လ.ဝ.က နှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး - တနင်္သာရီတိုင်းဒေသကြီး

  • Home
  • Myanmar
  • Dawei
  • လ.ဝ.က နှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး - တနင်္သာရီတိုင်းဒေသကြီး

လ.ဝ.က နှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး - တနင်္သာရီတိုင်းဒေသကြီး ၎င်းဝန်ကြီးဌာနလက်အောက်ရှိဌာနများ အဆင်မပြေမှုများရှိပါက သက်သေနှင့်တကွ တိုင်ကြားနိုင်သည်။

လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးမှ ‌ထားဝယ်မြို့နယ် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ‌နှင့်တွေ့ဆုံ...
17/06/2020

လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးမှ ‌ထားဝယ်မြို့နယ် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ‌နှင့်တွေ့ဆုံ

ထားဝယ် ဇွန် ၁၆

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဦးကျော်မင်းသည် ယနေ့ ဇွန်လ ၁၆ရက်နေ့၊ နံနက်(၁၀:၀၀)နာရီက ထားဝယ်မြို့နယ်၊ မြို့တော် ခန်းမတွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲပြုလုပ်ရာ အခမ်းအနားသို့ ထားဝယ်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်၊ တိုင်း/ခရိုင်/မြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးမှူးများနှင့် ဝန်ထမ်းများ၊မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်နှင့်ကျေးရွာ အုပ်စုများမှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ တက်ရောက်ကြပါသည်။

အခမ်းအနားတွင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးကျော်မင်းမှ
"ထားဝယ်မြို့နယ်တွင်နေထိုင်သော နိုင်ငံသားတိုင်းမှတ်ပုံတင်ရရှိရေး၊ မှတ်ပုံတင်ကိုင်ဆောင်ရမည့် အသက်အရွယ်၊ မှတ်ပုံတင်ရရှိသင့်သူတိုင်း မှတ်ပုံတင်ရရှိရေးရည်ရွယ်၍ တွေ့ဆုံပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း၊ထိုကဲ့သို့လုပ်ဆောင်ရာတွင် လ.ဝ.က ဝန်ထမ်းများနှင့်အတူ ပြည်သူတွေကပူးပေါင်းပါဝင်ဖို့ လိုအပ်ကြောင်း၊ ပြည်သူများ မှတ်ပုံတင်ပြုလုပ်ရမည်ဆိုတာကို နားလည် သဘောပေါက်ရန်လည်းလိုကြောင်း၊ အနည်းငယ်သော ပြည်သူများ မှတ်ပုံတင်နှင့်ပတ်သက်ပြီး နားလည်မှုနည်းပါးနေသေးကြောင်း၊ မှတ်ပုံတင်မရှိသေးသူများကို ရှိအောင်ကြိုးစားပေးရမည် မရှိသေးသူများကိုလည်းရှိအောင် ကြိုးစားပေးရမည်ဖြစ်ကြောင်း၊ ဆောင်ရွက်မည့်ရက်ကိုလည်း တိတိကျကျသတ်မှတ်စေလိုကြောင်း" ပြောကြားခဲ့ပါသည်။

ထို့နောက် တက်ရောက်လာသောရပ်/ကျေးအုပ်ချုပ်ရေးမှူးများက မိမိတို့ရပ်ကွက်ကျေးရွာ အုပ်စုအလိုက် မှတ်ပုံတင်ရရှိရေး၊ အိမ်ထောင်စုကိစ္စများနှင့် ပါတ်သက်၍ အသီးသီးတင်ပြ ဆွေးနွေး မေးမြန်းကာ ဝန်ကြီး၊ တိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး တို့မှ ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြပါသည်။

https://www.facebook.com/IHR.MINISTRY/

ရနောင်းမှာပိတ်မိနေတဲ့ မြန်မာတွေ ပြန်လာနိုင်ရေးအစိုးရအဖွဲ့ ဆွေးနွေး ကော့သောင်း ၊  မေ ၈ထိုင်းနိုင်ငံရနောင်းမြိၜ့မှာ ရောက်ရ...
10/05/2020

ရနောင်းမှာပိတ်မိနေတဲ့ မြန်မာတွေ ပြန်လာနိုင်ရေး
အစိုးရအဖွဲ့ ဆွေးနွေး

ကော့သောင်း ၊ မေ ၈

ထိုင်းနိုင်ငံရနောင်းမြိၜ့မှာ ရောက်ရှိ နေကြတဲ့ မြန်မာနိုင်ငံသားတွေ နေရပ်ပြန်နိုင်ရေး ဆွေးနွေးမူကို
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ(၂)၌ တနင်္သာရီတိုင်းဒေသကြီး မြန်မာရွှေ့ပြောင်းအလုပ်သမားများ စိစစ်လက်ခံရေးနှင့် နေရပ်ပြန်လည် ပို့ဆောင်ရေးကော်မတီ က မေလ ၈ရက်နေ့တွင် ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့သည်။

ရနောင်းဘက်မှ ဝင်ရောက်လာမည့် မြန်မာရွှေ့ပြောင်းအလုပ်သမား (၁၈၁) ဦး စာရင်းပေးထားပြီး၎င်းတို့နေရပ်ပြန်ရန်အတွက် ဆွေးနွေးခဲ့သည်ဟု သိရသည်။

၎င်းတို့အား စိစစ်လက်ခံရေးနှင့် ကျန်းမာရေး စစ်ဆေးဆောင်ရွက်ရေး၊ Facility Quarantine ဆောင်ရွက်မည့်အခြေအနေများ၊ သက်ဆိုင်ရာ တိုင်းဒေသကြီးသို့ ပြန်လည်ပို့ဆောင်မည့် အခြေအနေများအား တက်ရောက်လာသော ကော်မတီဝင် များ၊ ဌာနဆိုင်ရာများမှ ဆွေးနွေးခဲ့ကြသည်။

အဆိုပါ
အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီး မြန်မာရွှေ့ပြောင်းအလုပ်သမားများ စိစစ်လက်ခံရေးနှင့် နေရပ်ပြန်လည် ပို့ဆောင်ရေးကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးကျော်မင်း၊ သက်ဆိုင်ရာဌာနဆိုင်ရာ အကြီးအကဲများနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ပါသည်။

Crd...moeei(ကော့သောင်း)
https://www.facebook.com/IHR.MINISTRY/

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူအဖြစ်ခန့်အပ် တာဝန်ပေးအပ်ခြင်း။https://www.facebook.com/IHR.MINIST...
03/04/2020

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူအဖြစ်ခန့်အပ် တာဝန်ပေးအပ်ခြင်း။

https://www.facebook.com/IHR.MINISTRY/

တနင်္သာရီတိုင်းဒေသကြီး အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာကော်မတီနှင့် အလုပ်ရှင် ကိုယ်စားလှယ်၊ အလုပ်သမားကိုယ်စားလှယ်တို...
13/03/2020

