7 EAO Alliance

7 EAO Alliance Aiming to bring an end to long civil war in Myanmar and establish a new Federal Democratic Union The Arakan Liberation Party (ALP)
2.

The 7 Ethnic Armed Organizations that have signed the Nationwide Ceasefire Agreement (NCA) with the aim of ending the over 70-year civil war in Myanmar and establishing a new federal democratic union, reformed as 7 Ethnic Armed Alliance Organizations (7 EAO Alliance) to strengthen cooperation and speed up operation in the implementation of peace processes among them and with other stakeholders on

March 19, 2024. To establish policies and offer direction to the 7 EAO Alliance, a steering committee comprising 14 members, including a team leader and deputy team leader, each representing two representatives from every organization within the 7 EAO Alliance, has been formed. To implement the policies established by the Steering Committee, a secretariat has been established, comprising one representative from each of the 7 EAO Alliances. The secretariat includes roles such as a General Secretary, Joint Secretary, coordinators, and members.

7 EAO will be actively engaged in all-party dialogue to pursue incremental and meaningful political changes, in creating spaces to give voice to moderates seeking peaceful solutions, and in enhancing the responsibilities of all parties for civilians. These seven groups collectively known as 7 Ethnic Armed Organization (7 EAO Alliance) are:

1. The Democratic Karen Benevolent Army (DKBA)
3. The Karen National Union/Karen National Liberation Army Peace Council (KNU/KNLA PC)
4. The Lahu Democratic Union (LDU)
5. The New Mon State Party (NMSP)
6. The Pa-Oh National Liberation Organization (PNLO)
7. The Restoration Council of Shan State (RCSS)



မြန်မာနိုင်ငံတွင် နှစ်(၇၀)ကျော်ကြာ ပြည်တွင်းစစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု သစ်ထူ ထောင် ရေးရည်ရွယ်ချက်ဖြင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(၇)ဖွဲ့ တို့သည် မိမိတို့အဖွဲ့အစည်း(၇)ဖွဲ့အကြားတွင်သော်လည်းကောင်း၊ အခြားသော Stakeholder များနှင့် ငြိမ်းချမ်း ရေး လုပ်ငန်းစဉ်များဆောင်ရွက်ရာ၌သော်လည်းကောင်း ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းလာကာ လုပ်ငန်း များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ 7 EAO Alliance အဖြစ် ၂၀၂၄ခုနှစ်၊ မတ်လ (၁၈) ရက် နေ့ တွင် ပြောင်းလဲဖွဲ့စည်းခဲ့ကြပါသည်။

မူဝါဒများချမှတ်ရန်နှင့် 7 EAO Alliance အားလမ်းညွန်မှုပေးရန်အတွက် 7 EAO Alliance အဖွဲ့အစည်းများမှ ကိုယ်စားလှယ် (၂)စီပါဝင်သော အဖွဲ့ခေါင်းဆောင်နှင့် ဒုတိယအဖွဲ့ခေါင်းဆောင်ပါအဝင် အဖွဲ့ဝင်များစုစုပေါင်း(၁၄) ဦးပါဝင်သည့် ဦးဆောင်မှုကော်မတီကိုဖွဲ့စည်းထားပါသည်။

ဦးဆောင်ကော်မတီမှ ချမှတ်သည့် မူဝါဒများအားအကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာ 7 EAO Alliance မှ ကိုယ်စားလှယ်များ(၁)ဦးစီပါဝင်သည့် အတွင်းရေးမှူးအဖွဲ့အား ဖွဲ့စည်းထားပါသည်။ အတွင်းရေး အဖွဲ့၌ အထွေထွေအတွင်းရေးမှူး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး၊ ညှိနှိုင်းရေးမှူးနှင့် အဖွဲ့ဝင်များပါဝင်ပါသည်။

