတ်စဥ်(၂/၂၀၂၆)သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်း

၁၄-၉-၂၀၂၆

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကကြီးမှူးကျင်းပသည့် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ရုံးဝန်ထမ်းများ လုပ်ငန်းခွင်မွမ်းမံသင်တန်းအမှတ်စဥ်(၂/၂၀၂၆)သင်တန်းဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၁၄ မွန်းလွဲ ၁ နာရီတွင် ရွှေတိဂုံစေတီတော် ရင်ပြင်တော်ရှိ ရေကြည်တော်ဝတ်အသင်း တန်ဆောင်း၌ ကျင်းပသည်။

အခမ်းအနားသို့ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ သင်တန်းဆရာ ဆရာမများ၊ ရုံးအဖွဲ့မှူး၊ဒုတိယရုံးအဖွဲ့မှူးများ၊ ဌာနမှူးများ၊ ဒုတိယဌာနမှူးများ၊
ဂေါပကရုံးဝန်ထမ်းများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပက အဖွဲ့ဝင် အလှည့်ကျသဘာပတိ ဦးကျော်ဇေယျ က သင်တန်းဖွင့် အမှာစကားပြောကြားသည်။

ထို့နောက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ဝန်ထမ်းသင်တန်းကျောင်း၊ အခြေခံစာရင်းရေးနှင့် စာရင်းကိုင်သင်တန်း နာယကကြီး ဦးညွှန့်ထွေးက သင်တန်းနှင့် ပက်သက်၍ ကြိုဆိုနှုတ်ခွန်းဆက် စကားများပြောကြားကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ဝန်ထမ်းသင်တန်းကျောင်း၊ သင်တန်းနည်းပြများက ရုံးလုပ်ငန်း၊ ရုံးစာရေးသားနည်း၊ စာရင်းကိုင်ပညာတို့အား သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းတွင်သင်တန်းသား၊ သင်တန်းသူ (၄၄)ဦးတက်ရောက်ကာ စက်တင်ဘာ ၁၄ ရက်မှ အောက်တိုဘာ ၁၂ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်သည်။

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့

ရွှေတိဂုံစေတီတော် ၁၃၈၈ ခုနှစ် ဝါတွင်းကာလ သီလခံယူပွဲအခမ်းအနားကျင်းပရန်ကုန်၊ စက်တင်ဘာ (၁၁)           ရွှေတိဂုံစေတီတော် ဘဏ္...
11/09/2026

ရွှေတိဂုံစေတီတော် ၁၃၈၈ ခုနှစ် ဝါတွင်းကာလ သီလခံယူပွဲအခမ်းအနားကျင်းပ

ရန်ကုန်၊ စက်တင်ဘာ (၁၁)
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ဝါတွင်းကာလ သီလခံယူပွဲအခမ်းအနားကို ၁၃၈၈ခု ဝါခေါင်လကွယ် (၁၁-၉-၂၀၂၆)ရက်နေ့ နံနက် (၉)နာရီ (၃၀)မိနစ်တွင် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်းတွင် ကျင်းပခဲ့ရာ ဂေါပကအဖွဲ့ဝင်များ၊ ဝန်ထမ်းများ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲ့များ၊ အလှူရှင်များနှင့် ယောဂီသူတော်စင်အပါင်းတို့မှ နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ သြဝါဒါစရိယ၊
ဘဒ္ဒန္တဂုဏာလင်္ကာရ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ထံမှ နဝင်္ဂသီလ ခံယူဆောက်တည်ကြပါသည်။

ထို့နောက် ဂေါပကအဖွဲ့ဝင်များ၊ ရုံးဝန်ထမ်းများ ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲ့များနှင့် အလှူရှင်များက ဩဝါဒါစရိယဆရာတော်ကြီးနှင့် ပင့်သံဃာ အရှင်သူမြတ်များထံသို့ စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။

ထို့နောက် ဆရာတော်ကြီးထံမှ အနုမောဒနာတရားနာ‌ကြားပြီး‌နောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

