Karenni people's voice - ကရင်နီပြည်သူ့အသံ

  • Home
  • Myanmar
  • Kayan
  • Karenni people's voice - ကရင်နီပြည်သူ့အသံ

Karenni people's voice - ကရင်နီပြည်သူ့အသံ မတရားမူ့ကဥပဒေဆို တွန်းလှန်ဖို့ကဝတ္တရားပါ

04/02/2022

ဖရူဆို အနောက်ဘက်ခြမ်း စစ်ရှောင်

ပြည်သူများ စားနပ်ရိက္ခာအရေးပေါ်အကူအညီ..

လိုအပ်နေပါတယ်။ နီးစပ်ရာဆက်သွယ်

လှူဒါန်းပေးကြပါဦးဗျ ။ 🙏

၂၉.၂.၂၀၂၂ မှာ အကြမ်းဖက်စစ်တပ်မှ ဖယ်ခုံမြို့၊ဟိန္ဓမရပ်ကွက် ပြည်သူနေအိမ်များသို့လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လေ...
30/01/2022

၂၉.၂.၂၀၂၂ မှာ အကြမ်းဖက်စစ်တပ်မှ ဖယ်ခုံမြို့၊ဟိန္ဓမရပ်ကွက် ပြည်သူနေအိမ်များသို့လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လေကြောင်းဖြစ်လည်း တိုက်ခိုက်အကြမ်းဖက်ခဲ့ပါသည် ။

ပြီးခဲ့သည့်လများမှ ယနေ့ထိ လွိုင်ကော်မြို့ရှိ
မိုင်းလုံး၊ပန်ကန်း၊ရွာတန်းရှည်၊ဒေါဥခူ၊ထီးငှားလျား၊ဘာဒိုရပ်ကွက်များတွင်လည်း လက်ပြန်ကြိုးတုပ် သတ်ဖြတ်ခံခဲ့‌ရသော ပြည်သူ ကလေးသူငယ်၊အမျိုးသမီး၊အမျိုးသား အလောင်း (၂၂) လောင်းခန့်ရှိပြီး အကြမ်းဖက်စစ်တပ်မှ စစ်ရာဇဝတ်မူ့များ နေ့စဉ်ကြူးလွန် လျက်ရှိပါသည် ။






မိုင်းလုံး ပန်ကန်း ဘက်နေသူများလုံးဝ လုံးဝ အပြင်မထွက်ပဲ အကာအကွယ်ဖြင့်နေပေးကြပါဗျ ။🙏
07/01/2022

မိုင်းလုံး ပန်ကန်း ဘက်နေသူများ

လုံးဝ လုံးဝ အပြင်မထွက်ပဲ

အကာအကွယ်ဖြင့်နေပေးကြပါဗျ ။🙏

ပြည်သူများသို့အသိပေးမေတ္တာရပ်ခံခြင်းရက်စွဲ။ ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ (၂၇)။ဒီဇင်ဘာလ (၂၄) ရက်နေ့၊ ဖရူဆိုမြို့နယ်၊မိုဆိုကျေးရွာ...
27/12/2021