7 EAO Alliance သည် အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးရေးမှတဆင့် ငြိမ်းချမ်းရေးဆိုင်ရာ ရလဒ်များ ဖော်ထုတ်နိုင်ရန် လူထု၏သဘောထားများဖေါ်ထုတ်နိုင်သော အခင်းအကျင်းများဖန်တီးခြင်း၊ သက်ဆိုင်သည့် အဖွဲ့အစည်း များအနေဖြင့် ပြည်သူလူထုအား ကာကွယ်ရန် တာဝန်ရှိမှုကိုသိရှိစေခြင်း၊ အဓိပ္ပါယ်ပြည့်ဝ၍ နိုင်ငံရေး အပြောင်း အလဲများ တိုးတက်ဖြစ်ပေါ်လာစေရန် သက်ဆိုင်သူများအားလုံးနှင့် နိုင်ငံရေးဆွေးနွေးပွဲ များကို စဉ်ဆက်မပြတ် ကျင်းပခြင်းတို့ကိုဆောင်ရွက်သွားမည်ဖြစ်ပါသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(၇)၏ မဟာမိတ်အဖွဲ့မှာအောက်ပါအတိုင်းဖြစ်ပါသည်။
၁။ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)
၂။ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)
၃။ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ
(KNU/KNLA PC)
၄။ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)
၅။ မွန်ပြည်သစ်ပါတီ (NMSP)
၆။ ပအိုဝ်းအမျိူးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)
၇။ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)

မိမိတို့ 7 EAO Alliance (NCA-S EAO) ၇ ဖွဲ့နှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော် ဆောင်မှုညှိနှိုင်းရေး...
21/07/2026

မိမိတို့ 7 EAO Alliance (NCA-S EAO) ၇ ဖွဲ့နှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော် ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) တို့မှ နေပြည်တော်ရှိ Mgallery ဟိုတယ်၌ ကျင်းပ လျက်ရှိသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာပြန်လည်သုံးသပ်ခြင်းဆွေးနွေးပွဲကို အောင်မြင်စွာ ဆောင်ရွက်ပြီး စီးခဲ့ပါ သည်။ ဇူလိုင်လ (၂၀-၂၁) နှစ်ရက်တာဆောင်ရွက်ခဲ့သော ဆွေးနွေးပွဲ၌ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖော် ဆောင်မှုဆိုင်ရာ အမြင်သဘောထားများကို ဆွေးနွေးဖလှယ်နိုင်ခဲ့ကြပါသည်။ ဆွေးနွေးပွဲ ဒုတိယနေ့၌ ပြောကြား သော 7 EAO Alliance ညှိနှိုင်းဆွေးနွေးရေးအဖွဲ့‌ခေါင်းဆောင်၏ နိဂုံးချုပ်စကားကို ဖော်ပြအပ် ပါသည်။

ယနေ့ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၂၀) ရက်နေ့ တွင် 7 EAO Alliance (NCA-S EAO) ၇ဖွဲ့နှင့် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်...
20/07/2026

ယနေ့ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၂၀) ရက်နေ့ တွင် 7 EAO Alliance (NCA-S EAO) ၇ဖွဲ့နှင့် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) တို့မှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆိုင်ရာ ပြန်လည်သုံးသပ်ခြင်းဆွေးနွေးပွဲ ကိုဆောင်ရွက်လျက်ရှိနေပါသည်။ အဆိုပါဆွေးနွေးပွဲသို့ အဖွဲ့ခေါင်းဆောင်အဖြစ် ဗိုလ်မှူးကြီး စိုင်းငင်းဦးဆောင်သည့် အဖွဲ့ဝင်(၈)ဦးပါ 7 EAO Alliance ၏ ဆွေးနွေးညှိနှိုင်းရေးအဖွဲ့က တက်ရောက်ဆွေးနွေးလျက်ရှိပြီး အဖွဲ့ခေါင်းဆောင်၏ နှုတ်ခွန်းဆက်စကား ကို ဖော်ပြအပ်ပါသည်။

အိန္ဒိယသံရုံး၏ စီစဉ်ဆောင်ရွက်မှုဖြင့် နေပြည်တော်ရှိ MGallery Hotel ၌ ကျင်းပလျက်ရှိသည့် Constitutionalism and Federalism ...
16/07/2026

အိန္ဒိယသံရုံး၏ စီစဉ်ဆောင်ရွက်မှုဖြင့် နေပြည်တော်ရှိ MGallery Hotel ၌ ကျင်းပလျက်ရှိသည့် Constitutionalism and Federalism အလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်လျက်ရှိသည့် 7 EAO Alliance အဖွဲ့ ဝင်အဖွဲ့အစည်းများ၏ မှတ်တမ်းပုံရိပ်များကို ဖော်ပြအပ်ပါသည်။
အလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင်လ(၁၆) ရက်နေ့မှ (၁၈) ရက်နေ့အထိ သုံးရက်တာကျင်းပသွားမည်ဖြစ်ပြီး အိန္ဒိယနိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပေဒေဆိုင်ရာအခြေခံမူများနှင့် ဖက်ဒရယ်စနစ်ဆင့်ကဲဖြစ်ပေါ်မှုများကို လေ့လာသွားကြမည်ဖြစ်ပါသည်။