ယင်းနောက် ဂေါပကအဖွဲ့ဝင်များက ဩဝါဒါစရိယ ဆရာတော်ကြီးနှင့် သံဃာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြပြီး ဥပုသ်သီတင်းသီလဆောက်တည်သူ ယောဂီသူတော်စင် အပေါင်းတို့ကိုလည်း နေ့ဆွမ်းဖြင့် ဧည့်ခံကျွေးမွေးလှူဒါန်းမှုပြုခဲ့သည်။

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့

ရွှေတိဂုံစေတီတော် ၁၃၈၈ ခုနှစ် ဝါတွင်းကာလ သီလခံယူပွဲအခမ်းအနားကျင်းပရန်ကုန်၊ စက်တင်ဘာ (၅)           ရွှေတိဂုံစေတီတော် ဘဏ္ဍ...
05/09/2026

ရွှေတိဂုံစေတီတော် ၁၃၈၈ ခုနှစ် ဝါတွင်းကာလ သီလခံယူပွဲအခမ်းအနားကျင်းပ

ရန်ကုန်၊ စက်တင်ဘာ (၅)
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ဝါတွင်းကာလ သီလခံယူပွဲအခမ်းအနားကို ၁၃၈၈ခု ဝါခေါင်လဆုတ် (၅-၉-၂၀၂၆)ရက်နေ့ နံနက် (၉)နာရီ (၃၀)မိနစ်တွင် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်းတွင် ကျင်းပခဲ့ရာ ဂေါပကအဖွဲ့ဝင်များ၊ ဝန်ထမ်းများ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲ့များ၊ အလှူရှင်များနှင့် ယောဂီသူတော်စင်အပါင်းတို့မှ နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ သြဝါဒါစရိယ၊ ဘဒ္ဒန္တဇာဂရ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ထံမှ နဝင်္ဂသီလ ခံယူဆောက်တည်ကြပါသည်။

ထို့နောက် ဂေါပကအဖွဲ့ဝင်များ၊ ရုံးဝန်ထမ်းများ ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲ့များနှင့် အလှူရှင်များက ဩဝါဒါစရိယဆရာတော်ကြီးနှင့် ပင့်သံဃာ အရှင်သူမြတ်များထံသို့ စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။

ထို့နောက် ဆရာတော်ကြီးထံမှ အနုမောဒနာတရားနာ‌ကြားပြီး‌နောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

ယင်းနောက် ဂေါပကအဖွဲ့ဝင်များက ဩဝါဒါစရိယ ဆရာတော်ကြီးနှင့် သံဃာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြပြီး ဥပုသ်သီတင်းသီလဆောက်တည်သူ ယောဂီသူတော်စင် အပေါင်းတို့ကိုလည်း နေ့ဆွမ်းဖြင့် ဧည့်ခံကျွေးမွေးလှူဒါန်းမှုပြုခဲ့သည်။

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့

အလှူတော်ငွေပေးအပ်လှူဒါန်းပွဲနှင့်                         ထုတိအနုမောဒနာ ချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းအနားကျ...
01/09/2026

အလှူတော်ငွေပေးအပ်လှူဒါန်းပွဲနှင့် ထုတိအနုမောဒနာ ချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းအနားကျင်းပ

၁-၉-၂၀၂၆
ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ အလှူတော်ငွေပေးအပ်လှူဒါန်းပွဲနှင့် စေတနာသဒ္ဓါတရားထက်သန်စွာ လှူဒါန်းထားကြသော ငွေကျပ် တစ်သိန်းနှင့်အထက်အလှူရှင်များအား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က (၆၀၂)ကြိမ်မြောက် ထုတိအနုမောဒနာ ချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲကို ယနေ့နေ့လယ်ပိုင်းတွင် ရွှေတိဂုံ စေတီတော်ရင်ပြင် တောင်ဘက်ရှိ ရှေးဟောင်းဗုဒ္ဓ ရုပ်ပွားတော်များတန်ဆောင်း၌ ပြုလုပ်သည်။

ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ကြပြီး အလှူ ရှင်များက အလှူတော်ငွေများပေးအပ်လှူဒါန်းရာ အလှည့်ကျသဘာပတိ ဦး‌ကျော်ဇေယျနှင့် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၀င်များက လက်ခံရယူ၍ ထုတိအနုမောဒနာဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ကြသည်။

ထို့နောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ရန်ကုန်တိုင်း ဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဒ္ဓိပိဋကဓရ သာကေတမြို့နယ် တိပိဋကလင်္ကာရ ကျောင်းတိုက်ဆရာတော် ဒေါက်တာဘန္ဒန္တအဂ္ဂသာမိထံမှ အခမ်းအနားတက်ရောက်လာကြသူများက ငါးပါးသီလခံယူဆောက်တည် ကြပြီး ရေစက်ချ အနုမောဒနာတရားနာယူကြသည်။

ယနေ့ကျင်းပသည့် အလှူငွေပေးအပ်လှူဒါန်းပွဲတွင် ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၁ ရက်မှ သြဂုတ် ၃၁ ရက်နေ့အထိ ရွှေပြားအလှူရှင် ၃၆ ဦးက ရွှေသင်္ကန်တော် ခြောက်ကျပ်သားရွှေပြားတစ်ချပ်နှင့် တစ်ကျပ်သားရွှေပြား ၅၅ ချပ်၊ စုစုပေါင်းရွှေစင်ရွှေပြား ၅၆ ချပ် နှင့် ငွေသားအလှူရှင် ၁၇၇ ဦးတို့က ငွေကျပ် ၂၃၃၀၀၇၅၇၈၈ တို့ကို လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ရုံး အင်္ဂလိပ် စကားပြောသင်တန်း အမှတ်စဥ်(၁ /၂၀၂၆) သင်တန်းဆင်းပွဲနှင့် ဆုချီးမြ...
31/08/2026

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ရုံး အင်္ဂလိပ် စကားပြောသင်တန်း အမှတ်စဥ်(၁ /၂၀၂၆) သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

၃၁-၈-၂၀၂၆

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ကကြီးမှူးကျင်းပသည့် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲရုံး ဝန်ထမ်းများ သင်တန်းအမှတ်စဥ်( ၁ /၂၀၂၆) အင်္ဂလိပ်စကားပြောသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရှေးဟောင်းဗုဒ္ဓရုပ်ပွဲးတော်များတန်ဆောင်း၌ ကျင်းပခဲ့ပါသည်။

အခမ်းအနားကို ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များ၊ ရုံးအဖွဲ့မှူး၊ ဒုတိယရုံးအဖွဲ့မှူးများ၊ ဌာနမှူးများ၊ ဒုတိယဌာနမှူးများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြပါသည်။

ဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပက အဖွဲ့ဝင် အလှည့်ကျသဘာပတိ ဦးလှမြင့်က သင်တန်းဆင်းပွဲ အမှာစကား ပြောကြားခဲ့ပါသည်။

ထိုနောက် English Speaking Teacher, Freelance Tour Guide သင်တန်းဆရာ ဦးစည်သူက သင်တန်းသင်ကြားပြီးစီးမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။

ယင်းနောက် ပထမဆုရရှိသော ဒေါ်ခင်ရွှန်းလဲ့ဝင်း (လျှပ်စစ်နှင့်ရေသန့်ဌာန)အား အလှည့်ကျသဘာပတိ ဂေါပကအဖွဲ့ဝင် ဦးလှမြင့်၊ ဒုတိယဆုရရှိသော ဒေါ်နှင်းနွယ် (လုပ်ငန်း-မြို့ပြဌာန)အား ဂေါပကအဖွဲ့ဝင် ဦးဘိုးသင်းနှင့် တတိယဆုရရှိသော ‌ဒေါ်အိသဇင်ဖြိုး (စီမံ-အုပ်ချုပ်ရေးဌာန)အား ဂေါပကအဖွဲ့ဝင် ဦးမင်းလွင်တို့မှ အသီးသီး ဂုဏ်ပြုဆုများချီးမြှင့်ခဲ့ပါသည်။