တနင်္သာရီတိုင်းဒေသကြီး အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာကော်မတီနှင့် အလုပ်ရှင် ကိုယ်စားလှယ်၊ အလုပ်သမားကိုယ်စားလှယ်တို့ သုံးပွင့်ဆိုင် ညှိနှိုင်းအစည်းအဝေးကျင်းပ
***************************************

၂၀၂၀ မတ် ၁၃
ထားဝယ်

ယနေ့ ၁၄၀၀ နာရီအချိန်တွင် ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ တနင်္သာရီတိုင်းဒေသကြီး အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာကော်မတီနှင့် အလုပ်ရှင်ကိုယ်စားလှယ်၊ အလုပ်သမား ကိုယ်စားလှယ်တို့ သုံးပွင့်ဆိုင် ညှိနှိုင်းအစည်းအဝေးကျင်းပရာ အစည်းအဝေးသို့ တနင်္သာရီတိုင်း ဒေသကြီး အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးကျော်မင်း၊ တိုင်းဒေသကြီး / ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကော်မတီဝင်များနှင့် အလုပ်ရှင်/ အလုပ်သမား ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးကျော်မင်းက "အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဥပဒေပုဒ်မ ၅(ဇ)တွင် အနည်းဆုံးအခကြေးငွေကို (၂)နှစ်လျှင် တစ်ကြိမ် ပြင်ဆင်သတ်မှတ်ရန် ပြဋ္ဌာန်းထားသည့်အတွက် လာမည့် မေလတွင် (၂)နှစ်ပြည့်မည်ဖြစ်၍ နိုင်ငံတစ်ဝန်းလုံး တစ်ပြေးညီ သတ်မှတ်နိုင်ရေးအတွက် မည့်သည့်ပုံစံဖြင့် မည်မျှသတ်မှတ်သင့်ကြောင်းကို သုံးသပ်အကြံပြုစေလို ကြောင်း၊ ယခုလို သုံးပွင့်ဆိုင် အစည်းအဝေးတွင် အလုပ်ရှင်၏ အမြင့်ဆုံးပေးနိုင်အား၊ အလုပ်သမား၏ တင်ပြချက်များအပေါ်သုံးသပ်၍ အဆိုပြုနှုန်းထားတစ်ခုကို အမျိုးသားကော်မတီသို့ ဆက်လက် တင်ပြသွားမည်ဖြစ်ကြောင်း" အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ထို့နောက် တနင်္သာရီတိုင်းဒေသကြီး အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာကော်မတီ အတွင်းရေးမှူး က အနည်းဆုံးအခကြေးငွေ ပြင်ဆင်ထုတ်ပြန်နိုင်ရေးနှင့်ပတ်သက်၍ တင်ပြခဲ့ပြီး ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ အလုပ်သမားကိုယ်စားလှယ်များနှင့် အလုပ်ရှင်ကိုယ်စားလှယ်များ က အသီးသီးဆွေးနွေးတင်ပြကာ တနင်္သာရီတိုင်းဒေသကြီး အနည်းဆုံးအခကြေးငွေသတ်မှတ်ရေး ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးကျော်မင်း က နိဂုံးချုပ်အမှာစကားပြောကြား၍ အစည်းအဝေးကို ၁၅၁၅ နာရီအချိန်တွင် အဆုံးသတ်ခဲ့ပါသည်။

Tanintharyi Region
https://www.facebook.com/IHR.MINISTRY/

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ တနင်္သာရီ တိုင်းဒေသကြီး ထားဝယ်မြို့သို့ရောက်ရှိ{13.3.2020} ရက်နေ့ နံနက်ပိုင်းတွင် ...
13/03/2020

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ တနင်္သာရီ တိုင်းဒေသကြီး ထားဝယ်မြို့သို့ရောက်ရှိ

{13.3.2020} ရက်နေ့ နံနက်ပိုင်းတွင် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာမျိုးသိမ်းကြီး နှင့်အတူ တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးကျော်မင်း တို့သည် ထားဝယ်တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ် ၊နည်းပညာ အထက်တန်းကျောင်း၊ ပညာရေးကော့လိပ် စသည့်ကျောင်းများမှ ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ထိုမှတဆင့် လောင်းလုံးမြို့နယ် ကမြောကင်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၌ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုနေကြသည့် ကျောင်းသား ကျောင်းသူများအားလည်းကောင်း ထားဝယ်မြို့ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုနေကြသည့် ကျောင်းသား ကျောင်းသူများအားလည်း‌ကောင်း ကလိန်အောင်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ စာမေးပွဲ ဖြေဆိုနေကြသည့် ကျောင်းသူ ကျောင်းသားများအားလည်းကောင်း စာမေးပွဲဖြေဆိုနေမှုများကို သွားရောက်ကြည့်ရှုခဲ့ပါသည်။

https://www.facebook.com/IHR.MINISTRY/

ကောလာဟလသတင်းမှားများနှင့် ပတ်သက်၍ ပြည်သူများထံ ရှင်းလင်းခြင်း▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ ...
12/03/2020

ကောလာဟလသတင်းမှားများနှင့် ပတ်သက်၍ ပြည်သူများထံ ရှင်းလင်းခြင်း
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ မတ်လ (၁၂) ရက်နေ့

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် COVID-19 ရောဂါ စောင့်ကြည့်လူနာနှင့် သံသယလူနာများသတင်းများ၊ အဆိုပါလူနာများ၏ ဓာတ်ခွဲအဖြေသတင်းများကို ပြည်သူများထံ နေ့စဉ် (update) ထုတ်ပြန်ပေးလျက်ရှိပါသည်။

ယနေ့ (၁၂-၃-၂၀၂၀)၊ ည (၁၀) နာရီ အချိန်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာမတွေ့ရှိသေးပါ။

ယခုအခါ မသမာသူများက ပြည်သူများအား စိုးရိမ်ထိတ်လန့်စေရန် ရည်ရွယ်၍လည်းကောင်း၊ ထိုသို့ ပြည်သူများ၏ စိုးရိမ်ထိန်လန့်မှု အပေါ်တွင် မကောင်းသောစိတ်ထားဖြင့် အကျိုးအမြတ်ထုတ်လို၍ လည်းကောင်း ကောလာဟလသတင်းမှားများကို ပုံစံအမျိုးမျိုးဖြင့် ဖန်တီးဖြန့်ဖြူးလျက်ရှိပါသည်။

ယနေ့ညနေတွင် လူမှုကွန်ရက် (Facebook messenger) မှ တစ်ဆင့် ကောလာဟလသတင်းမှားကို အသံဖိုင်ဖြင့် ဖန်တီးဖြန့်ဖြူးနေသည်ကို တွေ့ရှိနေရပါသည်။ အဆိုပါ အသံဖိုင်တွင် “ပြည်ထောင်စုဝန်ကြီး၏ PSO မှ ပြောကြားသည်” ဆို၍ မဟုတ်မမှန်လုပ်ကြံဖန်တီးပြောဆိုကာ ပြည်သူများ စိုးရိမ်ထိတ်လန့်စေရန် လုပ်ဆောင်လျက်ရှိပါသည်။

