Millennium Library - UM1

Millennium Library - UM1 Official page of "Millennium Library - UM1" organized by University of Medicine (1) Students' Union

"Millennium Library ပြုပြင်မွမ်းမံမှုများအား တင်ပြခြင်း"ဆေးတက္ကသိုလ် (၁) ပြည်လမ်း (လိပ်ခုံး) campus ရှိ Millennium Libra...
22/07/2020

"Millennium Library ပြုပြင်မွမ်းမံမှုများအား တင်ပြခြင်း"

ဆေးတက္ကသိုလ် (၁) ပြည်လမ်း (လိပ်ခုံး) campus ရှိ Millennium Library အား ပြန်လည်မွမ်းမံလျက် ရှိရာ

⁃ June 26 ရက်တွင် Library မျက်နှာစာတွင် aluminium တံခါးပေါက်များအားတပ်ဆင်ပြီးခြင်း။
https://www.facebook.com/170606696754954/posts/907387373076879/
⁃ July 1 ရက်တွင် Floor Standing Type ဖြင့် Air-con ၂ လုံး တပ်ဆင်ပြီးခြင်း။
https://www.facebook.com/170606696754954/posts/910988306050119/

⁃ July 19 ရက်တွင် Library အတွင်းပိုင်း အခန်းအလယ်ကို ခေါက်၍တွန်းနိုင်​သော တံခါးဖြင့် အရှင်တပ်ဆင်မှု ပြုလုပ်ခဲ့ပါသည်။ ယခုလို ကန့်ထားခြင်းအားဖြင့် Library တွင် အေးအေး လူလူ စာလာဖတ်သူများနှင့် Events များ Talk shows များ Club Activity များ အတွက် နေရာသက်သက် ဖြစ်သွားပြီး အားလုံးအဆင်ပြေစေလို​သော ရည်ရွယ်ချက်ဖြင့် ကန့်လိုက်ရခြင်းဖြစ်ပါသည်။

● စာကြည့်တိုက်အတွင်းရှိ Folding Silding Door partition အတွက် ခွင့်ပြု စီမံဆောင်ရွက်ပေးပါ​သော "ပါမောက္ခချုပ် Dr ဇော်ဝေစိုး ၊ ဒု-ပါမောက္ခချုပ် Dr မြင့်မြင့်ငြိမ်း နှင့် စီမံဘဏ္ဏာဌာနမှူး ဒေါ်ချိုချိုဟန်" တို့အပြင် စာကြည့်တိုက် နံရံ နှင့် မျက်နှာကျက်များအား အခမဲ့ ဆေးသုတ်၍ အခန်းတစ်ခုလုံးကို ပြုပြင်​ပေးပါ​သော "Skyline Company Limited မှ managing director ကိုဟန်ဇော်ထွန်း" တို့ကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါသည်။

● ဤ စာကြည့်တိုက် ပြန်လည်ပြုပြင်​ရေးတွင် ပါဝင်သောအလှူရှင်များအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်ခင်ဗျာ။ 🙆‍♂️

● Millennium Library တွင် Air-Con များ တပ်ဆင်ပြီးစီးကြောင်း အသိပေးခြင်း ●              ဆေးတက္ကသိုလ် (၁)ရန်ကုန် ပြည်လမ်း ...
01/07/2020

● Millennium Library တွင် Air-Con များ တပ်ဆင်ပြီးစီးကြောင်း အသိပေးခြင်း ●

ဆေးတက္ကသိုလ် (၁)ရန်ကုန် ပြည်လမ်း (လိပ်ခုံး) campus ရှိ Millennium Library အား ပြန်လည်ပြုပြင်မှုများ ပြုလုပ်လျက်ရှိရာ ဇွန်လ ၂၂ ရက်နေ့တွင် စာကြည့်တိုက်တာဝန်ခံ ကိုဟိန်းဆက်​အောင်နှင့် Skyline ကုမ္ပဏီ၏ managing director ကိုဟန်​ဇော်ထွန်းတို့ တွေ့ဆုံ၍ အခန်းကန့်ခြင်းကို စတင် အကောင်အထည်ဖော်ခဲ့ရာ ၂၆ရက်​နေ့တွင် ပြီးစီးခဲ့ပါသည်။

