Hmawbi DOA

Hmawbi DOA Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hmawbi DOA, Government Organization, Hmawbi.

နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့်နွေစပါးစီမံကိန်းဝင်တောင်သူများအားသွင်းအားစုဓာတ်မြေသြဇာပေးအပ်ခြင်းနှ...
18/01/2023

နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့်နွေစပါးစီမံကိန်းဝင်တောင်သူများအားသွင်းအားစုဓာတ်မြေသြဇာပေးအပ်ခြင်းနှင့်သွင်းအားစုကုမ္ပဏီအားသွင်းအားစုတန်ဘိုးငွေပေးချေခြင်းအခမ်းအနားကို18.1.2023 ရက်နေ့တွင်မှော်ဘီခရိုင်၊မှော်ဘီမြို့နယ်၊ရိုးဝကျေးရွာ၌ကျင်းပပြုလုပ်ရာအဆိုပါအခမ်းအနားသို့ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ၊ရန်ကုန်တိုင်းဒေသကြီး၊စီးပွားရေးဝန်ကြီးနှင့်တာဝန်ရှိသူများ၊တိုင်ဒေသကြီးအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊သွင်းအားစုကုမ္ပဏီမှတာဝန်ရှိသူများနှင့်စီမံကိန်းဝင်တောင်သူများတက်ရောက်ခဲ့ကြပါသည်။နွေစပါးစီမံကိန်းဝင်တောင်သူဦးမြင့်ဦး၏နွေစပါးစိုက်ပျိုးထားရှိမှုအားကြည့်ရှု၍လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ပါသည်။

မှော်ဘီမြိုနယ်အတွင်းနိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့်နွေစပါးစီမံကိန်းဝင်တောင်သူများအားသွင်းအားစုဓာတ်...
13/01/2023

မှော်ဘီမြိုနယ်အတွင်းနိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့်နွေစပါးစီမံကိန်းဝင်တောင်သူများအားသွင်းအားစုဓာတ်မြေသြဇာများပေးအပ်ခြင်းအခမ်းအနားကို12.1.2022ရက်နေ့တွင်မြောင်းတကာကျေးရွာအုပ်၊ရိုးဝကျေးရွာတွင်ကျင်းပပြုလုပ်ရာစိုက်ပျိုးရေးဦးစီးဌာနမှမြို့နယ်ဦးစီးမှူး၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှဦးစီးအရာရှိ၊မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်မှမန်နေဂျာနှင့်စီမံကိန်းဝင်တောင်သူများတက်ရောက်ခဲ့ကြပါသည်။

28.11.2022 ရက်နေ့တွင် မှော်ဘီမြို့နယ်၊ညောင်ကုန်းကျေးရွာ၊ကွင်းအမှတ်(၆၆၅)ရှိတောင်သူဦးသိန်းမော်၏မှော်ဘီ-၂စပါးစိုက်ခင်းအားစ...
28/11/2022

28.11.2022 ရက်နေ့တွင် မှော်ဘီမြို့နယ်၊ညောင်ကုန်းကျေးရွာ၊ကွင်းအမှတ်(၆၆၅)ရှိတောင်သူဦးသိန်းမော်၏မှော်ဘီ-၂စပါးစိုက်ခင်းအားစံကွက်ရိတ်သိမ်းရာတစ်ဧကလျှင်အစို၁၂၂.၆တင်းနှုန်း၊အခြောက်၁၁၂.၃၄တင်းနှုန်းထွက်ရှိပါသည်။ဆက်လက်၍နေကြာသီးနှံကွင်းလက်တွေ့စိုက်ပျိုးပြသပွဲကိုဆက်လက်ကျင်းပရာတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဌာနဆိုင်ရာအကြီးအကဲများ၊ခရိုင်အဆင့်၊မြိုနယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်ကျေးရွာရှိတောင်သူများတက်ရောက်ခဲ့ကြပါသည်။

04/11/2022

မှော်ဘီမြို့နယ်၊ညောင်ကုန်းကျေးရွာ၊ကွင်းအမှတ်(၆၆၅)၊ရှိတောင်သူဦးသိန်းမြင့်လယ်တွင်(4.11.2022)ရက်နေ့၌ဆင်းသုခစပါမျိုးဧက(၃၀)စိုက်ခင်းအားစံကွက်ရိတ်သိမ်းရာအစိုအထွက်တင်း၁၃၂.၁၇တင်းနှုန်းထွက်ရှိပါသည်

