Yantaung-GZ

Yantaung-GZ Hello

သရက်ချောင်းမြို့နယ် ပညာရေးဘုတ်အဖွဲ့မှဦးစီး ဖွင့်လှစ်သော (အွန်လိုင်း) ပြည်သူ့အခြေပြုကျောင်းများ (အတန်းများ)တွင် ပူးပေါင်း...
09/06/2022

သရက်ချောင်းမြို့နယ် ပညာရေးဘုတ်အဖွဲ့မှဦးစီး ဖွင့်လှစ်သော (အွန်လိုင်း) ပြည်သူ့အခြေပြုကျောင်းများ (အတန်းများ)တွင် ပူးပေါင်းအပ်နှံဖို့ ကျောင်းသားမိဘများ ၊ ခြေခံပညာ ကျောင်းသူ/ကျောင်းသားများအား တိုက်တွန်းနှိုးဆော်

ထားဝယ် - ဇွန် ၉

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးပြန်ကြီးဌာန သရက်ချောင်းမြို့နယ် ပညာရေးဘုတ်အဖွဲ့မှဦးစီး ဖွင့်လှစ်သော (အွန်လိုင်း) ပြည်သူ့အခြေပြုကျောင်းများ (အတန်းများ)တွင် ပူးပေါင်းအပ်နှံဖို့
ကျောင်းသားမိဘများ ၊ ခြေခံပညာ ကျောင်းသူ/ကျောင်းသားများအား တိုက်တွန်းနှိုးဆော် ထားသည်ကိုတွေ့ရသည်။

၁။ ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် စစ်ကောင်စီပညာရေးကို သပိတ်မှောက်ထားသည့်နည်းတူ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးပြန်ကြီးဌာန သရက်ချောင်းမြို့နယ် ပညာရေးဘုတ်အဖွဲ့မှဦးစီး ဖွင့်လှစ်သော (အွန်လိုင်း) ပြည်သူ့အခြေပြုကျောင်းများ (အတန်းများ)တွင် ပူးပေါင်းအပ်နှံဖို့ တိုက်တွန်းနှိုးဆော်လိုက်သည်။

၂။ စစ်ကောင်စီလက်အောက်ခံ Non-CDMဆရာ/ဆရာမများအနေဖြင့်လည်း CDMဆရာ/ဆရာမများ ပြည်သူ့အခြေပြုပညာရေးတွင် တက်ရောက်နေသည့် ကျောင်းသား/သူများအား တစ်စုံတစ်ရာ ဖိအားပေးခြိမ်းခြောက် ပြောဆိုပြုမူလာပါက သတိပေးထုတ်ပြန်လိုက်သည်။ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သရက်ချောင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)မှ ထုတ်ပြန်ထားသည်။

#သရက်ချောင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့_ပအဖ
မှကူးယူဖော်ပြသည်။

08/06/2022

တော်လှန်ရေးဆိုတာ

အသက်အရွယ်နဲ့ မဆိုင်ဘူး

ကျွန်စိတ်မရှိဖို့ဘဲလိုတာ

#မန်းဂျော်နီ

18/05/2022

ကျွန်တော်တို့ကတော့ရှင်းတယ်..

သပိတ်တုန်းက ပုံတွေကို ပေါ်ပင် အပျော်ရိုက်ခဲ့တာ မဟုတ်တဲ့အတွက်ကြောင့်မို့ ကျောင်းတက်စရာ ဘာအကြောင်းမှလည်းမရှိဘူး ဒါလုံးဝ အမှန်ကန်ပြောတာ..

ဘွဲ့မရလို့လည်း ကျွန်တော်တို့ဘဝကြီးက
စုတ်ပြတ်သတ်မသွားဘူး ကျွန်တော်တို့ဘဝကို
ကျွန်တော်တို့ ကိုယ်ပိုင်ဖန်တီးခွင့်ရှိတယ် ကြိုးစားခွင့်ရှိတယ် အောင်မြင်ခွင့်ရှိတယ်... ဒါအမှန်တရားပဲ

အခုလူငယ်တွေထဲမှာ အများစုက အစိုးရဝန်ထမ်းလုပ်မယ့်ကောင် တစ်ကောင်မှမပါဘူး ကိုယ့်ထူးကိုယ်ချွန်ပြီး ဘဝကို ကိုယ်ပိုင်လုပ်ငန်းနဲ့ အောင်မြင်ချင်ကြတဲ့ သွေးဆူလွယ်တဲ့ စိတ်ဆန္ဒပြင်းပြတဲ့ လူငယ်တွေချည်းပဲ...

