31/08/2026
ဘားအံမြို့၊ ဩဂုတ်လ(၃၁)ရက်
ကရင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်စိစစ်ရေးနှင့်အခွင့်အရေးဆိုင်ရာကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၆)ကို ဩဂုတ်လ (၃၁)ရက်၊ တနင်္လာနေ့ နံနက်(၁ဝ)နာရီ အချိန်တွင် ကရင်ပြည်နယ်လွှတ်တော်ရုံး၊ Minor Meeting Room ၌ကျင်းပပြုလုပ်ရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစန်းကို၊ ဒုတိယဥက္ကဋ္ဌ ဦးအေးမင်းထွေး၊ ကော်မတီဥက္ကဋ္ဌ ဦးစောမြင့်ထွေးနှင့် ကော်မတီဝင်များ၊ ပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသက်ဇော်ဦးတို့တက်ရောက်ခဲ့ကြပါသည်။