Teacher Sweet

Teacher Sweet Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Teacher Sweet, Public Service, Hpa-an.

🏆အောင်မြင်တဲ့နေ့ကို ပိုင်ဆိုင်ဖို့ ဒီ 4ချက်ကို စီမံခန့်ခွဲနိုင်ဖို့လိုတယ် ။1- လူလူတိုင်းနဲ့ မပတ်သတ်ချင်နဲ့လူတိုင်းကို အခ...
12/03/2025

🏆အောင်မြင်တဲ့နေ့ကို ပိုင်ဆိုင်ဖို့
ဒီ 4ချက်ကို စီမံခန့်ခွဲနိုင်ဖို့လိုတယ် ။

1- လူ
လူတိုင်းနဲ့ မပတ်သတ်ချင်နဲ့
လူတိုင်းကို အချိန်မပေးနဲ့
လူတိုင်းအတွက်မခံစားနဲ့

2-အချိန်
လူတိုင်းအချိန်မပေးနဲ့
အလုပ်တိုင်း အချိန်မပေးနဲ့
နေရာတိုင်း အချိနိမပေးနဲ့

3-Energy
နေရာတကာပါပြီး အားကုန်မခံနဲ့
လူတကာနဲ့ရော စကားနိုင်လု
အားမပြတ်စေနဲ့
အလုပ်တိုင်း လိုက်လုပ်ပြီး အားကုန်မခံနဲ့

4-ငွေ
နေရာတကာ ငွေကုန်မခံနဲ့
လူတကာအတွက် ငွေကုန်မခံနဲ့
မလိုတဲ့ အရာအတွက် ငွေမသုံးနဲ့

အတွေ့အကြုံအရ တော်လွန်းတဲ့သူထက်
စီမံခန့်ခွဲမှုကောင်းသူတွေ အောင်မြင်မြန်တာကို
လေ့လာတွေ့ရှိရပါတယ် ။

crd #
🌺


အသစ်အသစ်တွေကို ဖန်တီးဖို့ဘယ်သောအခါမှ လက်မတွန့်လိုက်ပါနဲ့။ဘဝဆိုတာ အဟောင်းတွေနဲ့ တည်ဆောက်ထားတာ မဟုတ်လို့ပါပဲ။  🌺
11/03/2025

အသစ်အသစ်တွေကို ဖန်တီးဖို့
ဘယ်သောအခါမှ လက်မတွန့်လိုက်ပါနဲ့။

ဘဝဆိုတာ အဟောင်းတွေနဲ့
တည်ဆောက်ထားတာ မဟုတ်လို့ပါပဲ။

🌺


သူငယ်ချင်းရေ.....🌿နေ့သစ်မှာ မနေ့ကအကြောင်းတွေကိုထားပစ်ခဲ့ပါ။သူငယ်ချင်းရေ......🌿တစ်နေ့ကို အနည်းဆုံး လူသုံးယောက်ကိုပြုံးပြန...
10/03/2025

သူငယ်ချင်းရေ.....🌿
နေ့သစ်မှာ မနေ့ကအကြောင်းတွေကို
ထားပစ်ခဲ့ပါ။

သူငယ်ချင်းရေ......🌿
တစ်နေ့ကို အနည်းဆုံး လူသုံးယောက်ကို
ပြုံးပြနိုင်အောင် ကြိုးစားပေးပါ။

သူငယ်ချင်းရေ.....🌿
တစ်နေတာကို ကုသိုလ်တွေနဲ့ပဲ
အချိန်ကုန်နိုင်အောင် ကြိုးစားပေးပါ။

သူငယ်ချင်းရေ.....🌿
ဘယ်သူ့ကိုပဲဖြစ်ဖြစ် မုန်းလိုက်တာလို့
အတွေးလေးတောင် မတွေးလိုက်ပါနဲ့
သူမပူလောင်ခင် အရင်ပူလောင်နေမှာ
စိုးရိမ်လို့ပါ။

သူငယ်ချင်းရေ......🌿
ဘယ်သူတွေ ဘာပဲပြောပြော
စိတ်မဆိုးလိုက်ပါနဲ့ မမုန်းလိုက်ပါနဲ့။

သူငယ်ချင်းရေ.....🌿
တို့တတွေ ချစ်ချစ်ခင်ခင်နဲ့
မေတ္တာ စိတ်လေးထားပြီး နေထိုင်သွားကြရအောင်နော်။

🌺



ဘယ်အရာမှာမဆိုExp Date (သက်တမ်းကုန်ဆုံးရက်) ဆိုတာရှိတယ် ။သူ့အရွယ်နဲ့သူ ....သူ့အချိန်နဲ့သူ .....လုပ်သင့်တာ လုပ်ဖို့လိုပါတယ...
09/03/2025

ဘယ်အရာမှာမဆို
Exp Date (သက်တမ်းကုန်ဆုံးရက်) ဆိုတာရှိတယ် ။

သူ့အရွယ်နဲ့သူ ....

သူ့အချိန်နဲ့သူ .....

