Chinland Defense Force - Kalay Kabaw Gangaw B6

Chinland Defense Force - Kalay Kabaw Gangaw B6 Gangaw District , P1
ဂန့်ဂေါမြို့နယ်အခြေစိုက်

15/02/2024

သင်တန်းသားသစ်များ ခေါ်ယူခြင်း

သတင်း နှင့် ပြန်ကြားရေးဌာန
Chinland Defense Force - Kalay Kabaw Gangaw

 # #ထောက်ပို့ထီ
02/02/2024

# #ထောက်ပို့ထီ

13/01/2024

လျှောက်တဲ့လမ်းလည်း ကြမ်းခဲ့သည်...
ပန်းတိုင်ကလည်း နီးလာပြီ ။

စစ်ရေးဆိုင်ရာမြေပြင် ​ေခြ​ေနအရ
ကျွန်တော်တို့ဟာ ရန်သူကို အမြစ်ပြတ် ချေမှုန်းနိုင်ရေးအတွက် စစ်ဒေသအလိုက်၊ တပ်ရင်းတပ်ဖွဲ့အ လိုက် စုဖွဲ့မှု၊လေ့ကျင့်ရေးနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး များကို အရှိန်အဟုန်ကြီးစွာဖြင့် တစ်စိုက်မတ်မတ် ​ဆောင်ရွက်မှုများအား မိဘပြည်သူများအနေဖြင့် ကြားမြင်သိရှိပြီးဖြစ်ပါလိမ့်မည်။
ယခင်နှစ်တွင် ကျွန်ုပ်တို့ တော်လှန်ရေးအင်အားစုများအနေဖြင့် တပ်ရင်းများအလိုက် စစ်ရေးလှုပ်ရှား ဆောင်ရွက်မှုများကိုလည်း ပူးပေါင်းလုပ်ဆောင်ခဲ့ကာ စစ်ကောင်စီ၏ အရှိုက်ကို များစွာ ထိုးနှက်ခဲ့ပြီးဖြစ်ပါသည်။ သာဓကများအနေဖြင့် မိမိတို့မြို့နယ် အစွန်များရှိ တပ်ကုန်းစခန်းများ၊စစ်ကောင်စီတပ်စွဲထားရှိရာ ရဲစခန်းများအား ကျွန်ုပ်တို့ တပ်ရင်းအပါအဝင် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီးလည်းဖြစ်ပါသည်။ နောက်ထပ်ကျန်ရှိနေသေးသော စစ်ကောင်စီလက်အောက်ခံ လက်ပါးစေ များအား ပိုမို၍ စစ်ရေးအရှိန်အဟုန်မြှင့်တင်ကာ ချဥ်းကပ် တိုက်ခိုက်နိုင်ရေးအတွက် မိမိတို့ တော်လှန်ရေးအင်အားစုများအနေဖြင့် ဆောင်ရွက်နေကြရဦးမည်လည်း ဖြစ်ပါသည်။
နှစ်သစ်နဲ့အတူ တော်လှန်ပြည်သူများအနေဖြင့် မိမိတို့ဒေသတွင် လုပ်ဆောင်ရဦးမည့် ကြီးစွာသောစစ်ရေးတာဝန်များအား တပ်ရင်းများမှ တစိုက်မတ်မတ် အားသွန် ခွန်စိုက် ထမ်းဆောင်နိုင်ရေးအတွက် ရှေးရှုကာ ကျွန်ုပ်တို့၏ တော်လှန်ရေးခရီး၌ လက်တွဲမဖြုတ်ပဲ ပါဝင်ဖေးမကူကြပါရန် နှိုးဆော်တိုက်တွန်းအပ်ပါသည်။

📢 ; ထို့အတူ ပြည်သူများအား မိမိတို့တပ်ရင်းအ​​​နေဖြင့်ယခုလအတွင်း ရောင်းချပေးနေသော "ထောက်ပို့ထီ ” ထီလက်မှတ်များကိုလည်း ဝယ်ယူအားပေးကြပါရန် အကူအညီတောင်းခံအပ်ပါသည် ။

