24/08/2020
ခေါင်းစီး ခြားနား မထားသော
__________________________________________________________________
ရေဆိုလည်းရေ
အန်တုနေတဲ့လူသား
မြန်မြန်သိ မြန်မြန်သွား
လူထုအတွက်
အလေးထားကယ်ဆယ်
တက်သုတ်ရယ် အပြေးထွက်
ခက်ခဲလည်းဘာမထီ
အရေတွေခန်းပစေ
အရိုးတွေလည်း
ကြေချင်ကြေပေါ့
ငါတို့တွေဟာ မီးသတ်သမားတွေလေ။
မြေတဲ့လားကွယ်
မြေကျွံကျ ငလျှင်လှုပ်ခတ်
သစ်ပင်လဲပြို
အိမ်အိုဟာ ယိုင်နဲ့နဲ့
ပြည်သူ့စိတ်ဝမ်း
အေးငြိမ်းလေအောင်
မီးသတ်မောင်တို့
ကျားကုတ်ကျားခဲ
မိုးလေထဲလည်း
ကူ ကာ ကယ် အလုပ်
ကြိုးစားလုပ်၏၊
လေတဲ့လားကွယ်
ဘေးမဖယ် ရှောင်မထွက်
ပြည်သူ့အတွက်
အသက်နှင်းအပ်လို့
မြန်မြန်သိ မြန်မြန်သွား
ပေးဆပ်ခဲ့တယ်။
မီးတဲ့လားကွယ်
ဘေးမဖယ် ရှောင်မထွက်
မီးပြီးသူလူသား
မရှိငြားလည်း
မီးရှိရာတိုးဝင်
ငဖြူလည်းမသိ
ငနီလည်းမကြည့်
တာဝန်နဲ့ ဝတ္တရား
ပြေးလွှားထမ်းရွက်။
ကူးစက်ပိုးနှိပ်စက်ပြန်
ရောဂါပိုးပြင်းထန်
မဟန်နိုင်ပြည်သူများတွက်
ဇွဲသတ္တိ ခါးတောင်ကြိုက်လို့
ပြေးဖိုက်တဲ့ မီးတပ်မောင်။
ရောဂါဘေး မီး ရေ လေ
ခေါင်း စီး မ ရွေး
ချိန်ခါမရွေး
လူထုရဲ့ နှလုံးစိတ်ဝမ်း
ငြိမ်းချမ်းစတမ်း
ကြည်ရွှင်အေးမြ
ချမ်းသာရအောင်
အဓိဌာန်တည်ပြီ
ငါတို့သည်
နိုင်ငံတော်သစ္စာ
စောင့်သိထား
ပေးအပ်တာဝန်
ကျေပွန်စေသား
မှန်သစ္စာစကားကြောင့်
လူထုအတွက်
ဓါးလှံ ဘေးရန်ဟူသမျှ
ပန်းမာန်ဖြစ်စေ
ရွှင်ကြည်အေးမြ
ဘေးမခ စေသတည်း။ ။
Creadit.. ........
Copy...........
Fire 🔥 Services Department Dawei
ပြည်သူ့အပေါင်း 🔥မီးဘေး၊ သဘာဝဘေးအန္တရာယ်မှာ
ကင်းဝေးကြစေ........................🔥မီးသတိပြုပါ။
Emergency telephone:191/ 059-2021017