ထိုသို့လုပ်ဆောင်မှုမှာ ပြည်သူတစ်ဦး၊ နိုင်ငံသားတစ်ဦး အနေဖြင့် မည်သို့မျှမလုပ်ဆောင်သင့်ပါ။

ကောလာဟလသတင်းမှားများ ဖြန့်ဖြူးနေသူများကိုလည်း သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းကာ ရှာဖွေဖော်ထုတ်၍ တည်ဆဲဥပဒေများအတိုင်း အရေးယူသွားမည်ဖြစ်ပါသည်။

ပြည်သူများအနေဖြင့်လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အသိပညာပေးနှိုးဆော်ချက်များကို လိုက်နာဆောင်ရွက်ကြပါရန်နှင့် မှန်ကန်သော ကျန်းမာရေးအသိပညာများကို ဝေမျှကြပါရန် ထပ်မံတိုက်တွန်း နှိုးဆော်အပ်ပါသည်။

Ministry of Health and Sports Myanmar
https://www.facebook.com/199295433433103/posts/3243531182342831/

https://www.facebook.com/IHR.MINISTRY/

🇲🇲Unicode🇲🇲တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့ နှင့် ကွန်ပျူတာတက္ကသိုလ်တို့ပူးပေါင်းဖွင့်လှစ်သော အင်္ဂလိပ်စာ၊ထိုင်း၊တရုတ...
11/03/2020

🇲🇲Unicode🇲🇲
တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့ နှင့် ကွန်ပျူတာတက္ကသိုလ်တို့ပူးပေါင်းဖွင့်လှစ်သော အင်္ဂလိပ်စာ၊ထိုင်း၊တရုတ်၊ဂျပန် ဘာသာစကားသင်တန်းဆင်းပွဲကျင်းပ

၂၀၂၀ မတ်လ ၁၁
ထားဝယ်

အဆိုပါသင်တန်းဆင်းပွဲအား ကွန်ပျူတာတက္ကသိုလ် (ထားဝယ်) တွင်ကျင်းပရာ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီးဦးကျော်မင်း၊ ကွန်ပျူတာ တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဒေါက်တာခင်အေးသန်း၊ ဘာသာစကားသင်တန်း ဆရာ ဆရာမများနှင့် သင်တန်းသူသင်တန်းသားများ တက်ရောက်ကြပြီး အခမ်းအနားတွင် ဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားကာ သင်တန်းအသီးသီးရှိ သင်တန်းနည်းပြဆရာ ဆရာမများအား ဂုဏ်ပြုလက်မှတ်များပေးအပ်ချီးမြှင့်ခြင်း၊ သင်တန်းသားများအား သင်တန်းဆက်လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ဆက်လက်ပီး သင်တန်းသားများမှ ဘာသာရပ် အလိုက် ကျေးဇူးတင်စကားများပြောကြားကာ အခမ်းအနား ရုတ်သိမ်းခဲ့ပါသည်။

https://www.facebook.com/IHR.MINISTRY/

🚫Zawgyi🚫
တနသၤာရီ တိုင္းေဒသႀကီး အစိုးရအဖြဲ႕ ႏွင့္ ကြန္ပ်ဴတာတကၠသိုလ္တို႔ပူးေပါင္းဖြင့္လွစ္ေသာ အဂၤလိပ္စာ၊ထိုင္း၊တ႐ုတ္၊ဂ်ပန္ ဘာသာစကားသင္တန္းဆင္းပြဲက်င္းပ

၂၀၂၀ မတ္လ ၁၁
ထားဝယ္

အဆိုပါသင္တန္းဆင္းပြဲအား ကြန္ပ်ဴတာတကၠသိုလ္ (ထားဝယ္) တြင္က်င္းပရာ အခမ္းအနားသို႔ တနသၤာရီတိုင္းေဒသႀကီး အစိုးရအဖြဲ႕ဝင္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္လူ႔စြမ္းအားအရင္းအျမစ္ဝန္ႀကီးဌာန ဝန္ႀကီးဦးေက်ာ္မင္း၊ ကြန္ပ်ဴတာ တကၠသိုလ္ ဒုတိယ ပါေမာကၡခ်ဳပ္ ေဒါက္တာခင္ေအးသန္း၊ ဘာသာစကားသင္တန္း ဆရာ ဆရာမမ်ားႏွင့္ သင္တန္းသူသင္တန္းသားမ်ား တက္ေရာက္ၾကၿပီး အခမ္းအနားတြင္ ဝန္ႀကီးမွ အဖြင့္အမွာစကားေျပာၾကားကာ သင္တန္းအသီးသီးရွိ သင္တန္းနည္းျပဆရာ ဆရာမမ်ားအား ဂုဏ္ျပဳလက္မွတ္မ်ားေပးအပ္ခ်ီးျမႇင့္ျခင္း၊ သင္တန္းသားမ်ားအား သင္တန္းဆက္လက္မွတ္မ်ား ေပးအပ္ခ်ီးျမႇင့္ခဲ့ပါသည္။ ဆက္လက္ပီး သင္တန္းသားမ်ားမွ ဘာသာရပ္ အလိုက္ ေက်းဇူးတင္စကားမ်ားေျပာၾကားကာ အခမ္းအနား ႐ုတ္သိမ္းခဲ့ပါသည္။

https://www.facebook.com/IHR.MINISTRY/

🇲🇲Unicode🇲🇲တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ စာရင်းလုပ်ငန်းကော်မတီ (၁/၂၀၂၀) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ...
14/01/2020

🇲🇲Unicode🇲🇲
တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ စာရင်းလုပ်ငန်းကော်မတီ (၁/၂၀၂၀) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

၂၀၂၀ ဒီဇင်ဘာ ၁၄
ထားဝယ်

အဆိုပါ အစည်းအဝေးအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးရုံးခန်း၌ ကျင်းပရာ အစည်းအဝေးသို့ ဝန်ကြီးဦးကျော်မင်းနှင့် တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ စာရင်းကောက်ယူရေးလုပ်ငန်းကော်မတီဝင်များ တက်ရောက်ခဲ့ပြီး ဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် "တိုင်းဒေသကြီးကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီ(၈)ရပ်ကို ဖွဲ့စည်းပြီးဖြစ်ကြောင်း၊ စာရင်းကောက်ယူရေးလုပ်ငန်းတာဝန်တွင် (၃)လတစ်ကြိမ် အစည်းအဝေးကျင်းပရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ တတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဒုတိယသမ္မတ ဦးမြင့်ဆွေမှ တိုင်းဒေသကြီး/ပြည်နယ်အားလုံး ကလေးလုပ်သားစစ်တမ်းကောက်ယူဆောင်ရွက်ရန်နှင့် ဖြည့်စွက်ခွင့်ပြုဘဏ္ဍာရန်ပုံငွေတွင် တင်ပြတောင်းခံဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သို့ဖြစ်ပါ၍တနင်္သာရီတိုင်းအနေနဲ့ ကလေးလုပ်သားစစ်တမ်း ကောက်ယူဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စာရင်းကောက်ယူရေး ကော်မတီဝင်များအနေဖြင့် ကလေးလုပ်သားစစ်တမ်း ကောက်ယူနိုင်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန်နှင့် အခက်အခဲများ အဆင်မပြေမှုများအား ကူညီဆောင်ရွက်ပေးစေလိုကြောင်း" စသည်ဖြင့် ပြောကြားခဲ့ပြီး တက်ရောက်လာသည့် သက်ဆိုင်ရာ တိုင်းအဆင့်ဌာနဆိုင်ရာ ညွှန်မှူးများမှ ဆွေးနွေးတင်ပြမှုများ ပြုလုပ်ခဲ့ပါသည်။