စာကြည့်တိုက်အပြင်ဘက် အခန်းနံရံပြင်ဆင်မှုများ ပြုလုပ်ပြီးသည့်နောက် စာလာဖတ်သည့် ကျောင်းသား၊သူများ သက်တောင့်သက်သာ ရှိစေရန် ရည်ရွယ်ချက်ဖြင့် Floor Standing Type နှင့် air-con (၁ လုံး - ၂ ကောင်အားရှိ) ၂ လုံးကို ယနေ့ တပ်ဆင်ပြီးစီးကြောင်း အသိပေးအပ်ပါတယ် ခင်ဗျာ။

အထူးသဖြင့် air-con အလှူရှင် ဦးဝင်း​ဇော်ကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ ✨

ကျောင်းသားကျောင်းသူများအနေနဲ့လည်း ကျောင်းပြန်ဖွင့်ပြီဆိုတာနဲ့ စာကြည့်တိုက်မှာ အေးအေးလူလူ စာလာဖတ်ပြီး chill နိုင်ပါပြီ​နော် 🙆‍♂️ Debate club , public speaking club အစရှိတဲ့ club များလည်း ​ကျောင်း activity တွေကို စာကြည့်တိုက်မှာ ပိုမိုကျင်းပ​နိုင်ဖို့ ဖိတ်​ခေါ်လိုက်ပါတယ် !

●  ဆေးတက္ကသိုလ် (၁) ပြည်လမ်း (လိပ်ခုံး) campus ရှိ Millennium စာကြည့်တိုက်အား အခန်းကန့် ပြင်ဆင်ပြီးခြင်း ●-      ယ​နေ့ ​...
26/06/2020

● ဆေးတက္ကသိုလ် (၁) ပြည်လမ်း (လိပ်ခုံး) campus ရှိ Millennium စာကြည့်တိုက်အား အခန်းကန့် ပြင်ဆင်ပြီးခြင်း ●

- ယ​နေ့ ​နံနက်တွင် ​ဆေးတက္ကသိုလ်(၁) ​ကျောင်းသားသမဂ္ဂမှ Millennium စာကြည့်တိုက် တာဝန်ခံ ကိုဟိန်းဆက်​အောင် နှင့် တွဲဖက်အထွေ​​ထွေအတွင်း​ရေးမှူး ကိုထူး​အောင်​ကျော် တို့မှ စာကြည့်တိုက် အပြင်ပိုင်း အခန်းကန့်ပြင်ဆင်ပြီးသည့် အ​ခြေအ​နေကို သွား​ရောက် ကြည့်ရှုစစ်​ဆေးခဲ့ကြပါသည်။

- အခန်းကန့်ထားသည့် aluminium နှင့် မှန် တံခါး၊နံရံတို့မှာ
ခိုင်ခံ့​သေသပ်မှုရှိပြီး အခန်းအတွင်းပိုင်းတွင်းလည်း အသံပိုင်းအရ
လုံလုံခြုံခြုံ ရှိသည်ကို ​တွေ့ ရှိလေ့လာခဲ့ရပါသည်။

- ထို့အပြင် စာကြည့်တိုက် အတွင်းပိုင်းတွင်လည်း တိတ်ဆိတ်ငြိမ်သက်ပြီး ​အေးချမ်းမှုရှိ​စေရန် ​air-con ပါ တပ်ဆင်ပေးသွားပါမည်။

- Interior design & decoration နှင့်ပက်သက်၍လည်း ပြင်ဆင်မွမ်းမံမှုများကို ဆက်လက်ဆောင်ရွက်သွားရန်ရှိ​ကြောင်း အသိ​ပေးအပ်ပါသည်။

● ဆေးတက္ကသိုလ် (၁) ပြည်လမ်း (လိပ်ခုံး) campus ရှိ Millennium စာကြည့်တိုက်အား စတင် အခန်းကန့်ပြင်ဆင်ခြင်း အ​ခြေအနေ ●- ယ​နေ...
23/06/2020