အသက်30မှ ဘွဲ့ပြန်ယူရလို့လည်း ကျွန်တော်တို့မရှက်ဘူး လက်တစ်ဆုပ်စာ ပညာရေးကပေးတဲ့ ဘွဲ့ကိုတော့ ဘာလုပ်ရမှာလဲဗျာ ဘွဲ့မရတိုင်း လူညံ့မဟုတ်သလို ဘွဲ့ရသွားလို့လည်း လူတော်မဟုတ်ပါဘူး

ဘာပဲဖြစ်ဖြစ် အားနာပါ စာနာပါ ကိုယ်ချင်းစာပါ 💯

အားလုံးအတွက်ပေါ့ စစ်ဘေးရှောင်ဒေသက ကလေးလေးတွေရဲ့ မျက်ဝန်းတွေ/ သက်ကြီးရွယ်အိုတွေရဲ့ နာကြည်းမောပန်းခြင်း မျက်ရည်တွေ/ သေသွားခဲ့တဲ့ ကျောင်းသားလူငယ်တွေရဲ့ ပုံရိပ်တွေ/ ညခေါ်အကောင်း မနက်အလောင်းတွေ ဒါတွေဟာ ပုံပြင်မဟုတ်ခဲ့ပါဘူးဗျာ

22/04/2022

ဒီနေ့လုပ်တဲ့သူတွေ

ကိုယ်လုပ်ရပ်ကိုယ်ဝန်ခံကြ

မဆိုင်တဲ့ရွာသားတွေ

ဒုက္ခမရောက်စေနဲ့

"ရန်တောင်ရွာ သံတိတ်သပိတ် "မနက်၉နာရီ မှ နေ့လယ်၂နာရီအထိ အောင်မြင်စွာပြီးဆုံး #အာဏာရှင်စနစ်ဟူသမျှ_မုချကျရှုံးရမည် #ဖက်ဒရယ်ဒ...
14/04/2022

"ရန်တောင်ရွာ သံတိတ်သပိတ် "
မနက်၉နာရီ မှ နေ့လယ်၂နာရီအထိ အောင်မြင်စွာပြီးဆုံး

#အာဏာရှင်စနစ်ဟူသမျှ_မုချကျရှုံးရမည်
#ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု_မုချတည်ဆောက်နိုင်ရမည်
#အပျော်သင်္ကြန်_ဒို့ငြင်းဆန်_တော်လှန်သင်္ကြန်_ပြည်သူ့အသံ
#ပေတရာပေါ်မှာ_စီးတဲ့သွေးကို_သင်္ကြန်ရေနဲ့_မဆေးကြော

 #တော်လှန်သင်္ကြန်ဆိုတာ_ဘာလဲ ဖက်ဆစ် အကြမ်းဖက်စစ်အုပ်စုက လုပ်ကြံဖန်တီးနေတဲ့ အတုအယောင် အပျော်သင်္ကြန်မှာ မပါဝင်၊ မပျော်ပါး...
13/04/2022

#တော်လှန်သင်္ကြန်ဆိုတာ_ဘာလဲ

ဖက်ဆစ် အကြမ်းဖက်စစ်အုပ်စုက လုပ်ကြံဖန်တီးနေတဲ့ အတုအယောင် အပျော်သင်္ကြန်မှာ မပါဝင်၊ မပျော်ပါးရုံနဲ့၊ ပျော်ပွဲရွင်ပွဲ မလုပ်ရုံလောက်နဲ့ ဒါကို "တော်လှန်သင်္ကြန်" လို့ သတ်မှတ်လို့ မရပါဘူး။

"တော်လှန်သင်္ကြန်" အစစ်အမှန်ဖြစ်ဖို့အရေးအတွက် တော်လှန်ရေးကာလနဲ့ လိုက်ဖက်ပြီး တော်လှန်ရေးကို တိုက်ရိုက်အထောက်အပံ့ဖြစ်စေမယ့်၊ သင်္ကြန်ရိုးရာဓလေ့နဲ့လည်း လိုက်ဖက်တဲ့ အောက်ဖော်ပြပါ "လူထုလှုပ်ရှားမှုကြီး" မှာ ပါဝင်ဆောင်ရွက်ကြဖို့ အထူးတိုက်တွန်းနှိုးဆော်အပ်ပါတယ်ခင်ဗျား။

