People Defence Force Insein

People Defence Force Insein # အာဏာရှင်စနစ်ကိုအမြစ်ပါမကျန်တိုက်ထုတ်မယ် တော်လှန်ရေးအတွက်ငါ့တို့သေရင်သေပါစေ

သမ္မတဦးဝင်းမြင့်ကို ကျန်းမာရေးအကြောင်းပြ နုတ်ထွက်ရန် စစ်အရာရှိကြီး ၂ ဦးက ခြိမ်းခြောက်ခဲ့၊ မနုတ်ထွက်လျှင် အန္တရာယ်ရှိသည်ဟ...
12/10/2021

သမ္မတဦးဝင်းမြင့်ကို ကျန်းမာရေးအကြောင်းပြ နုတ်ထွက်ရန် စစ်အရာရှိကြီး ၂ ဦးက ခြိမ်းခြောက်ခဲ့၊ မနုတ်ထွက်လျှင် အန္တရာယ်ရှိသည်ဟု ခြိမ်းခြောက်၊ သမ္မတက သေလျှင်သေပါစေဟုဆိုကာ စစ်တပ်တောင်းဆိုချက် မလိုက်လျှောခဲ့။

သမ္မတဦးဝင်းမြင့်ကို ကျန်းမာရေးအကြောင်းပြ၍ နုတ်ထွက်ပေးရန် စစ်တပ်ဘက်မှ အရာရှိကြီး ၂ ဦးက ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်အစောပိုင်းတွင် လာရောက်တောင်းဆိုခဲ့ပြီး သမ္မတက ဦးဝင်းမြင့်က ၎င်းသေလျှင် သေပါစေ စစ်တပ်၏ တောင်းဆိုချက်ကို မလိုက်လျှောခဲ့ကြောင်း ယနေ့ တရားရုံးတွင် ထွက်ဆိုသည်။

"သမ္မတဦးဝင်းမြင့် တရားရုံးမှာ ထုတ်ဖော်ခဲ့တဲ့အရေးကြီးတဲ့အချက်က ဖေဖော် ဝါရီ ၁ ရက် မနက်မှာဖြစ်ပျက်ခဲ့တာ။ နံနက်စောစော အဆင်မြင့်တပ်မတော်အရာရှိနှစ် ဦး သည် သမ္မတဦးဝင်းမြင့်ရဲ့ အခန်းထဲ ဝင်လာပြီး ကျန်းမာရေးမကောင်းတဲ့အကြောင်းပြချက်နဲ့ ရာထူးမှနုတ်ထွက်ပေးဖို့ ဖျောင်းဖျခဲ့ပါတယ်။ သမ္မတကသူတို့ရဲ့အဆိုပြုချက်ကို ပယ်ချခဲ့ပြီး သူကျန်းမာရေးကောင်းတယ်လို့ပြောပါတယ်။ စစ်တပ်အရာရှိတို့က ဒီလိုငြင်းပယ်ခြင်းက သူ့ကိုများစွာထိခိုက်စေလိမ့်မယ်လို့ ခြိမ်းခြောက်ခဲ့ပေးမယ့်လည်း သမ္မတက သေလျှင်သေပါစေဟုဆိုကာ စစ်တပ်ရဲ့ တောင်းဆိုချက်ကို မလိုက်လျှောခဲ့ပါဘူး" ဟု တရားရုံးတွင် ထွက်ဆိုထားကြောင်း သိရှိရသည်။

စကစတွေ ထုတ်သုံးလာသော အကွက်သစ်- ရပ်ကွက်တွေ အထဲမှာ သူတို့ အသွင်ယူပြီး သွားလာလှုပ်ရှားလာကြတယ်- ဖမ်းမိထားတဲ့ သူတချို့ရဲ့ နာမ...
11/10/2021

စကစတွေ ထုတ်သုံးလာသော အကွက်သစ်

- ရပ်ကွက်တွေ အထဲမှာ သူတို့ အသွင်ယူပြီး သွားလာလှုပ်ရှားလာကြတယ်

- ဖမ်းမိထားတဲ့ သူတချို့ရဲ့ နာမည်တွေကို သုံးပြီး ပြည်သူ့အကျိုးကိုရှေးရှုတဲ့ Telegram Channel တွေ Facebook တွေမှာ စစ်အာဏာရှင်ကို ရွံမုန်းသလိုလို
တော်လှန်ရေးရဲဘော်လေးတွေအတွက် စိတ်ပူသလိုနဲ့ အများထင်ယောင်ထင်မှားဖြစ်စေတဲ့ သတင်းတွေကို ပေးပို့ပေးတယ်။ကျွန်တော်တို့ကို အသုံးချပြီး psywar သုံးတယ်။