● ဆေးတက္ကသိုလ် (၁) ပြည်လမ်း (လိပ်ခုံး) campus ရှိ Millennium စာကြည့်တိုက်အား စတင် အခန်းကန့်ပြင်ဆင်ခြင်း အ​ခြေအနေ ●

- ယ​နေ့ မနက်ခင်းတွင် Millennium စာကြည့်တိုက်၏ တာဝန်ခံ ကိုဟိန်းဆက်​အောင် နှင့် Skylines company limited ၏ managing director ကိုဟန်​ဇော်ထွန်းတို့ ​တွေဆုံပြီး လုပ်ငန်းကျသင့်​ငွေ စရံ​ခကိုပေး​ချေကာ စာကြည့်တိုက်အခန်းကန့်ခြင်း အစီအစဥ်အား စတင် အ​ကောင်အထည် ​ဖော်ခဲ့ပါ​သည်။ ထို့အတွက် aluminium နှင့် glass နံရံများအပြင် slide door type များကိုလည်းတပ်ဆင်သွားပါမည်။

- ထို့​နောက် အခန်းကန့်ပြီးသွားလျှင်လည်း စာကြည့်တိုက်အတွင်း air-con တပ်ဆင်ရန် နှင့် စာအုပ်များ ၊​ electronic device များအတွက် plug box များ ၊ accessories များနှင့် decoration ပြင်ဆင်ရေးအပိုင်းတို့ လိုအပ်ချက်ရှိသည်တို့ကိုလည်း ပြန်လည် မွမ်းမံ ပြင်ဆင်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

"Millennium စာကြည့်တိုက် ပြန်လည် မွမ်းမံရန် ကန်ထရိုက် နှင့် ​တွေ့ဆုံဆွေး​နွေးခြင်း"•ယ​နေ့ မနက် ၁၀ နာရီတွင် ​ဆေးတက္ကသိုလ်...
17/06/2020

"Millennium စာကြည့်တိုက် ပြန်လည် မွမ်းမံရန် ကန်ထရိုက် နှင့် ​တွေ့ဆုံဆွေး​နွေးခြင်း"

•ယ​နေ့ မနက် ၁၀ နာရီတွင် ​ဆေးတက္ကသိုလ်(၁)သမဂ္ဂရုံးခန်း၌
သမဂ္ဂ ဥက္ကဌ ကိုစည်သူ​အောင် ၊ general secretary မ​မေသင်း​ခိုင် ၊ Millennium စာကြည့်တိုက်တာဝန်ခံ ကိုဟိန်းဆက်​အောင် ၊ Inter-SU မှ ကိုနေမျိုးနိုင် တို့နှင့် Skyline Painting Systems ၏ managing director ဦးဟန်​ဇော်ထွန်းတို့ ​တွေ့ဆုံ၍ အစည်းအ​ဝေးပြုလုပ်ခဲ့ပါသည်။

•အ​ကြောင်းအရာမှာ စာကြည့်တိုက် အ​ရှေ့မျက်နှာစာ အခန်းကန့်လို
သည့် design ပုံစံအ​နေအထားနှင့် အခန်းအလယ်တွင် အဖွင့်အပိတ် ပြုလုပ်နိုင်သည့် partition အရှင်ခြားရန် sample များအား တိုင်ပင်လေ့လာခဲ့ကြပါသည်။

•ထို့အပြင် အခန်းတစ်ဖက်စီတွင်air-conတပ်ဆင်ပြီးလျှင်လေလုံသည့် အခန်းတစ်ခုဖြစ်ရန် လိုအပ်ချက်များကိုလည်း ​ဆွေး​နွေးခဲ့ကြပါသည်။

•နောက်ဆုံး ဆန်ကာတင် aluminum နှင့် glass composite door design ကို ​အတည်ပြုပြီးပါက ယခု လကုန်အပတ်တွင် အမြန်ဆုံး ​ပြီးမြောက်​အောင် ​ဆောင်ရွက်သွားမည်ဖြစ်​​ကြောင်း အသိ​ပေးအပ်ပါသည်။

