LTS Library - Hlegu

LTS Library - Hlegu စာအုပ် စာပေ လူ့မိတ်ဆွေ📚

သေနတ် ကို ...လက် တစ်ဖက်က ကိုင်ထားရင် နောက် ...လက်တစ်ဖက် က စာအုပ် ကို ကိုင်ဗျ ။ခင်ဗျားတို့ ...သေနတ်ကြီး ကိုင်ပြီး စာမဖတ်ရ...
26/02/2024

သေနတ် ကို ...
လက် တစ်ဖက်က ကိုင်ထားရင်

နောက် ...
လက်တစ်ဖက် က စာအုပ် ကို ကိုင်ဗျ ။

ခင်ဗျားတို့ ...
သေနတ်ကြီး ကိုင်ပြီး စာမဖတ်ရင်
အကုန် ဓားပြတွေ ဖြစ်ကုန်လိမ့်မယ် ။

အေး ...
စာချည်း ဖတ်နေရင်လဲ
အကုန် လူပျော့တွေ ဖြစ်ကုန်လိမ့်မယ် ။

🍀

သူငယ်ချင်းလိုပဲဆက်၍ ခေါ်မည်..ခိုင်စာရေးဆရာ : ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်Review “ ချစ်ပါတယ်ခိုင်ရယ် ခိုင့်ကို မောင်သိပ့်ခ...
25/02/2024

သူငယ်ချင်းလိုပဲဆက်၍ ခေါ်မည်..ခိုင်

စာရေးဆရာ : ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်

Review

“ ချစ်ပါတယ်ခိုင်ရယ်
ခိုင့်ကို မောင်သိပ့်ချစ်ပါတယ်။
ဒါပေမယ့် ငိုရတဲ့ အချစ်မျိုးနဲ့ချစ်ပါတယ်လို့
မောင် မပြောပါရစေနဲ့တော့
မငိုရတဲ့ သူငယ်ချင်း အချစ်စစ်နဲ့ ချစ်ပါရစေ

သံသရာ အဆက်ဆက်မှာ ပြန်ဆုံတွေ့ရမဲ့ ရက်အထိ
ခိုင့်ကို မောင့်သူငယ်ချင်းအဖြစ်နဲ့ပဲ
ဆက်ချစ်ပါရစေ ခိုင်”

အချစ်ဆိုတာ
ပေးသင့်တယ်ထင်ပီး ပေးလို့ရတာမျိုးမဟုတ်ဘူး
ပေးချင်မှ ပေးလို့ရတာ ....

ကိုယ် ပေးတိုင်းလည်း သူ မရပါဘူး မောင်
ကိုယ် ပေးချင်တိုင်းလည်း သူ မယူပါဘူး မောင်.... 💜

အတိတ်ဆိုတာကိုလည်း မေ့ချင်ပါသည် ခိုင်....။
ပစ္စုန်ပ္ပန် မှာလည်း မောင် မပျော်ပါဘူး ခိုင်.....။
အနာဂတ် ဆိုတာကိုတော့ တွေးမိတိုင်း ကြောက်လန့်မိတယ် မိခိုင်ရယ်......။

(အချစ်ဆိုတာ ပိုင်ဆိုင်ရမှအချစ်မဟုတ်ပါဘူး
သူပြုံးပျော်ပြီး ပျော်ရွှင်နေတာ သူ့ဘဝလေး
သာယာနေတာကို ကြည့်ပြီး ဝမ်းသာပီတိ
ဖစ်နေရတာကလဲ အချစ်ပါပဲ)

ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်၏ သူငယ်ချင်းလိုပဲ ဆက်၍ခေါ်မည်…ခိုင် စာအုပ်ကို ကျွန်တော်တို့ရဲ့
LTS Library Hlegu Center မှာ ငှါး၍ ဖတ်ရှုနိုင်ပါတယ်၊ အခြားစာအုပ်များကိုလဲ ငှါး၍ဖတ်ရှုနိုင်ပါ
တယ်။

#တက္ကသိုလ်ဘုန်းနိုင်🍀

' အခုလိုခက်ခဲနေတဲ့ ကာလမျိုးမှာစိတ်ဓာတ်ကျ စိတ်ပျက်ဝမ်းနည်း အားငယ်နေတဲ့သူတွေအတွက် စိတ်ခွန်အားပေးထားတဲ့ 'စာအုပ်လေး နာမည်က '...
24/02/2024