ယင်းနောင် ဒေါ်ခင်ရွှန်းလဲ့မှ (ဗောဓိညောင်ပင်အကြောင်း)၊ ‌ဒေါ်နှင်းနွယ်မှ (ဂြိုလ်တိုင်များအကြောင်း)နှင့် ‌‌ဒေါ်အိသဇင်ဖြိုးမှ (ရွှေတိဂုံစေတီတော်အကြောင်း)တို့ကို အင်္ဂလိပ် စကားပြောဖြင့် အသီးသီး ရှင်းလင်းပြသခဲ့ပါသည်။

ထို့နောက် ဒေါ်ခင်ရွှန်းလဲ့ (လျှပ်စစ်နှင့်ရေသန့်ဌာန)မှ ကျေးဇူးတင်စကားပြောကြားခဲ့ပါပြီး “ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကိုရုပ်သိမ်းလိုက်သည်။

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့။

ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ၀ါခေါင်လပြည့် မေတ္တာအခါတော်နေ့ အခမ်းအနားများအား စည်ကားသိုက်မြိုက်စွာကျင်းပ။ရန်ကုန် -ဩဂုတ် (၂၈...
28/08/2026

ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ၀ါခေါင်လပြည့် မေတ္တာအခါတော်နေ့ အခမ်းအနားများအား စည်ကားသိုက်မြိုက်စွာကျင်းပ။

ရန်ကုန် -ဩဂုတ် (၂၈)
ယနေ့သည် ဗုဒ္ဓဘာသာဝင်များ၏ နေ့ထူးနေ့မြတ် ဝါခေါင်လပြည့် (မေတ္တာအခါတော်နေ့) ဖြစ်သည့် အားလျော်စွာ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော် မြတ်ကြီး၌ မေတ္တာအခါတော်နေ့ အခမ်းအနား များကို ကျင်းပလျက်ရှိသည်။

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၈ခုနှစ် ဝါခေါင်လပြည့် (မေတ္တာအခါတော်နေ့) အခမ်းအနားများကို ယနေ့ နံနက် ၅ နာရီခွဲမှစတင်၍စေတီတော်ရင်ပြင်ရှိ သတ်မှတ်နေရာများ၌ ကျင်းပသည်။

ဦးစွာ ရွှေတိဂုံစေတီတော်မြတ်ကြီးအား အရုဏ် ဆွမ်းတော်ဆက်ကပ်ပူဇော်ပွဲကို စေတီတော်ရင်ပြင် ဧည့်ခံတန်ဆောင်း၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအောင်နိုင်သူ၊တိုင်းဒေသကြီးဝန်ကြီးများ၊ ဂေါပကအဖွဲ့ဝင်များနှင့် ဘာသာရေးဝတ်အသင်း အဖွဲ့များက စေတီတော်မြတ်ကြီးအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ သစ်သီးများ ကပ်လှူပူဇော်ကြပြီး ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ ဝါခေါင်လပြည့် (မေတ္တာအခါတော်နေ့)အသံမစဲမေတ္တာပို့အောင်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များက စိန်ရောင်ခြည်ဘုရားပင့်ဂါထာတော်ဖြင့် ဘုရားရှင်ကိုပင့်လျှောက်ထားခြင်း၊ နတ်ဗြဟ္မာများအား ဖိတ်ကြားခြင်း၊ ရွှေတိဂုံဘုရားရှိခိုးဂါထာတော်ဖြင့် ရှိခိုးပူဇော်ခြင်း၊ ဓမ္မစကြာအမွှန်းဂါထာ ရွတ်ဆိုပူဇော်ခြင်း၊ ဆုတောင်းအမျှဝေခြင်း၊ကမ္ဘာသူကမ္ဘာသား၊ ဝေနေယျ သတ္တဝါအပေါင်းတို့အား စုပေါင်းမေတ္တာပို့သခြင်းတို့ ကိုဆောင်ရွက်ကြသည်။

