23/01/2026
ပါဝင်အားဖြည့်ကြရအောင် ယောအတွက်❤
တွဲလက်ညီညီ ချီတက်မည် 🚩
(၁) 1027 မှာ ဗမာတပ်တွေ ၀င်ရောက်ဆင်နွှဲခဲ့သလိုမျိုး ကချင်ဒေသေရဲ့ စ_စ်မျက်နှာ တစ်ခုဖြစ်တဲ့ ၀ိုင်းမော် _ စ - စ် မျက်နှာမှာ ယောဒေသမှ PDF တပ်ရင်းတွေစုပေါင်းပြီး ရဲစိတ်နဲ့ ၀င်ရောက်ဆင်နွှဲနေကြပါတယ်။
အသ_က် သွေး- တွေရင်းပြီး နွှဲကြတဲ့ ဒီပွဲမှာ
စ–စ်ရေးအတွေ့အကြုံကြွယ်၀တဲ့ ERO တွေနဲ့အတူ ၊ မဟာဗျုဟာမြောက် သင်ယူရင်း ၊ အဖိတ်အစင်အနည်းဆုံးနဲ့
မိခင်ဒေသတွေဆီ ပြန်လာ အကျိုးပြုနိုင်ဖို့ဆိုတာ နေ့စဉ်နဲ့အမျှ အရေးကြီးတဲ့ ကိစ္စပါပဲ။
(၂) စကမ ဟာ လွတ်မြောက်နယ်မြေဖြစ်ဖို့ ရာခိုင်နှုန်းများစပြုလာတဲ့ ချင်းပြည်ကို အင်းအားပြည့်နဲ့ ပြန်တက်သိမ်းဖို့ ၊ စစ်ကိုင်း၊ ချင်း ၊ မကွေး တိုင်းသုံးတိုင်းဆုံရာက ချင်းပြည်၀င်ပေါက် - ယောဒေသမှာ အပူတပြင်း စ______စ် ပြင်လျှက်ရှိပါတယ်။
အညာကို ခိုင်မာအားကောင်းစေပြီး ချင်းပြည်၀င်ပေါက်ကို ကာကွယ်နိုင်ဖို့ဆိုတာ ဒီနေ့မျက်မှောက် တော်___လှန်ရေးရဲ့ နောက်ထပ် အရေးကြီးတဲ့ အဆုံးအဖြတ်တစ်ခုဖြစ်ပြန်ပါတယ်။
ဒါကပဲ တွဲလက်ညီညီ ချီတက်မည် ကျပ်သိန်း ၅၀၀၀ ကမ်ပိန်း ပြုလုပ်ရခြင်းရဲ့ ရည်ရွယ်ချက် (၂) ခု ဖြစ်ပါတယ်။
—-------------------------------------------
📌ကမ်ပိန်း Target ကျပ်သိန်း ၅၀၀၀ မှာ သိန်း ၁၀၀၀ ကို ၀ိုင်းမော် စ___စ် မျက်နှာမှာ တာဝန်ထမ်းဆောင်နေကြတဲ့ အထူးစစ်ကြောင်း (၁) ကို တိုက်ရိုက် ထောက်ပို့မှာဖြစ်ပြီးတော့ ကျန်ပမာဏကိုတော့ ယောစ—-စ် မျက်နှာကို စီးဆင်းမှာပါ။
(၅) နှစ်တာခရီးရှည်မှာ ထောက်ပို့ပြည်သူဟာ ပင်ပန်းခဲ့ပြီမို့ ပြည်သူကို ပြည်လည် ကျေးဇူးတုံ့ ပြန်နိုင်မဲ့ ကံစမ်းထောက်ပို့အစီအစဉ်မျိုးနဲ့ စီစဉ်ထားပါတယ်။
🎁ပထဆု - ကျပ်သိန်း ၂၅၀ တန် ကားတစ်စီး
🎁ဒုတိယဆု - ကျပ်သိန်း ၆၀ တန် iPhone 17 Promax
🎁တတိယဆု - ကျပ်သိန်း ၃၀ တန် စက်ဘီး
🎁အထူးဆု - တော်လှန်ထုတ်ကုန်နာရီ
စတဲ့ တန်းဖိုးကြီး ဆုမဲတွေ ပါ၀င်မှာဖြစ်ပြီး …
မဲလက်မှတ်စျေးတွေကတော့ …
မလေးရှား-25 RM
စင်ကာပူ - 10$
ကိုရီးယား-10000₩
ဂျပန် -1000¥
မြန်မာ -20000K
ထိုင်း- 200 Baht Rate တို့နဲ့ ကံစမ်းနိုင်မှာပါ။
ရန်သူဟာ တော်_____လှန်ရေးကို နှောင့်နှေးပျက်စီးအောင် နည်းလမ်းအမျိုးမျိုးနဲ့ ကြံဆောင်လျှက်ရှိပါတယ်။ မယိုင်လဲသော အောင်စိတ်နဲ့ ထောက်ပို့ရဲဘော်အဖြစ် ဆက်လက် ဖြစ်တည်ပေးပါ။
NUG ရဲ့ တရား၀င် Fundraising စည်းမျဉ်းစည်းကမ်းတွေအတိုင်း ဆောင်ရွက်ပြီး ၊ တလရ ကာလတစ်လျှောက်လုံး ရန်ပုံငွေ အဖိတ်အစင်မရှိ မြေပြင် ပို့ပေးနိုင်ခဲ့တဲ့ တော်လှန်ကျန်းမာအနာဂါတ်ကမ္ဘာ၊ MCG နဲ့ GYF က စီစဉ်တာမို့ ၊ ယုံကြည်စိတ်ချစွာ ကံစမ်းပါ၀င်ပေးကြဖို့ နှိုးဆော်တိုက်တွန်းလိုက်ပါတယ်။ 🚩
#တွဲလက်ညီညီချီတက်မည် #ကံစမ်းရင်းကူ