လုပ်သင့်တာ လုပ်ဖို့လိုပါတယ်။

🌺



🔶🔸 အသက်ကြီးတဲ့သူတွေကို စစ်တမ်းကောက်ပြီး ဘ၀ရဲ့နောင်တအရဆုံးအရာကို မေးကြည့်တဲ့အခါ ဒီအချက်တွေကြောင့်ပါတဲ့...1. အိမ်မက်နောက်က...
07/03/2025

🔶🔸 အသက်ကြီးတဲ့သူတွေကို စစ်တမ်းကောက်ပြီး ဘ၀ရဲ့နောင်တအရဆုံးအရာကို မေးကြည့်တဲ့အခါ ဒီအချက်တွေကြောင့်ပါတဲ့...

1. အိမ်မက်နောက်ကိုမလိုက်ခဲ့ခြင်း
2. မိသားစုနဲ့ ချစ်ရသူတို့ကိုအချိန်မပေးခဲ့ခြင်း
3. မစွန့်စားရဲခဲ့ခြင်း
4. ဘ၀လက်တွဲဖော်ရွေးတဲ့အခါ သေချာမတွေးခဲ့ခြင်း
5. ခရီးမထွက်ခဲ့ခြင်း
6. မိမိပုံစံအတိုင်းမနေခဲ့ဘဲ သူတပါးအကြိုက်လိုက်နေခဲ့ခြင်း
7. မိသားစုကြားပြသနာတွေ အေးစက်မှုတွေကိုမဖြေရှင်းခဲ့ခြင်း
8. ကိုယ်ခန္ဓာနဲ့ ကျန်းမာရေးကိုဂရုမစိုက်ခဲ့ခြင်း
9. ခံစားချက်မြိုသိပ်ခဲ့ခြင်း
10. ငွေမစုဆောင်းခဲ့ခြင်း ဆိုတဲ့အချက်တွေပါတဲ့..

အခုကျွန်မတို့က ငယ်သေးတယ်ဆိုပေမယ့် တနေ့အိုလာမှာပဲ

အချိန်ကုန်တာမြန်လွန်းတော့ တွေးကြည့်ရုံနဲ့ ကြောက်မိတယ်

ဆုံးရှုံးရတာတွေများလွန်းလာတော့ အခုမှမလုပ်ရင် နောင်လည်းဖြစ်လာမှာမဟုတ်တော့တဲ့အတွက် အခုအင်အားရှိတုန်း
နောင်တမရှိရတဲ့ဘ၀နေသွားရတဲ့သူဖြစ်ချင်လို့ အခုကစပြီး
ကိုယ့်ကိုယ်ကိုယ်ပြန်ဆန်းစစ်ပြီးနေကြရအောင်လား...။ ။💗🤎🤍🧡


🌺


🌿 ခံယူထားတဲ့ အေးချမ်းသောဘ၀ ဆိုတာမိုးလင်းတာနဲ့ စိတ်လေးအေးချမ်းပြီးညရောက်တာနဲ့ခေါင်းချအိပ်ပျော်ခြင်းပါ။အရာရာပြည့်စုံနေတာထက...
05/03/2025

🌿 ခံယူထားတဲ့ အေးချမ်းသောဘ၀ ဆိုတာ

မိုးလင်းတာနဲ့ စိတ်လေးအေးချမ်းပြီး
ညရောက်တာနဲ့ခေါင်းချအိပ်ပျော်ခြင်းပါ။

အရာရာပြည့်စုံနေတာထက်
ကိုယ့်ရဲ့ဖြစ်တည်မှုကို ကျေနပ်နေဖို့ပဲလိုတာပါ။

🌺


အသက်ရှင်နေတာလောက် ပျော်စရာကောင်းတာမရှိသလို.....အသက်ရှင်နေတာလောက် ခက်ခဲပင်ပန်းတာလည်း မရှိဘူး။အရွယ်ရောက်သူတွေရဲ့ ကမ္ဘာမှာည...
04/03/2025

အသက်ရှင်နေတာလောက်
ပျော်စရာကောင်းတာမရှိသလို.....

အသက်ရှင်နေတာလောက်
ခက်ခဲပင်ပန်းတာလည်း မရှိဘူး။

အရွယ်ရောက်သူတွေရဲ့ ကမ္ဘာမှာညနက်နက်မှာ
မိမိကိုယ်ကို ဆိတ်ဆိတ်ငြိမ်ငြိမ် ကုစားပြီး.....

မနက်စောစောမှာ ပြန်သက်ဝင်လှုပ်ရှား
ရုန်းကန်ကြတာဟာ ဖြစ်ရိုးဖြစ်စဉ်ပါပဲ။


🌺



"ကိုယ့်ကိုယ်ကိုယ် မပျောက်ဆုံးပါစေနဲ့" 💙 ချစ်ရတဲ့သူ ဆုံးရှုံးသွားတာလည်း အချိန်တစ်ခုရောက်ရင် အဆင်ပြေသွားမှာပဲ။ 💙 သူငယ်ချင်...
03/03/2025

"ကိုယ့်ကိုယ်ကိုယ် မပျောက်ဆုံးပါစေနဲ့"

💙 ချစ်ရတဲ့သူ ဆုံးရှုံးသွားတာလည်း
အချိန်တစ်ခုရောက်ရင် အဆင်ပြေသွားမှာပဲ။

💙 သူငယ်ချင်း ဆုံးရှုံးသွားတာလည်း
အချိန်တစ်ခုရောက်တဲ့အခါ အဆင်ပြေသွားမှာပဲ။

💙 လုပ်နေတဲ့ စီးပွားရေးတွေ ဆုံးရှုံးသွားလည်း
အချိန်တစ်ခုရောက်တဲ့အခါ အဆင်ပြေသွားမှာပဲ။

ဒါပေမဲ့...