ပြည်သူများသို့အသိပေးမေတ္တာရပ်ခံခြင်း

ရက်စွဲ။ ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ (၂၇)။

ဒီဇင်ဘာလ (၂၄) ရက်နေ့၊ ဖရူဆိုမြို့နယ်၊မိုဆိုကျေးရွာအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ အရပ်သားပြည်သူ (၃၅) ဦးကို ရက်စက်စွာ မီးရှို့သတ်ဖြတ်ခဲ့သည့် ဖြစ်စဥ်နှင့်စပ်လျဥ်း၍ KNDF အနေဖြင့် ကရင်နီပြည်ရဲဌာန (Karenni Sate Police)နှင့်အတူ ကုလသမဂ္ဂအဖွဲ့အစည်းအစည်းများ၊ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့များနှင့်ပူးပေါင်း၍ အရေးယူဆောင်ရွက်မှုများနှင့် တရားမျှတမှုရရှိရေးအတွက် ကြိုးစား ဆောင်ရွက်လျက်ရှိပါသည်။
တစ်ဖက်တွင်လည်းအကြမ်းဖက်စစ်ကောင်စီတပ်များမှ ၄င်းအမှုနှင့်စပ်ဆိုင်သော သက်သေအထောက် အထားများကို ဖျောက်ဖျက်ခြင်း၊ ပြုပြင်ပြောင်းလဲခြင်းများပြုလုပ်ရန်ကြိုးစားလျက်ရှိပြီး၊ အခင်းဖြစ်ပွားရာ နေရာသို့ သက်သေအထောက်အထားများ လာရောက်စုစည်းသူများကို လက်နက်ကြီးများဖြင့် တိုက်ခိုက် လျက်ရှိပါသည်။
ထိုစိတ်မချမ်း‌မြေ့ဖွယ်အမှုနှင့်စပ်လျဥ်း၍ သက်သေအထောက်အထားများကိုစုစည်းခြင်းနှင့် မျက်မြင် သက်သေများ၏ ထွက်ဆိုချက်များကိုရယူခြင်းများကို KNDF နှင့် ကရင်နီပြည်ရဲဌာန (KSP) တို့မှလုပ်ဆောင် လျက်ရှိပါသဖြင့် ပြည်သူများမှ သက်သေအထောက်အထားများနှင့် ပတ်သက်၍ တစ်စုံတစ်ရာသိရှိပါက KNDF ၏ page နှင့်အောက်ဖော်ပြပါ Singnal နံပတ်များသို့ဆက်သွယ်‌ပေးပို့ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ အထူးသဖြင့် ရက်စက်စွာ အသတ်ဖြတ်ခံရသူများ၏ ဆွေမျိုးသားချင်းများ၊ အသိမိတ်ဆွေများနှင့် မျက်မြင်သက်သေများကို အထူးဖိတ်ခေါ်လိုပြီး ထိုအမှုခင်းထဲတွင် ကံဆိုးစွာ ပါသွားခဲ့သော မိမိတို့၏ ဆွေမျိုး၊မိဘ၊ညီအကို၊ မောင်နှမ၊ သားသမီးများ၏ အမည်များနှင့်အချက်အလက်များကို ဆက်သွယ်ပေးပို့ကြပါရန် စိတ်မကောင်းဆိုဖြင့် မေတ္တာရပ်ခံတောင်းဆိုအပ်ပါသည်။

KNDF သတင်းနှင့်ပြန်ကြားရေးဌာန
ဆက်သွယ်ရန် Singnal နံပါတ်များ - +959794888807,+959774810684

'အပြစ်မဲ့ပြည်သူ (၃၅) ဦးကိုမီးရှို့သတ်ဖြတ်'ကရင်နီပြည် ၊ဖရူဆိုမြို့နယ်အတွင်းရှိ ၊ မိုဆိုကျေးရွာ အနီးတွင် အကြမ်းဖက်စခများမှ...
25/12/2021

'အပြစ်မဲ့ပြည်သူ (၃၅) ဦးကိုမီးရှို့သတ်ဖြတ်'

ကရင်နီပြည် ၊ဖရူဆိုမြို့နယ်အတွင်းရှိ ၊ မိုဆိုကျေးရွာ အနီးတွင် အကြမ်းဖက်စခများမှ အပြစ်မဲ့ပြည်သူ (၃၅) ဦးကို မီးရှို့သတ်ဖြတ်ခဲ့ပါတယ် ။
၂၄.၁၂.၂၁ မွန်းလွဲပိုင်းအချိန်ခန့်တွင် အကြမ်းဖက်စခများမှ မော်တော်ယာဉ်များ ကတ္တာရာစေးများ အသုံးပြုပြီး ကလေးငယ်၊အမျိုးသမီးအများစု အပါအဝင် စုစုပေါင်း (၃၅) ဦးအား မီးရှို့သတ်ဖြတ်ခဲ့ပါတယ် ။စစ်ရှောင်ရင်း လမ်းခုလတ်မှာ အသတ်ခံခဲ့ရခြင်းဖြစ်ပါတယ်။အာဏာသိမ်းချိန်မှစလို့ အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်နေတဲ့ စခများရဲ့ လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မူ့လည်းဖြစ်ပါတယ် ။

22/12/2021

❗ ထိတွေ့တိုက်ပွဲဖြစ် ❗

ကရင်နီပြည်နယ်၊ဒီမော့ဆိုးမြို့နယ်၊
အရှေ့ဘက်ခြမ်းတစ်နေရာတွင်
စခများစစ်ရေးလှုပ်ရှားသဖြင့် ပြည်သူ့ကာကွယ်ရေး
တပ်များနှင့်ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေ ...။

22.12.21

21/12/2021

ဖယ်ခုံမြို့နယ် အရှေ့ဖက်ကမ်းတွင်

စခများစစ်ကြောင်းထိုးလာနေပြီး ..