14/10/2022
10.7.2022 ရက်နေ့တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်ဝန်ကြီးဌာန၊ဒုတိယဝန်ကြီးသည် မှော်ဘီမြိုနယ်ညောင်ကုန်းကျေးရွာအုပ...
10/07/2022

10.7.2022 ရက်နေ့တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်ဝန်ကြီးဌာန၊ဒုတိယဝန်ကြီးသည် မှော်ဘီမြိုနယ်ညောင်ကုန်းကျေးရွာအုပ်စု၊ကွင်းအမှတ်၆၆၅တွင်ကျင်းပပြုလုပ်သော မျိုးစေ့ထုတ်စိုက်ပျိုးသည့်တောင်သူများအား ဓာတ်မြေသြဇာထောက်ပံ့ပေးအပ်ပွဲသို့တက်ရောက်အမှာစကားပြောကြားပြီးတောင်သူဦးသိန်းမော်၏မျိုး​ေစ့ထုတ်စိုက်ခင်းစိုက်ပျိုးနေမှုအားကြည့်ရှုအားပေးခဲ့ရာတိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးများ၊မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊မျိုးစေ့ထုတ်စိုက်ပျိုးသည့်တောင်သူများတက်ရောက်ခဲ့ကြပါသည်

မှော်ဘီမြို့နယ်ညောင်ကုန်းကျေးရွာတောင်သူဦးသိန်းမြင့်၏လယ်၌သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)မျိုးစေ့များအားတောင်သူများထံထောက်...
03/05/2022

မှော်ဘီမြို့နယ်ညောင်ကုန်းကျေးရွာတောင်သူဦးသိန်းမြင့်၏လယ်၌သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)မျိုးစေ့များအားတောင်သူများထံထောက်ပံ့ပေးအပ်ပွဲအခမ်းအနားနှင့်သစ်စိမ်မြေသြဇာ(ပိုက်ဆံလျှော်)ကြဲပက်စိုက်ပျိုးပွဲကို3.5.2022ရက်နေ့တွင်ကျင်းပပြုလုပ်ရာစိုက်ပျိုးရေးဦးစီးဌာန၊တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဆွေ နှင့်စက်မှုလယ်ယာဦးစီးဌာနမှတိုင်းဒေသကြီးဦးစီးမှူး၊တိုင်း၊ခရိုင် မြေအသုံးချရေးမှပညာရှင်များမြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများကျေးရွာရှိတောင်သူများတက်ရောက်ခဲ့ကြပါသည်

20.4.2022ရရက်နေ့တွင်မှော်ဘီမြို့နယ်၊စိုက်ပျိုးရေးဦးစီးဌာန၊မြို့နယ်ဦးစီးမှူး၏ဦးဆောင်မှုဖြင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေ...
20/04/2022

20.4.2022ရရက်နေ့တွင်မှော်ဘီမြို့နယ်၊စိုက်ပျိုးရေးဦးစီးဌာန၊မြို့နယ်ဦးစီးမှူး၏ဦးဆောင်မှုဖြင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းဦးစီးဌာနတို့ပူးပေါင်းလျက်မြောင်းတကာကျေးရွာ၊ကွင်းအမှတ်(၆၆၅)၊တောင်သူဦးမြင့်ဦးလယ်၌နွေစပါး(ပခန်းရွှေဝါ)စံကွက်ရိတ်သိမ်းကြရာအစို(113.25)တင်းနှုန်းထွက်ရှိပါသည်

နှစ်ဆန်း(၁)ရက်နေ့ပရိတ်တရားနာခြင်း
17/04/2022

နှစ်ဆန်း(၁)ရက်နေ့ပရိတ်တရားနာခြင်း

မှော်ဘီမြို့နယ်၊ ညောင်ကုန်းကျေးရွာ၊တောင်သူဦးသိန်းမြင့်လယ်ကွင်းအမှတ်(၆၆၅္)၌4.4.2022ရက်နေ့တွင် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှ...
06/04/2022