-ယင်းသတင်းကို တွေ့တဲ့ ပြည်သူအများစုဟာ ထိတ်လန့်ပြီး နေရာပြောင်းရွေ့ဖို့အတွက် လှုပ်လှုပ်ရှားရှားဖြစ်လာတယ်။

- ဒီအချိန်မှာ သူတို့လွတ်ထားတဲ့ အသွင်ယူတွေက လိုက်စောင့်ကြည့်ပြီး သတင်းယူလာတယ်။ ညမှာ အိမ်နံပါတ် အတိအကျနဲ့ လိုက်ဆွဲတယ်။

-အရေးကြီးတဲ့သူဆို ချက်ချင်းပိတ်ဆို့ဖမ်းဆီးတယ်။

- အရမ်းလှူ အရမ်းထိရောက်နေတဲ့ page တွေကို အလှူဆက်မလုပ်နိုင်အောင် အပုပ်သတင်းတွေ လွင့်ပြီး ပြည်သူတွေကို ဂျင်းထည့်တယ်။

စသော လုပ်နည်းပုံစံတွေကို ပြောင်းလဲလာတာ တွေ့မြင်ကြုံတွေ့နေရပါတယ်။

သတိဆိုတာ ပိုတယ် မရှိဘူးဆိုတဲ့အတိုင်း အမြဲ သတိနဲ့နေတာလဲ အကောင်းဆုံးပါပဲ

07/10/2021
07/10/2021

CDM ပြည်သူ့ရဲတပ်ဖွဲ့ ယာယီအုပ်ချူပ်ရေးကော်မတီ ဖွဲ့စည်းကြောင်း ကြေညာခြင်း
ကြေညာချက်အမှတ် (၄/၂၀၂၁)
ရက်စွဲ ၊ ၇ ရက် အောက်တိုဘာလ ၂၀၂၁ ခုနှစ်

ပြည်သူ့တော်လှန်ရေးတွင် ပူးပေါင်းပါဝင်လာကြသော CDM ရဲတပ်ဖွဲ့ဝင်များ နှင့် မိသားစုဝင်များအား ပြန်လည်စုစည်းပြီး ဘေးကင်းလုံခြုံမှုရှိစေရေး စီမံဆောင်ရွက်ပေးနိုင်ရန်၊ CDM ရဲတပ်ဖွဲ့ဝင်များ နှင့် မိသားစု များအကြား ဖြစ်ပေါ်လာမည့် အခက်အခဲများအား ကူညီဖြေရှင်းပေးနိုင်ရန်၊ CDM မပြုလုပ်ရသေးသော ရဲတပ်ဖွဲ့ဝင်များအား CDM နှင့် Pre CDM များ ပြုလုပ်လာစေပြီး အနာဂါတ်ဖက်ဒရယ် ပြည်သူ့ရဲတပ်ဖွဲ့ ဖွဲ့စည်းနိုင်ရေးအထောက်အပံ့ဖြစ်စေရန် ရည်ရွယ်၍ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန နှင့် CDM ပြည်သူ့ရဲတပ်ဖွဲ့ဝင်များ ညှိနှိုင်းအစည်းအဝေးကျင်းပကာ “CDM ပြည်သူ့ရဲတပ်ဖွဲ့ ယာယီအုပ်ချူပ်ရေး ကော်မတီ” အား ဖွဲ့စည်းလိုက်သည်။

ပုံ
လွင်ကိုလတ်
ပြည်ထောင်စုဝန်ကြီး
ပြည်ထဲရေး နှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

ဦးကျော်မိုးထွန်းသည် ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီးဖြစ်ပါသည်။      11.9.2021
11/09/2021

ဦးကျော်မိုးထွန်းသည် ကုလသမဂ္ဂဆိုင်ရာ
မြန်မာသံအမတ်ကြီးဖြစ်ပါသည်။



11.9.2021


ပြည်သူများသို့ အသိပေး ကြေ ငြာချက်........
09/09/2021

ပြည်သူများသို့ အသိပေး ကြေ ငြာချက်........