ဆက်လက်၍ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်းစုရပ်မှ စတင်၍ပန်းပေါင်း(၈၄၀၀၀)ဖြင့် ဆင်ယင်ပူဇော်ထားသည့် ပန်းစေတီများ လှည့်လည်ပူဇော်ပွဲ အခမ်းအနားကိုကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းများနှင့် ဝန်ထမ်းများက ပန်းစေတီများပင့်ဆောင်၍ ရင်ပြင်တော်တစ်ပတ် လှည့်လည်ပူဇော်ခဲ့ကြပြီး ပွင့်တော်မူပြီးသော ဘုရားရှင်လေးဆူတို့အား ရည်မှန်းပူဇော်သည့်အနေဖြင့်အရှေ့ဘက်အာရုံခံမုခ်ဦးအတွင်းရှိ ကကုသန္ဓရုပ်ပွားတော်၊ တောင်ဘက်အာရုံခံမုခ်ဦးအတွင်းရှိ ကောဏာဂမနရုပ်ပွားတော်၊ အနောက်ဘက်အာရုံခံမုခ်ဦးအတွင်းရှိ ကဿပရုပ်ပွားတော်၊ မြောက်ဘက် အာရုံခံမုခ်ဦးအတွင်းရှိ ဂေါတမရုပ်ပွားတော်နှင့်အထက်ပစ္စယံရှိ ပတ္တမြားမျက်ရှင်ရုပ်ပွားတော်တို့အား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့နှင့် ဗုဒ္ဓဝေယျာဝစ္စ အသင်းများကပန်းစေတီများကိုကပ်လှူပူဇော်ကြသည်။

ထို့အပြင် ဝါတွင်းသီလခံယူပွဲ၊ နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲနှင့် ရေစက်ချအနုမောဒနာအခမ်းအနားကို ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပရာ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ အဂ္ဂမဟာသဒ္ဒမ္မ ဇောတိကဓဇ၊အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ဒွိပိဋကဓရ၊ ဝိနယ ဒီဃနိကာယပါဠိပါရဂူ ဆရာတော်ဘဒ္ဒန္တနာဂိတထံမှ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်း အဖွဲ့များနှင့် ဘုရားဖူးလာပြည်သူများက န၀င်္ဂသီလ ခံယူဆောက်တည်ကြသည်။
ဆက်လက်၍ ဩဝါဒါစရိယ ဆရာတော်ကြီးများအားလှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြပြီး ဆရာတော်ဘဒ္ဒန္တနာဂိတထံမှ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်ချအမျှ ပေးဝေကြကာ ဩဝါဒါစရိယဆရာတော်ကြီးများအား ဂေါပကအဖွဲ့၀င်များက နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဥပုသ်သီတင်းသီလစောင့်သုံးကြသော ယောဂီသူတော်စင် အပေါင်းတို့အား နေ့ဆွမ်းဖြင့် ဧည့်ခံကျွေးမွေး လှူဒါန်းခဲ့ပါသည်။

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ရုံးတွင် ဂုဏ်ပြုပွဲအခမ်းအနားကျင်းပခြင်း၂၇-၈-၂၀၂၆ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိ...
27/08/2026

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ရုံးတွင် ဂုဏ်ပြုပွဲအခမ်းအနားကျင်းပခြင်း