💙 ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးသွားခဲ့ရင်တော့
ဘယ်လောက် အချိန်ကြာကြာ အဆင်ပြေလာတော့မှာ မဟုတ်လို့
ကိုယ့်ကိုယ်ကိုယ် မပျောက်ဆုံးအောင်ချစ်ပါ၊ဂရုစိုက်ပါ၊တန်ဖိုးထားပါ။


🌺


🤍ဘယ်လောက်ပဲ ခက်ခဲလာသည်ဖြစ်စေကိုယ့်ကိုယ်ကို တိုးတက်နေဖို့ ၊ကျန်းမာဖို့၊ပျော်ရွင်ဖို့ ၊နေသာထိုင်သာရှိဖို့ ၊အမြဲကြိုးစားပါ။...
02/03/2025

🤍ဘယ်လောက်ပဲ ခက်ခဲလာသည်ဖြစ်စေ

ကိုယ့်ကိုယ်ကို တိုးတက်နေဖို့ ၊

ကျန်းမာဖို့၊ပျော်ရွင်ဖို့ ၊

နေသာထိုင်သာရှိဖို့ ၊အမြဲကြိုးစားပါ။🖤

🌺



ကြည့်တတ်ရင်  ရန်သူတောင်မှကျေးဇူးရှိပါတယ်။သူ့ကြောင့်  ကိုယ့်မှာ ရင့်ကျက်လာတယ်။တိုးတက်လာတယ်။ခံနိုင်ရည် ပိုရှိလာတယ်နော်။အခက...
01/03/2025

ကြည့်တတ်ရင် ရန်သူတောင်မှ
ကျေးဇူးရှိပါတယ်။

သူ့ကြောင့်
ကိုယ့်မှာ ရင့်ကျက်လာတယ်။
တိုးတက်လာတယ်။
ခံနိုင်ရည် ပိုရှိလာတယ်နော်။

အခက်အခဲ
ဒုက္ခတွေဟာ
ကိုယ့်ကို ရင့်ကျက်အောင် လုပ်ပေးတယ်။

ကိုယ့်ကို အပြစ်တင်တဲ့သူ, ဝေဖန်တဲ့သူကအစ
တကယ်တော့ကျေးဇူးရှင်ပါပဲ။
အကူအညီပေးတဲ့သူ ဆိုရင်တော့
ပြောဖွယ်ရာ မရှိပါဘူး။
အင်မတန် ကျေးဇူးကြီးပါတယ်။

ဆရာတော်ဦးဇောတိက🙏


🌺



တကယ်တော့ လူ့တန်ဖိုးဆိုတာ ကြွယ်ဝပြည့်စုံခြင်း မဟုတ်ပါဘူး ....စည်းကမ်းရှိတဲ့ နုတ်ရယ်.......🌿အကောင်းမြင်တတ်တဲ့ မျက်လုံးရယ်....
28/02/2025

တကယ်တော့ လူ့တန်ဖိုးဆိုတာ

ကြွယ်ဝပြည့်စုံခြင်း မဟုတ်ပါဘူး ....

စည်းကမ်းရှိတဲ့ နုတ်ရယ်.......🌿

အကောင်းမြင်တတ်တဲ့ မျက်လုံးရယ်......🌿

ကြင်နာ စာနာမှုရှိတဲ့ နှလုံးသားရယ်.......🌿

အဲဒါပါပဲ 🌸

🌺



ကောင်းမွန်တဲ့မိသားစုအသိုင်းအဝိုင်းမှာကြီးပြင်းလာသူတွေဟာတစ်ဖက်သားအပေါ်အနိုင်ယူလိုစိတ် မနာလိုမုန်းတီးစိတ် အလိုလိုနေရင်းသူတ...
27/02/2025

ကောင်းမွန်တဲ့
မိသားစုအသိုင်းအဝိုင်းမှာ

ကြီးပြင်းလာသူတွေဟာ
တစ်ဖက်သားအပေါ်

အနိုင်ယူလိုစိတ်
မနာလိုမုန်းတီးစိတ်

အလိုလိုနေရင်းသူတစ်ပါးကို
တိုက်ခိုက်လိုစိတ်၊ပြိုင်ချင်စိတ်
အထင်သေးလိုစိတ်မရှိပါဘူး...

မေတ္တာတွေသာရခဲ့သူမို့မေတ္တာတွေ
ပြန်ပေးသူတွေဖြစ်လာကြတယ်...


🌺



Address

Hpa-an

Website

Alerts

Be the first to know and let us send you an email when Teacher Sweet posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category