ဒီ campaign လေးထဲမှာ အားလုံး ပါဝင်ကြဖို့ ဖိတ်ခေါ်ပါတယ်ဗျ ☺️☺️
17/06/2020

ဒီ campaign လေးထဲမှာ အားလုံး ပါဝင်ကြဖို့
ဖိတ်ခေါ်ပါတယ်ဗျ ☺️☺️


ဆရာ၀န်တစ်ယောက်ဖြစ်ဖို့ မလွယ်ပါဘူး။
Covid ကြီးအတွင်းမှာ Front line မှာစွမ်းစွမ်းတမံ ဆောင်ရွက်နေကြတဲ့ ဆရာ၀န်များ ကိုလေးစားကြဂုဏ်ပြု ကြပါတယ်။👷👮
ကျွန်‌တာ်တို့ကို
ဒီလို ဆရာ၀န်တွေဖြစ်လာအောင် သင်ကြားပေးခဲ့တဲ့ ဆရာ၊ဆရာမများ ကိုလည်း လေးစားဂုဏ်ပြုကြရင် ပိုလို့တောင် ကောင်းမွန်ပါတယ်။ ကျွန်တော်တို့ဆရာတွေက စာသင်ပေးရရုံသာမက အခုလို covid အရေးကြုံလာတဲ့အခါ front liner အဖြစ် တာဝန်ယူရတာတွေလည်း ရှိပါတယ်။
ကျွန်တော်တို့ ဘ၀တစ်လျှာက် ဆရာ၀န်ဖြစ်ဖို့ မူလတန်းကနေ ယခု တက္ကသိုလ်အထိ စာတွေသင်ပေး၊ဆိုဆုံးမပေး တဲ့ ဆရာ၊ဆရာမတွေအများကြီးရှိပါတယ်။
ဒီ Covid ကာလကြီးအတွင်းမှာ ပိုလို့ထင်ရှားတာက ဆရာ၀န်ဖြစ်ရတာ အရမ်းမွန်မြတ်တယ်ဆိုတာပါ။။လူ့အသက်ကယ်နိုင်အောင်၊လူတွေ လေးစားအောင် ဆေးပညာကို သင်ကြားပေးခဲ့တဲ့ဆရာတွေ ကိုပိုလို့ပင် လေးစားမိပါသည်။ 👏👏
အားလုံးကို ဒီ CAMPAIGN လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။❤💙
ဒီ CAMPAIGN ကတော့ ကိုယ့်ဘ၀မှာ ဆေးကျောင်းပဲဖြစ်ဖြစ် ကျောင်းတုန်းကပဲဖြစ်ဖြစ် တွေ့ဆုံခဲ့ဖူးတဲ့ ဆရာတွေ၊ဆရာမတွေ အများကြီးရှိကြမှာပါ။
ကိုယ့်ဘ၀အတွက် အားဖြစ်စေခဲ့တဲ့၊အမှတ်တရ ဖြစ်စေခဲတဲ့ဆရာတွေလည်းရှိမှာ အမှန်ပါပဲ။
အဲ့ထဲကမှ ဆရာတစ်ယောက် (သို့ နှစ်ယောက်)အကြောင်းကို စာစုလေးရေးပေးစေချင်ပါတယ်။ဆရာ့ကိုသတိတရ ရှိရာလည်းရောက်၊အမှတ်တရလည်း ဖြစ်တာပေါ့ဗျာ။

စာလုံးရေ အရေအတွက်တော့ အကန့်သတ်ထားပါဘူး။ကျွန်တော်တို့ Library Team ကလည်းစာမူတွေကိုရွေးချယ်ပြီး ဆုပေးဖို့ အစီအစဉ်လည်းရှိပါတယ်။။😎💓💓
ကိုယ်က စာရေးမကောင်းလို့လား။စာမရေးဘူးလို့လား။ဒါတွေစိတ်မပူပါနဲ့။ဆရာ၊ဆရာမတွေကို လေးစားတဲ့အနေ နဲ့ ရေးလိုက်တဲ့ စာတို လေးဖြစ်ပါစေ၊ခွန်အားရှိစမြဲပါ။