မှော်ဘီမြို့နယ်၊ ညောင်ကုန်းကျေးရွာ၊တောင်သူဦးသိန်းမြင့်လယ်ကွင်းအမှတ်(၆၆၅္)၌4.4.2022ရက်နေ့တွင် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)ကြဲပက်ပွဲ ကျင်းပပြုလုပ်ရာမြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ကျေးရွာရှိတောင်သူများတက်ရောက်ကြပါသည်

23/03/2022

သီးနှံစိုက်ပျိုးရေးတွင် သဘာဝမြေဩဇာ ၊ သစ်စိမ်းနှင့် ဇီဝမြေဩဇာများ၏ အရေးပါမှု အခန်းကဏ္ဍ (၁)
************************
‌ ဒေါက်တာနိုင်ကြည်ဝင်း
စိုက်ပျိုးရေးသုတေသနဦးစီးဌာန

သဘာဝမြေဩဇာများဟူသည် တိရစ္ဆာန်များနှင့်သက်ဆိုင်သောပစ္စည်းများ၊ တိရစ္ဆာန်နှင့် လူတို့၏ အညစ်အကြေးများ၊ ဟင်းသီးဟင်းရွက်နှင့် သီးနှံများ၏ စွန့်ပစ်ပစ္စည်းများမှပြုလုပ် ထားသည့် မြေဩဇာများကိုဆိုလိုသည်။ သဘာဝမြေဩဇာသည်ဓာတ်မြေဩဇာနှင့် နှိုင်းယှဉ်ပါက အာဟာရပါဝင်မှု နည်းပါးသည်ဆိုသော်ငြား မြေဆီလွှာ ကောင်းမွန်ရေးအတွက်မူ မရှိမဖြစ်လိုအပ်ပေသည်။ မြေဆီလွှာ၏ ရုပ်ဂုဏ်သတ္တိအခြေအနေများကို ပြုပြင်ပြောင်းလဲပြီး ရေရှည်မြေဆီလွှာကောင်းမွန်မှုကို ဖြစ်ပေါ်ထိန်းသိမ်းနိုင်စွမ်းရှိသည်။ ဓာတ်မြေဩဇာကို အပင်များက တိုက်ရိုက်စားသုံးပြီး သဘာဝမြေဩဇာများကို အဏုဇီဝသက်ရှိများက စားသုံးချေဖျက်၍ အပင်စားသုံးနိုင်သည့် အာဟာရဓာတ်များအဖြစ် ပြောင်းလဲပြီး အပင်က ရယူစားသုံးခြင်းဖြစ်သည့်အတွက် ရေရှည်တွင် မြေဆီလွှာကို ပိုမိုကောင်းမွန်စေမည်ဖြစ်သည်။ ယနေ့ကာလတွင် ဓာတ်မြေဩဇာ အလွန်အကျွံ သုံးစွဲမှုကြောင့် လယ်ယာမြေများအတွက် မြေဆီလွှာပျက်စီးမှုဒဏ်ကို ကြုံတွေ့ခံစားရမည်ဖြစ်သည်။ သို့ဖြစ်၍ တောင်သူလယ်သမားများ အနေဖြင့် မိမိတို့ပတ်ဝန်းကျင်ရှိ စွန့်ပစ်ပစ္စည်းများနှင့် သဘာဝပစ္စည်းများကို အသုံးပြု၍ ဆောင်ရွက်နိုင်သည့် ကုန်ကြမ်းအတွက် အရင်းအနှီးမလိုအပ်ဘဲ လုပ်အားသာ လိုအပ်သည့် အောက်ပါသဘာဝမြေဩဇာနှင့် ဇီဝမြေဩဇာပြုလုပ်ပုံ နည်းလမ်းများကို မိမိတို့ စိုက်ပျိုးရေး သုတေသနဦးစီးဌာနက ဆောင်ရွက်လျက်ရှိသော သုတေသနတွေ့ရှိချက်များနှင့် အတူ တောင်သူလယ်သမားများ သိရှိနိုင်စေရန် ဗဟုသုတအဖြစ် ဖြန့်ဝေပေးလိုက်ရပါသည်။
၁။ သဘာဝမြေဩဇာများ