ရွာတစ်ရွာမှ ရွာသားခြောက်ဦးကို လူသားဒိုင်းအဖြစ်

ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကနဦး သိရပါသည်။

21.12.2021
'svoice

16/12/2021

လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်း တစ်နေရာမှာ‼
ပစ်ခတ်မှုရှိနေသည် ။
ပြည်သူ့ဘက်တော်သားအားလုံး
ဘေးကင်းကြပါစေ 🙏🏻🙏🏻🙏🏻

16.12.2021
'svoice

01/12/2021

❗ ' သတိ'❗

လျှောက်နေတဲ့လမ်းမှန်ဖို့
စီးနေတဲ့ ဖိနပ်အပါးကို
အရင်လဲရမယ်...ငါတို့က
ဦ်းခေါင်းကို တေ့ပစ်ခံရတဲ့
ဒဏ်ရာမျိုးနဲ့ မွေးဖွားလာခဲ့တဲ့ကောင်တွေ...။

လမ်းမှားမှာကြောက်လို့
လမ်းပြငှါးတဲ့ အာဏာရှင်တွေက
ကိုယ်တိုင်လှမ်းမဲ့...
ခြေလှမ်းတိုင်းကို တွန့်ဆုတ်နေတာ
မယုံမရှိနဲ့....

အနိုင်နဲ့အရှုံး နှစ်ခုထဲမဟုတ်ဘူး...
တိုင်းရင်းသားအချင်းချင်းထည့်တဲ့ဂျင်းတွေဟာ
နောက်ကျောက ဓားတွေပဲ...
ဆွဲထုတ်ကြည့်တော့...
သုံးဆယ့်တစ်ဘုံလုံးက
အနာဂါတ်တွေ ယိုယွင်းလို့။

သူတို့က...
ကြာကြာဝါးဖို့ အရိုးတွေဖယ်နေပြီ
ကြည့်ရှောင်ရမှာ ငါတို့အလုပ်ပဲ။

ရှိုင်းမင်းညို

၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၅ ရက်နေ့ ဒီးမော့ဆို ၆ မိုင်တိုက်ပွဲ အခြေအနေ ပြင်းထန်နေ စကစ တပ်မှ ထိခိုက်မှုများစွာရှိပြီး PDF လေးဦ...
25/11/2021

၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၅ ရက်နေ့ ဒီးမော့ဆို ၆ မိုင်တိုက်ပွဲ အခြေအနေ ပြင်းထန်နေ
စကစ တပ်မှ ထိခိုက်မှုများစွာရှိပြီး
PDF လေးဦး ကျဆုံးဟု ကနဦး သိရှိရ

သတင်းအပြည့်အစုံကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

#ကယားမြေပြင်အခြေအနေ
#ကရင်နီ

Crd

25/11/2021

ဒီမော့ဆို ၆ မိုင် ကျေးရွာအနီးနားမှာ...မနက် ၅ နာရီဝန်းကျင်မှစ...

စခနှင့်ပြည်သူတပ်သားများ တိုက်ပွဲပြင်းထန်လျက်ရှိ ...

ပြည်သူတပ်သားများဘေးကင်းကြပါစေ ။🙏🙏

23/11/2021

'ရန်သူအကြောင်းကို သိခြင်းမှာ စစ်အောင်ခြင်း၏ တစ်

စိပ်တစ်ဒေသဖြစ်၏'

စခအကြမ်းဖက်တပ်၏ဖွဲ့စည်းတည်ဆောက်ပုံကို လက်လှမ်းမှီသလောက်ရှာဖွေတင်ပြလိုက်ပါတယ်ဗျ ။

စခတွေ့ရဲ့ဖွဲ့စည်းတည်ဆောက်ပုံမှာ...👇👇

တပ်သား( - )ယောက်ကိုတပ်စိတ်(၁)ခု
တပ်စိတ်( - )ကို…တပ်စု(၁)ခု
တပ်စု( - )ခုကို…တပ်ခွဲ(၁)ခု
တပ်ခွဲ( - )ခုကို…တပ်ရင်း(၁)ခု
(တိုက်ခိုက်ရေး၄+ ဌာနချုပ်၁)
တပ်ရင်း၃ရင်းကို…နည်းဗျူဟာ(၁)ခု
နဗဟ၃ခုကို…တပ်မ(၁)ခု
တပ်ရင်း၁၀ရင်းကို…တပ်မ(၁)ခု