https://www.facebook.com/IHR.MINISTRY/

🚫Zawgyi🚫
တိုင္းေဒသႀကီး ကေလးအလုပ္သမားပေပ်ာက္ေရးဆိုင္ရာ စာရင္းလုပ္ငန္းေကာ္မတီ (၁/၂၀၂၀) လုပ္ငန္းညႇိႏႈိင္းအစည္းအေဝးက်င္းပ

၂၀၂၀ ဒီဇင္ဘာ ၁၄
ထားဝယ္

အဆိုပါ အစည္းအေဝးအား တိုင္းေဒသႀကီးအစိုးရအဖြဲ႕႐ုံး လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ႔စြမ္းအားအရင္းအျမစ္ဝန္ႀကီး႐ုံးခန္း၌ က်င္းပရာ အစည္းအေဝးသို႔ ဝန္ႀကီးဦးေက်ာ္မင္းႏွင့္ တိုင္းေဒသႀကီး ကေလးအလုပ္သမားပေပ်ာက္ေရးဆိုင္ရာ စာရင္းေကာက္ယူေရးလုပ္ငန္းေကာ္မတီဝင္မ်ား တက္ေရာက္ခဲ့ၿပီး ဝန္ႀကီးမွ အဖြင့္အမွာစကားေျပာၾကားရာတြင္ "တိုင္းေဒသႀကီးကေလးအလုပ္သမားပေပ်ာက္ေရးဆိုင္ရာေကာ္မတီ(၈)ရပ္ကို ဖြဲ႕စည္းၿပီးျဖစ္ေၾကာင္း၊ စာရင္းေကာက္ယူေရးလုပ္ငန္းတာဝန္တြင္ (၃)လတစ္ႀကိမ္ အစည္းအေဝးက်င္းပရမည္ျဖစ္ေၾကာင္း၊ ျမန္မာႏိုင္ငံ ကေလးအလုပ္သမားပေပ်ာက္ေရးဆိုင္ရာ အမ်ိဳးသားေကာ္မတီ၏ တတိယအႀကိမ္လုပ္ငန္းညႇိႏႈိင္းအစည္းအေဝးတြင္ ဒုတိယသမၼတ ဦးျမင့္ေဆြမွ တိုင္းေဒသႀကီး/ျပည္နယ္အားလုံး ကေလးလုပ္သားစစ္တမ္းေကာက္ယူေဆာင္႐ြက္ရန္ႏွင့္ ျဖည့္စြက္ခြင့္ျပဳဘ႑ာရန္ပုံေငြတြင္ တင္ျပေတာင္းခံေဆာင္႐ြက္ရန္မွာၾကားခဲ့ေၾကာင္း သို႔ျဖစ္ပါ၍တနသၤာရီတိုင္းအေနနဲ႔ ကေလးလုပ္သားစစ္တမ္း ေကာက္ယူေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ စာရင္းေကာက္ယူေရး ေကာ္မတီဝင္မ်ားအေနျဖင့္ ကေလးလုပ္သားစစ္တမ္း ေကာက္ယူႏိုင္ေရးအတြက္ ဝိုင္းဝန္းကူညီေဆာင္႐ြက္ေပးၾကရန္ႏွင့္ အခက္အခဲမ်ား အဆင္မေျပမႈမ်ားအား ကူညီေဆာင္႐ြက္ေပးေစလိုေၾကာင္း" စသည္ျဖင့္ ေျပာၾကားခဲ့ၿပီး တက္ေရာက္လာသည့္ သက္ဆိုင္ရာ တိုင္းအဆင့္ဌာနဆိုင္ရာ ၫႊန္မႉးမ်ားမွ ေဆြးေႏြးတင္ျပမႈမ်ား ျပဳလုပ္ခဲ့ပါသည္။

https://www.facebook.com/IHR.MINISTRY/

အသေးစား၊အငယ်စား နှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ၏ ပထမအကြိမ် နှစ်ပတ်လည် ညီလာခံနှင့် ဒေသဆိ...
20/12/2019

အသေးစား၊အငယ်စား နှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ၏ ပထမအကြိမ် နှစ်ပတ်လည် ညီလာခံနှင့် ဒေသဆိုင်ရာ MSME Action Plan များအား မိတ်ဆက်ခြင်း အခမ်းအနား တက်ရောက်ခြင်း

🇲🇲Unicode🇲🇲မြိတ်၂၀၁၉ ဒီဇင်ဘာ ၁၈ တနင်္သာရီတိုင်းဒေသကြီး MSME,s အေဂျင်စီဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးကအဖွဲ့ လူဝင်မှုကြီးကြပ်ရ...
18/12/2019

🇲🇲Unicode🇲🇲မြိတ်
၂၀၁၉ ဒီဇင်ဘာ ၁၈

တနင်္သာရီတိုင်းဒေသကြီး MSME,s အေဂျင်စီဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးကအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးကျော်မင်း နှင့် မြိတ်ခရိုင် MSME,sလုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင်အဖွဲ့တို့သည် ယမန်နေ့ နံနက်(၁၀:၃၀)တွင် မြိတ်ခရိုင် MSME,s ရုံးခန်း၌ တွေ့ဆုံခဲ့ကြပါသည်။