(၉/၂၀၂၆) ဦးဆောင်အဖွဲ့အစည်းအဝေးကျင်းပပြုလုပ်ခြင်း7 EAO Alliance ၏ (၉/၂၀၂၆) အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၈) ရက်နေ့တွင...
18/06/2026

(၉/၂၀၂၆) ဦးဆောင်အဖွဲ့အစည်းအဝေးကျင်းပပြုလုပ်ခြင်း
7 EAO Alliance ၏ (၉/၂၀၂၆) အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၈) ရက်နေ့တွင် ကျင်းပပြီးစီးခဲ့ ပါသည်။
အစည်းအဝေးတွင် ဦးဆောင်အဖွဲ့ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်၊ ဒုတိယအဖွဲ့ခေါင်း ဆောင် နိုင်အောင်မင်းနှင့်တကွ ဦးဆောင်အဖွဲ့ဝင်များ၊ အတွင်းရေးမှူးအဖွဲ့ဝင်များ၊ လုပ်ငန်းကော်မတီ များ၏ ညှိနှိုင်းရေးမှူး များနှင့် အထူးဖိတ်ကြားထားသူများစုံ လင်စွာတက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် လက်ရှိနိုင်ငံရေး၊ စစ်ရေးအခြေအနေများအားသုံးသပ်ခြင်း၊ ၂၀၂၆ ခုနှစ်၊ ဇွန်လ (၉-၁၀) ရက်နေ့များတွင်ကျင်းပပြုလုပ်သော7 EAO Alliance နှင့် NSPNC တို့၏ ညှိနှိုင်းဆွေးနွေးပွဲနှင့် ပတ်သက်၍ 7 EAO ညှိနှိုင်းဆွေးနွေးရေးအဖွဲ့၏ အစီရင်ခံတင်ပြမှုများအပေါ် သုံးသပ်ဆွေးနွေးခဲ့ကြပါ သည်။
ဤအစည်းအဝေးကြီးမှ 7 EAO Alliance နှင့် NSPNC တို့ ပူးတွဲပြီး မကြာမီပြုလုပ်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပြန်လည်သုံးသပ်ခြင်းညှိနှိုင်းဆွေးနွေးပွဲအတွက် လိုအပ်သော လမ်းညွှန်မှုများ ချမှတ်ခြင်း နှင့် တာဝန်ပေးအပ်မှုများကို ပြုလုပ်ခဲ့ပါသည်။

ယနေ့ ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၀) ရက်နေ့တွင်  7 EAO Alliance (NCA-S EAO) ၇ ဖွဲ့နှင့် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းခ...
10/06/2026

ယနေ့ ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၀) ရက်နေ့တွင် 7 EAO Alliance (NCA-S EAO) ၇ ဖွဲ့နှင့် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့၏ အလွတ်သဘောအစည်းအဝေး ကို ကျင်းပပြီးစီးခဲ့ပြီး 7 EAO Alliance ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်း
၏နိဂုံးချုပ်အမှာစကားကို အောက်ပါအတိုင်းဖော်ပြအပ်ပါသည်။

တွေ့ဆုံဆွေးနွေးခြင်းအမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်း...
09/06/2026

တွေ့ဆုံဆွေးနွေးခြင်း
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) ၏ ဖိတ်ကြားမှုဖြင့် မိမိတို့ 7 EAO Alliance (NCA-S EAOs) ၇ဖွဲ့မှ အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်း ဦးဆောင်သည့် အဖွဲ့ဝင်(၈) ဦးပါ ညှိနှိုင်းရေးအဖွဲ့သည် နေပြည်တော်သို့ ရောက်ရှိ၍ NSPNC နှင့် အလွတ်သဘော ဆွေးနွေးညှိနှိုင်းလျက်ရှိပါသည်။ အလွတ်သဘောအစည်းအဝေး၌ ပြောကြားသည့် အဖွဲ့ခေါင်းဆောင်၏ နှုတ်ခွန်းဆက်စကားကို အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်။