စိတ်/စု/ခွဲ/ရင်း/ဗျူဟာ/မ

တပ်ရင်းတစ်ခုမှာဖွဲ့စည်းပုံအရ
အရာရှိ (၃၁)ဦး
အခြားအဆင့် (၈၂၆)ဦး
စုစုပေါင်း (၈၅၇) ဦး ရှိရမှာဖြစ်ပါတယ်။

ပြင်ပအခြေအ‌ေနမြင်ကွင်းအရကတော့
ဖွဲ့စည်းပုံစာရင်းနဲ့မယုံနိုင်ဖွယ်ရာပင်
အလွန်ကွာခြား‌နေတာတွေ့ရပါတယ်။

ဗိုလ်သင်တန်းကျောင်းအသီးသီးကနေ
ပြန်တန်းဝင်အရာရှိစစ်ဗိုလ်တွေကို
နှစ်စဉ်‌လေ့ကျင့်မွေးထုတ်ပေးနေသလို
နိုင်ငံအနှံ့အပြားရှိစုဆောင်းရေးတပ်တွေထံ
သက်ဆိုင်ရာတပ်ရင်း‌တွေကခွဲတန်းကျ
နည်းအမျိုးမျိုးနဲ့သွင်းပေးရတဲ့လူသစ်တွေကို
စစ်အခြေခံလေ့ကျင့်ရေးတပ်‌တွေမှာ
အခြေခံစစ်ပညာများကိုသင်ပေး‌ပြီး
ရဲဘော်စစ်သည်တပ်သားအသစ်တွေကို
မပြတ်မွေးထုတ်ပေး‌နေပါတယ်။

#စစ်အခြေခံလေ့ကျင့်ရေးတပ်များမှာ
အမှတ်(၁) လှည်းကူး
အမှတ်(၂) သပိတ်ကျင်း
အမှတ်(၃) ရမည်းသင်း
အမှတ်(၄) ပင်လောင်း
အမှတ်(၅) ရေနီ/ရေတာရှည်
အမှတ်(၆) ပုသိမ်
အမှတ်(၇) တောင်တွင်းကြီး
အမှတ်(၈) ရွှေဘို
အမှတ်(၉) သထုံ
အမှတ်(၁၀) အရာတော်
အမှတ်(၁၁) လားရှိုးတို့ဖြစ်ပါတယ် ။

စခအကြမ်းဖက်တပ်မှာ...

တိုင်းစစ်ဌာနချုပ် (၁၄)ခု
ခြေမြန်တပ်မဌာနချုပ် (၁၀)ခု
စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (၁၉)ခု
ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (၆)ခု
သိပ္ပံနှင့်နည်းပညာသုတေသနဌာနချုပ်(၁)ခု
အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(၁၀)ခု
ဒုံးစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(၁)ခု
သံချပ်ကာစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(၅)ခု
လေကြောင်းရန်ကာကွယ်ရေးစစ်ဆင်မှုဌာနချုပ်(၉)ခု
အထူးဆောက်လုပ်မှုစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(၁)ခု
ရှိပါတယ်။

တိုင်းစစ်ဋ္ဌာနချုပ်လက်အောက်ခံ
တပ်ရင်းပေါင်း၂၂၂ ရင်းရှိပါတယ်။

ခြေမြန်တပ်မဋ္ဌာနချုပ်လက်အောက်ခံ
တပ်ရင်းပေါင်း ၁၀၀ ရင်းရှိပါတယ်။

စစ်ဆင်ရေးကွပ်ကဲမှုဋ္ဌာနချုပ်လက်အောက်ခံ
တပ်ရင်းပေါင်း၂၀၀ ရင်းရှိပါတယ်။

လေတပ်ရေတပ်လက်ရုံးတပ်တွေမပါ
ခမရ/ခလရတပ်ရင်းပေါင်း(၅၂၂)ရင်းရှိပါတယ်။

လက်ရှိ စခအကြမ်းဖက်တပ် မှာ..👇

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးဆိုတာ
အကြီးဆုံးရုံးဌာနကြီးပါ။

သူ့အောက်မှာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး(ဒုချုပ်ရုံး )

ဒုချုပ်ရုံးအောက်မှာ
တပ်မတော်(ကြည်း/ရေ /လေ)ညှိနှိုင်းကွပ်ကဲရေးမှူးရုံး

ညှိကွပ်ရုံးအောက်မှာကြည်း(၄)ကြီးလို့ခေါ်တဲ့
ကာကွယ်ရေးဦးစီးချုပ်ရုံ(ကြည်း)စစ်ဆင်ရေးဌာနခွဲ/တာဝန်ဌာနခွဲ/သုတေသနဌာနခွဲ/စီမံဌာနခွဲနဲ့