၂၇-၈-၂၀၂၆

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ရုံး၊ ပြတိုက်/ပြခန်းဌာနမှ ဌာနစုမှူး ဒေါ်စန်းမြင့်အေး (ကလောင်အမည် - စောပုလဲမယ်)ကို ၂၀၂၄ ခုနှစ် စာပေဗိမာန် တတိယဆု (ရွှေတိဂုံစေတီတော် ဆီမီးခုံပတ်လည်ရှိ စဉ့်အနုပညာလက်ရာများ) ရရှိခြင်းအတွက် ဂုဏ်ပြုချီးမြှင့်ငွေ (၉)သိန်းနှင့် ၂၀၂၅ ခုနှစ် ပခုက္ကူစာပေ တတိယဆု (သိင်္ဂုတ္တရကုန်းတော်ပေါ်ရှိ အုတ်တိုက်စေတီများ) ရရှိခြင်းအတွက် (၄)သိန်း စုစုပေါင်း ၁၃၀၀၀၀၀/-ကို အလှည့်ကျသဘာပတိ ဂေါပကအဖွဲ့ဝင် ဦးလှမြင့် (ဝန်ထမ်းရေးရာနှင့်မှတ်တမ်းဌာန၊ စေတိယင်္ဂဏဆိုင်ရာ)နှင့် ဂေါပကအဖွဲ့ဝင် အဘ ဦးမင်းလွင် (စီမံ-အုပ်ချုပ်ရေး) တို့မှ ဂေါပကအဖွဲ့ကိုယ်စား ဂုဏ်ပြုဆုချီးမြှင့်ခဲ့ပါသည်။

ဒေါ်စန်းမြင့်အေး(စောပုလဲမယ်)သည်
၂၀၂၂ ခုနှစ် စာပေဗိမာန် ပထမဆု (ရွှေတိဂုံစေတီတော် ခေါင်းလောင်းတော်များ) ရရှိခြင်း အတွက် ဂုဏ်ပြုချီးမြှင့်ငွေ (၁၀)သိန်း အား ၂၁-၁၂-၂၀၂၃ ရက်နေ့တွင် ဂုဏ်ပြုခဲ့ပြီး ဖြစ်ပါသည်။

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ရုံး၊ ပြတိုက်/ပြခန်းဌာနမှ ဌာနစုမှူး ဒေါ်စန်းမြင့်အေး (စောပုလဲမယ်) သည် စာပေဆု သုံးကြိမ် ရရှိခဲ့ခြင်းအတွက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့။

ရွှေတိဂုံစေတီတော် ၁၃၈၈ ခုနှစ် ဝါတွင်းကာလ သီလခံယူပွဲအခမ်းအနားကျင်းပရန်ကုန်၊  ဩဂုတ်လ (၂၁)           ရွှေတိဂုံစေတီတော် ဘဏ္ဍ...
21/08/2026

ရွှေတိဂုံစေတီတော် ၁၃၈၈ ခုနှစ် ဝါတွင်းကာလ သီလခံယူပွဲအခမ်းအနားကျင်းပ
ရန်ကုန်၊ ဩဂုတ်လ (၂၁)
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ဝါတွင်းကာလ သီလခံယူပွဲအခမ်းအနားကို ၁၃၈၈ခု ဝါခေါင်လဆန်း (၂၁-၈-၂၀၂၆)ရက်နေ့ နံနက် (၉)နာရီ (၃၀)မိနစ်တွင် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်းတွင် ကျင်းပခဲ့ရာ ဂေါပကအဖွဲ့ဝင်များ၊ ဝန်ထမ်းများ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲ့များ၊ အလှူရှင်များနှင့် ယောဂီသူတော်စင်အပါင်းတို့မှ နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ သြဝါဒါစရိယ၊ ဘဒ္ဒန္တအဂ္ဂသာမိ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ရန်ကုန်တိုင်းသံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ထံမှ နဝင်္ဂသီလ ခံယူဆောက် တည်ကြပါသည်။
ထို့နောက် ဂေါပကအဖွဲ့ဝင်များ၊ ရုံးဝန်ထမ်းများ ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲ့များနှင့် အလှူရှင်များက ဩဝါဒါစရိယဆရာတော်ကြီးနှင့် ပင့်သံဃာ အရှင်သူမြတ်များထံသို့ စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။
ထို့နောက် ဆရာတော်ကြီးထံမှ အနုမောဒနာတရားနာ‌ကြားပြီး‌နောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။
ယင်းနောက် ဂေါပကအဖွဲ့ဝင်များက ဩဝါဒါစရိယ ဆရာတော်ကြီးနှင့် သံဃာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြပြီး ဥပုသ်သီတင်းသီလဆောက်တည်သူ ယောဂီသူတော်စင်အပေါင်းတို့ကိုလည်း နေ့ဆွမ်းဖြင့် ဧည့်ခံကျွေးမွေးလှူဒါန်းမှုပြုခဲ့သည်။
ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့