____________

#တော်လှန်သင်္ကြန်_ဆောင်ရွက်ရန်များ

❏ သင်္ကြန်အကြိုနေ့နဲ့ အကျနေ့ (၁၃၊ ၁၄ ဧပြီ ၂၀၂၂)

#ကျဆုံးအာဇာနည် #အကျဉ်းကျသူရဲကောင်း

#အတာအိုးသပိတ်

အကြို၊ အကျ ဒီနှစ်ရက်မှာ ကျဆုံးအာဇာနည်ပုဂ္ဂိုလ်များ၊ အဓမ္မအဖမ်းခံထားရတဲ့ အကျဉ်းကျ သူရဲကောင်းများ၊ PDF နဲ့ EROs စစ်သည်တော်များကို ဂုဏ်ပြု၊ လေးစား၊ ထောက်ပံ့ ကူညီပံ့ပိုးတဲ့ လှုပ်ရှားမှုကြီးကို တနိုင်ငံလုံး ပြည်သူများက ဆင်နွှဲကြဖို့ ဖြစ်တယ်။

ကျဆုံးအာဇာနည်တွေအတွက် ဆုမွန်တောင်းကြမယ်ဗျာ။ ကျန်ရစ်သူ မိသားစုကို အားပေးကူညီကြမယ်ဗျာ။ အကျဉ်းကျရဲဘော်တွေအတွက် "ထောင်ဝင်စာ" အရေး ကူညီကြမယ်ဗျာ။ သူတို့ မိသားစုတွေကို အားပေး ကူညီကြမယ်ဗျာ။

ဒီနှစ်ရက်အတွင်းမှာ သန်း (၅၀) ကျော်ရှိတဲ့ ပြည်သူတရပ်လုံးကသာ လှုပ်ရှားမှုကြီးအသွင်နဲ့ PDF တွေကို ဝိုင်းပြီး လှူကြမယ်၊ ဘွန်းဝယ်ကြမယ်၊ PRF ထောက်ပို့တပ် ဝင်ကြမယ်၊ Click ကြမယ်၊ ထောက်ပို့ လုပ်ကြမယ်ဆိုရင် မနည်းလှတဲ့ အလှူငွေပမာဏထိ ကျနော်တို့တွေ ကူညီနိုင်မှာ ဖြစ်ပါတယ်။

ငွေအားအပြင် စိတ်ဓာတ်အား၊ နှုတ်အားဖြင့်လည်း အလေးအနက် ဂုဏ်ပြုကြ၊ အားပေးကြပါ။

မနှစ်ကလိုပဲ သင်္ကြန်ရိုးရာဓလေ့နဲ့အညီ အိမ်တိုင်းမှာ "အတာအိုးသပိတ်" ကို ဆက်လက်ဆင်နွှဲကြဖို့လည်း တိုက်တွန်းလိုပါတယ်ဗျ။

____________

❏ သင်္ကြန်အကြတ်နေ့နဲ့ အတက်နေ့ (၁၅၊ ၁၆ ဧပြီ ၂၀၂၂)

ူရဲကောင်း
#စစ်ဘေးသင့်_စစ်ဘေးရှောင်ပြည်သူ

အကြတ်နဲ့ အတက်နေ့တွေကတော့ CDM သူရဲကောင်းများနဲ့ စစ်ဘေးသင့် စစ်ဘေးရှောင်ပြည်သူများအတွက် ဖြစ်ပါတယ်။

CDM ရဲဘော်များဟာ တော်လှန်ရေးမှာ တခါတလေ မေ့လျော့ခံထားရတဲ့ သူရဲကောင်းတွေ ဖြစ်နေတတ်တယ်ဗျာ။ အခုဆို အကြမ်းဖက်စစ်အုပ်စုရဲ့ ရက်စက်၊ ယုတ်မာစွာ တိုက်ခိုက်ဖျက်ဆီးမှုတွေကြောင့် တနိုင်ငံလုံးမှာ စစ်ဘေးသင့် စစ်ဘေးရှောင်ပြည်သူပေါင်း သိန်းပေါင်းများစွာ ရှိနေပြီး တောထဲတောင်ထဲ နေထိုင်စားသောက်ရေး အစစဆင်းရဲချို့တဲ့လှတဲ့အပြင် အချို့ဆို ပြန်စရာ ရွာကော အိမ်ပါ မရှိတော့တဲ့ ဘဝ၊ ရွာလုံးကျွတ် မီးရှို့ခံရတဲ့ဘဝတွေပါ။