' အခုလိုခက်ခဲနေတဲ့ ကာလမျိုးမှာ
စိတ်ဓာတ်ကျ စိတ်ပျက်ဝမ်းနည်း အားငယ်နေတဲ့
သူတွေအတွက် စိတ်ခွန်အားပေးထားတဲ့ '
စာအုပ်လေး နာမည်က '' HOPE " ပါ။
မြန်မာလိုကတော့ '' မျှော်လင့်ချက် '' ပေါ့။
ဒါပေမယ့် ဒီ HOPE ရဲ့ အရှည်ကောက်က
Hold On, Pain Ends ပါ။
(နာကျင်စရာတွေ ပြီးတော့မယ်.. အားတင်းထား
ဆိုတဲ့ အဓိပ္ပါယ်လေးပါ။)

ချစ်သူရည်းစားဖြစ်ဖြစ် ၊ သူငယ်ချင်းဖြစ်ဖြစ်
မကောင်းရင် စွန့်ပစ်ပါ ။ မကောင်းမှန်းသိသိနဲ့
အားနာပြီး ဆက်မပေါင်းဖြစ်ပါနဲ့ ။ အားနာပြီး ဆက်ပေါင်းရင် ကိုယ်ပဲ ဆက်ပြီး ခံနေရမှာပါ ။
ကိုယ့်အပေါ် စော်ကားတဲ့လူတွေကို မုန်းဖို့တော့
မလိုအပ်ဘူး မပတ်သက်ဘဲနေနိုင်ဖို့ပဲ လိုတာပါ။

ကျွန်တော်ကတော့ အဲလိုလူတွေကို ချစ်ခြင်း ၊
မုန်းခြင်း မရှိဘဲ လမ်းလျှောက်ထွက်ရင်း မျက်မှန်းတန်းမိလို့ ပြုံးပြနှုတ်ဆက်တဲ့
လူတစ်ယောက် အဆင့်လောက်မှာပဲ
ထားဖြစ်တော့တယ် ။ မစွန့်လွှတ်နိုင်သေးလို့ ၊
သူတို့ မရှိရင် မဖြစ်လောက်ဘူးလို့ ခင်ဗျား ထင်ကောင်းထင်နေလိမ့်မယ် ။ မထင်ပါနဲ့ ။ ဘဝထဲက ထုတ်ပစ်လိုက်ပါ ။

တစ်ခါတလေကျတော့ ကိုယ့်အနားမှာ မကောင်းတဲ့သူတွေ ရှိနေရင် ကောင်းတဲ့သူတွေကပါ ကိုယ့်ကို ရှောင်သွားတတ်ကြပါတယ် ။ ဒီတော့
ပိုကောင်းတဲ့သူတွေ အနားရောက်လာဖို့
ကိုယ့်အနားက မကောင်းတဲ့လူတွေကို ဘဝထဲက ထုတ်ပစ်လိုက်တာ အကောင်းဆုံးပါပဲ။

ကိုယ်တိုင်က စာဖတ်ပျင်းသူတစ်ယောက်ဖြစ်လို့ တစ်နှစ်လုံးနေလို့ စာတစ်အုပ်မဖတ်ဖြစ်ပါဘူး။
စာမဖတ်တော့ ဗဟုသုတမရှိ အမြင်မရှိတော့ အတွေ့အကြုံတွေကို ငွေပေးပြီး ဝယ်ယူခဲ့ရပါတယ်။
တစ်ချို့အမှားတွေက ဘာမဟုတ်လေးတွေဆိုပင်မဲ့
တစ်ချို့အမှားတွေက သိန်းဆယ်ချီတန်ပါတယ်။ တစ်ချို့အမှားတွေက သိန်းရာချီတန်ပါတယ်။
ဒီစာအုပ်လေးက ကိုယ့်လို မမှားမိအောင် ဆင်ခြင်နိုင်ဖို့အတွက် ထုတ်ဝေလိုက်တဲ့ စာအုပ်လေးဖြစ်ပါတယ်။

( I can do it, I believe you can do it too. )