ကစထ လို့ခေါ်တဲ့
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)စစ်ဆင်ရေးအထူးအဖွဲ့ (၆)ဖွဲ့ရှိပါတယ်။

အဲဒီအောက်မှာ
တပ်မတော်(ကြည်း)
တပ်မတော်(ရေ)
တပ်မတော်(လေ)
လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့အရာရှ်ိချုပ်ရုံး(လရခ)
တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ရုံး(စရခ)
တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ရုံး(လကခ)
စစ်ဦးစီးရုံး(စစ်ဦးစီးအရာရှိချုပ်ရုံး)
စစ်ရေးဝန်ထမ်းရုံး(စစ်ရေးအရာရှိချုပ်ရုံး)
စစ်ထောက်ဝန်ထမ်းရုံး(စစ်ထောက်ချုပ်ရုံး)ဆိုပြီးရှိပါတယ်။

စစ်ရုံးမှာရှိတဲ့ဦးစီးရုံးတွေအောက်

တိုင်းစစ်ဌာနချုပ်တွေ
ခြေမြန်တပ်မဌာနချုပ်တွေ
ဒေသကွပ်ကဲမှုစစ်ဌာနချုပ်တွေ
စစ်ဆင်ရေးကွပ်ကဲမှုစစ်ဌာနချုပ်တွေ
ခြေမြန်တပ်ရင်းတွေ
ခြေလျင်တပ်ရင်းတွေများစွာရှိပါတယ်။

#တိုင်းစစ်ဌာနချုပ်များ

၁။ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မြစ်ကြီးနား၊ ကချင်)
၂။ အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (လားရှိုး၊ ရှမ်း)
၃။ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (တောင်ကြီး၊ ရှမ်း)
၄။ အရှေ့တောင်တိုင်းစစ်ဌာနချုပ် (မော်လမြိုင်၊ မွန်)
၅။ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တောင်ငူ၊ပဲခူး)
၆။ အနောက်တောင်တိုင်းစစ်ဌာနချုပ် (ပုသိမ်၊ ဧရာဝတီ)
၇။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (အမ်း၊ ရခိုင်)
၈။ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (မုံရွာ၊ စစ်ကိုင်း)
၉။ ရန်ကုန်တိုင်းစစ်ဌာနချုပ် (မရမ်းကုန်း၊ ရန်ကုန်)
၁၀။ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် (မြိတ်၊ တနသာင်္ရီ)
၁၁။ ရွှေတြိဂံတိုင်းစစ်ဌာနချုပ် (ကျိုင်းတုံ၊ ရှမ်း)
၁၂။ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (မန္တလေး၊ မန္တလေး)
၁၃။ နေပြည်တော်တိုင်းစစ်ဌာနချုပ်(ပျဉ်းမနား၊နေပြည်တော်)
၁၄။ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ခိုလမ်၊ ရှမ်း)

#ဒေသကွပ်ကဲမှုစစ်ဌာနချုပ်များ
၁။ လွိုင်ကော်
၂။ လောက်ကိုင်
၃။ ကလေး
၄။ စစ်တွေ
၅။ ပြည်
၆။ တနိုင်း
၇။ ဝန်းဆင့်

#စစ်ဆင်ရေးကွပ်ကွဲမှုစစ်ဌာနချုပ်များ
၁။ ကျောက်မဲ (စကခ-၁)
၂။ မိုင်းနောင် (စကခ-၂)
၃။ မိုးကောင်း (စကခ-၃)
၄။ ဖူးကြီး (စကခ-၄)
၅။ တောင်ကုတ် (စကခ-၅)
၆။ ပျဉ်မနား (စကခ-၆)
၇။ ဖယ်ခုံ (စကခ-၇)
၈။ ထားဝယ် (စကခ-၈)
၉။ ကျောက်တော် (စကခ-၉)
၁၀။ ကျီးကုန်၊ ကလေးဝ (စကခ-၁၀)
၁၁။ ကော့ကရိတ် (စကခ-၁၂)
၁၂။ ဘုတ်ပြင်း (စကခ-၁၃)
၁၃။ မိုင်းဆတ် (စကခ-၁၄)
၁၄။ ဘူးသီးတောင် (စကခ-၁၅)
၁၅။ သိန်နီ (စကခ-၁၆)
၁၆။ မိုင်းပန် (စကခ-၁၇)
၁၇။ မိုင်းပေါက် (စကခ-၁၈)
၁၈။ ရေး (စကခ-၁၉)
၁၉။ ကော့သောင်း (စကခ-၂၀
၂၀။ ဗန်းမော် (စကခ-၂၁)