မြေဆွေးမြေဩဇာ
သဘာဝမြေဆွေးမြေဩဇာ ပြုလုပ်ရန်အတွက် သီးနှံအကြွင်းအကျန်များဖြစ်သော (ကောက်ရိုး ၊ စပါးခွံ၊ နှမ်းရိုး၊ နေကြာပွင့်ဖတ်၊ ပြောင်းဖူးဖတ်၊ ပြောင်းဖူးအူတိုင်၊ပဲရိုး၊ ပဲခွံ၊ ပေါင်းမြက် အမှိုက်များနှင့် ပုလဲဓာတ်မြေဩဇာ၊ နုန်းမြေ၊ နွားချေး၊ တင်လဲရည် သို့မဟုတ် ကုက္ကိုသီး၊ ထရိုင်ခိုဒါးမား ဖွဲနုတို့လိုအပ်မည်ဖြစ်သည်။
မြေဆွေးပုံပြုလုပ်ရာတွင် မြေဆွေးပုံသည် အလျား ပေ၃၀ ၊ အနံရှစ်ပေ အမြင့်သုံးပေခန့် ရှိရန် လိုအပ်ပြီး အမြင့်ခြောက်လက်မရှိသော အလွှာခြောက်လွှာရရှိရန် ဆောင်ရွက်ရမည် ဖြစ်သည်။ အလွှာတစ်လွှာရရှိရန် ပထမဦးစွာ သီးနှံပင်အကြွင်းအကျန်များကို ညီညာစွာဖြန့်၍ ရေဖျန်းပြီး ခြေထောက်ဖြင့်နင်းရပါမည်။ ၎င်းနောက် ပုလဲမြေဩဇာ(Urea)နို့ဆီလေးဘူး၊ နွားချေး နှစ်ပြည်တို့ကို ညီညာစွာဖြန့်ပေးရပါမည်။ နွားချေးအပေါ်၌ထရိုင်ခိုဒါးမား တစ်ထုပ်နှင့် ဖွဲနု နှစ်ပြည်ကိုရောပြီး အပေါ်မှ ညီညာစွာထပ်မံဖြူးပြီး ၎င်းအပေါ်မှ နုန်းမြေကို မျက်နှာပြင် တစ်ခုလုံးလုံအောင် ဖုံးပေးရပါမည်။ နုန်းမြေအပေါ်မှ တင်လဲရည် (သို့မဟုတ်) ကုက္ကိုသီး တစ်တင်းကို ဖြန့်ပေးပြီး ၎င်းပုံစံအတိုင်း အလွှာခြောက်လွှာ ပြုလုပ်ပေးရမည်။ မြန်မြန် ဆွေးမြေ့ စေရန်နှင့် အစိုဓာတ်ထိန်းပေးရန်အတွက် ပလက်စတစ်ဖြင့် ဖုံးအုပ်ပေးရမည်။
မြေဆွေးပုံကို ၄၅ ရက်အကြာတွင် အထက်အောက် သမအောင်ရောမွှေ၍ စနစ်တ ကျပြန်လည်ဖုံးပေးရပါမည်။ အစိုဓာတ်ရရှိရန်ရေကို လုံလောက်စွာဖျန်းပေးပြီးနောက် နောက်ထပ် ၄၅ ရက်အကြာတွင် အလွယ်တကူအသုံးပြုနိုင်သော မြေဆွေးရရှိမည်ဖြစ်သည်။ မြေဆွေးတစ်ပုံမှ မြေဆွေးတန်ချိန် နှစ်တန်ခန့် ရရှိနိုင်ပြီး တစ်ဧကအတွက် နှစ်တန်/သုံးတန် ထည့်ပေးပါက လုံလောက်မည်ဖြစ်သည်။

