TN. PDF

TN. PDF ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့ကိုယ်စာပြုအခြေစိုက် People Denfence force of TheinNi စစ်အာဏာရှင်ဆန့်ကျင်ရေး

27/10/2023

လားရှိူး-သိန္နီ-ကွတ်ခိုင် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်ပြည်သူများခင်ဗျာ။ စကစ၏ ယာဥ်တန်းစစ်ကြောင်းများသတင်းသိရှိတွေ့လျှင် ကျွန်ုပ်တို့အားသတင်းပေး၍ပူးပေါင်းကူညီပါ။

27/10/2023

🔴🔴🔴🔴🔴

📌📌လားရှိူး-သိန္နီ-ကွတ်ခိုင်တကြောမှာ📌📌📌📌
=====
မြို့ပြပြောက်ကြားစစ်ဆင်ရေးကို ဒီကနေ့ကျွန်ုပ်တို့
စဖွင့်လိုက်ပြီး လှုပ်ရှားနေကြပါပြီ။
ပြည်သူများအထူးသတိဝရီယထားပါ။
TNPDF
သိန္နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TN.PDF)

-TNPDFပြန်ကြားရေးနှင့်ဆက်သွယ်ထောက်လှမ်းရေး
-မြေပြင်လှုပ်ရှား(Tnpdf)
-မြို့ပြပြောက်ကြား

20/09/2023

📌📌📌
=====

သိန္နီ -ကွတ်ခိုင် /နယ်မြေဒေသအပါဝင် မူဆယ် ခရိုင်း အတွင်းမှာEROsပူးပေါင်းတပ်ဖွဲ့များနှင့်အတူ ကျွန်ုပ်တို့ တိုက်ပွဲလှုပ်ရှားရေးအားကောင်းနေပါတယ် စစ်ရေးအခြေနေရ နယ်မြေ အခြေနေ တည်ငြိမ်သွားမှသာ တိုက်ပွဲသတင်းထုတ်ပြန်ချက်များကိုတင်ပေးသွားပါမယ်ခင်ဗျာ။

သိန္နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TNPDF)

ြန်ကြားရေးနှင့်ဆက်သွယ်ထောက်လှမ်းရေး

14/08/2023

📌📌📌📌📌
=========
မန်းလေး -မူဆယ် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ကျွန်ုပ်တို့ ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ
မြေပြင်မှာ စစ်ဆင်ရေး ရှေ့တန်း လှုပ်ရှားမူများ ရှိပါတယ်ခင်ဗျာ။ စစ်ရေးအခြေနေအရ တိုက်ပွဲဖော်ဆောင်လှုပ်ရှားမူ များကို သတင်းထုတ်ပြန်​ချက် မပြုလုပ်ရခြင်း
ဖြစ်ပါတယ် ။

TNPDFပြန်ကြားရေးနှင့်ဆက်သွယ်ထောက်လှမ်းရေး
-သိန္နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(TNPDF)

📌📌📌📌စစ်ရေးအခြေနေသတင်းထုတ်ပြန်ခြင်း //========9/07/2023 -သိန္နီ မှ ကွတ်ခိုင် လမ်းပိုင်း လမ်းမကြီး တစ်လျှောက် ရှိ ခရီးသွား...
09/07/2023