ထိုဆွေးနွေးပွဲတွင် ပထမဦးစွာ ဝန်ကြီးမှ နှုတ်ခွန်းဆက်အမှာစကား‌ပြောကြားပြီး
တက်ရောက်လာသော အလုပ်အမှုဆောင်များမှ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြုံတွေ့နေရသည့်အခက်အခဲများ၊ စိမ်ခေါ်မှုများ၊ တိုင်းအစိုးရနှင့် အေဂျင်စီမှပေါင်းစပ်ညှိနှိုင်းကူညီ‌‌ ‌ဆောင်ရွက်ပေးစေလိုသည့် အချက်များနှင့် အသင်းမှရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို တက်ရောက်လာကြသည့်အလုပ်အမှုဆောင်များမှ ရှင်းလင်းတင်ပြ‌ ဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် တင်ပြချက်များအပေါ် ဝန်ကြီးမှ MSMEလုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် မိမိဆောင်ရွက်ပေးနိုင်မည့်ကိစ္စများနဲ့ တိုင်းအစိုးရ၊ ပြည်ထောင်စုအစိုးရတို့နဲ့ ပေါင်းစပ်ဆောင်ရွက်ရမည့် ကိစ္စများကို ပြန်လည်ဖြည့်စွက်ဆွေးနွေးခဲ့ပါသည်။

https://www.facebook.com/IHR.MINISTRY/

🚫Zawgyi🚫ၿမိတ္
၂၀၁၉ ဒီဇင္ဘာ ၁၈

တနသၤာရီတိုင္းေဒသႀကီး MSME,s ေအဂ်င္စီဥကၠ႒ တိုင္းေဒသႀကီးအစိုးကအဖြဲ႕ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ႔စြမ္းအားအရင္းအျမစ္ဝန္ႀကီး ဦးေက်ာ္မင္း ႏွင့္ ၿမိတ္ခ႐ိုင္ MSME,sလုပ္ငန္းရွင္မ်ားအသင္း အလုပ္အမႈေဆာင္အဖြဲ႕တို႔သည္ ယမန္ေန႔ နံနက္(၁၀:၃၀)တြင္ ၿမိတ္ခ႐ိုင္ MSME,s ႐ုံးခန္း၌ ေတြ႕ဆုံခဲ့ၾကပါသည္။

ထိုေဆြးေႏြးပြဲတြင္ ပထမဦးစြာ ဝန္ႀကီးမွ ႏႈတ္ခြန္းဆက္အမွာစကား‌ေျပာၾကားၿပီး
တက္ေရာက္လာေသာ အလုပ္အမႈေဆာင္မ်ားမွ MSME လုပ္ငန္းမ်ားဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ႀကဳံေတြ႕ေနရသည့္အခက္အခဲမ်ား၊ စိမ္ေခၚမႈမ်ား၊ တိုင္းအစိုးရႏွင့္ ေအဂ်င္စီမွေပါင္းစပ္ညႇိႏႈိင္းကူညီ‌‌ ‌ေဆာင္႐ြက္ေပးေစလိုသည့္ အခ်က္မ်ားႏွင့္ အသင္းမွေရွ႕ဆက္ေဆာင္႐ြက္မည့္ လုပ္ငန္းစဥ္မ်ားကို တက္ေရာက္လာၾကသည့္အလုပ္အမႈေဆာင္မ်ားမွ ရွင္းလင္းတင္ျပ‌ ေဆြးေႏြးခဲ့ၾကပါသည္။

ထို႔ေနာက္ တင္ျပခ်က္မ်ားအေပၚ ဝန္ႀကီးမွ MSMEလုပ္ငန္းမ်ား ဖြံ႕ၿဖိဳးေရးအတြက္ မိမိေဆာင္႐ြက္ေပးႏိုင္မည့္ကိစၥမ်ားနဲ႔ တိုင္းအစိုးရ၊ ျပည္ေထာင္စုအစိုးရတို႔နဲ႔ ေပါင္းစပ္ေဆာင္႐ြက္ရမည့္ ကိစၥမ်ားကို ျပန္လည္ျဖည့္စြက္ေဆြးေႏြးခဲ့ပါသည္။

https://www.facebook.com/IHR.MINISTRY/

🇲🇲Unicode🇲🇲စာပေဟောပြောပွဲနှင့် ဘာသာစကားသင်တန်းဖွင့်ပွဲ အခမ်းအနား ထားဝယ်မြို့၌ ကျင်းပထားဝယ်     ဒီဇင်ဘာ      ၁၇တနင်္သာရီတ...
18/12/2019

🇲🇲Unicode🇲🇲
စာပေဟောပြောပွဲနှင့် ဘာသာစကားသင်တန်းဖွင့်ပွဲ အခမ်းအနား ထားဝယ်မြို့၌ ကျင်းပ

ထားဝယ် ဒီဇင်ဘာ ၁၇

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကွန်ပျူတာတက္ကသိုလ် (ထားဝယ်)နှင့် နည်းပညာတက္ကသိုလ် (ထားဝယ်) တို့ပူးပေါင်းကျင်းပသော စာပေဟောပြောပွဲနှင့် ဘာသာစကား သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီခွဲက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းအစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးကျော်မင်းက အဖွင့်အမှာစကား ပြောကြားရာ၌ "တနင်္သာရီတိုင်းဒေသကြီးအတွင်းမှာ ရှိသော တက္ကသိုလ် အသီးသီးတွင် ပညာသင်ကြားနေကြသည့် မျိုးဆက်သစ်လူငယ်များ၏ အသိဉာဏ်ပညာ နှင့် စိတ်ဓာတ်ခွန်အားကို ပိုမိုတိုးတက်စေရန်၊ အသိပညာဗဟုသုတ ပိုမိုတိုးပွား တည်ဆောက်နိုင်ရန်၊ communications Skill ပိုမိုကောင်းလာစေရန်အတွက် တစ်ဖက်တစ်လမ်းမှ ကူညီပံ့ပိုးပေးလိုသော တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဆန္ဒနှင့် စေတနာကို ပထမဆုံး ခြေလှမ်းအနေဖြင့် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ယခုလို စာပေဟောပြောပွဲ ကျင်းပပေးသည့်အတွက် စာပေများစွာကို ဖတ်ရှုလေ့လာထားသော အတွေ့အကြုံဗဟုတများကို များစွာလေ့လာဆည်းပူးထားသော စာရေးဆရာများ၏ ဟောပြော ဆွေးနွေးခြင်းကို နားထောင်ခွင့်ရရှိပြီး ဆွေးနွေးခွင့်ရရှိခြင်း သည်လည်း မိမိကိုယ်တိုင် စာအုပ်ပေါင်းမြောက်မြားစွာ ဖတ်ရှုထားသကဲ့သို့ အသိဉာဏ်များစွာ တိုးပွားစေမှာ ဖြစ်ကြောင်း၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် စိတ်ပါဝင်စားစွာဖြင့် နားထောင် ပြီး သိလိုသော အကြောင်းအရာများကို ဆွေးနွေးမေးမြန်းနိုင်မှာဖြစ်ကြောင်း၊ ဘာသာစကား သင်တန်း အနေဖြင့် အင်္ဂလိပ်၊ တရုတ်၊ ဂျပန်နှင့် ထိုင်းဘာသာ စကားများကို နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များတွင် (၂၀၁၉)ခုနှစ်၊ ဒီဇင်ဘာ (၁၆) မှ (၂၀၂၀) ခုနှစ်၊ ဖေဖော်ဝါရီ (၁၄) နေ့ အထိ (၂) လသင်တန်းအဖြစ် တနင်္လာနေ့ မှ သောကြာနေ့အထိ သတ်မှတ် ထားသည့် အချိန်များတွင် သင်ကြားပေးမည် ဖြစ်ကြောင်း၊ သင်တန်းချိန် မပျက်သောသူများကိုသာ certificate ပေးအပ်ချီးမြှင့်သွားမှာ ဖြစ်သည့်အတွက် ကျောင်းသား/ကျောင်းသူများ အနေဖြင့် သင်တန်းချိန်ကို အတိအကျနှင့် လေးစားစွာ သင်ယူလေ့လာပြီး ကျွမ်းကျင်တတ်မြောက်အောင် ကြိုးစားသွားကြရန် လိုကြောင်း" ပြောကြားသည်။