တီကျစ်စာမြေဆွေး
တီကျစ်စာမြေဆွေးဆိုသည်မှာ တီကောင်မျိုးများဖြစ်သော အာဖရိကမျိူး၊ အိန္ဒိယမျိူး၊ အမေရိကမျိုးနှင့်မြန်မာမျိုးတို့နှင့် သီးနှံအကြွင်းအကျန် (ကောက်ရိုး၊ စပါးခွံ၊ ပေါင်းပင်)များ နွားချေးနှင့်ဌက်ပျောအူတို့ကို ဆွေးမြေ့စေခြင်းမှရရှိလာသောမြေဆွေးဖြစ်သည်။ တီကျစ်စာမြေဆွေး ပြုလုပ်နည်းမှာပထမဦးစွာ တီကောင်များမွေးမြူရမည်ဖြစ်သည်။ တီကောင်များ မွေးမြူရာတွင်(၆ပေ×၃ပေ×၂ပေခွဲ)ရှိ အမိုးအကာအောက်တွင် မြေကျင်းကန် ပလက်စတစ်ကန် မိုးကာကန်တို့ဖြင့်ဖြစ်စေ၊ ဝါးကတ်များ သစ်သားများကာ၍ ဖြစ်စေ၊ ကွန်ကရစ်ခွေများအသုံးပြု၍ ဖြစ်စေ၊ နည်းလမ်းမျိုးစုံဖြင့် ကန်ပြုလုပ်ပြီး မွေးမြူနိုင်ပါသည်။
ထို့နောက် တီကျစ်မြေဆွေးပြုလုပ်ရန် အောက်ခြေကြမ်းပြင်ကို ဆင်ခြေလျှောပြုလုပ်ခြင်း နှင့် အောက်ခံတွင် အရည်များစစ်နိုင်ရန် ၁ ဒသမ ၅ လက်မ အရွယ်အစားရှိ ကျောက်ခဲ သို့မဟုတ် အုတ်ခဲကျိုးတို့ကို တစ်ထပ်ခင်းပါ။ ၎င်းအပေါ်မှ နွားချေးအခြောက် ခြောက်လက်မခန့် ထု ရရှိအောင်ထည့်သွင်းရပါမည်။ ထို့နောက် သီးနှံအကြွင်းအကျန်များ သစ်ရွက်များ ထည့်ပေး ခြင်း၊ တီကောင်များအတွက် အစာစိမ်းများဖြစ်သော ငှက်ပျောအူ၊ ဗေဒါ၊ ပေါင်းမြက်များကို စုစည်းပြီး ၈ လက်မမှ ၁၂ လက်မခန့် ထပ်မံထည့်ပေးရမည်။ ၎င်းအလွှာများအပေါ်မှ ကောင်းစွာ ဆွေးမြေ့သော နွားချေးကို ခြောက်လက်မခန့်အလွှာရအောင် ထည့်သွင်းရပါမည်။ ထို့နောက် ကန်အတွင်းသို့ တီကျစ်မြေဆွေးထုတ်လုပ်ပေးမည့် တီကောင်အကောင် ၂၀၀ ခန့် ထည့်ပေး ရပါမည်။
တီကောင်မွေးမြူပွားများထားသော ကန်ထဲတွင် အစိုဓာတ်ထိန်းရန် ရေလောင်းပေးပြီး လိုအပ်ပါက အပေါ်မှ ဂုန်နီအိတ်ခွံဟောင်း ဓနိရွက်၊ အုန်းလက်များ၊ သက်ငယ်ရွက်များဖြင့် ဖုံးအုပ်ပေးထားရပါမည်။ နှစ်လခန့်ကြာပြီးနောက် တီကောင်အတွက် အစာထပ်မံဖြည့်ပေးခြင်း ပြုလုပ်ရမည်ဖြစ်ပြီး သုံးလခန့်ကြာပြီးနောက် အညိုရောင်တီကျစ်စာမြေဆွေးကို ရရှိနိုင်မည် ဖြစ်သည်။
တီကျစ်စာမြေဆွေးသုံးစွဲခြင်းဖြင့် အပင်ကြီးထွားခြင်း၊ အရွက်သစ်အထွက်မြန်စေခြင်း၊ သီးနှံအရည်အသွေး ကောင်းမွန်စေခြင်းနှင့် သီးနှံသက်တမ်းကို တိုစေခြင်း အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။ တီကျစ်စာမြေဆွေးသည် မြေဆီလွှာတည်ဆောက်ပုံကောင်းစေခြင်း၊ လေဝင် လေထွက်နှင့် ရေထိန်းနိုင်စွမ်း ကောင်းစေခြင်းအပြင် မြေဆီလွှာတိုက်စားမှုကိုလည်း ကာကွယ်ပေးသည်။ ရိုးရိုးမြေဆွေးနှင့် နှိုင်းယှဉ်လျှင် နိုက်ထရိုဂျင်(N) ၊ ဖော့စဖိတ် (P)နှင့် ပိုတက်စီယမ် (K) ပါဝင်မှုပိုမိုများပြားသည်။

