20/07/2023
ဒီနေ့ Fairy Body Serum လေးရဲ့အဓိက Main ingredient ဖြစ်တဲ့ Niacinamide အကြောင်းလေးနည်းနည်းပြောပြမယ်…❤️💝
☘️အသားအရေ နီမြန်းခြင်းနှင့်အရေးအကြောင်းများကိုလျော့နည်းစေတယ်
Niacinamide ကအသားအရေ ရောင်ရမ်းခြင်းကိုသက်သာစေပြီး နှင်းခူ၊ ဝက်ခြံနှင့်အခြားအရေပြားရောင်ရမ်းမှုအခြေအနေများကိုလည်း သက်သာစေနိုင်ပါတယ်။
☘️ချွေးပေါက်များကိုလျော့နည်းစေတယ်
အသားအရေကိုချောမွေ့စေပြီး အစိုဓာတ်ကိုထိန်းသိမ်းပေးခြင်းကြောင့် အချိန်ကြာလာသည်နှင့်အမျှချွေးပေါက်အရွယ်အစားကိုသဘာဝအတိုင်း လျော့ကျစေပါတယ်။
☘️အသားအရေရဲ့အဆီဓာတ်ထိန်းညှိပေးတယ်
အစိုဓာတ်ထိန်းပေးခြင်းရဲ့အကျိုးကျေးဇူးများကခြောက်သွေ့သောအသားအရေရှိသူများအတွက်သာမဟုတ်ပဲ အဆီပြန်တက်သူများနဲ့အခြား Skin type အားလုံးအတွက်လည်း ကောင်းကျိုးဖြစ်စေပါတယ်။ Niacinimide ဟာ sebaceous glands မှထုတ်လုပ်တေဲ့အဆီပမာဏကိုထိန်းညှိပေးတာကြောင့် အဆီဂလင်းများကိုအလွန်အဆီထွက်စေခြင်းမှထိန်းသိမ်းပေးပါတယ်။
☘️နေရောင်ခြည်ဒဏ်မှကာကွယ်ပေးတယ်
Niacinamide သည်ကျန်းမာသောအရေပြားဆဲလ်များကိုတစ်ပြိုင်နက်တည်းပြန်လည်တည်ဆောက်စေနိုင်ပြီး ခရမ်းလွန်ရောင်ခြည်ကြောင့်အသားအရေပျက်စီးခြင်းမှကာကွယ်ပေးသည်။
☘️အရေးအကြောင်းများကိုလျော့နည်းစေတယ်
အိုမင်းရင့်ရော်ခြင်းကြောင့်ဖြစ်ပေါ်လာသောအရေပြားပေါ်ရှိအရေးအကြောင်းများကိုလျှော့ချရာတွင်အထောက်အကူပြုပေးတယ်။
☘️Oxidative stress ကိုကာကွယ်ပေးတယ်။
Niacinamide ကနေရောင်ခြည်၊ လေထုညစ်ညမ်းမှုနှင့်အဆိပ်များကဲ့သို့အသားအရေကိာ ပတ်ဝန်းကျင်ဖိစီးမှုများမှကာကွယ်ပေးပြီအရေပြား၌ဆဲလ်များကိုပြန်လည်တည်ဆောက်ပေးပါတယ်။
☘️ဝက်ခြံများကိုပျောက်ကင်းစေတယ်
Niacinamide သည်ပြင်းထန်သောဝက်ခြံများအတွက် ၊ ရောင်ရမ်းသောပုံစံများအတွက်အထောက်အကူဖြစ်နိုင်ပါတယ်။ ရေရှည်စွဲအသုံးပြုပါကဒဏ်ရာအမာရွတ်အနည်းငယ်သာကျန်ရှိမှာဖြစ်ပြီး အသားအရေကြည်လင်မှုပိုကောင်းလာသည်ကိုတွေ့ရမှာဖြစ်ပါတယ်။
Fairy Body Serum ကအသုံးပြုတဲ့အခါ နုညံ့တဲ့ခံစားမှုမျိုးရရှိစေပြီး အသုံးပြုပြီးရင်ခန္ဓာကိုယ်အတွက်သီးသန့်မွေးရနံ(Body Spray,etc)အသုံးပြုစရာမလိုအောင် သီးသန့် exclusive unique ဖြစ်တဲ့မွေးရနံမျိုးရရှိအောင်ထုတ်လုပ်ထားပါတယ်။ Fairy Body Serum ကအစိုဓာတ်ထိန်းပေးခြင်း၊ အဆီပြန်ခြင်းမရှိဘဲ စိုပြေသောအသားအရေကိုရရှိစေနိုင်ပါတယ်။
Body Serum ကိုသုံးပြီးနောက်အရေပြားကခြောက်သွေ့ခြင်းမရှိဘဲ သဘာဝအတိုင်းစိုပြည်သွားသည်ကိုခံစားရမှာဖြစ်ပါတယ်။ အစိုဓာတ်ကိုအခြေခံပြီးထုတ်လုပ်ထားတဲ့အတွက် အရေပြားထဲသို့ လျင်မြန်စွာစိမ့်ဝင်စေပြီး စေးကပ်ခြင်းမရှိတဲ့အထိအတွေ့ကိုရရှိစေနိုင်မှာပါ….💕
တကယ်ကိုအသားအရေအတွက်အကောင်းဆုံတွေနဲ့ထုတ်လုပ်ထားတဲ့ Product လေးဖြစ်တာကြောင့် သုံးဖူးသူတိုင်းကြိုက်နှစ်သက်ပြီး အသားအရေကောင်းလိုသူတွေ၊အသားအရေကြောင့်စိတ်ညစ်နေရသူလေးတွေ စမ်းသုံးကြည့်သင့်တဲ့ Fairy Products လေးတစ်ခုဆိုရင် လုံးဝကိုအသေချာပါပဲရှင့်🧚♀️