ဒီနှစ်ရက်မှာတော့ CDM နဲ့ စစ်ဘေးသင့်ပြည်သူတွေကို တလေးတစား လေးလေးနက်နက် ဂုဏ်ပြုကြမယ်၊ အားပေးကြမယ်ဗျာ။ ကူနိုင်တာ ရှိရင် ကူကြမယ်ဗျ။ နောက်ဆုံးကုန်ကုန် ပြောမယ်ဗျာ၊ ငွေနဲ့ မကူနိုင်ရင် လေနဲ့ (နှုတ်အားဖြင့်) ဂုဏ်ပြုကျေးဇူးတင်စကား ပြောကြဖို့ကောင်းတယ်ဗျာ။

____________

❏ မြန်မာနှစ်ဆန်းတစ်ရက်နေ့ (၁၇ ဧပြီ ၂၀၂၂)

#သံပုံးတီးသပိတ်
#ဆုတောင်းသပိတ်
#ပန်းသပိတ်

မြန်မာပြက္ခဒိန်အရ နှစ်ဟောင်းကုန်လို့ နှစ်သစ်ရောက်တဲ့ ဒီနေ့မှာတော့ သင်္ကြန်ရိုးရာနဲ့အညီ "သံပုံးတီးသပိတ်" ကို တနိုင်ငံလုံး မြိုင်မြိုင်ဆိုင်ဆိုင် ဆင်နွှဲသွားကြဖို့ပါ။ သံပုံးတီးသံသည် မကောင်းဆိုးဝါးတွေ၊ ဖက်ဆစ်မိစ္ဆာတွေကို မောင်းထုတ်ခြင်း၊ တောထုတ်ခြင်းပါပဲ။

ဒါ့အပြင် မိမိတို့ လူမှုကွန်ရက်စာမျက်နှာတွေမှာ နှစ်သစ်ကူးဆုတောင်းကြတဲ့အနေနဲ့ "ဖက်ဒရယ်ဒီမိုကရေစီ New Year" "အရေးတော်ပုံ အောင်ရမည်" စတဲ့ ကြွေးကြော်တောင်းဆိုသံများနဲ့ ဓာတ်ပုံ၊ ဗီဒီယိုလေးတွေ တင်ကြမယ်ဗျာ၊ သင်္ကြန်ဓလေ့ ပိတောက်ပန်း၊ ငုပန်းအပါအဝင် အခြားအလျဉ်းသင့်ရာ ပန်းများ ပန်ဆင်ကိုင်ဆောင်ကြတဲ့ "ပန်းသပိတ်" နဲ့ "ဆုတောင်းသပိတ်" ကို အတူပူးပေါင်း ဆင်နွှဲကြမယ်ဗျာ။

__________________________

ဖော်ပြခဲ့တဲ့ နည်းနာများကို ဆောင်ရွက်ပြီး တော်လှန်သင်္ကြန်ကာလတွေမှာ "လူထုလှုပ်ရှားမှုကြီး" အဖြစ် အုံနဲ့ကျင်းနဲ့ ထိထိရောက်ရောက်၊ ကျယ်ကျယ်ပြန့်ပြန့်၊ လေးလေးနက်နက် ဆောင်ရွက်ကြဖို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သင်္ကြန်ဓလေ့နဲ့ လိုက်ဖက်တဲ့ "သပိတ်" တွေလည်း ဆင်နွှဲကြရန် ဖြစ်ပါတယ်။