(၈/၂၀၂၆) ဦးဆောင်အဖွဲ့အစည်းအဝေးကျင်းပပြုလုပ်ခြင်း7 EAO Alliance ၏ (၈/၂၀၂၆) ဦးဆောင်အဖွဲ့ အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ မေလ (၅)...
05/05/2026

(၈/၂၀၂၆) ဦးဆောင်အဖွဲ့အစည်းအဝေးကျင်းပပြုလုပ်ခြင်း
7 EAO Alliance ၏ (၈/၂၀၂၆) ဦးဆောင်အဖွဲ့ အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ မေလ (၅) ရက်နေ့တွင် ကျင်းပပြီးစီးခဲ့ပါသည်။
အစည်းအဝေးတွင် ဦးဆောင်အဖွဲ့ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်၊ ဒုတိယအဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းနှင့်တကွ ဦးဆောင်အဖွဲ့ဝင်များ၊ အတွင်းရေးမှူးအဖွဲ့ဝင်များ၊ အကြံပေးပုဂ္ဂိုလ် လုပ်ငန်းကော်မတီ များ၏ ညှိနှိုင်းရေး မှူးများနှင့် အထူးဖိတ်ကြားထားသူများစုံလင်စွာတက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် လက်ရှိဖြစ်ထွန်းနေသော နိုင်ငံရေး၊ စစ်ရေးအခြေအနေများ၊ နိုင်ငံတကာအခင်း အကျင်းနှင့် အတွင်းရေးမှူးအဖွဲ့၏ အစီရင်ခံတင်ပြမှုကို ဆွေးနွေးသုံးသပ်ခဲ့ကြပါသည်။
အစည်းအဝေးကြီးမှ-
(၁) မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည်သုံးသပ်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များ
(၂) 7 EA ၏ မဟာဗျူဟာ
(၃) ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည်ဖော်ဆောင်ရေးဆိုင်ရာ ထိတွေ့ဆက်ဆံမှုစည်းမျဉ်းများ
(၄) အတွင်းရေးမှူးအဖွဲ့မှ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းလမ်းညွှန်များ တို့ကို အတည်ပြုချမှတ်နိုင်ခဲ့ပါသည်။

(၇/၂၀၂၆) ဦးဆောင်အဖွဲ့အစည်းအဝေးကျင်းပပြုလုပ်ခြင်း7 EAO Alliance ၏ (၇/၂၀၂၆) အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၈) ရက်နေ...
28/01/2026

(၇/၂၀၂၆) ဦးဆောင်အဖွဲ့အစည်းအဝေးကျင်းပပြုလုပ်ခြင်း

7 EAO Alliance ၏ (၇/၂၀၂၆) အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၈) ရက်နေ့တွင် ကျင်းပ ပြီးစီးခဲ့ ပါသည်။
အစည်းအဝေးတွင် ဦးဆောင်အဖွဲ့ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်၊ ဒုတိယအဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းနှင့်တကွ ဦးဆောင်အဖွဲ့ဝင်များ၊ အတွင်းရေးမှူးအဖွဲ့ဝင်များ၊ လုပ်ငန်းကော်မတီများ၏ ညှိနှိုင်းရေးမှူး များနှင့် အထူးဖိတ်ကြားထားသူများစုံလင်စွာတက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် လက်ရှိဖြစ်ထွန်းနေသော နိုင်ငံရေး၊ စစ်ရေးအခြေအနေများ၊နိုင်ငံတကာအခင်း အကျင်းနှင့် ရွေးကောက်ပွဲအလွန် ဖြစ်ပေါ်လာနိုင်ဖွယ်ရှိသည့် အလားအလာများကို သုံးသပ်ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးကြီးမှ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု အသွင်ကူးပြောင်းရေးဆိုင်ရာ လမ်းညွှန်မှု များ၊ 7 EA ၏ မဟာဗျူဟာဆိုင်ရာ ပြန်လည်သုံးသပ်မှုနှင့် ပြင်ဆင်ဆောင်ရွက်မှုများဆိုင်ရာ လမ်းညွှန်မှုများ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဥ် ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ လမ်းညွန်မှုများကို ချမှတ်ပေးနိုင်ခဲ့ပါသည်။

Address

No. 6, Shwe Li Street
Kamayut
11041

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

959426316604

Alerts

Be the first to know and let us send you an email when 7 EAO Alliance posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to 7 EAO Alliance:

Shortcuts

Share