ထိုနောက်ကွန်ပျူတာတက္ကသိုလ်(ထားဝယ်) ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်အေးသန်း နှင့် နည်းပညာတက္ကသိုလ်(ထားဝယ်) ဒုတိယပါမောက္ခချုပ် ဒေါက်တာကျော်ကျော်လင်းတို့က စာပေ ဟောပြောပွဲနှင့် ဘာသာစကား သင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား သည်။

ဆက်လက်၍ တာဝန်ရှိသူတစ်ဉီးက စာရေးဆရာများ၏ ကိုယ်ရေးအကျဉ်း ကို ဖတ်ကြားပြီး စာရေး ဆရာဦးဖူးကျော်ဇင် က “Leadership” အကြောင်း ၊ စာရေးဆရာ ဦးကောင်းမြတ်ထွဋ် က “Technology” အကြောင်း၊ ၊ စာရေးဆရာ ဦးမိုးယံဦးက “Passion” အကြောင်း စသည့်တို့ကို အသီးသီး ဟောပြောဆွေးနွေးခဲ့ကြပြီး စာရေးဆရာများက Youth and Future ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးကာ တက်ရောက် လာသူများက သိလိုသည်များအား မေးမြန်းရာ စာရေးဆရာများက ပြန်လည်ဖြေကြား၍ တာဝန်ရှိသူများက ဟောပြောဆွေးနွေး ပေးသော စာရေးဆရာများအား အမှတ်တရလက်ဆောင် ပေးအပ်သည်။

အဆိုပါအခမ်းအနားသို့ တိုင်းအစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စာရေးဆရာများ၊ ကွန်ပျူတာတက္ကသိုလ်နှင့် နည်းပညာ တက္ကသိုလ်များမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ ကြောင်း သိရှိရသည်။

‌(ခရိုင် ပြန်/ဆက်)
https://www.facebook.com/IHR.MINISTRY/

🚫Zawgyi🚫
စာေပေဟာေျပာပြဲႏွင့္ ဘာသာစကားသင္တန္းဖြင့္ပြဲ အခမ္းအနား ထားဝယ္ၿမိဳ႕၌ က်င္းပ

ထားဝယ္ ဒီဇင္ဘာ ၁၇

တနသၤာရီတိုင္းေဒသႀကီးအစိုးရအဖြဲ႕၊ ကြန္ပ်ဴတာတကၠသိုလ္ (ထားဝယ္)ႏွင့္ နည္းပညာတကၠသိုလ္ (ထားဝယ္) တို႔ပူးေပါင္းက်င္းပေသာ စာေပေဟာေျပာပြဲႏွင့္ ဘာသာစကား သင္တန္းဖြင့္ပြဲ အခမ္းအနားကို ယမန္ေန႔ နံနက္ ၈ နာရီခြဲက ထားဝယ္ၿမိဳ႕၊ ၿမိဳ႕ေတာ္ခန္းမ၌ က်င္းပသည္။

အခမ္းအနားတြင္ တိုင္းအစိုးရအဖြဲ႕ဝင္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ႔စြမ္းအားအရင္းအျမစ္ဝန္ႀကီး ဦးေက်ာ္မင္းက အဖြင့္အမွာစကား ေျပာၾကားရာ၌ "တနသၤာရီတိုင္းေဒသႀကီးအတြင္းမွာ ရွိေသာ တကၠသိုလ္ အသီးသီးတြင္ ပညာသင္ၾကားေနၾကသည့္ မ်ိဳးဆက္သစ္လူငယ္မ်ား၏ အသိဉာဏ္ပညာ ႏွင့္ စိတ္ဓာတ္ခြန္အားကို ပိုမိုတိုးတက္ေစရန္၊ အသိပညာဗဟုသုတ ပိုမိုတိုးပြား တည္ေဆာက္ႏိုင္ရန္၊ communications Skill ပိုမိုေကာင္းလာေစရန္အတြက္ တစ္ဖက္တစ္လမ္းမွ ကူညီပံ့ပိုးေပးလိုေသာ တိုင္းေဒသႀကီးအစိုးရအဖြဲ႕၏ ဆႏၵႏွင့္ ေစတနာကို ပထမဆုံး ေျခလွမ္းအေနျဖင့္ စတင္အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ျခင္း ျဖစ္ေၾကာင္း၊ ယခုလို စာေပေဟာေျပာပြဲ က်င္းပေပးသည့္အတြက္ စာေပမ်ားစြာကို ဖတ္ရႈေလ့လာထားေသာ အေတြ႕အႀကဳံဗဟုတမ်ားကို မ်ားစြာေလ့လာဆည္းပူးထားေသာ စာေရးဆရာမ်ား၏ ေဟာေျပာ ေဆြးေႏြးျခင္းကို နားေထာင္ခြင့္ရရွိၿပီး ေဆြးေႏြးခြင့္ရရွိျခင္း သည္လည္း မိမိကိုယ္တိုင္ စာအုပ္ေပါင္းေျမာက္ျမားစြာ ဖတ္ရႈထားသကဲ့သို႔ အသိဉာဏ္မ်ားစြာ တိုးပြားေစမွာ ျဖစ္ေၾကာင္း၊ ေက်ာင္းသား/ေက်ာင္းသူမ်ားအေနျဖင့္ စိတ္ပါဝင္စားစြာျဖင့္ နားေထာင္ ၿပီး သိလိုေသာ အေၾကာင္းအရာမ်ားကို ေဆြးေႏြးေမးျမန္းႏိုင္မွာျဖစ္ေၾကာင္း၊ ဘာသာစကား သင္တန္း အေနျဖင့္ အဂၤလိပ္၊ တ႐ုတ္၊ ဂ်ပန္ႏွင့္ ထိုင္းဘာသာ စကားမ်ားကို နည္းပညာတကၠသိုလ္ႏွင့္ ကြန္ပ်ဴတာတကၠသိုလ္မ်ားတြင္ (၂၀၁၉)ခုႏွစ္၊ ဒီဇင္ဘာ (၁၆) မွ (၂၀၂၀) ခုႏွစ္၊ ေဖေဖာ္ဝါရီ (၁၄) ေန႔ အထိ (၂) လသင္တန္းအျဖစ္ တနလၤာေန႔ မွ ေသာၾကာေန႔အထိ သတ္မွတ္ ထားသည့္ အခ်ိန္မ်ားတြင္ သင္ၾကားေပးမည္ ျဖစ္ေၾကာင္း၊ သင္တန္းခ်ိန္ မပ်က္ေသာသူမ်ားကိုသာ certificate ေပးအပ္ခ်ီးျမႇင့္သြားမွာ ျဖစ္သည့္အတြက္ ေက်ာင္းသား/ေက်ာင္းသူမ်ား အေနျဖင့္ သင္တန္းခ်ိန္ကို အတိအက်ႏွင့္ ေလးစားစြာ သင္ယူေလ့လာၿပီး ကြၽမ္းက်င္တတ္ေျမာက္ေအာင္ ႀကိဳးစားသြားၾကရန္ လိုေၾကာင္း" ေျပာၾကားသည္။