စပါးစိုက်ပျိုးရေးတွင် နှမ်းရိုးအသုံးပြုခြင်း
စပါးစိုက်ပျိုးရာ၌ လက်တွေ့အသုံးပြုနည်းမှ နှမ်းခါပြီးရရှိသောနှမ်းရိုးများကို လက်တစ်ဆုပ်စီခန့် အစည်းငယ်များပြုလုပ်၍ စပါးစိုက်ပြီး တစ်လသားအရွယ်တွင် ရေရှိနေသော စပါးတန်းကြားအတွင်း နှမ်းရိုးအစည်းများကို ရေအောက်သို့ မြုပ်နေရန် နှမ်းရိုးများကို အလျားလိုက် ခြေထောက်ဖြင့်နင်း၍ မြုပ်ပေးရပါမည်။ ထို့သို့ ဆောင်ရွက်ခြင်းဖြင့် နှမ်းရိုးတွင်ပါသော ပိုတက်စီယမ်ဓာတ်သည် တစ်ညတာရေစိမ်ရုံမျှဖြင့် စပါးခင်းအတွင်းသို့ ရောက်ရှိကာ စပါးပင်ကစားသုံးနိုင်မည်ဖြစ်သည်။ နှမ်းရိုးထည့်သွင်းပြီးသည့် အကွက်မှ ရေကို သုံးရက်မှ ငါးရက်ကြာသည်အထိ ထိန်းထားပေးပြီး ရေပြန်မထုတ်ရပါ။ ထို့ကဲ့သို့နှမ်းရိုး ထည့်ပေးခြင်းဖြင့် စပါးအထွက် ၁၀-၃၀ ရာခိုင်နှုန်းအထိတိုးလာနိုင်ပါတယ်။ စိမ့်ဆွဲသောမြေနှင့် ဒုံပေါက်သော မြေများတွင် သီးနှံစိုက်ပျိုးရန်နှင့် မြေပြင်ရန်ခက်ခဲသော အခြေအနေရှိလျှင် သီးနှံလှပ်ပြီး ယင်းအကွက်ထဲသို့ နှမ်းရိုးများရရှိသမျှ ညီညာစွာ ဖြန့်ချပေးခြင်းကို သီးနှံရာသီ နှစ်ရာသီ သုံးရာသီ ဆက်တိုက်ပြုလုပ်ပေးပါက ပြန်လည်စိုက်ပျိုးရနိုင်သည့်မြေ ဖြစ်လာနိုင် ပါသည်။
နှမ်းရိုးတွင် ပိုတက်စီယမ်ဓာတ် ကြွယ်ဝသောကြောင့် စပါးခင်းတွင် ရေရှိပါက ထည့်ပြီး သုံးရက်အတွင်း စုစုပေါင်းထုတ်ပေးမည့် ပိုတက်စီယမ်ဓာတ်၏ ၄၀ ရာခိုင်နှုန်းကို နှမ်းရိုး မဆွေးခင်ကပင် ရရှိနိုင်ပါသည်။ စပါးခင်းတွင် ထည့်ပေးထားသော နှမ်းရိုးတစ်တန် ဆွေးမြေ့သွားပါက နှမ်းရိုးမှ ယူရီးယား ၂၅ ပေါင်၊ တီစူပါ ၅ ပေါင် ၊ ပိုတက်ရှ် ၃၅ ပေါင်ခန့် နှင့် ညီမျှသော အပင်အာဟာရဓာတ်များ မြေတွင်ထည့်ပေးသကဲ့သို့ ရရှိနိုင်သည့်အပြင် မြေတွင် သစ်ဆွေးဓာတ်များ တိုးတက်လာပြီး မြေဩဇာပြန်လည် ထက်သန်လာနိုင်ပါသည်။ နှမ်းစိုက်ခင်း တစ်ဧကမှ နှမ်းရိုးတစ်တန်မှ တစ်တန်ခွဲအထိ ထွက်ရှိနိုင်ပြီး ထိုပမာဏသည် စပါးစိုက်ခင်း တစ်ဧကကို ထည့်ပေးရန် လုံလောက်ပါသည်။