ရွှေတိဂုံစေတီတော်ရာဟုထောင့်ချမ်းသာကြီးတန်ဆောင်း၌ ဝိနယပိဋကကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲနှင့် ဆီမီး ၁၁၁၁၁၁ ပူဇော်လှူဒါန်းပွဲ က...
02/08/2026

ရွှေတိဂုံစေတီတော်ရာဟုထောင့်ချမ်းသာကြီးတန်ဆောင်း၌ ဝိနယပိဋကကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲနှင့် ဆီမီး ၁၁၁၁၁၁ ပူဇော်လှူဒါန်းပွဲ ကျင်းပ

၂၀၂၆ခုနှစ် ဩဂုတ် ၂

ရွှေတိဂုံစေတီတော်ရာဟုထောင့်ချမ်းသာကြီးတန်ဆောင်း၌ ဗီယက်နမ်နိုင်ငံမှ အလှူရှင်ဒါယကာ ဒါယိကာမများ စုပေါင်းလှူဒါန်းမှုဖြင့် ပါဠိဝိနယပိဋကကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲနှင့် ဆီမီး ၁၁၁၁၁၁ ပူဇော်လှူဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီတွင်ကျင်းပပြုလုပ်သည်။

ဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး ဆရာတော် ဘဒ္ဒန္တကေလာသ က နတ်ဗြဟ္မာများကို ဂါထာပါး၍ ဖိတ်ကြားသည်။
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ ရန်ကုန် တိုင်း သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဒွိပိဋကဓရ ဒေါက်တာ ဘဒ္ဒန္တအဂ္ဂသာမိထံမှပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။ ဗီယက်နမ် ဆရာတော် ဘဒ္ဒန္တသမ္မာဒိဋ္ဌိအမှူးပြုသော ဗီယက်နမ်ဒါယိကာ ဒါယကာမများက ဆရာတော် သံဃာတော်များကို ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဩဝါဒါစရိယ၊တိပိဋကဩဝါဒါစရိယအဖွဲ့ အကျိုးတော်ဆောင်၊အဂ္ဂမဟာပဏ္ဍိတ၊အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ သ. စ. အ ဓမ္မာစရိယ (ဝဋံသကာ)ပါဠိပါရဂူ၊ စေတိယင်္ဂဏပဝရသိရီမဟာဓမ္မရာဇာ၊ ဘဒ္ဒန္တ နာရဒါ ဘိဝံသ(လှရတနာ) ဆရာတော်ထံမှ ဝိနယပိဋကကျမ်းမြတ် ရွတ်ပွားစိတ်ထား နည်းနှင့်အကျိုးတရားများနာယူကြသည်။
ယင်းနောက် ဆရာတော် သံဃာတော်များနှင့် ပရိသတ်များကဝိနယပိဋကပါဠိတော် အကျဥ်းချုပ်ကို ရွတ်ဆိုပူဇော်ကြသည်။

ထို့နောက် အလှည့်ကျ သံဃာတော်အရှင်သူမြတ်က ဝိနယပိဋကကျမ်းမြတ်ပါဠိတော်ကို ဆက်လက် ရွတ်ဖတ်ပူဇော်သည်။ ဝိနယပိဋကကျမ်းမြတ်ပါဠိတော်အသံမစဲရွတ်ဖတ်ပူဇော်ပွဲကို ၂-၈-၂၀၂၆ နေ့မှ ၁၀-၈-၂၀၂၆ ရက်နေ့အထိကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့

Address

Shwedagonpagoda Street
Dagon

Alerts

Be the first to know and let us send you an email when Shwedagon Pagoda posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Shwedagon Pagoda:

Shortcuts

Share