18/07/2018
ကံပေါက်ဒေသရှိ GGS ဓာတ်အားထုတ်လုပ်ရေးစက်ရုံရှိ Gas Engine အမှတ် ၄ နှင့် အမှတ် ၈ စုစုပေါင်း စက် (၂) လုံး Trip ဖြစ်ကာ ချို့ယွင်းသွားပြီး စက်များအားလုံး ရပ်တန့်သွားပါသဖြင့် ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်များတွင် ဓာတ်အားပြတ်တောက်လျက်ရှိပါသည်။
အဆိုပါ ချို့ယွင်းသွားသော စက်များအား GGS ကုမ္ပဏီမှ အမြန်ဆုံး ပြန်လည်ပြုပြင်ပြီး ဓာတ်အားထုတ်လုပ်ပေးနိုင်ရန် ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် ဓာတ်အားပြတ်တောက်မှုအတွက် သည်းခံပေးပါရန် မေတ္တာ ရပ်ခံပန်ကြားအပ်ပါသည်။