📌📌📌📌

စစ်ရေးအခြေနေသတင်းထုတ်ပြန်ခြင်း //
========
9/07/2023
-
သိန္နီ မှ ကွတ်ခိုင် လမ်းပိုင်း လမ်းမကြီး တစ်လျှောက် ရှိ ခရီးသွားမိဘပြည်သူများခင်ဗျာ။
ဒီကနေ့ တစ်နေ့လုံးကျွန်ုပ်တို့ EROs ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်စစ်ကြောင်းများနှင့် ထိတွေ့တိုက်ပွဲ ပြင်းထန်နေကြပြီး ဒီကနေ့ ညအထိ မြေပြင်ပူးပေါင်းတပ်ဖွဲ့များနှင့် ဆက်လက်တိုက်ပွဲ ပြင်းထန်နိုင်သောကြောင့် မန်းပြိန် နားတစ်ဝိုက် နှင့် လွှိုင်ဆမ်ဆစ်တောင်အနီးလက်ရှိချိန်ထိ စစ်ကောင်စီတပ်များသွားလာလှုပ်ရှားနေကြသည့်အတွက် ကျွန်ုပ်တို့မြေပြင် လှုပ်ရှားရေး ပူးပေါင်းတပ်ဖွဲ့ စစ်ကြောင်းများနှင့် အချိန်မရွေးထိတွေ့တိုက်ပွဲ ဖြစ်ပွားနိုင်သည် ။ ထို့အတွက်ကြောင့် ညအချိန်အသွားလာပြုလုပ်ခြင်းကို အတတ်ဆုံးမလုပ်ဖို့ အသိပေးနိူးဆော်ပါရစေခင်ဗျာ။

-TNPDFမြေပြင်လှုပ်ရှားရေးနှင့်သတင်းအချက်လက်

-သိန္နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ TNPDF

-TNPDFပြန်ကြားရေးနှင့်ဆက်သွယ်ထောက်လှမ်းရေး

photo-
မန်ပြိန်းနားတစ်ဝိုက်စကစတပ်များလှုပ်ရှားနေသည့်အခြေနေ

📌📌📌📌 စစ်ရေးအခြေနေအပေါ်အသိပေးထုတ်ပြန်ခြင်း//____________6.6.2023 // ======-ကျွန်ုပ်တို့TNPDFမှအထူးစစ်ဆင်ရေးစစ်ကြောင်းနှစ်...
06/06/2023

📌📌📌📌
စစ်ရေးအခြေနေအပေါ်အသိပေးထုတ်ပြန်ခြင်း//

____________6.6.2023 //

======
-

ကျွန်ုပ်တို့TNPDFမှအထူးစစ်ဆင်ရေးစစ်ကြောင်းနှစ်ကြောင်းမှ ပူးပေါင်းတပ်ဖွဲ့များဖြင့် လားရှိူး -သိန္နီ -ကွတ်ခိုင် သုံးမြိုနယ်လုံးကို အဓိက ပစ်မှတ်ထားပြီး မြေပြင်မှာ လှုပ်ရှားနေကြပါတယ်ခင်ဗျာ။ စစ်ရေးအရ ကျွန်ုပ်တို့ပူးပေါင်းညွှန်ကြားကွဲကဲမူရှိနေသည့် EROs တွေရဲ့စစ်ရေးအကြံပေးညွှန်ကြားချက်အရ စစ်ရေးလှုပ်ရှားမူမပြီးစီးသေးသည့်အတွက်ကြောင့်လှုပ်ရှားမူ သတင်းအချက်လက်ကို လုံခြုံရေးအရ တိုက်ပွဲသတင်းထုတ်ပြန်ချက်ကို လုံးဝ မလုပ်ဖို့ မှာကြားထားတဲ့အတွက် တိုက်ပွဲသတင်းထုတ်ပြန်ချက်ရလဒ်များအား စစ်ဆင်ရေးလှုပ်ရှားမူအားလုံးပြီးမှ..ကျွန်နော်တို့အတိကျထုတ်ပြန်ပေးပါမယ်ခင်ဗျာ။

စစ်ကောင်စီ ရဲ့လှုပ်ရှားမူ သတင်းများ စစ်ကြောင်းများသတင်ရရှိပါက ဒေသခံပြည်သူလူထုများအနေဖြင့်ကျွန်ုပ်တို့အား အချိန်နှင့်တပြေးညီ သတင်းအချက်လက်လုံးခြုံစွာTNPDF page chat box messengerမှာ လာရောက်ပေးပို့ခြင်းဖြင့် ပူးပေါင်း ကူညီဆောင်ရွက်နိုင်ပြီး မြေပြင်ရှေ့တန်းတပ်ခွဲများဆီလို့ ရိက္ခာများသော်လည်းကောင်း ငွေအင်းအားသော်လည်းကောင်း ထောက်ပို့ရေးအကူညီများဖြည့်တင်းပါဝင်အားဖြည့်နိုင်ပါတယ်ခင်ဗျာ။