Sint Nyi ၏ HOPE စာအုပ်ကို ကျွန်တော်တို့ရဲ့
LTS Library Hlegu Center မှာ ငှါး၍ဖတ်ရှုနိုင်ပါတယ် အခြားစာအုပ်များလဲ ငှါး၍ ဖတ်ရှုနိုင်ပါတယ်။

🌻

ကဲ….ကျွန်တော်တို့ရဲ့LTS Learning Training And Sharing Hlegu Center မှ အခြေခံပညာ အလယ်တန်းဖြေဆိုပီးသော ကျောင်းသား/သူ များအ...
19/02/2024

ကဲ….
ကျွန်တော်တို့ရဲ့
LTS
Learning Training And Sharing Hlegu Center
မှ အခြေခံပညာ အလယ်တန်းဖြေဆိုပီးသော
ကျောင်းသား/သူ များအတွက် နွေရာသီကျောင်းပိတ်ရက်မှာ အကျိုးရှိစေရန်အတွက်
Computer သင်တန်း တန်းခွဲ အသစ်ကိုဖွင့်လစ်ပေးလိုက်ပါပီ….
တက်ရောက်လိုသူများ LTS Hlegu Center တွင်
စာရင်းပေးသွင်းနိုင်ပါပီ။

သင်တန်းမှာ ပညာဒါန ဖြစ်ပါသည်။

သင်တန်းတည်နေရာ : ရေစင် (၆)လမ်း၊ ပြည်တော်သာရပ်ကွက်၊ လှည်းကူးမြို့နယ်။

အခု Page Messenger မှာလဲ စုံစမ်းနိုင်ပါသည်။

စာအုပ်အမည်: ငမွဲလော့ဂျစ်စာအုပ်အမျိုးအစား: လော့ဂျစ်အပိုင်းအစလေးများစာရေးသူ: အကြည်တော်ထုတ်ဝေခြင်း : ပထမအကြိမ်၊ မတ်လ၊ ၂၀၂၃ ...
18/02/2024

စာအုပ်အမည်: ငမွဲလော့ဂျစ်

စာအုပ်အမျိုးအစား: လော့ဂျစ်အပိုင်းအစလေးများ

စာရေးသူ: အကြည်တော်

ထုတ်ဝေခြင်း : ပထမအကြိမ်၊ မတ်လ၊ ၂၀၂၃ ခုနှစ်

Review: လော့ဂျစ်အတိုအစလေးတွေမို့
စဥ်းစားစရာလေးတွေနဲ့ လက်ခံရမယ့်
အရာလေးတွေပေါ့ ပုံမှန်အကြည်တော်က
ဟာသတွေ အရေးများပေမယ့်
ဒီစာအုပ်မှာတော့ မတူညီတဲ့ စတိုင်လေးကိုတွေ့ရမှာပါ...လော့ဂျစ်ပေါင်း (၄၃၆)ခု ကိုဖတ်ရင်းနဲ့
တွေးနေရမှာပါ။

လော့ဂျစ် (၁၈၂) = “လမ်းထိပ်မုန့်ဟင်းခါးဆိုင်ကနေ နိဗ္ဗာန်အထိ မင်းနဲ့အတူ သွားချင်တယ်”တဲ့။
ဟော့ပေါ့ဆိုင်တွေ့တော့ ချိုးဝင်သွားတယ်။

စာရေးဆရာရဲ့ မှတ်ချက်လေးလည်း
တင်ပေးလိုက်ပါတယ်နော်

'ဒီထဲမှာပါတဲ့
အချက်တော်တော်များများနဲ့
သင်ကိုက်ညီနေရင်
သေချာပြီ
သင်သေချာပေါက် မွဲနေပြီ...'
အကြည်တော်...

အကြည်တော် ရဲ့ ငမွဲလော့ဂျစ် စာအုပ်ကို ကျွန်တော်တို့ ရဲ့ LTS Library-Hlegu Center မှာ
ငှါး၍ ဖတ်ရှုလို့ရပါတယ် အခြားစာအုပ်များလဲ
ငှါး၍ ဖတ်ရှုနိုင်ပါတယ်။

#အကြည်တော်🌷

Address

Yay Sin 6th Street
Hlegu

Website

Alerts

Be the first to know and let us send you an email when LTS Library - Hlegu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category