Karen National Dialogue

Karen National Dialogue This is the official Karen National Dialogue Page. Enjoy!

သက်ဆိုင်ရာ ဒေသအသီးသီးမှ ကရင်တစ်မျိုးသားလုံးကို ကိုယ်စားပြုသည့် အားလုံးပါဝင်သော ကရင်အမျိုးသားတို့၏ ဆန္ဒသဘောထားများကို ဆွေးနွေရယူသွားရန်နှင့် ကရင်တစ်မျိုးသားလုံးတို့၏ ဘုံသဘောထားရပ်တည်ချက်များကို ဖော်ထုတ်သွားရန်။

KNU Statement
08/05/2022

KNU Statement

ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အွန်လိုင်းမှတဆင့် နိုင်ငံရေး တရားပွဲကျင်းပမည်ဧရာဝတီ ၊ ဇန်နဝါရီ ၃၁၊ ၂၀၂၂တနိုင်ငံလုံးအတိုင်းအတာဖြင...
01/02/2022

ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အွန်လိုင်းမှတဆင့် နိုင်ငံရေး တရားပွဲကျင်းပမည်

ဧရာဝတီ ၊ ဇန်နဝါရီ ၃၁၊ ၂၀၂၂

တနိုင်ငံလုံးအတိုင်းအတာဖြင့် အသံတိတ် သပိတ်ပြုလုပ်ပြီးနောက် ဖေဖော်ဝါရီလ ၁ ရက်နေ့ညပိုင်းတွင် အထွေထွေသပိတ်ပေါင်း စပ်ညှိနှိုင်းရေးအင်အားစု (GSCB) က အွန်လိုင်းမှတဆင့် လူထု နိုင်ငံရေးတရားပွဲပြုလုပ်သွားမည်ဖြစ်ကြောင်း GSCB ထံမှသိရသည်။

အဆိုပါတရားပွဲကို ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းမှု တနှစ်ပြည့်အနေနှင့် လူထုလှုပ်ရှားမှုများအား အရှိန်ဆက်လက်မြှင့်တင်နိုင်ရန် ရည်ရွယ်ကာ ပြုလုပ်ခြင်းဖြစ်ကြောင်း GSCB က သတင်းထုတ်ပြန်သည်။

လူထုနိုင်ငံရေး တရားပွဲတွင် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ဥက္ကဌ ဦးခူဦးရယ် ၊ ကရင်အမျိုးသား အစည်းအရုံး (KNU) အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမှူး ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ၊ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ၊ ဦးမင်းကိုနိုင်နှင့် ဒေါက်တာ တေဇာစန်းတို့က ပါဝင် ဟောပြောမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

လူထုနိုင်ငံရေးတရားပွဲကို မြန်မာစံတော်ချိန် ည ၈ နာရီတွင် စတင်မည်ဖြစ်ပြီး၊ General Strike Coordination Body - GSCB ၏ လူမှုကွန်ရက် စာမျက်နှာ အပါအဝင် မဇ္ဇျိမ၊ DVB၊ PVTV၊ Myanmar Now၊ D-Day Channel၊ ခေတ်သစ်မီဒီယာတို့မှ တဆင့် Live လွှင့်သွားမည်ဖြစ်ကြောင်း GSCB ထံမှသိရသည်။

Crd: Irrawaddy Burmese News

31/01/2022
၇၃ ကြိမ်မြောက် ကရင်အမျိုးသား တော်လှန်ရေးနေ့သို့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး မှ...
30/01/2022

၇၃ ကြိမ်မြောက် ကရင်အမျိုးသား တော်လှန်ရေးနေ့သို့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး မှ ပေးပို့သော သဝဏ်လွှာ (Burmese Version)

"ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အထူးသံကိုယ်စားလှယ်၏ အဆိုပြုချက်အပေါ် တုန့်ပြန်ကြေငြာချက်""Statement in response to t...
20/01/2022

"ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အထူးသံကိုယ်စားလှယ်၏ အဆိုပြုချက်အပေါ် တုန့်ပြန်ကြေငြာချက်"

"Statement in response to the Proposal of the Special Envoy of the Secretary-General on Myanmar".

၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၂) ရက်နေ့တွင် ကျရောက်သည့် ၂၇၆၁ ခုနှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့သို့ ကေအဲန်ယူ - ကရင်အမျိုးသ...
01/01/2022

၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၂) ရက်နေ့တွင် ကျရောက်သည့် ၂၇၆၁ ခုနှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့သို့ ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး၏ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးမှ ‌ပေးပို့သောသဝဏ်လွှာ
( မြန်မာဘာသာ )

ကေအဲန်ယူ - ဗဟို

20/12/2021
KNU's letter of concern on the Chin State.
31/10/2021

KNU's letter of concern on the Chin State.

KNU Statement on the 6th Anniversary of Signing the Nationwide Ceasefire Agreement
15/10/2021

KNU Statement on the 6th Anniversary of Signing the Nationwide Ceasefire Agreement

၂၀၂၁ စက်တင်ဘာလအတွင်း  KNU နှင့် စစ်ကောင်စီတပ်ကြားတိုက်ပွဲဖြစ်ပွားမှုအချက်အလက်ပုံဖော်ပြခြင်း Crd: Myanmar Peace Monitor  ...
06/10/2021

၂၀၂၁ စက်တင်ဘာလအတွင်း KNU နှင့် စစ်ကောင်စီတပ်ကြားတိုက်ပွဲဖြစ်ပွားမှုအချက်အလက်ပုံဖော်ပြခြင်း

Crd: Myanmar Peace Monitor

05/10/2021

၂၀၂၁ခုနှစ် စက်တင်ဘာလအတွင်း တိုက်ပွဲသတင်းအကျဉ်းချုပ်

၄ စက်တင်ဘာ ၂၀၂၁ ခုနှစ် ကေအဲန်ယူ - ဗဟို

ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး၏ ထိန်းချုပ်နယ်မြေအတွင်း၌ စစ်ရေးလှုပ်ရှားမှု နှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြုလုပ်သော အာဏာသိမ်းစစ်ကောင်စီ၏ လက်အောက်ခံတပ်ဖွဲ့များမှာ
စကခ - ၈ ၊ စကခ - ၁၃ ၊ တပၼ ၄၄ ၊
ခမရ ( ၄၀၅ ၊ ၄၀၆ ၊ ၄၀၉ ၊၂၀၇ ၊ ၂ ၊ ၃၄၉ ၊ ၅၉၀ ၊ ၅၉၈ ၊ ၅၉၉ ၊ ၄၁၄ ၊ ၅၆၁ ၊ ၅၄၉ ၊ ၄၃၂ ၊ ၅၅၇ ၊ ၄၀၇ ၊ ၄၀၁ ၊ ၄၀၄ ၊၂၉၇ )
ခလရ ( ၅၃ ၊ ၆၀ ၊ ၂၆၄ ) နှင့်
နယ်ခြားစောင့်တပ် ( BGF ) မှ
တပ်ရင်း (၁၀၁၁ ၊ ၁၀၁၃ ၊ ၁၀၁၄ ၊ ၁၀၁၉ ၊ ၁၀၂၁ ) စသည့်တို့ဖြစ်သည်။