ကျွန်တော်တို့ အားလုံးဆရာတွေကို စာရေးပြီးဂုဏ်ပြုလိုက်ကြရအောင်လားဗျာ။။

💢ပါ၀င်ချင်သူများကတော့

1. ကိုယ့်ရဲ့ story လေးကိုရေးပါ။
post မှာ # Heros for you
# Teachers for us လို့hashtag လေးနဲ့တွဲတင်ပေးပါနော်။
2.ကိုယ်နဲ့ ဆရာနဲ့ အမှတ်တရ ဓာတ်ပုံလေးပါရင်တော့ပိုကောင်းပါတယ်။
3.ပြီးရင်တော့ပါ၀င်လို့ရပါပြီဗျာ။။

" ​ဆေး ၁ ပြည်လမ်း Millennium စာကြည့်တိုက် ပြင်ဆင် မွမ်းမံရန် လိပ်ခုံး campus သို့ သွား​ရောက်စစ်​ဆေးခြင်း "- ယနေ့ မနက်ခင်...
10/06/2020

" ​ဆေး ၁ ပြည်လမ်း Millennium စာကြည့်တိုက် ပြင်ဆင် မွမ်းမံရန် လိပ်ခုံး campus သို့ သွား​ရောက်စစ်​ဆေးခြင်း "

- ယနေ့ မနက်ခင်းတွင် ​ဆေးတက္ကသိုလ် ၁ ပါမောက္ခချုပ် ​ဒေါက်တာ ​ဇော်​ဝေစိုး ၊ ဒု-ပါ​မောက္ခချုပ် ​ဒေါက်တာ မြင့်မြင့်ငြိမ်း တို့နှင့်အတူ ​ဆေး ၁ ​ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုစည်သူ​အောင် ၊ Millennium စာကြည့်တိုက် တာဝန်ခံ ကိုဟိန်းဆက်​အောင် ၊ အားကစား​​ကော်မတီမှ တာဝန်ခံ ကိုရှင်းသန့်ထွန်းနှင့်ကိုနေမျိုးနိုင် တို့မှ campus တစ်ခွင်ရှိ စာကြည့်တိုက် အပြင် lab အခန်းများ ၊ dissection room များနှင့် tutorial အခန်းများ ပြန်လည်မွမ်းမံ​ရေး လုပ်ငန်းစဥ်များကို သွား​ရောက် လေ့လာခဲ့ကြပါသည်။

- ထို့အနက် Millennium စာကြည့်တိုက်တွင် အခန်းဧရိယာမှာ အနည်းငယ် ကျယ်ဝန်း​နေသဖြင့် air-con ၂လုံး တပ်ဆင်ရန် မှာကြားခဲ့ပြီး အ​ရှေ့ မျက်နှာစာသာမက အခန်းအတွင်းတွင်လည်း slide door နှင့် ၂ခန်းဖြစ်​အောင် partition အရှင်ကန့်ထားမည် ဖြစ်ပါသည်။

- ၁ ခန်းကို ​စာဖတ်​လေ့လာရန် နှင့် ကျန် ၁ ခန်းကိုမူ ကျောင်းသားများ စာသင်ချိန်ပြီးဆုံးလျှင် prsentation များ ပြုလုပ်နိုင်ရန်နှင့် အဖွဲ့လိုက် assignment များ ဆွေး​နွေး​တိုင်ပင်နိုင်ရန် လိုအပ်သည်များထားရှိ ​ဆောင်ရွက်​ပေးသွားမည် ဖြစ်ကြောင်း အသိ​ပေးအပ်ပါသည်။

" Millennium စာကြည့်တိုက် ပြုပြင်မွမ်းမံရန်ညှိနှိုင်းဆွေးနွေးပြီး၍ စတင်အ​ကောင်အထည်ဖော်ခြင်း "​- ဆေးတက္ကသိုလ် ၁ ပြည်လမ်း ...
09/06/2020