#တော်လှန်သင်္ကြန်



#အပျော်သင်္ကြန်_ဒို့ငြင်းဆန်_တော်လှန်သင်္ကြန်_ပြည်သူ့အသံ

#ပေတရာပေါ်မှာ_စီးတဲ့သွေးကို_သင်္ကြန်ရေနဲ့_မဆေးကြော

#သွေးအေးသွားရင်_ခွင့်မလွှတ်ကြေး

#အာဏာရှင်စနစ်ဟူသမျှ_မုချကျရှုံးရမည်

#ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု_မုချတည်ဆောက်နိုင်ရမည်

#အရေးတော်ပုံ_အောင်ရမည် ၂၀၂၂

12/04/2022
ပေတရာပေါ်မှာစီးတဲ့သွေးကိုသင်္ကြန်ရေနဲ့ မဆေးကြော
12/04/2022

ပေတရာပေါ်မှာစီးတဲ့သွေးကို

သင်္ကြန်ရေနဲ့ မဆေးကြော

သင်္ကြန်အကျနေ့ ထားဝယ်ခရိုင် အသံတိတ်သပိတ်မှာ ပါဝင်ပေးကြရန် တိုက်တွန်းနှိုးဆော်ခြင်း**************************************...
08/04/2022

သင်္ကြန်အကျနေ့ ထားဝယ်ခရိုင် အသံတိတ်သပိတ်မှာ ပါဝင်ပေးကြရန် တိုက်တွန်းနှိုးဆော်ခြင်း
*******************************************************

ထားဝယ်ခရိုင်အတွင်းရှိ မိဘပြည်သူများခင်ဗျား အကြမ်းဖက်စစ်ကောင်စီက တစ်ဖက်မှာ ပြည်သူတွေကို ရက်ရက်စက်စက်သတ်ဖြတ်၍ တစ်ဖက်က အတုအယောင် သင်္ကြန်ပွဲတော်ကို ကျင်းပရန်ကြံစည်နေသည်ကို အားလုံးသိရှိပြီးသားဖြစ်ပါသည်။

သို့ဖြစ်၍ အကြမ်းဖက်စစ်ကောင်စီရဲ့ သင်္ကြန်ပွဲတော်ကို သပိတ်မှောက် ဆန့်ကျင်ကြောင်းပြသတဲ့အနေနဲ့ သင်္ကြန်အကျနေ့(ဧပြီလ ၁၄ရက်)မှာ ထားဝယ်ခရိုင်အတွင်း အသံတိတ်သပိတ်ပြုလုပ်သွားဖို့ရှိပါတယ်။

ထားဝယ်ခရိုင်အတွင်း အသံတိတ်သပိတ် ပြုလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ _

(၁) တတိုင်းပြည်လုံး အမှောင်ထုထဲကျရောက်နေတဲ့ အခိုက်အတန့်ကို ဝမ်းနည်းကြွေကွဲကြောင်းပြသတဲ့အနေဖြင့် တိတ်ဆိတ်ငြိမ်သက်ကြရန်နဲ့

(၂) အကြမ်းဖက်စစ်ကောင်စီက သင်္ကြန်ပွဲတော်ကျင်းပ၍ ပြည်သူတွေ ငြိမ်ဝပ်ပိပြားနေပြီဖြစ်ကြောင်း ပြသရန် လိမ်လည်လှည့်ဖြားမှု သို့မဟုတ် တော်လှန်ရေး‌ ရေလှိုင်းကို အရှိန်ကျသွားစေရန် အတုအယောင်ပျော်ရွှင်မှုများနှင့် အစားထိုးလှည့်ဖြားမှုအပေါ် ဆန့်ကျင်ကြောင်းပြသကြရန်အတွက် ဖြစ်ပါတယ်။

သို့ဖြစ်ပါ၍ ထားဝယ်ခရိုင်အတွင်းရှိ မိဘပြည်သူများအနေဖြင့် ဧပြီလ (၁၄)ရက် သင်္ကြန်အကျနေ့တွင် နံနက် (၉)နာရီမှ နေ့လယ် (၂)နာရီအတွင်း နေအိမ်ပြင်ပသို့ ထွက်ခွာခြင်းမပြုဘဲ ထားဝယ်ခရိုင် အသံတိတ်သပိတ်တွင် ပူးပေါင်းပါဝင်ပေးကြပါရန် အနူးအညွတ်တောင်းဆိုအပ်ပါသည်။

#သင်္ကြန်အကျနေ့_အသံတိတ်သပိတ်
#ထားဝယ်ခရိုင်ရဲ့_တော်လှန်သောစိတ်
#ထားဝယ်ခရိုင်_အသံတိတ်သပိတ်
#သင်္ကြန်အကျနေ့__ဧပြီလ_၁၄ရက်

Address

Myeik-Dawei
Dawei

Telephone

+66927454048

Website

Alerts

Be the first to know and let us send you an email when Yantaung-GZ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share