# #ထောက်ပို့ထီ
#
# # #စခန်းသိမ်းတိုက်ပွဲတစ်ခုမှလျှပ်တပြ​က်ရိုက်ချက်

 # #ထောက်ပို့ထီ       ချစ်ခင်အားထားရပါသော မိဘပြည်သူများခင်ဗျာ..       ဒီနှစ်သစ်မှာ တော်လှန်ရေးအရွေ့တစ်ခုရောက်အောင် တွန်း...
12/01/2024

# #ထောက်ပို့ထီ
ချစ်ခင်အားထားရပါသော မိဘပြည်သူများခင်ဗျာ..
ဒီနှစ်သစ်မှာ တော်လှန်ရေးအရွေ့တစ်ခုရောက်အောင် တွန်းပို့ဖို့ရာအတွက် အရေးပါလှတဲ့ အစီအစဥ်တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ..
ဒီအစီအစဥ်ဟာဆိုရင်ဖြင့် တော်လှန်ရေးအင်အားစုများ၏ ကုန်ကျစရိတ်များပြားလှမှု ၊စစ်အသုံးစရိတ်များ ဖြည့်တင်းရန် လိုအပ်မှုများကို ပိုမိုအဆင်ပြေအောင် ရည်ရွယ်ကာ အကောင်ထည်ဖော် ဆောင်ရွက်ထားခြင်းဖြစ်ပါ သည်။ဒါကတော့ ကျွန်ုပ်တို့ တော်လှန်ရေး အင်အားစု များအတွက် ဦးတည် ထောက်ပို့ကြမည့် ”ထောက်ပို့ထီ ”ပဲဖြစ်ပါသည်။
ကျွန်ုပ်တို့ တပ်ရင်း အနေဖြင့် မြေပြင်၌
ထီလက်မှတ် နံပါတ်, 106056 မှ
108056 အထိ ထီလက်မှတ်အစောင်ရေ
2000 အားရောင်းချပေးနေပါသည်။ မိဘပြည်သူများအနေဖြင့် တတ်စွမ်းသလောက် အား​ပေးဝယ်ယူပေးခြင်းဖြင့် ပါဝင်ကူညီ ထောက်ပို့ပေးကြပါရန် အလေးထား ကာ အကူအညီတောင်းခံအပ်ပါသည်။
ထောက်ပို့ထီ၏ Main Page၌ ဝယ်ယူအားပေးနိုင်ပြီး အောက်ပါ ကျွန်ုပ်တို့တပ်ရင်းအနေဖြင့် ရောင်းချနေသူများ၏ link တွေမှာလည်း သွားရောက်ဝယ်ယူအားပေးနိုင်ပါတယ် ခင်ဗျာ..

CDF-KKG B6
သတင်းနှင့်ပြန်ကြားရေး

Christmas အထိမ်းအမှတ်ပွဲ ကျင်းပခြင်း၂၀၂၃ ခုနှစ် ဒီဇင်ဘာလ(၂၇)ရက်နေ့တွင် CDF-KKG တပ်ရင်း (၆)၏တပ်ရင်းစခန်း၌ Christmas အထိမ်...
27/12/2023

