11/02/2021
“မြန်မာစစ်တပ်အနေနဲ့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်အပါအဝင် ဒီမိုကရေစီရေးလှုပ်ရှားတက်ကြွသူတွေ၊ နိုင်ငံရေးသမားတွေကို ချက်ချင်းလွှတ်ပေးဖို့ ကျနော်ဒီနေ့ ထပ်ပြီးတောင်းဆိုပါတယ်။ မြန်မာစစ်တပ်ဟာ သူတို့သိမ်းထားတဲ့အာဏာကို စွန့်လွှတ်ရမှာဖြစ်ပြီး နိုဝင်ဘာ ၈ရက်နေ့ရွေးကောက်ပွဲမှာ သူတို့သဘောထားတွေကို ဖော်ထုတ်ခဲ့တဲ့ မြန်မာပြည်သူတွေရဲ့ဆန္ဒကို လေးစားလိုက်နာရမှာဖြစ်ပါတယ်”
“ဒီနေ့လည်း အာဏာသိမ်းစစ်ခေါင်းဆောင်တွေအပေါ် သူတို့လုပ်ခဲ့တာတွေရဲ့အကျိုးဆက်ကိုခံစားရစေဖို့ အရေးယူမှုတွေအများကြီး တသီတတန်းကြီးတွေကို ကျနော်ကြေညာသွားမှာပါ။ အမေရိကန်အစိုးရအနေနဲ့ မြန်မာအစိုးရက အမေရိကန်နိုင်ငံမှာထားရှိတဲ့ ရန်ပုံငွေ တစ်ဘီလီယံဒေါ်လာကို အာဏာသိမ်းစစ်ခေါင်းဆောင်တွေ မယူနိုင်အောင် တားဆီးဖို့လုပ်ပါမယ်။ ပြီးတော့ ဒီနေ့မှာလည်း သမ္မတအမိန့်တစ်ခုကျနော်အတည်ပြုပေးလိုက်ပါတယ်။ အဲဒါကတော့ အာဏာသိမ်းဖို့ တိုက်ရိုက်ညွှန်ကြားတဲ့စစ်ခေါင်းဆောင်တွေ၊ သူတို့ရဲ့စီးပွါးရေးလုပ်ငန်းတွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေအားလုံးကို ချက်ချင်းဒဏ်ခတ်ပိတ်ဆို့ဖို့ဖြစ်ပါတယ်။ ဒီသီတင်းပတ်ထဲမှာ ပထမအကျော့စာရင်းတွေထွက်လာမှာဖြစ်ပြီး ဒီစစ်ခေါင်းဆောင်တွေရဲ့ ပို့ကုန်တွေကို ထိန်းချုပ်ကန့်သတ်ဖို့လည်း ဆက်လုပ်သွားမှာပါ စစ်တပ်အနေနဲ့ ဖမ်းဆီးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမတ ဦးဝင်းမြင့်နဲ့ အခြားဖမ်းးဆီးခံရသူများ နိုင်ငံရေး activists များကို **အခုချက်ချင်း**လွှတ်ပေးဖို့ တောင်းဆိုပါတယ်။ မဟုတ်ရင် စစ်အစိုးရကိုတိုက်ရိုက် ထိခိုက်နိုင်တဲ့ အရေးယူပိတ်ဆို့မှုတွေကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်
ဒါပေမယ့်လည်း မြန်မာပြည်သူတွေအတွက် ထောက်ပံ့ပေးထားတဲ့ ကျန်းမာရေးနဲ့ လူမှုရေးစောင့်ရှောက်မှုတွေကို ဆက်လက်ထားရှိပေးမှာဖြစ်ပါတယ်။ ပြည်သူတွေ အတွက် တိုက်ရိုက်အကျိုးရှိမဲ့ ထောက်ပံ့ရေးတွေကို ဆက်လက်လုပ်ဆောင် သွားပါ့မယ်။ အမေရိကန်ပြည်ထောင်စု အနေနဲ့ အခြားနိုင်ငံများနဲ့ အတူ မြန်မာပြည်သူတို့ရဲ့ အသံကို နားထောင် ပြီး စစ်အစိုးရကို သေချာနေစောင့်ကြည့်နေပါတယ်။ အာလုံးလာရောက်နားထောင်ပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်၊ အခုတော့ Pentagon ကို သွားလိုက်ပါဦးမယ်၊ကျေးဇူးတင်ပါတယ်။
(ဂျိုးဘိုင်ဒန် - အမေရိကန်ပြည်ထောင်စု သမ္မတ)
https://www.facebook.com/122393807842447/posts/3687947144620411/
South Court AuditoriumEisenhower Executive Office Building 1:22 P.M. EST THE PRESIDENT: Thank you for being here on short notice. I’m going to be very brief, but I — because the Vice President and I are heading over the Pentagon for an extensive briefing and to make some comments, as we did at t...