သိန္နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TNPDF)

-TNPDFပြန်ကြားရေးနှင့်ဆက်သွယ်ထောက်လှမ်းရေး
-​ပြည်သူအားလုံးပါဝင်ပူးပေါင်းကြပါ💪
-TNPDFစစ်ဆင်ရေးမြေပြင်မှ

04/06/2023

📌 ဒရုန်း စစ်ဆင်ရေး 📌
သိန္နီမြို့တွင်းစစ်ကောင်စီလက်အောက်ခံနေရာများပစ်မှတ်ထား..အထူးလှုပ်ရှားနေသည်။
TNPDF မြို့ပြပြောက်ကျားတိုက်ခိုက်ရေး

28/05/2023

အစစ်ဆေးကြမ်းနေတဲ့စကစဂိတ်တွေ ကိုလိုရင်းတိုရှင်းသတိပေးပါမယ်။
"အုပ်စုလိုက်စုဖွဲ့မနေမိပါစေနဲ့" 💥💣💣
TNPDF

25/05/2023

\\\စစ်ရေးသတိပေးထုတ်ပြန်ခြင်း 🔴🔴📌📌📌📌📌

=======================
25/05/2023 🔴//---

ပြီးခဲ့တဲ့ရက်ပိုင်း လားရှိူးမြို့တွင်းဒရုန်း စစ်ဆင်ရေးကို အောင်အောင်မြင်မြင်နဲ့ လှုပ်ရှားနိုင်ခဲ့ပါတယ် ။
စစ်ရေး အရ သတင်းထုတ်ပြန်ချက်ကိုအတိကျ တင်ပြလို့ မရပါဘူးခင်ဗျာ။
ဆက်လက်ပြီး "မြေပေါ် မြေအောက် "စစ်ဆင်ရေးအမည်ဖြင့် သိန္နီမြို့တွင်းနှင့် ၊ လားရှိူးမြို့နယ်စစ်ကောင်စီလက်အောက်ခံတို့၏ အဓိကပင်မနေရာများကို ပစ်မှတ်ထား၍ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ မြေပြင်ပူပေါင်းဆောင်ရွက်မူများဖြင့် အနှေးနှင့်အမြန် လှုပ်ရှားသွားမည်ဖြစ်သည်။ (မည့်သည့်အချိန်မရွေးဖြစ်နိုင်သည်) ။ မြို့ခံပြည်သူလူထုများအနေဖြင့် ည ၉နာရီနောက်ပိုင်း သတိထားဆင်ခြင်၍ အတတ်နိုင်ဆုံး အရေးကြီးကိစ္စမရှိပါက မိမိတို့ နေအိမ်မှအပြင်မထွက်ခြင်းဖြင့် ကျွန်ုပ်တို့အား ပူးပေါင်းကူညီရာရောက်ပြီးကျွန်ုပ်တို့ ထုတ်ပြန် တိုက်တွန်းနိူးဆော်ချက်များအား လိုက်နာဆောင်ရွက်ပေးကြပါရန် အထူးသတိပေးနိူးဆော်ထုတ်ပြန်အပ်ပါသည်။

သိန္နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TNPDF)

