07/06/2023
#ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း အစီအစဉ် (MCCT)
အသိပေးအကြောင်းကြားခြင်း
🤰ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်အတွင်းတွင် အကျိုးခံစားခွင့်မရရှိသေးသော ကိုယ်ဝန်ဆောင်အသစ်များအနေဖြင့်
♦️ကိုယ်ဝန်ဆောင်ဓာတ်ပုံ (၄"၆")ဆိုဒ်
(မှတ်ချက် - ကိုယ်လုံးပေါ်ပုံဖြစ်ရပါမည်)
♦️ကိုယ်ဝန်ဆောင်၏ မှတ်ပုံတင်မိတ္တူ
♦️ကိုယ်ဝန်ဆောင်မှတ်တမ်းစာအုပ်မိတ္တူ ♦️ကိုယ်ဝန်ဆောင်မှတ်တမ်းစာအုပ်မရှိပါက သက်ဆိုင်ရာကျန်းမာရေး ထောက်ခံချက်ရရှိပါကမိမိတို့ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ရပ်/ကျေးစာရေးများထံတွင် စာရင်းပေးသွင်းနိုင်ပြီဖြစ်ပါသည်။
🤰ယခင်အကျိုးခံစားခွင့်ရှိသော ကိုယ်ဝန်ဆောင်မိခင်များသည် ကလေးမွေးဖွားပြီးဖြစ်ပါက မိမိတို့မွေးဖွားလာသော🧍♂️ကလေးများအားစာရင်းပေးသွင်းရာတွင်
♦️ကလေး၏မိခင်ဓာတ်ပုံ (၄"၆")ဆိုဒ်
♦️ကလေးမွေးစာရင်းမိတ္တူ (သို့မဟုတ်)
ကလေးကာကွယ်ဆေးထိုးကဒ်ပြားမိတ္တူ တို့ရှိပါကစာရင်းသွင်းလို့ရပါပြီရှင့်
🚫ကလေးစာရင်းအသစ် မကောက်ပါ❌
👆အထက်ပါအချက်များအား မိမိတို့၏ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စုများရှိ MCCT တာဝန်ခံ ရပ်/ကျေးစာရေးများထံတွင် စာရင်းသွင်းခြင်း၊ update ပြုလုပ်ခြင်းများကို (၃၀.၆.၂၀၂၃) နောက်ဆုံးထားပြီး စာရင်းသွင်း ပြုလုပ်နိုင်ပါကြောင်း အသိပေးအပ်ပါသည်။
#ဟိုပန်မြို့နယ်လူမှုဝန်ထမ်းရုံး