Christmas အထိမ်းအမှတ်ပွဲ ကျင်းပခြင်း

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ(၂၇)ရက်နေ့တွင် CDF-KKG တပ်ရင်း (၆)၏တပ်ရင်းစခန်း၌ Christmas အထိမ်း အမှတ်ပွဲ ကျင်းပ ပြုလုပ်ပြီး AGS ၊ VCS၊ တပ်ရင်းအသီးသီး မှ အရာရှိများ နှင့် ရဲဘော်များ ၊ဖိတ်ကြားထားသည့် ဧည့်သည်တော် များလည်း တက်ရောက် လာကြပါသည်။
ထို အထိမ်းအမှတ်ပွဲ တွင် တပ်ရင်း(၆) တပ်ရင်းမှူးမှ အဖွင့်အမှာစကား ပြောကြားပြီး၊ တရားဟောဆရာ မှ ဆုတောင်းဝတ်ပြုပြီး ဓမ္မတေးများသီဆိုဖျော်ဖြေ ကြပါသည်။
AGS မှ ကျေးဇူးတင်စကား ပြောကြားပြီး အထိမ်း အမှတ်ပွဲ အောင်မြင်စွာ အထမြောက်ပြီးဆုံးခဲ့ပါ သည်။
” CDF-KKG ဆိုတာဟာ CDF (ချင်းလဲန်းကာကွယ် ရေးတပ်ဖွဲ့) လို့ အမည်ခံထားသော်လည်း လူမျိုး ဘာသာ မရွေး တော်လှန်ရေး တာဝန် လာရောက် ထမ်းဆောင် နိုင်တဲ့ တော်လှန်ရေး အဖွဲ့အစည်းတစ် ခုသာလျှင်ဖြစ်တယ်.. ရဲဘော်များဟာ နယ်မြေဒေသ အသီးသီးမှ လာရောက်ကာ တော်လှန်ရေး ဆိုတဲ့ အကြောင်းအရာ တစ်ခုအောက်မှာ ဆုံစည်းကြရတာဖြစ်တာကြောင့် မတူကွဲပြားမှုများကို ကြုံတွေ့ နေကြရမည်လည်း ဖြစ်တယ်..လူမျိုး ၊ကိုးကွယ်ယုံကြည်မှု မတူညီသော်ငြားလည်း ကျွန်တော်တို့ ဟာ ခွဲခြားဆက်ဆံမှုများ မရှိစေရေး အလေးထား
ဆောင်ရွက်ကာ တပ်ရင်းမှာ သာတူညီမျှရှိစေရေးကို လုပ်ဆောင်နေတာလည်း ဖြစ်တယ်..”

CDF-KKG တပ်ရင်း(၆) တပ်ရင်းမှူး၏
အဖွင့်အမှာစကား ကောက်နုတ်ချက်မှ/-

CDF-KKG တပ်ရင်း (၆) တွင် Christmas အထိမ်းအမှတ်ပွဲ ကျင်းပပြုလုပ်နိုင်ရေးအတွက် အဓိက ကူညီထောက်ပို့ပေးကြသော ပြည်ပမှ ညီအကိုမောင်နှမများနှင့်တကွ ပါဝင်ကူညီဆောင်ရွက်ပေးကြပါသော ရပ်နီးမှ ပြည်သူများအားလုံး ကို ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
Sweet X-mas
(Christmas အထိမ်းအမှတ်ပွဲ ပုံရိပ်မှတ်တမ်း)

ROC မှာ မဲဝယ်တာလည်း ဝယ်ပေါ့..Main Page မှာလည်း မိုးရာသီစစ်ဆင်ရေးအတွက် လူတစ်ယောက် ကျည်တစ်တောင့် campaign မှာလည်း ပါဝင်ပေး...
12/09/2023

ROC မှာ မဲဝယ်တာလည်း ဝယ်ပေါ့..
Main Page မှာလည်း မိုးရာသီစစ်ဆင်ရေးအတွက် လူတစ်ယောက် ကျည်တစ်တောင့် campaign မှာလည်း ပါဝင်ပေးအုံးပေါ့၊ တစ်တောင့် = 10,000 MMK
https://t.me/fenic0296

The flower that blooms in adversity is the most rare and beautiful.
ဒုက္ခ သုက္ခ အခက်အခဲအမျိုးမျိုးကြားက ပွင့်လာတဲ့ပန်းဟာ အရှားပါးဆုံးနဲ့ အလှပဆုံး ပန်းပါပဲ။🌺 The Movil