" Millennium စာကြည့်တိုက် ပြုပြင်မွမ်းမံရန်
ညှိနှိုင်းဆွေးနွေးပြီး၍ စတင်အ​ကောင်အထည်ဖော်ခြင်း "

​- ဆေးတက္ကသိုလ် ၁ ပြည်လမ်း လိပ်ခုံး campus ရှိ Millennium
စာကြည့်တိုက် အခန်းကန့်ခြင်းနှင့် air-con တပ်ဆင်ခြင်းတို့အတွက်
ယ​နေ့ ၉ ရက်နေ့၌ ပါ​မောက္ခချုပ် ​ဒေါက်တာဇော်​ဝေစိုး ၊ ဒု-ပါ​မောက္ခချုပ် ​ဒေါက်တာ မြင့်မြင့်ငြိမ်း နှင့် စီမံဘဏ္ဏာ​ရေးမှူး ​ဒေါ်ချိုချိုဟန်
တို့နှင့် ​အစည်းအ​ဝေး ပြုလုပ်ရာတွင် စာကြည့်တိုက်အခန်းကန့်ရန် လိုအပ်သည့် အလှူ​ငွေ ငါးသိန်း နှင့် ​air-con တစ်လုံးကို ကျောင်းမှထောက်ပံ့ပေးသွားမည်ဖြစ်​ကြောင်း သိရှိရသဖြင့် ​Millennium ကော်မတီမှ အထူးကျေးဇူးတင်ရှိ​​ပါသည်။ ❣

- ထို့အပြင် ပြုပြင်မွမ်းမံရေး ရန်ပုံ​ငွေအတွက် ပါဝင်လှူဒါန်း
သည့် ​​ကျောင်းသားများနှင့် ဆရာ၊မများ အလှူရှင်များအားလုံးအား ကျေးဇူးတင်ရှိ​ကြောင်း နှင့် Millennium Library မှ စေတနာအသိအမှတ်ပြု certificate များကိုလည်း ပေးအပ်သွားမည် ဖြစ်​ကြောင်း အသိ​ပေးအပ်ပါသည်။ ❣

- ဤအစီအစဥ်တွင် ဆက်လက်ပါဝင်လှုဒါန်းလို​သူများအား
အလှူ​ငွေများ လက်ခံလျှက်ရှိသဖြင့် အောက်ဖော်ပြပါ account များသို့ လှူဒါန်းနိုင်ပါတယ်ခင်ဗျာ။ 👀

Wave money - 099 5455 3435
KBZ pay acc - 0979 0979 971

Huge thanks to all donors who are involved in this program 🙆‍♂️

" ဆေးတက္ကသိုလ် (၁) ပြည် campus ရှိ Millennium Library အားပြုပြင်မွမ်းမံရန် အခန်းကန့်ခြင်းနှင့် Air Con တပ်ခြင်း အတွက် အလ...
07/06/2020

" ဆေးတက္ကသိုလ် (၁) ပြည် campus ရှိ Millennium Library အားပြုပြင်မွမ်းမံရန် အခန်းကန့်ခြင်းနှင့် Air Con တပ်ခြင်း အတွက် အလှူခံခြင်း "

-အားလုံးပဲမင်္ဂလာပါခင်ဗျာ ကျောင်းတွေအကြာကြီးပိတ်ထားတဲ့အတွက် အားလုံးလဲ ကျောင်းကိုလွမ်းနေကြပီထင်ပါတယ်🥺

-အခု ကျွန်တော်တို့ library committee အနေနဲ့ ဒီကနေ့ တင်ပြခြင်တဲ့အကြောင်းအရာကတော့ Millennium Library ကိုပြန်လည် ပြုပြင်မွမ်းမံဖို့နှင့် အခန်းကန့်ဖို့ ကိစ္စပဲ ဖြစ်ပါတယ်. ☺

-ထို့​ကြောင့်ယခု စာကြည့်တိုက် ပြန်လည်မွမ်းမံပြင်ဆင်ရေး အတွက် ဆက်လက်အကောင်အထည်ဖော်ရန် ညှိနှိုင်းလျက် ရှိ​ပါတယ်

-ကျွန်တော်တို့ရဲ့ Campus သုံးခုရှိတဲ့အနက် ပြည် campus မှာရှိတဲ့ canteen အပေါ်က Millennium Library ကိုတော့ လူတိုင်းသိကြမယ်လို့ထင်ပါတယ်။ ဒီ library လေးကကျောင်းသားကျောင်းသူတွေရဲ့ စုပေါင်းအင်အားနဲ့ပဲ တည်ထောင်ထားတာဖြစ်ပါတယ်.

