Irrigation Office, Hinthada

Irrigation Office, Hinthada To share flood protection activities

ဟင်္သာတခရိုင်၊ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ၂၀၂၅ ခုနှစ် မိုးရာသီကာလအတွင်း ရေ‌ဘေးကာကွယ်ရေးအတွက် တာတမံ...
17/11/2025

ဟင်္သာတခရိုင်၊ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ၂၀၂၅ ခုနှစ် မိုးရာသီကာလအတွင်း ရေ‌ဘေးကာကွယ်ရေးအတွက် တာတမံကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သော ဝန်ထမ်းများအား ဂုဏ်ပြုထောက်ပံ့ပေးခြင်းအခမ်းအနား(17.11.2025)

28/10/2025
လက်ထောက်ညွှန်ကြားရေးမှူးရုံး(ဟင်္သာတ)ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဝန်ထမ်းမိသားစုများ၏ (၇၀) ကြိမ်မြေ...
27/10/2025

လက်ထောက်ညွှန်ကြားရေးမှူးရုံး(ဟင်္သာတ)ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဝန်ထမ်းမိသားစုများ၏ (၇၀) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာကို (၂၆.၁၀.၂၀၂၅)ရက်နေ့
အင်္ဂပူမြို့၊ ကံဦးကျေးရွာအုပ်စု၊ ဇေယျသုခကျောင်းတိုက်တွင် ကျင်းပ လှူဒါန်းခဲ့ပါသည်။ နတ်လူ သာဓုခေါ်စေသောဝ်။ (27.10..2025)

ဟင်္သာတခရိုင်၊ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ပုသိမ်ခရိုင်၊ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး...
30/09/2025

ဟင်္သာတခရိုင်၊ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ပုသိမ်ခရိုင်၊ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနသို့ ပြောင်းရွှေ့တာဝန်ထမ်ဆောင်ရမည်ဖြစ်‌သော ဦးမျိုးမြင့်အောင် ၊လက်ထောက်ညွှန်ကြားရေးမှူး၏ နှုတ်ဆက်ပွဲအခမ်းအနားနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ပြောင်းရွှေ့ရောက်ရှိလာသော
ဦးကျော်စွာမြင့်၊လက်ထောက်ညွှန်ကြားရေးမှူးအား ကြိုဆိုမိတ်ဆက်ခြင်းအခမ်းအနား
(30.9.2025)

ဟင်္သာတခရိုင်၊လက်ထောက်ညွှန်ကြားရေးမှူးရုံး၊ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန မိသားစုများ ဝါဆိုသင်္ကန်းဆက...
08/08/2025

ဟင်္သာတခရိုင်၊လက်ထောက်ညွှန်ကြားရေးမှူးရုံး၊ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန မိသားစုများ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းအခမ်းအနား(8.8.2025)

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ဆည်မြောင်းနှင့်‌ ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ရေဘေးကာကွယ်ရေးသရုပ်ပြပွဲနှင်...
30/06/2025

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ဆည်မြောင်းနှင့်
‌ ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ရေဘေးကာကွယ်ရေးသရုပ်ပြပွဲနှင့်ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို (၃၀.၆.၂၀၂၅)‌ရက်နေ့တွင်
မြန်အောင်မြို့နယ် မြန်အောင်တာ
‌တာမိုင် (၆/၃)အမှတ်(၂)ရေကင်းစခန်း(မကျီးစု)၌ ကျင်းပပါသည်။

‌အခမ်းအနားသို့

‌မြန်ေအာင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဟင်္သာတခရိုင် ဆည်/ရေဦးစီးဌာနမှ လ/ထညွှန်ကြားရေးမှူး ဦးမျိုးမြင့်အောင်
‌မြန်‌‌အောင်မြို့နယ်၊
‌မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ
‌ ဦးနေမင်းထွန်း
‌နှင့် အဖွဲ့ဝင်များ၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊မြို့နယ် ဆည်/ရေဦးစီးဌာန ဦးစီးအရာရှိ၊ ဆည်/ရေဦးစီးဌာန ဦးစီးမှူး(မြို့ပြ)၊ဒု-ဦးစီးမှူး(မြို့ပြ)များ၊ရဲတပ်ဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များ၊ကြက်ခြေနီတပ်ဖွဲ့များ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများ နှင့် တာတမံတလျှောက်နေထိုင်ကြသော ဒေသခံပြည်သူများ၊ စုစုပေါင်းအင်အား(၈၀)ခန့်တက်ရောက်ပါသည်။(30.6.2025)

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲ‌ရေးဦးစီးဌာနမှ‌ ရေဘေးကာကွယ်ရေးသရုပ်ပြပွဲနှင့်ဇ...
29/06/2025

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲ‌ရေးဦးစီးဌာနမှ‌ ရေဘေး
ကာကွယ်ရေးသရုပ်ပြပွဲနှင့်ဇာတ်တိုက်‌လေ့ကျင့်ခြင်း အခမ်းအနားကို (၂၉.၆.၂၀၂၅)
ရက်နေ့တွင် ဟင်္သာတမြို့နယ်
မဲဇလီညွန့်ကျေးရွာအနီး ဖြတ်တာ(၁-င)နှင့် ဟင်္သာတကမ်းနာတာ တာဆုံတွင် ကျင်းပခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း သည်
ဧရာဝတီတိုင်း​ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်
ဦးတင်​မောင်ဝင်း နှင့်အတူ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင် ၊ တိုင်းဝန်ကြီးများ၊တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဧရာဝတီတိုင်းဒေသကြီး၊ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ညွှန်ကြားရေးမှူး ဦးဝင်းဌေး ၊ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ
ဦးလှိုင်ထွန်းနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဟင်္သာတခရိုင် ဆည်/ရေဦးစီးဌာနမှ လ/ထညွှန်ကြားရေးမှူး
ဦးမျိုးမြင့်‌အောင်(၂)၊ ဟင်္သာတမြို့နယ်၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့
ဥက္ကဌ ဦး‌အောင်ဇော်မင်း၊မြို့နယ်
အဆင့်ဌာနဆိုင်ရာများ၊မြို့နယ် ဆည်/ရေဦးစီးဌာန ဦးစီးအရာရှိများ၊ ဆည်/ရေဦးစီးဌာန ဦးစီးမှူး(မြို့ပြ)၊ဒု-ဦးစီးမှူး(မြို့ပြ)များ၊ရဲတပ်ဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များ၊ကြက်ခြေနီတပ်ဖွဲ့များ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ပြန်/ဆက် နှင့် တာတမံတလျှောက်နေထိုင်ကြသော ဒေသခံပြည်သူများ၊ စုစုပေါင်းအင်အား(၃၀၀)ခန့်တက်ရောက်ပါသည်။(29.6.2025)