English Below👇🏻👇🏻👇🏻📢 GMSR မှ သံတမန်ရေးရာ D-Day တိုက်ပွဲခေါ်သံ—————————————————လာမယ့် စက်တင်ဘာလ (၁၄) ရက်နေ့မှာ မြန်မာပြည်...
01/09/2021

English Below👇🏻👇🏻👇🏻
📢 GMSR မှ သံတမန်ရေးရာ D-Day တိုက်ပွဲခေါ်သံ
—————————————————
လာမယ့် စက်တင်ဘာလ (၁၄) ရက်နေ့မှာ မြန်မာပြည်အတွက် အင်မတန် အရေးကြီးတဲ့ အလှည့်အပြောင်းတစ်ခု စတင်ပါတော့မည်။ အဲ့ဒါက “ ၇၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုမယ့် အစိုးရ တစ်ရပ် နဲ့ အမြဲတမ်း ကိုယ်စားလှယ် ” အဖွဲ့ ကို ကမ္ဘာ့နိုင်ငံတွေက ရွေးချယ်ကြတော့မှာပါ။ ထို့ကြောင့် ကမ္ဘာအရပ်ရပ်မှာ ရောက်ရှိနေကြသော မြန်မာပြည်သူ ပြည်သားများ၊ ဒီမိုကရေစီကိုချစ်မြတ်နိုးသူများမှ ကုလသမဂ္ဂအထွေထွေညီလာခံတွင် စစ်မှန်သော ပြည်သူ့အသံရှိနေဖို့ရာနှင့် NUGအား တရားဝင်အစိုးရအဖြစ် နိုင်ငံတကာမှအသိမှတ်ပြုရန် အစွမ်းကုန်ပါဝင် တိုက်ပွဲဝင်ပေးဖို့ Myanmar Spring Revolution - ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေး GMSR မှလေးစားစွာ ပန်ကြားအပ်ပါသည်။

ယခုလက်ရှိ ပါဝင်သော နိုင်ငံများမှာ 🇺🇸အမေရိကန်ပြည်ထောင်စု၊ 🇬🇧အင်္ဂလန်၊ 🇮🇹အီတလီ၊ 🇯🇵ဂျပန်၊ 🇰🇷တောင်ကိုရီးယား၊ 🇧🇪ဘယ်လ်ဂျီယံ၊ 🇨🇦ကနေဒါ၊ 🇦🇺 ဩစတေးလျ၊ 🇫🇮ဖင်လန်၊ 🇳🇴နော်ဝေ၊ 🇩🇰ဒိန်းမတ်၊ 🇸🇪ဆွီဒင်၊ 🇹🇼ထိုင်ဝမ်၊🇳🇿နယူးဇီလန်၊ 🇩🇪ဂျာမနီ၊🇦🇹ဩစတြီးယား၊ နှင့် 🇮🇱အစ္စရေး တို့ဖြစ်ပါသည်။

အစီအစဉ်အသေးစိတ်နှင့် ထပ်တိုးလာမည့်နိုင်ငံများကို နောက်ရက်တွေ GMSR (Global Myanmar Spring Revolution ) FB စာမျက်နှာမှာ ဆက်update လုပ်ပေးသွားပါမည်။

🗓ကျင်းပမည့်နေ့။ ။ စက်တင်ဘာလ (၁၁) - Brisbane, Australiia
🔖လိုအပ်ချက် ။ ။ အင်္ကျီအဖြူ၊ လက်ပတ်အနီ

📢 GMSR calls for the Credential Challenge D-Day
—————————————————
14th September 2021 is an important day for our country as it is the day that the 76th UN General Assembly is going to be held. In this UN General Assembly, an important decision on who should represent Myanmar as the permanent UN representative will be made. This will also decide who should be recognised as Myanmar’s government by the international community.

Therefore, GMSR ( Global Myanmar Spring Revolution) urges the Myanmar citizens, Myanmar diaspora communities across the world and the supporters of Democracy, to take part in our activities on advocating for the recognition of the permanent UN representative for the voice of Myanmar citizens and the recognition of NUG as the only government of Myanmar in the UN.

There will be worldwide coordinated rallies during the weekend of 11th-12th September and the following countries namely: 🇺🇸United States, 🇬🇧United Kingdom, 🇮🇹Italy, 🇯🇵Japan, 🇰🇷South Korea, 🇧🇪Belgium, 🇨🇦Canada, 🇦🇺Australia, 🇫🇮Finland, 🇳🇴Norway, 🇩🇰Denmark, 🇸🇪Sweden, 🇹🇼Taiwan, 🇳🇿New Zealand, 🇩🇪 Germany, 🇦🇹Austria and 🇮🇱Israel are currently taking part. We will keep you posted on the additional participating countries in the following days.

🗓Date: 11th September, Brisbane
🔖Dresscode: White Top, Red Armband

#အရေးတော်ပုံအောင်ရမည်
#အထူးအရေးပါသည့်_နိုင်ငံကိုယ်စားပြုခွင့်တိုက်ပွဲ

#စစ်အာဏာရှင်ဖယ်ရှားရေး_NUGကိုထောက်ခံပေး

Address

Insein
Insein

Website

Alerts

Be the first to know and let us send you an email when People Defence Force Insein posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to People Defence Force Insein:

Share