- ကျွန်တော်တို့ Lecture ချိန်နောက်ကျလို့ မဝင်ရတော့ရင်ဖြစ်ဖြစ် , ကြားချိန်လေးတွေမှာ ဝတ္ထု စာအုပ်လေးတွေ လာဖတ်ရင်ဖြစ်ဖြစ် , ကျောင်းမှာလုပ်တဲ့ ပွဲတွေအတွက် decoration လုပ်ချင်ရင်ဖြစ်ဖြစ် , Talk Show တွေ Debate တွေလုပ်ချင်ရင်ဖြစ်ဖြစ် , ဂစ်တာလေးတီးပြီး သီချင်းလေး ညည်းချင်ရင်ပဲဖြစ်ဖြစ် ဒီ library လေးကိုကျောင်းသားကျောင်းသူတွေ လာဖူးကြမှာပါ. 🥳

-ကျွန်တော်တို့ရဲ့ 2nd MB life မှာ တစ်ထောင့်တစ်နေရာက ပါဝင်နေတဲ့ Millennium Library လေး ကြာရှည်အသုံးပြုနိုင်အောင်, Library အတွင်းကျောင်းသားကျောင်းသူများ သက်တောင့်သက်သာစာဖတ်နိုင်ရန် , မိုးတွင်းဆိုလျှင် မိုးရေပက်ခြင်း နှင့် စာအုပ်များ ပျက်စီးခြင်းမှ ကာကွယ်ရန် Library ကို အခန်းကန့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်. 🙆🏻‍♂️🙆🏻‍♂️

-Aluminium တံခါးများတပ်ဆင်ပြီးလျှင် Library မှာ စာလာဖတ်တဲ့ကျောင်းသားကျောင်းသူတွေ သက်တောင့်သက်သာ စာဖတ်နိုင်ရန် Air Con တပ်ဆင်ပေးမှာဖြစ်ပါတယ်. ❤️☺️

-ဒါကြောင့်မလို့ ကျွန်တော်တို့ campus life မှာ ပါဝင်နေတဲ့ Millennium Library အတွက် အလှူငွေများ နည်းများမဆို ထည့်ဝင်နိုင်ကြောင်း လေးစားစွာ အသိပေးအပ်ပါသည်ခင်ဗျာ. အောက်ဖော်ပြပါ acc များသို့ထည့်ဝင်လှူဒါန်းနိုင်ပါတယ်ခင်ဗျာ ☺️

(1) Wave money - 099 5455 3435
(2) KBZ pay acc - 0979 0979 971

- အသေးစိတ်သိရှိလိုသမျှကိုလည်း message box ကနေ
အချိန်မရွေးဆက်သွယ်စုံစမ်းနိုင်ပါတယ် ☺️☺️ အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ 🙆🏻‍♂️

- အလှူ​ငွေ ထည့်သူများအားလုံးကိုလည်း certificate လုပ်​ပေးမှာမို့လို့ ​ငွေလွှဲပြီးရင် page ကို လွှဲထားတဲ့ screenshot နဲ့ message လာပို့​ပေးပါခင်ဗျာ 👀

FYI 👀 More medical reference books are now available   Library !Thanks a lot to Ma Zin Wah Htet (Medical Officer)who don...
22/01/2020

FYI 👀
More medical reference books are now available Library !

