31/05/2020
သီပေါမြို့ရဲ့ Soft Trekking One Day Trip🤷♀️🤷♂️
အလုပ်တွေ ပြန်စ မလုပ်ခင် မြို့ပြမှာ ပိတ်လှောင်မွန်းကြပ်နေသလို ခံစားရတဲ့ စိတ်တွေကို ဖျောက်ဖျက်ပစ်နိုင်ဖို့ အေးချမ်းတဲ့ သီပေါမြို့လေးရဲ့ အလှကို လာရောက်ခံစားအပန်းဖြေဖို့ ဖိတ်ခေါ်ပါတယ်နော်🙋💁♂️💁
အချိန်လည်းမကုန်ပဲ တစ်ရက်ခရီးလေးမှာတင် boat လေးစီးပြီး ဒုဌဝတီမြစ်ရဲ့ ကြည်ပြာစိမ်းလဲ့နေတဲ့ မိုးရာသီ ရှူခင်းကို ခံစားကြမယ်
ညှို့မှိုင်းမှိုင်းတောင်တန်းတွေ ကာရံထားတဲ့
ဒုဌဝတီမြစ်ကို ဖြတ်ပြီး သိပ်လှတဲ့ချောင်းဆုံကို အရောက်သွားမယ် 🏞️🏞️
မြစ်ဆုံရဲ့ ရှူခင်းတွေကတော့ လှလွန်းလို့ Instagram postတွေ facebook postတွေ အတွက် effectသုံးစရာမလို editလုပ်စရာမလိုပဲ သဘာဝကျကျ ဖိုတိုအမိုက်စားတွေကို ရိုက်နိုင်မှာပါနော်📷📷📷
boatလေးစီးပြီး ချောင်းဆုံဆီသွား
ချောင်းဆုံမှာ ဓာတ်ဖမ်း ရေတဝဆော့ပြီး နှစ်တစ်ရာကျာ် သက်တမ်း ရှိပြီဖြစ်တဲ့ ရှမ်းဘုန်းကြီးကျောင်းကို ရောက်ဖို့ တောလမ်းခရီးလမ်းလျှောက်(soft trekking)ကို မိနစ် ၂၀ခန့်လောက် adventureကြမယ် 👣👣
ရှမ်းတိုင်းရင်းသားတွေရဲ့ နတ်ကိုးကွယ်မှု ဓလေ့၊
ခရီးစဉ်လေးကတော့ ကောင်းပါရဲ့ ဝင်ငွေတွေ နည်းတဲ့ ကာလမို့ ဈေးအများကြီးလည်း မတတ်နိုင်ပါဘူး၊ မတွေ့တာကြာတဲ့ မိတ်ဆွေ သူငယ်ချင်းတွေ ညီအစ်ကို မောင်နှမတွေနဲ့ ချစ်သူသမီးရည်းစားတွေဖြစ်ဖြစ် ရည်ရွယ်ပြီးစီစဉ်ပေးထားတဲ့ budget tripလေးမို့
တစ်ယောက်ကို ၁သောင်းခွဲနဲ့ စီစဉ်ပေးထားပါတယ်နော် 👌👌👌
special promotionအနေနဲ့ သူငယ်ချင်း မိတ်ဆွေ ၇ယောက် ဖြစ်ဖြစ်၈ယောက် အထိအတူတကွလာမယ်ဆိုရင်တော့ စုစုပေါင်း ကုန်ကျစရိတ် ၇၅၀၀၀သာ ကျခံ ဖို့ အထိကို စီစဉ်ပေးထားပါတယ်နော်
ပါဝင်မယ့် serviceတွေကတော့
•လမ်းကြောင်း ကျွမ်းကျင်တဲ့ professional local guide
•Boat စီးနင်းခ
• တုတ်တုတ်စီးနင်းခ
• Photo shooting service
• ဒေသခံ ဂိုက်ရဲ့ သိသင့်သိထိုက်တဲ့ local knowledge မျှဝေခြင်း (ခရီးတော့ သွားခဲ့ပြီး ဘာအသိပညာမှ မရခဲ့ဘူးဆိုရင် သွားရကျိူး မနပ်ဘူး မဖြစ်စေရအောင်ပါနော်)
• • • • • • • ကဲကဲ ဒီခရီးစဉ်လေးမှာပါနိုင်ဖို့ မိသားစုတွေ သူငယ်ချင်းတွေဆီကို လက်တို့ပြီးတော့ မြန်မြန်သာ ဘိုကင်တင်ထားလိုက်ကြပါနော်
ဘိုကင်တင်ချင်သူများ Hsipaw Sunrise Travel & Tour Page မှာ ဆက်သွယ်နိုင်သလို ကျတော်
Mai Thein Winရဲ့ fb accနှင့် pageကနေ ph no- 09251038504ကနေ ဆက်သွယ်စုံစမ်း မေးမြန်း နိုင်ပါပြီ