-TNPDFပြန်ကြားရေးနှင့်ဆက်သွယ်ထောက်လှမ်ရေး
-

-အရေးတော်ပုံအောင်နေပြီ

21/05/2023

စစ်ရေးအခြေနေ 📌📌📌📌📌📌
========================
21/05/2023

စိတ်မကောင်းစရာသတင်းကြားရပါတယ်ခင်ဗျာ။ 🥀🥀

ဒီကနေ့ မနက် ၆နာရီခန့် တပ်မဟာ( ၅)နယ်မြေအတွင်း
TNPDF ထောက်ပို့စစ်ဆင်ရေး ဌာနမှ တပ်ဖွဲ့ဝင်
ကျား သုံးဦး မ တစ်ဦး ရိက္ခာသယ်ယူရေးလမ်းကြောင်းမှာ ရန်သူ့စကစ စစ်ကြောင်းနဲ့ ထိပ်တိုက်တွေ့ပြီး ပစ်သတ်ခံခဲ့တယ်လို့ ရှေ့တန်းမြေပြင်ထောက်ပို့ရေးကနေသတင်းရရှိထားပါသည်။

မှတ်ချက် - သတင်းအချက်လက်အပြည့်စုံဆက်လက်ထုတ်ပြန်သွားမည်။

TNPDFပြန်ကြားရေးနှင့်ဆက်သွယ်ထောက်လှမ်းရေး

သိန္နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TNPDF)

#သွေးကြွေးပြန်တောင်းမယ်

📌📌📌📌📌======ထောက်ပို့ရေးအကူညီများလိုအပ်နေ 🙏🙏🙏18/05/2023 TNPDF ထောက်ပို့ရေးပြည်သူများခင်ဗျာ။  ကျွန်ုပ် တို့ TNPDF ရဲ့ ရှေ့...
18/05/2023

📌📌📌📌📌
======ထောက်ပို့ရေးအကူညီများလိုအပ်နေ 🙏🙏🙏
18/05/2023

TNPDF ထောက်ပို့ရေးပြည်သူများခင်ဗျာ။ ကျွန်ုပ် တို့ TNPDF ရဲ့ ရှေ့တန်းစစ်ဆင်ရေး စစ်ကြောင်း၄ ကြောင်းအဓိက ရှေ့တန်း စုဖွဲ့မူအပြင် ​Local မဟာမိတ်တပ်ဖွဲ့ များ၏ပူးပေါင်းထားသည့် စစ်ကြောင်းတွေပါ လက်နက်ခဲယမ်းအပြည့်စုံနဲ့ ရှေ့တန်း စစ်ဆင်ရေးလှုပ်ရှားမူရှိပြုနေသည့် နယ်မြေဒေ သီပေါ လားရှိူး သိန္နီ ကွတ်ခိုင် လမ်းပိုင်းနှင့်အတူသိန္နီ ကွမ်းလုံလမ်းပိုင်း တစ်လျှောက်တွင် EROsအဖွဲ့စည်းများဖြစ်သည့် TNLA /KIA /MNDAA တပ်ဖွဲ့တို့၏ ညွှန်ကြားပူးတွဲ ကွပ်ကဲမူနောက်မှ မြေပြင်တပ်ရင်းတပ်ဖွဲ့များနှင့်အတူ ပူးပေါင်း၍ နယ်မြေအတွင်းထိုးစစ်ဆင်နေသော စကစ ၏ယာဥ်တန်း ၊ ခြေလျှင် စစ်ကြောင်းတွေကိုရင်ဆိုင်ဖြတ်တိုက်ဖို့ရန်နှင့် လေကြောင်းတိုက်ခိုက်မူကာကွယ်ခုခံနိုင်ရေးအတွက် စစ်ရေးလှုပ်ရှားများ မူပြုနေကြသည် ။ ဒါကြောင့်မို့ ကျွန်ုပ်တို့ TNPDFမှာ ရိက္ခာ ထောက်ပို့ရေး အင်းအားကိုလ​ည်းလျော့ နည်းမသွားရန် နှင့် အထွေထွေအသုံးစရိတ်အတွက် ​အလှူရှင်များ၏ ထောက်ပို့ရေးအကူညီတွေကို အဆက်မပြတ် ပြန်လည်လက်ခံနေပါပြီခင်ဗျာ။ ထောက်ပို့ငွေအင်းအား ကူညီချင်းသည့် တော်လှန်ရေးအင်းအားစုများအနေဖြင့် အောက်ဖော်ပြပါ NUG pay accountသို့ထောက်ပိို့ လှူဒါန်းပါဝင်အားဖြည့်နိုင်ပါတယ်ခင်ဗျာ။