စပါးခွံဖွဲပြာ
စပါးခွံဖွဲပြာသည်သဘာဝမြေဩဇာတစ်မျိုးဖြစ်သည်။စပါးခွံဖွဲပြာဆိုသည်မှာ လောင်ကျွမ်း သည်အထိ မီးရှို့ထားခြင်းမဟုတ်ဘဲ ဆန်စက်မှထွက်ရှိသည့်ဖွဲပြာများကဲ့သို့ စပါးခွံများကို မည်းသွားရုံမျှသာ မီးရှို့ပေးထားသည့် စပါးခွံဖွဲပြာ( Charcoal Rice Husk-CRH) များဟုဆိုလိုပါသည်။
စပါးခွံဖွဲပြာကို သဲဆန်သောမြေများ၊ အချဉ်ဓာတ်လွန်ကဲသောမြေများ ၊ မြေဆီဩဇာ မထက်သန်သောမြေများ၊ ဒုံပေါက်သောမြေများတွင် ထည့်သွင်းအသုံးပြုနိုင်ပါသည်။ လယ်သီးနှံ သာမက ယာသီးနှံနှင့် ဟင်းသီးဟင်းရွက်သီးနှံများအားလုံးတွင် တစ်ဧကလျှင် အနည်းဆုံး ငါးတန်နှုန်း ထည့်သွင်းအသုံးပြုနိုင်ပါသည်။
သုတေသနတွေ့ရှိချက်အရ လယ်စပါးများတွင် စပါးခွံဖွဲပြာကို အနည်းဆုံး ငါးတန်နှုန်း ထည့်သွင်းပေးခြင်းဖြင့် မည်သည့်မြေဩဇာမှမထည့်သည့်အကွက်ထက် တစ်ဧကစပါးအထွက် ငါးရာခိုင်နှုန်းပိုထွက်နိုင်ကြောင်း တွေ့ရှိထားပါသည်။
စပါးခွံဖွဲပြာသည် အယ်လ်ကာလီဂုဏ်သတ္တိရှိခြင်းကြောင့် မြေ၏ချဉ်/ငန်ဓာတ်ကို သမမျှတစေပြီး သဘာဝမြေဩဇာကဲ့သို့ အသုံးပြုနိုင်သဖြင့် မြေသားဖွဲ့စည်းမှုကို ပိုမိုကောင်းမွန် စေနိုင်သည်။ မြေကြီးထဲသို့ ပိုတက်စီယမ်ဓာတ်ကိုလည်း အသင့်အတင့် ပြန်လည်ဖြည့်တင်းပေး နိုင်ပါသည်။

သီးနှံစိုက်ပျိုးရေးတွင် သဘာဝမြေဩဇာ ၊ သစ်စိမ်းနှင့် ဇီဝမြေဩဇာများ၏
အရေးပါမှု အခန်းကဏ္ဍ (၁)
‌ဒေါက်တာနိုင်ကြည်ဝင်း

21/03/2022

တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဆွေ သည်
မှော်ဘီမြို့နယ်ဦးစီးမှူး နှင့်​မြို့နယ် ဝန်ထမ်းများ
လိုက်ပါလျက်မတ်လ ၂၀ ရက်နေ့တွင် ရန်ကုန်မြောက်ပိုင်းခရိုင် မှော်ဘီမြို့နယ် မြောင်းတကာကျေးရွာရှိ အောင်မြင်ဖြစ်ထွန်းနေသော နွေစပါး မျိုးစေ့ထုတ်စိုက်ခင်းများ နှင့် တောင်သူနည်း
ပညာပေး စံပြကွက် စမ်းသပ်ကွက်များအား
ကွင်းဆင်း ကြည့်ရှု ကာ လမ်းညွန် ဆွေးနွေး
မှုများ​ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

Address

Hmawbi
11361

Telephone

+959955357716

Website

Alerts

Be the first to know and let us send you an email when Hmawbi DOA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Hmawbi DOA:

Share