Thanks a lot to Ma Zin Wah Htet (Medical Officer)
who donated these books to the Millennium Library ❣
We really appreciate it ^ ^

အားလုံးပဲမင်္ဂလာပါ 📖အခုဆိုရင် Millennium Library မှာ member ဝင်လို့ရနေပါပြီ 📖Member ဝင်ဖို့အတွက်လိုအပ်တာတွေကတော့.....အခု...
07/11/2019

အားလုံးပဲမင်္ဂလာပါ 📖

အခုဆိုရင် Millennium Library မှာ member ဝင်လို့ရနေပါပြီ 📖

Member ဝင်ဖို့အတွက်လိုအပ်တာတွေကတော့.....

အခုမှစဝင်မယ်ဆိုရင်ဝင်ကြေး ၂၀၀၀ နဲ့လစဉ်ကြေး ၁၀၀၀ ပေးသွင်းရပါမယ်

အရင်က member ဝင်ထားပြီးရင်တော့လစဉ်ကြေး ၁၀၀၀ သာပေးသွင်းရပါမယ်

1st MB , 2nd MB ကျောင်းသား ကျောင်းသူတွေမဟုတ်ဘဲတခြား batch တွေကအကိုအမတွေလည်းလာ join လို့ရပါတယ်

Member registration form နဲ့ member card ထုတ်ယူခြင်း member fees ပေးသွင်းခြင်းကိုတော့အောက်ပါအတန်းကိုယ်စားလှယ်များထံတွင်လုပ်နိုင်ပါပြီ

Heinn Sett Aung (sec B)
Ingyin Oo (sec B)
Htet Aung Lwin (sec A)
Khin Ei Ei Aung (sec A)

Hello ❣ dear fellow readers 📖ပြီးခဲ့တဲ့ Sunday က ကြေညာခဲ့တဲ့ giveaway event ကို စိတ်ဝင်တစားနဲ့ like & share လုပ်ပေးကြ တဲ...
01/11/2019

Hello ❣ dear fellow readers 📖

ပြီးခဲ့တဲ့ Sunday က ကြေညာခဲ့တဲ့ giveaway event ကို စိတ်ဝင်တစားနဲ့ like & share လုပ်ပေးကြ တဲ့ UM(1) မှကျောင်းသူကျောင်းသားများကို အထူးပဲကျေးဇူးတင်ရှိပါတယ်
ဒီနေ့ 1.11.19 (Friday)မှာတော့ giveaway ​ပေါက်တဲ့ winner တွေကို announce လုပ်ပေးမှာပါ
📖 ကံထူးရှင် winner တွေကတော့ 📖

1. Thaw Khant Zin -တက္ကသိုလ်ဘုန်းနိုင်
လေရူးသည်စာမတတ်ပါ

2. Han Nwe Soe -လင်္ကာရည်ကျော် နေဝင်အိပ်တန်းတက်

3. Saung Lei Yi - မြသန်းတင့် လူလေးသို့ပေးစာများ

4. Win Myat Shwe Zin Tun - Guy Delisle
Burma Chronicles

5. Oat Soe Aung - ဇော်ဂျီ ဗေဒါလမ်း

Congrats ပါ နော် 🎈🎉 အခု giveaway ကို
မရသွားတဲ့ တွေကလည်း စိတ်မကောင်းမဖြစ်ပါနဲ့
နောက်ဆိုလည်း အလားတူ plan တွေရှိလာနိုင်တာမို့လို့ page ကို ဆက်follow ထားပြီး library ကို support ပေးပါဦးနော်

Winner 5 ဦးဟာဆိုရင် ဖြင့် နောက်အပတ် Monday က
စ ပြီး Millennium library တာဝန်ခံ နဲ့ ကော်မတီ အဖွဲ့ ဝင် တွေဆီမှာ ဆက်သွယ်ပြီးတော့ စာအုပ်များကို လာရောက်ထုတ်ယူနိုင်ပါပြီနော်

Thanks to everyone who participated ပါ ❣

Address

University Of Medicine 1, Pyay Campus (upstairs Of Canteen)
Kamayut

Opening Hours

Monday 08:30 - 16:30
Tuesday 08:30 - 16:30
Wednesday 08:30 - 16:30
Thursday 08:30 - 16:30
Friday 08:30 - 16:30

Website

Alerts

Be the first to know and let us send you an email when Millennium Library - UM1 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category