လက်ထောက်ညွှန်ကြားရေးမှူးရုံး(ဟင်္သာတ)ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနဝန်ထမ်းမိသားစုများ၏(၆၉) ကြိမ်မြောက...
11/11/2024

လက်ထောက်ညွှန်ကြားရေးမှူးရုံး(ဟင်္သာတ)ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး
ဦးစီးဌာနဝန်ထမ်းမိသားစုများ၏(၆၉) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာကို (၁၀.၁၁.၂၀၂၄)ရက်နေ့
ဟင်္သာတခရိုင်၊ဇလွန်မြို့နယ်၊ သရက်ချောင်းအုပ်စု၊ကွင်းကြီးကျေးရွာ၊ကွင်းကြီးကျောင်းတိုက်တွင် ကျင်းပ လှူဒါန်းခဲ့ပါသည်။ နတ်လူ သာဓုခေါ်စေသောဝ်။ (11.11.2024)

၂၀၂၄ ခုနှစ် မိုးရာသီကာလ မြစ်ရေကြီးချိန်တာတမံများ ထိခိုက်ပျက်စီးမှုမှ  ကြိုးစားကာကွယ်ခဲ့ကြသော တာတမံလုပ်သားများအားဂုဏ်ပြု‌...
12/10/2024

၂၀၂၄ ခုနှစ် မိုးရာသီကာလ မြစ်ရေကြီးချိန်တာတမံများ ထိခိုက်ပျက်စီးမှုမှ ကြိုးစားကာကွယ်ခဲ့ကြသော တာတမံလုပ်သားများအားဂုဏ်ပြု‌ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို
(၁၁.၁၀.၂၀၂၄)နေ့တွင် ကျင်းပခဲ့ပါသည်။(12.10.2024)

ဦးတင်ဝင်း(ညွှန်ကြားရေးမှူး)(ငြိမ်း)+ ဇနီး ဒေါ်လှလှမို့ မိသားစု ရန်ကုန်မြို့မှ မိုးရာသီကာလ ရေဘေးအခက်အခဲရှိသူများအား  မိုး...
19/09/2024

ဦးတင်ဝင်း(ညွှန်ကြားရေးမှူး)(ငြိမ်း)+ ဇနီး ဒေါ်လှလှမို့ မိသားစု ရန်ကုန်မြို့မှ မိုးရာသီကာလ ရေဘေးအခက်အခဲရှိသူများအား မိုးကာ နှင့် အနွေးထည်များ ပေးပို့လှူဒါန်းပါသည်။

ဟင်္သာတခရိုင်၊ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊လက်ထောက်ညွှန်ကြားရေးမှူးရုံးဝန်ထမ်မိသားစုများ၏ ဝါဆိုသင်္...
13/08/2024

ဟင်္သာတခရိုင်၊ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊လက်ထောက်ညွှန်ကြားရေးမှူးရုံး
ဝန်ထမ်မိသားစုများ၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းအခမ်းအနား (၁၃.၈.၂၀၂၄)

ဧရာဝတီတိုင်းဒေသကြီး၊စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးတင်အေးသည် ဟင်္သာတခရိုင်၊ ခရိုင်စီမံအုပ်ချူပ်ရေးအဖွဲ့ ဥက္...
30/07/2024

ဧရာဝတီတိုင်းဒေသကြီး၊စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးတင်အေးသည် ဟင်္သာတခရိုင်၊ ခရိုင်စီမံအုပ်ချူပ်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်မြင့်စိုး နှင့် ဇလွန်မြို့နယ် စီမံအုပ်ချူပ်ရေးအဖွဲ့ ဥက္ကဌ ဦးထွန်းထွန်းလင်း တို့လိုက်ပါလျက်(၃၀.၇.၂၀၂၄)ရက်နေ့ နံနက်ပိုင်းတွင် ဟင်္သာတခရိုင်အတွင်း မိုးရာသီကာလမြစ်ရေကြီးစဉ် တာတမံအခြေအနေများကို လိုက်လံကြည်ရှုစစ်ဆေးရာ ဇလွန်မြို့နယ် ဆန်တန်းရေကင်းစခန်းသို ရောက်ရှိရာ ကာကွယ်ဆောင်ရွက်ထားရှိမှုများအားလက်ထောက်ညွှန်ကြားရေးမှူး
ဦးမျိုးမြင့်‌အောင် မှ ရှင်းလင်းတင်ပြပါသည်။ စီးပွားကူးသန်း ဝန်ကြီး မှ လိုအပ်သည်များကို လမ်းညွှန်မှာကြားပါသည်။(30.7.2024)

Address

Hinthada

Website

Alerts

Be the first to know and let us send you an email when Irrigation Office, Hinthada posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Irrigation Office, Hinthada:

Share