၂၀၂၁ ခုနှစ် စက်တင်ဘာလ တစ်လတာအတွင်း ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး
ဒူးသထူခရိုင် တပ်မဟာ ၁ ထိန်းချုပ်နယ်မြေအတွင်းတွင်
( ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO ) နှင့်
( အာဏာသိမ်းစစ်ကောင်၏ လက်အောက်ခံတပ် များ နှင့် နယ်ခြားစောင့်တပ် BGF ) တို့အကြား
ပစ်ခတ်တိုက်ခိုက်မှုပေါင်း (၂၇) ကြိမ် ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီတပ်ဘက်မှ (၇၃) ယောက် သေဆုံး၍ (၆၃) ယောက် ထိခိုက်ဒဏ်ရာရရှိသည့်အပြင် ကား (၇) စီးလည်း ပျက်စီးခဲ့ပါသည်။
အာဏာသိမ်းစစ်ကောင်စီ၏တပ်များသည် ပြည်သူလူထု၏ လုပ်ငန်းခွင်အတွင်း နှင့် ပြည်သူလူထုများသွားလာရာလမ်းများပေါ်သို့ လက်နက်ကြီး ပစ်ချမှုပေါင်း ၂၉ လုံး ရှိခဲ့ပါသည်။ အာဏာသိမ်းစစ်ကောင်စီတပ်များ၏ လက်နက်ကြီးပစ်ချမှုကြောင့် နှင့် ညှင်းပန်းနှိပ်စက်မှုများ ကြောင့် ပြည်သူလူထု (၈) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် ကား (၁) စီးလည်းပျက်စီးခဲ့ပါသည်။
နယ်ခြားစောင့်တပ် ( BGF ) တပ်ရင်း - ၁၀၁၃ မှ တပ်စိတ်မှူး ဗိုလ်ကတုံး ဦးဆောင်သော အင်အား (၂၅) ယောက်ရှိ တပ်ဖွဲ့သည် ကြိုးဝိုင်း မှ ယိုကလား စခန်းသို့ တပ်အပြောင်းအလဲလုပ်ဖို့ သွားရာတွင် ၎င်းတို့၏ စားနပ်ရိက္ခာများကို သယ်ဆောင်ပေးရန်အတွက် ကြိုးဝိုင်းရွာသား (၁၀၇) ဦးကို အတင်းအဓမ္မခိုင်းစေခဲ့ပါသည်။

ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး တောင်ငူခရိုင် တပ်မဟာ ၂ ထိန်းချုပ်နယ်မြေအတွင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO တို့သည် ပြောက်ကျားတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ကာ အာဏာသိမ်း စစ်ကောင်စီဘက်မှ ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။

ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ညောင်လေးပင်ခရိုင် တပ်မဟာ ၃ အတွင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO နှင့် အာဏာသိမ်းစစ်ကောင်စီ၏တပ်ဖွဲ့များ တို့အကြား ပစ်ခတ်မှု (၁၄) ကြိမ် ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီ၏တပ်ဖွဲ့များဘက်မှ ထိခိုက်သေဆုံးမှုပေါင်း အယောက် (၅၀) ခန့်ရှိခဲ့ပါသည်။ စစ်ကောင်စီ၏တပ်များသည် အပြစ်မဲ့ပြည်သူ ၁ ဦး ကို ဖမ်းဆီးထားပြီး စစ်ကောင်စီ၏လက်အောက်ခံ ရဲတပ်ဖွဲ့များသည် ကေအဲန်ယူ - ဆောထိမြို့နယ်မှ အင်းကြိုက်၊ ထမင်းရုံ၊ အောဖလား နှင့် တံတားကျိုး ကျေးရွာများအတွင်းသို့ ဝင်ရောက်ပြီး ကျေးရွာအုပ်စုတစ်အုပ်စုတွင် လူငယ် (၃၀)ဦး ပေးဆောင်ရန် ဆင့်ခေါ်ခဲ့ပါသည်။ ကျေးရွာအုပ်စုတစ်အုပ်စုမှ လူငယ် (၃၀) ဦးမပေးဆောင်လျှင် လိုက်လံဖမ်းဆီးမည်ဟုလည်း ခြိမ်းခြောက်ပြောဆိုခဲ့ပါသည်။
ကေအဲန်ယူ - ညောင်လေးပင်ခရိုင် အတွင်း၌ ထွက်ပြေးတိမ်းရှောင်ရသောပြည်သူလူထုများမှာ
ဒဲဒိုးအုပ်စုဘက်တွင် လူဦးရေ (၅၀၀၀)ကျော် ခန့် ရှိ၍ စက်တင်ဘာလ ၂၂ ရက် မှ ၂၄ ရက်နေ့အတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် လော်မူသော နှင့် လော်မူပယ် ကျေးရွာ (၂) ရွာလုံး ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လူဦးရေ (၅၉၈) ဦးရှိပါသည်။
စက်တင်ဘာလအတွင်းတွင် ကေအဲန်ယူ - ညောင်လေးပင်ခရိုင်အတွင်းသို့ အာဏာသိမ်းစစ်ကောင်စီ၏တပ်များမှ လေယာဉ်ဖြင့် လာရောက်ထောက်လှမ်းမှု (၇) ကြိမ် ရှိခဲ့ပါသည်။

ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ဘိတ်/ထားဝယ်ခရိုင် တပ်မဟာ ၄ ထိန်းချုပ်နယ်မြေအတွင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO နှင့် အာဏာသိမ်းစစ်ကောင်စီ၏တပ်ဖွဲ့များတို့အကြား ပစ်ခတ်တိုက်ခိုက်မှု (၅) ကြိမ် ဖြစ်ပွားခဲ့ပြီး အာဏသိမ်းစစ်ကောင်စီ၏တပ်ဖွဲ့များဘက်မှ (၉) ယောက်သေဆုံး၍ (၁၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ အာဏာသိမ်းစစ်ကောင်စီ၏ တပ်များဖြစ်သော ( ခမရ - ၄၀၅ နှင့် ၄၁၄ ) တပ်ဖွဲ့ တို့သည် ပြည်သူလူထု၏ ပိုက်ဆံ (၁၆) သိန်းကျပ် ၊ လက်ကိုင်ဖုန်း (၃) လုံး နှင့် ဆန် (၃) အိတ်စသည်တို့ကို အတင်းအဓမ္မ သိမ်းယူမှု ရှိခဲ့ပါသည်။ အာဏာသိမ်းစစ်ကောင်စီ၏တပ်ဖွဲ့များမှ လူသွားလမ်းပေါ်၌ ထောင်ထားသော မိုင်းကို ပြည်သူ (၁) ဦးမှ နင်းမိခဲ့ပါသည်။ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်သောပြည်သူလူထုများစုပေါင်း၍ သဲချောင်းကြီး ရဲစခန်း တစ်လုံးကို သွားရောက်ဖျက်ဆီးခဲ့ပါသည်။

ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင် တပ်မဟာ ၅ ထိန်းချုပ်နယ်မြေအတွင်းတွင်
( ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO ) နှင့်
( အာဏာသိမ်းစစ်ကောင်စီတပ်များ နှင့် နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ များ ) တို့အကြား
ပစ်ခတ်တိုက်ခိုက်မှုပေါင်း (၂၁၃) ကြိမ် ဖြစ်ပွားခဲ့ပြီး ( အာဏာသိမ်းစစ်ကောင်စီ၏တပ်များ နှင့် နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့များ ) တို့ဘက်မှ
(၁၃၆) ယောက် သေဆုံးကာ (၁၄၄) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ စစ်ကောင်စီ၏တပ်များ နှင့် နယ်ခြားစောင့်တပ် BGF တပ်များသည် ပြည်သူလူထုများနေထိုင်ရာ ကျေးရွာ နှင့် လုပ်ငန်းခွင်များအတွင်းသို့ ရည်ရွယ်ချက်ရှိရှိဖြင့် လက်နက်ကြီး ပစ်ချမှုပေါင်း (၁၆၁)လုံးရှိပြီး လက်နက်ငယ်ဖြင့် ခြောက်လှန့် ပစ်ခတ်မှု အချက် ပေါင်း (၅၀၀၀) ကျော်ရှိခဲ့ပါသည်။ စစ်ကောင်စီ၏တပ်များ နှင့် နယ်ခြားစောင့်တပ် BGF တပ်များ မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် လူနေအိမ် (၁၀) လုံးကို ထိမှန်ပျက်စီးခဲ့သည့်အပြင်
လက်နက်ကြီးပစ်ချမှု၊ လူသွားလမ်းများ၌ မိုင်း ထောင်ထားမှု နှင့် ဖမ်းဆီးရိုက်နှက်မှု များတို့ကြောင့် အပြစ်မဲ့ ပြည်သူလူထု (၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ အာဏာသိမ်းစစ်ကောင်စီ၏တပ်များဖြစ်သော ( ခမရ - ၄၀၄ နှင့် ၂၉၇ ) တို့သည် မဲဝိုင်ရှိ ၎င်းတို့တပ်ဖွဲ့များထံ စားနပ်ရိက္ခာ ပို့ဆောင်အပြီး ခေါဖိုးခီးကျေးရွာ၌ (၅)ရက် တပ်ချရပ်နားစဉ်တွင် ခေါဖိုးခီးကျေးရွာရှိ ပြည်သူလူထု၏ ကြက်၊ဘဲ နှင့် ဝက် များ အကုန်လုံးကို ပစ်ခတ်ဖမ်းဆီး ယူဆောင်စား‌သုံးခဲ့ကြပါသည်။ နယ်ခြားစောင့်တပ် BGF ( တပ်ရင်း ၁၀၁၄ ) မှ ဗိုလ်မောင်ချစ်၏တပည့် စောသန်းမင်း ဆိုသူသည်လည်း အဖော်များနှင့်အတူ
သူခီးအရပ်ဒေသဘက်သို့သွားကာ ပြည်သူလူထု၏ ကြက်မြောက်များစွာကို ဖမ်းစားခဲ့ကြပါသည်။

ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် တပ်မဟာ ၆ ထိန်းချုပ်နယ်မြေအတွင်းတွင်
( ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် KNLA ၊ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO ) နှင့်
( အာဏာသိမ်းစစ်ကောင်စီ၏တပ်များ နှင့် နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့များ ) တို့အကြား ပစ်ခတ်တိုက်ခိုက်မှု (၆) ကြိမ် ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီ၏တပ်ဘက်မှ (၃) ယောက်သေဆုံး၍ (၅)ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။
ဘုရားသုံးဆူ ကရင်စု နှင့် ချောင်းဆုံ သရက်ပင်ရှိ Mytel တာဝါတိုင်များကို အာဏာသိမ်းစစ်ကောင်စီကိုဆန့်ကျင်သောသူများမှ သွားရောက်ဖျက်ဆီးခဲ့ကြပါသည်။

ထို့ကြောင့်
၂၀၂၁ ခုနှစ် စက်တင်ဘာလ တစ်လတာအတွင်း တွင် ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး၏ လက်အောက်ခံတပ်များ နှင့် အာဏာသိမ်းစစ်ကောင်စီ၏လက်အောက်ခံတပ်များအကြား ပစ်ခတ်တိုက်ခိုက်မှု တိုက်ပွဲပေါင်း (၂၆၅) ကြိမ် ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီ၏လက်အောက်ခံတပ်များဘက်မှ (၂၃၄) ယောက်သေဆုံးကာ (၂၆၅) ယောက်ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။
ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး၏ လက်အောက်ခံတပ်များဘက်မှာမူ တိုင်းပြည် နှင့် လူမျိုးအတွက် (၅) ဦး အသက်စွန့် ခဲ့ရပြီး (၁၀) ဦးကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။

Crd: Karen National Union

Address

Hpa-on

Website

Alerts

Be the first to know and let us send you an email when Karen National Dialogue posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Karen National Dialogue:

Share

About KNDCC

Karen National Dialogue Convening Committee (KNDCC)

On the 21 November 2016 at Lay Kay Kaw, the 3 Karen Ethnic Armed Organisations (KEAO’s), KNU, KNU/KNLA-PC, DKBA formed an alliance the Karen National Dialogue Convening Committee (KNDCC) in order to support and implement Karen National Dialogue meetings in different regions based on the ethnicity.

The KNDCC then formed a steering committee, convening committee, sub-committee for each sectors and administration team to carry out the KNDCC’s responsibilities. Within the Committee, members include representatives from political parties, KCSOs, Karen Unity & Peace Committee (KUPC), Women and Technical Teams. The aim of the Committee is inclusive participation and Karen Unity of all Karen people across the country in the Peace Process.