ထိုေနာက္ကြန္ပ်ဴတာတကၠသိုလ္(ထားဝယ္) ဒုတိယပါေမာကၡခ်ဳပ္ ေဒါက္တာခင္ေအးသန္း ႏွင့္ နည္းပညာတကၠသိုလ္(ထားဝယ္) ဒုတိယပါေမာကၡခ်ဳပ္ ေဒါက္တာေက်ာ္ေက်ာ္လင္းတို႔က စာေပ ေဟာေျပာပြဲႏွင့္ ဘာသာစကား သင္တန္း ဖြင့္လွစ္ရျခင္းႏွင့္ ပတ္သက္၍ ရွင္းလင္းေျပာၾကား သည္။

ဆက္လက္၍ တာဝန္ရွိသူတစ္ဉီးက စာေရးဆရာမ်ား၏ ကိုယ္ေရးအက်ဥ္း ကို ဖတ္ၾကားၿပီး စာေရး ဆရာဦးဖူးေက်ာ္ဇင္ က “Leadership” အေၾကာင္း ၊ စာေရးဆရာ ဦးေကာင္းျမတ္ထြဋ္ က “Technology” အေၾကာင္း၊ ၊ စာေရးဆရာ ဦးမိုးယံဦးက “Passion” အေၾကာင္း စသည့္တို႔ကို အသီးသီး ေဟာေျပာေဆြးေႏြးခဲ့ၾကၿပီး စာေရးဆရာမ်ားက Youth and Future ေခါင္းစဥ္ျဖင့္ စကားဝိုင္းေဆြးေႏြးကာ တက္ေရာက္ လာသူမ်ားက သိလိုသည္မ်ားအား ေမးျမန္းရာ စာေရးဆရာမ်ားက ျပန္လည္ေျဖၾကား၍ တာဝန္ရွိသူမ်ားက ေဟာေျပာေဆြးေႏြး ေပးေသာ စာေရးဆရာမ်ားအား အမွတ္တရလက္ေဆာင္ ေပးအပ္သည္။

အဆိုပါအခမ္းအနားသို႔ တိုင္းအစိုးရအဖြဲ႕ဝင္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ႔စြမ္းအားအရင္းအျမစ္ ဝန္ႀကီး၊ ဌာနဆိုင္ရာတာဝန္ရွိသူမ်ား၊ စာေရးဆရာမ်ား၊ ကြန္ပ်ဴတာတကၠသိုလ္ႏွင့္ နည္းပညာ တကၠသိုလ္မ်ားမွ ဆရာ/ဆရာမမ်ားႏွင့္ ေက်ာင္းသား/ေက်ာင္းသူမ်ား တက္ေရာက္ခဲ့ ေၾကာင္း သိရွိရသည္။

‌(ခ႐ိုင္ ျပန္/ဆက္)
https://www.facebook.com/IHR.MINISTRY/

🇲🇲Unicode🇲🇲ကျွန်းစုမြို့နယ်အတွင်း ၂၀၁၉ခုနှစ်၊ ကြားဖြတ်သန်းခေါင်စာရင်းများ ကွင်းဆင်းကောက်ယူလျက်ရှိကျွန်းစု ဒီဇင်ဘာ ၁၆ တနင...
18/12/2019

🇲🇲Unicode🇲🇲
ကျွန်းစုမြို့နယ်အတွင်း ၂၀၁၉ခုနှစ်၊ ကြားဖြတ်သန်းခေါင်စာရင်းများ ကွင်းဆင်းကောက်ယူလျက်ရှိ

ကျွန်းစု ဒီဇင်ဘာ ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ကျွန်းစုမြို့နယ်တွင် ၂၀၁၄ခုနှစ်က သန်းခေါင်စာရင်းအချက်အလက်များ၏ ပြောင်းလဲမှုအား နှိုင်းယှဉ်လေ့လာသုတေသနပြုနိုင်ရန်အတွက် (၂၀၁၉)ခုနှစ်၊ ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းများအား ဒီဇင်ဘာ(၁၆)ရက်နေ့ နံနက်ပိုင်းက ကျွန်းစုမြို့၊ အမှတ်(၂)ရပ်ကွက်တွင် ကြားဖြတ်သန်းခေါင်စာရင်းကောက်ယူရေး အဖွဲ့ဝင်များက ကွင်းဆင်းကောက်ယူလျက်ရှိသည်။

“ကျွန်းစုမြို့နယ်အတွင်းမှာ ရပ်ကွက်/ကျေးရွာ အုပ်စု(၁၆)ခုမှ ကောက်ကွက်ကျေးရွာ(၁၆)ရွာတွင် ဒီဇင်ဘာလ (၁၁)ရက်နေ့မှ ဒီဇင်ဘာလ(၂၄)ရက်အထိ အုပ်စု(၂)စုခွဲပြီး ကပကျေးရွာ၊ ရေမြစ်ကြီးကျေးရွာအုပ်စု- နေကြာအော်ကျေးရွာ၊ ကတ္တလူကျေးရွာ၊ ကမ်းကြီးကျေးရွာအုပ်စု-တီးပူကျေးရွာ စတဲ့ကျေးရွာ(၇)ရွာကို သန်းခေါင်စာရင်းဆိုင်ရာ အချက်အလက် များကို ကွင်းဆင်းကောက်ယူထားပြီး ဒီကနေ့မှာ မြို့ပေါ်အမှတ်(၂)ရပ်ကွက်နှင့် စခန်းသစ်အုပ်စု-တောင်ပျိုကျေးရွာတို့မှာ ကွင်းဆင်းကောက်ယူလျက်ရှိပါတယ်၊ ကျန်ရှိတဲ့ ကျေးရွာ(၇)ရွာကို ဒီဇင်ဘာလ(၂၄)ရက်အထိ ကွင်းဆင်း‌ ကောက်ယူ သွားမှာဖြစ်တယ်” ဟု မြို့နယ် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ လ.ဝ.က မှူး ဦးရဲလွင်ကဆိုသည်။

