20/08/2026
ယနေ့ ၂၀၂၆ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့တွင်
ပြည်သူ့ရှေ့ဆောင်ပါတီ 🅿🅿🅿 ရန်ကုန်တိုင်းလူငယ်ရေးရာမှဦးဆောင်၍
ယခုနှစ်တက္ကသိုလ်ဝင်တန်းတွင် ၄ဘာသာဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သော ဒဂုံမြို့သစ်တောင်ပိုင်းမှပါတီဝင်၏သမီးဖြစ်သူ မမေသဇင်ဦးအား စုပေါင်းဂုဏ်ပြုချီးမြှင့်သော ပညာသင်ထောက်ပံ့စရိတ် ၁၆ သိန်း ၊
Prime Institute မှ သိန်း ၂၀ ဖိုး သင်တန်းတက်ခွင့် Gift Voucher ချီးမြှင့်ပွဲကို
ရန်ကုန်တိုင်းရုံး၌ကျင်းပရာ
ဗဟိုတွဲဖက်အထွေထွေအတွင်းရေးမှူး (၃) ဒေါ်မွန်မွန်မြင့်နှင့်ရန်ကုန်တိုင်းအမှုဆောင်များ၊မြို့နယ်ဥက္ကဌများ၊ ပါတီဝင်များတက်ရောက်ခဲ့ပါသည်။
ပြည်သူ့ရှေ့ဆောင်ပါတီ 🅿🅿🅿