သိန္နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(TNPDF)

-TNPDFပင်မထောက်ပို့ဘဏ္ဍရေးဌာန
-TNPDFပြန်ကြားရေးနှင့်ဆက်သွယ်ထောက်လှမ်းရေး

"အရေးတော်ပုံအောင်နေပြီ" ပြည်သူ့အင်းအား 💪

06/05/2023

📌📌📌📌
========6.9.2023 //
အသိပေးထုတ်ပြန်ခြင်း

-
ကျွန်ုပ်တို့ TNPDFမှ လားရှိူး ၊ သိန္နီ ၊ ကွတ်ခိုင် လမ်းပိုင်းအတွင်း ပြီးခဲ့တဲ့ ရက်ပိုင်း မှ စ၍ TNPDF အထူးကွန်မန်ဒိုတပ်ရင်း၏အထူး စစ်ကြောင်း စုဖွဲ့မူများဖြင့် ရှေ့တန်း စစ်ဆင်ရေးများဆင်နွဲရန်အတွက် ပြင်ဆင်လျှက်ရှိပြီး နယ်မြေအခြေစိုက် သတ်ဆိုင်ရာ မဟာမိတ် EAOs ရှေ့တန်းစစ်ကြောင်းများ နှင့်လည်း အတူပူးပေါင်း၍ တိုက်ပွဲဖော်ဆောင်ခြင်းများအပြင် စစ်ကောင်စီ စစ်ကြောင်းများအား ရှောင်တခင် လမ်းကြောင်းဖြတ် တိုက်ခိုက်ခြင်းများအား ဆောင်ရွက်လျက်ရှိပြီး လားရှိူး မူဆယ် လမ်းပိုင်းအတွင်း သွားလာနေကြသော ယာဥ်များအား မိမိတို့ ခြေကုပ်ရယူသည့် နေရာများအနီး တွင် ရပ်နား စစ်ဆေး ခြင်းများ ကိုလည်း ဆောင်ရွက်လျက်ရှိ သည် ။

ထို့ပြင်ပြီးခဲ့တဲ့ သကြန်ကာလအတွင်း မြို့တွင်း လှုပ်ရှား စစ်ဆင်ရေးများကိုလည်း မဟာမိတ် ညီနောင်များနှင့် အတူပူးပေါင်းချိတ်ဆက်၍ လှုပ်ရှားမူများရှိခဲ့သည် ။
ဆက်လက်၍ နယ်မြေအတွင်း ထိုးစစ်ဆင်လာသည့် စကစ စစ်ကြောင်းများနှင့် ခြေကုပ်စခန်းများအား တိုက်ပွဲဖော်ဆောင် စခန်းသိမ်းတိုက်ပွဲများ ဆင်နွဲသွားမည်ဖြစ်သည်။ သို့ဖြစ်၍ စစ်ရေးလှုပ်ရှားမူအင်းအား ဖြည့်တင်းရေးများကိုလည်း အထူးကြပ်မတ် ဆောင်ရွက်လျက်ရှိနေပြီး နယ်မြေအတွင်း စစ်ရေးကိစ္စအရပ်ရပ်ကို အကောင်းဆုံး စီစဥ်ဆောင်ရွက် ကြိုးစားလျက်ရှိသည်။

သိန္နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(TNPDF)

-TNPDFပြန်ကြားရေးနှင့်ဆက်သွယ်ထောက်လှမ်းရေး
-TNPDFမြို့ပြပြောက်ကြားစစ်ဆင်ရေး
-အရေးတော်ပုံအောင်ရမည်။

Address

Hsenwi

Website

Alerts

Be the first to know and let us send you an email when TN. PDF posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to TN. PDF:

Share

Category