ယင်းသို့ အမှတ်(၂)ရပ်ကွက်အတွင်း သန်းခေါင်စာရင်းဆိုင်ရာများ စာရင်းကောက်ယူရာတွင် မြို့နယ်ကြားဖြတ် သန်းခေါင်စာရင်း ကောက်ယူရေးကော်မတီ ဉက္ကဌ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သီဟနှင့် မြို့နယ် လ.ဝ.က ဦးစီးမှူး ဦးဇော်ထွန်းလင်းတို့က လိုက်လံကြည့်ရှူစစ်ဆေးခဲ့ကြပြီး ကျေးရွာတစ်ရွာလျှင် နေအိမ်(၃၅)အိမ်စီကို မြိတ်မြို့၌ ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း စာရင်းစစ်/ စာရင်းကောက်ယူရေးဆိုင်ရာ သင်တန်းသို့ တက်ရောက်ခဲ့ပြီးဖြစ်သည့် စာရင်းစစ်တစ်ဦးနှင့်စာရင်းကောက်(၄)ဦးတို့က လူဦးရေဆိုင်ရာများ၊ လူမှုရေး၊ ပညာရေး၊ စီးပွား၊ အိမ်နှင့်ရေ၊ ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရည်သန့်ရှင်းရေး၊ စသည့် ကြားဖြတ်သန်းခေါင်ဆိုင်ရာ အချက်အလက် များကို ဒီဇင်ဘာလ(၂၄)ရက်နေ့အတွင်း ဆက်လက်ကွင်းဆင်း၍ ကောက်ယူပြုစုသွားမည်။

ကျွန်းစု(ပြန်/ဆက်)
https://www.facebook.com/IHR.MINISTRY/

🚫Zawgyi🚫ကြၽန္းစုၿမိဳ႕နယ္အတြင္း ၂၀၁၉ခုႏွစ္၊ ၾကားျဖတ္သန္းေခါင္စာရင္းမ်ား ကြင္းဆင္းေကာက္ယူလ်က္ရွိ

ကြၽန္းစု ဒီဇင္ဘာ ၁၆
တနသၤာရီတိုင္းေဒသႀကီး၊ ၿမိတ္ခ႐ိုင္ ကြၽန္းစုၿမိဳ႕နယ္တြင္ ၂၀၁၄ခုႏွစ္က သန္းေခါင္စာရင္းအခ်က္အလက္မ်ား၏ ေျပာင္းလဲမႈအား ႏႈိင္းယွဥ္ေလ့လာသုေတသနျပဳႏိုင္ရန္အတြက္ (၂၀၁၉)ခုႏွစ္၊ ၾကားျဖတ္လူဦးေရသန္းေခါင္စာရင္းမ်ားအား ဒီဇင္ဘာ(၁၆)ရက္ေန႔ နံနက္ပိုင္းက ကြၽန္းစုၿမိဳ႕၊ အမွတ္(၂)ရပ္ကြက္တြင္ ၾကားျဖတ္သန္းေခါင္စာရင္းေကာက္ယူေရး အဖြဲ႕ဝင္မ်ားက ကြင္းဆင္းေကာက္ယူလ်က္ရွိသည္။

“ကြၽန္းစုၿမိဳ႕နယ္အတြင္းမွာ ရပ္ကြက္/ေက်း႐ြာ အုပ္စု(၁၆)ခုမွ ေကာက္ကြက္ေက်း႐ြာ(၁၆)႐ြာတြင္ ဒီဇင္ဘာလ (၁၁)ရက္ေန႔မွ ဒီဇင္ဘာလ(၂၄)ရက္အထိ အုပ္စု(၂)စုခြဲၿပီး ကပေက်း႐ြာ၊ ေရျမစ္ႀကီးေက်း႐ြာအုပ္စု- ေနၾကာေအာ္ေက်း႐ြာ၊ ကတၱလူေက်း႐ြာ၊ ကမ္းႀကီးေက်း႐ြာအုပ္စု-တီးပူေက်း႐ြာ စတဲ့ေက်း႐ြာ(၇)႐ြာကို သန္းေခါင္စာရင္းဆိုင္ရာ အခ်က္အလက္ မ်ားကို ကြင္းဆင္းေကာက္ယူထားၿပီး ဒီကေန႔မွာ ၿမိဳ႕ေပၚအမွတ္(၂)ရပ္ကြက္ႏွင့္ စခန္းသစ္အုပ္စု-ေတာင္ပ်ိဳေက်း႐ြာတို႔မွာ ကြင္းဆင္းေကာက္ယူလ်က္ရွိပါတယ္၊ က်န္ရွိတဲ့ ေက်း႐ြာ(၇)႐ြာကို ဒီဇင္ဘာလ(၂၄)ရက္အထိ ကြင္းဆင္း‌ ေကာက္ယူ သြားမွာျဖစ္တယ္” ဟု ၿမိဳ႕နယ္ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဆိုင္ရာ ၿမိဳ႕နယ္ဦးစီးမႉး႐ုံးမွ လ.ဝ.က မႉး ဦးရဲလြင္ကဆိုသည္။

ယင္းသို႔ အမွတ္(၂)ရပ္ကြက္အတြင္း သန္းေခါင္စာရင္းဆိုင္ရာမ်ား စာရင္းေကာက္ယူရာတြင္ ၿမိဳ႕နယ္ၾကားျဖတ္ သန္းေခါင္စာရင္း ေကာက္ယူေရးေကာ္မတီ ဉကၠဌ ဒုတိယၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး ဦးေက်ာ္သီဟႏွင့္ ၿမိဳ႕နယ္ လ.ဝ.က ဦးစီးမႉး ဦးေဇာ္ထြန္းလင္းတို႔က လိုက္လံၾကည့္ရွဴစစ္ေဆးခဲ့ၾကၿပီး ေက်း႐ြာတစ္႐ြာလွ်င္ ေနအိမ္(၃၅)အိမ္စီကို ၿမိတ္ၿမိဳ႕၌ ၾကားျဖတ္လူဦးေရသန္းေခါင္စာရင္းေကာက္ယူျခင္းလုပ္ငန္း စာရင္းစစ္/ စာရင္းေကာက္ယူေရးဆိုင္ရာ သင္တန္းသို႔ တက္ေရာက္ခဲ့ၿပီးျဖစ္သည့္ စာရင္းစစ္တစ္ဦးႏွင့္စာရင္းေကာက္(၄)ဦးတို႔က လူဦးေရဆိုင္ရာမ်ား၊ လူမႈေရး၊ ပညာေရး၊ စီးပြား၊ အိမ္ႏွင့္ေရ၊ ပတ္ဝန္းက်င္ႏွင့္ တစ္ကိုယ္ရည္သန႔္ရွင္းေရး၊ စသည့္ ၾကားျဖတ္သန္းေခါင္ဆိုင္ရာ အခ်က္အလက္ မ်ားကို ဒီဇင္ဘာလ(၂၄)ရက္ေန႔အတြင္း ဆက္လက္ကြင္းဆင္း၍ ေကာက္ယူျပဳစုသြားမည္။

ကြၽန္းစု(ျပန္/ဆက္)
https://www.facebook.com/IHR.MINISTRY/

Address

Ar Zar Ni Road, Khone Win Dat Quarter
Dawei
HTTPS://WWW.FACEBOOK.COM/IHR.MINISTRY/

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when လ.ဝ.က နှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး - တနင်္သာရီတိုင်းဒေသကြီး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share