05/05/2026
၃ ရက်တာ ကျင်းပခဲ့တဲ့ 3rd YIMS 2026 ပွဲကြီးကတော့ ကားအစီးရေ (၁,၀၀၀) ကျော် ရောင်းချနိုင်ခဲ့တဲ့ စံချိန်တင်မှတ်တိုင်တွေနဲ့အတူ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါပြီ။ 🎉
ဒါပေမဲ့ ဒါဟာ ခရီးစဉ်တစ်ခုရဲ့ အစပဲ ရှိပါသေးတယ်။ မိတ်ဆွေတို့ ပိုမိုမျှော်လင့်ထားတဲ့အတိုင်း...
ပိုမိုခမ်းနားတဲ့ ပြကွက်တွေ၊ ပိုမိုစုံလင်တဲ့ ကမ္ဘာကျော် Brand တွေနဲ့အတူ 4th Yangon International Mobility Show ကြီးက လာမယ့် နိုဝင်ဘာလ (November 2026) မှာ ထပ်မံရောက်ရှိလာတော့မှာပါ! 🚗💨
နိုဝင်ဘာပွဲမှာ ဘာတွေ ထူးခြားလာဦးမလဲ?
🔹 Bigger Future: မြန်မာ့မော်တော်ယာဉ်လောကရဲ့ နောက်ထပ် အဆင့်မြင့်မားလာမယ့် အလားအလာများ။
🔹 Innovative Experience: အရင်ပွဲတွေနဲ့မတူဘဲ ပိုမိုဆန်းသစ်တဲ့ နည်းပညာနဲ့ ဖျော်ဖြေရေး အတွေ့အကြုံသစ်များ။
🔹 Exclusive Offers: နှစ်ကုန်ပိုင်းမှာတင် ရရှိနိုင်မယ့် အထူးခြားဆုံး အခွင့်အရေးများ။
မတ်လပွဲတုန်းက အခွင့်အရေး လွတ်သွားသူတွေရော၊ နောက်ထပ် Brand အသစ်တွေကို စောင့်မျှော်နေသူတွေပါ နိုဝင်ဘာလကို အခုကတည်းက မှတ်ထားလိုက်ကြတော့နော်! 🗓️
ကျွန်မတို့ရဲ့ ခရီးစဉ်က နိုဝင်ဘာမှာ ပိုမိုတောက်ပစွာနဲ့ ပြန်လာခဲ့ပါမယ်။ အားလုံးပဲ နိုဝင်ဘာမှာ ပြန်ဆုံကြစို့! 👋✨