#လူတစ်ယောက်ကျည်တစ်တောင့်
#မိုးရာသီစစ်ဆင်ရေး

07/09/2023

LIVE streaming ကြပါအုံးခဗျ..🥰

06/09/2023

လမ်းခရီးတွေ ဆုံးတဲ့အခါ
တချို့က ပျော်ရွှင်ခြင်းတွေ ရကြတယ်
တချို့က နာကျင်ခြင်းတွေ ရကြတယ်
ကျနော်လည်းပဲ
ရှင်လျက် သေခဲ့ပါတယ်။
#ငြိမ်း

⏩မပြီးဆုံးသေးတဲ့ ဒီတော်လှန်ရေးခရီးမှာ CDF-KKG တပ်ရင်း(၆) အနေနဲ့ ပုံစံအမျိုးမျိုး
ကြိုးစားလျှောက်လှမ်းဆဲပါ။
✅Fundraising အပိုင်းမှာဘဲဖြစ်ဖြစ်
✅People Defense အပိုင်းမှာဘဲဖြစ်ဖြစ်
✅Operation အပိုင်းမှာဘဲဖြစ်ဖြစ်
ရဲဘော်တွေကိုယ်တိုင် မဆုတ်မနစ်ကြိုးစားလျက်ပါ။

⏩ROC Drone Team အနေနဲ့လည်း လုပ်ငန်းတာဝန်တွေ မအားလပ်တဲ့ကြားက
ကျားကုတ်ကျားခဲ လုံးပန်းပြီး မဲရောင်းနေကြရတာပါ။ မြေပြင်စစ်ကြောင်းအခြေအနေ
အရရော၊ အင်တာနက်လိုင်းအခြေအနေအရရော၊ တပ်ရင်းလုပ်ငန်းတာဝန်တွေအရရော
ဖိစီးမှုများစွာထဲကနေ လိုအပ်ချက်တစ်ခုအတွက် ရုန်းကန်နေရတာပါ။
⏩မဲရောင်းကူပေးကြတဲ့ အရောင်းကိုယ်စားလှယ် ထောက်ပို့ရဲဘော်များရဲ့ ပင်မအားပေး
ကူညီရောင်းချပေးမှုကြောင့်သာ စောင်ရေ 1369 စောင်ထိ ရောင်းချနိုင်ခဲ့ကြတာပါ။

💦ROC Drone Team အတွက် Federal Wing ဝယ်ယူနိုင်ရေး ပထမအကြိမ်အဖြစ်
မဲရောင်းချခြင်း အစီအစဉ်ဟာ 5.09.2023 မှာ ပြီးဆုံးပြီး
မနက်ဖြန် 7.09.2023 ကြာသပတေးည ၈:၃၀ နာရီအချိန်မှာ ဆုမဲလက်ဆောင်
ဖောက်ပေးသွားမှာဖြစ်ပါတယ်။
💦Live stream ကို ROC Force page မှာ စောင့်မျှော် အားပေးကြပါအုံးနော်..🥰

🔰7.09.2023 ကြာသပတေးနေ့
🔰မနက်ဖြန်ည 8:30 P.M
🔰ROC Force page
🔰Live Stream

Send a message to learn more

ROC Force ရဲ့ပထမအကြိမ် မဲရောင်းကာလ အချိန်ပြည့်ခါနီးပီ..(၂)ရက်ပဲလိုတော့တာမို့ နိုင်သလောက် အမြန်လေး သွားဝယ်ပေးကြပါအုံး..🤗h...
03/09/2023

ROC Force ရဲ့ပထမအကြိမ် မဲရောင်းကာလ
အချိန်ပြည့်ခါနီးပီ..(၂)ရက်ပဲလိုတော့တာမို့ နိုင်သလောက် အမြန်လေး သွားဝယ်ပေးကြပါအုံး..🤗
https://m.facebook.com/story.php?story_fbid=238461749136123&id=100089168976017&mibextid=Nif5oz




💛

ချစ်လှစွာသော ပြည်သူများ....
ကိုယ်ကျန်းမာ၍ ဘေးကင်းကြပါစ,,🙏

၂နှစ်ခွဲကျော် ဖြတ်သန်းလာတဲ့
တော်လှန်ရေးခရီးမှာ..

ကျနော်တို့တပ်ရင်းအတွက်တော့
လိုအပ်ချက်တွေ ဗုံးဗောလအော ရှိနေဆဲပါ။

ROC Drone Team အတွက်
ကင်းထောက်ရုံမျှနဲ့ တော်လှန်ရေးလုပ်ရတာ
အားမရ ၊ မကျေမနပ် တွေဖြစ်ရလို့
Federal Wing နဲ့ ဝေဟင် ထိုးစစ် ဆင်ချင်လှပါပြီ။

သိန်း၃၀၀ ဝန်းကျင်ရှိတာမို့
Target ပြည့်ပီအောင် မဲလက်မှတ်လေးတွေ ရောင်းချပါရစေ..🌼

ဆုမဲတွေအဖြစ်
ပထမဆု = OSE S2 Tablet
ဒုတိယဆု = ချင်းဝတ်စုံ(အမျိုးသမီး)
တတိယဆု = ကျောပိုးအိတ်+ Power Bank
နှစ်သိမ့်ဆု အနေနဲ့ wireless bluetooth earbuds တို့ကို ကံစမ်းလက်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။

မဲတစ်စောင် = 5000/- MMK

KPay
WavePay
NUGPay

အောက်ပါ pretty boys လေးတွေဆီမှာလည်း
ဝယ်ယူအားပေး ကံစမ်းနိုင်ပါတယ်..🧒

Nay Myo
https://www.facebook.com/profile.php?id=100085379245573

Kelvin Zaw
https://www.facebook.com/profile.php?id=100093287364835

https://t.me/fenic0296

15th July -To- 5th September



🟠

လူတစ်ယောက် ကျည်တစ်တောင့်နှုန်းဖြင့်မိုးရာသီ စစ်ဆင်ရေးမှာ ပါဝင်ပေးကြပါ။✅ပထမဦးဆုံးအဖြစ် ပါဝင်ပံ့ပိုးကြတဲ့      Singapore မ...
28/08/2023

လူတစ်ယောက် ကျည်တစ်တောင့်နှုန်းဖြင့်
မိုးရာသီ စစ်ဆင်ရေးမှာ ပါဝင်ပေးကြပါ။

✅ပထမဦးဆုံးအဖြစ် ပါဝင်ပံ့ပိုးကြတဲ့
Singapore မှ တော်လှန်ရေးမောင်နှမများ အားလုံး
တစ်ဦးချင်းစီကို လေးစားအားထားစွာ ကျေးဇူးတင်လျက်ပါခဗျ..🙏

ပြောက်ကျားနည်းစနစ်နဲ့ စစ်ဆင်ရေးလုပ်တာထက်
စစ်ရေးစီမံချက်နဲ့ စစ်ဆင်ရေးလုပ်နိုင်ဖို့
အရွေ့တစ်ခုကို ပိုပြီးတွန်းရတော့မှာပါ။

​လက်ရှိ campaign အောင်မြင်ဖို့
ပြည်သူ ၅၀၀၀ ဘဲ လိုအပ်ပါတယ်။
သင်လည်း တစ်ဦးအပါအဝင်ဖြစ်လာနိုင်ပါစေ။☑️

စစ်ရေးသတင်းလည်း နားစွင့်ရင်း
စစ်ဆင်ရေးအတွက် လိုအပ်ချက်တွေလည်း ဖြည့်တင်းရင်းပေါ့ဗျာ..✊️

လူတစ်ယောက် >> ကျည်တစ်တောင့်
ကျည်တစ်တောင့် = ၁၀၀၀၀ ကျပ်
https://t.me/fenic0296


#မိုးရာသီစစ်ဆင်ရေး

Address

Main Road
Gangaw

Website

Alerts

Be the first to know and let us send you an email when Chinland Defense Force - Kalay Kabaw Gangaw B6 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Chinland Defense Force - Kalay Kabaw Gangaw B6:

Share

Category