#ခြေမြန်တပ်မများ
၁။ ခြေမြန်တပ်မ ၁၁ (အင်းတိုင်)
၂။ ခြေမြန်တပ်မ၂၂ (ဘားအံ)
၃။ ခြေမြန်တပ်မ၃၃ (စစ်ကိုင်း)
၄။ ခြေမြန်တပ်မ၄၄ (သထုံ)
၅။ ခြေမြန်တပ်မ၅၅ (ကလော)
၆။ ခြေမြန်တပ်မ၆၆ (ပြည်)
၇။ ခြေမြန်တပ်မ၇၇ (ပဲခူး)
၈။ ခြေမြန်တပ်မ၈၈ (မကွေး)
၉။ ခြေမြန်တပ်မ၉၉ (မိတ္တီလာ)
၁၀။ ခြေမြန်တပ်မ၁၀၁ (ပခုက္ကူ )

တပ်မ၁ခုမှာ တပ်ရင်း၁၀ရင်းရှိပါတယ်။

တိုင်းနဲ့တပ်မလက်အောက်ခံ
ခြေလျင်ခြေမြန်တပ်ရင်းတွေ
လက်ရုံးတပ်တွေဖြစ်တဲ့
ဆေးတပ် ထောက်ပို့တပ်
အင်ဂျင်နီယာတပ် အမြောက်တပ် သံချပ်ကာယန္တရားတပ် ဆက်သွယ်ရေးတပ် လေကြောင်းရန်ကာကွယ်ရေးတပ်
စသည်စုပေါင်းလိုက်ပါက
တပ်ရင်းပေါင်း(၇၀၀)ကျော်ရှိပါတယ်။

လေတပ်မှာ
တနိုင်ငံလုံးရှိမည်သည့်နေရာမဆို
တိုက်ခိုက်စစ်ဆင်နိုင်ရန်
Mig 29
Mi 35
A 5
K 8
Mi 2
F 7
JF 17
Yak 130
စတဲ့တိုက်ခိုက်ရေးလေယာဉ်များ
သယ်ယူပို့ဆောင်ရေးလေယာဉ်များ
လုံလောက်စွာရှိပါတယ်။

ရေတပ်မှာလည်း
ဖရီးဂိတ်စစ်ရေယာဉ်
ကော်ဗက်စစ်ရေယာဉ်
တော်ပီဒိုဘုတ်
ကမ်းထိုးရေယာဉ်
အမြန်ရေယာဉ်ငယ်
စုစုပေါင်း(၁၀၀)ကျော်ရှိပါတယ်။

စခအကြမ်းဖက်တပ်ဖွဲ့စည်းပုံ၏ အခြေခံအကျဆုံးအစိတ်အပိုင်းမှာ တပ်စိပ် ဖြစ်သည်။

ဖွဲ့စည်းပုံအရ တပ်စိပ် တစ်စိပ်လျင် အင်အား(၁၀)ဦးရှိပြီး တပ်ကြပ်တစ်ယောက် ကွပ်ကဲသည်။

တပ်စိပ် ၃စိပ်လျင် တပ်စု(၁)စုအဖြစ်သတ်မှတ်ပြီး ဒုဗိုလ်/ဗိုလ်/ဗိုလ်ကြီးတစ်ယောက် ကွပ်ကဲသည်။

တပ်စု(၃)စုလျင် တပ်ခွဲ(၁)ခွဲဟု သတ်မှတ်ပြီး ဗိုလ်ကြီး/ဗိုလ်မှုး တစ်ယောက် ကွပ်ကဲသည်။

ခြေလျင်/ခြေမြန်တပ်ရင်းများတွင် တိုက်ခိုက်ရေးတပ်ခွဲ(၄)ခွဲနှင့် ဌာနချုပ်တပ်ခွဲ(၁)ခွဲ၊ စုစုပေါင်း တပ်ခွဲ(၅) ခွဲပါဝင်ပြီး ဒုတိယဗိုလ်မှူးကြီးတစ်ယောက် ကွပ်ကဲသည်။

ဌာနချုပ်တပ်ခွဲတွင် တပ်ရင်းအကူပစ်လက်နက်ကြီးတပ်စု၊ မော်တော်ယာဉ်တပ်စု၊ ဆေးတပ်စု စသည်တို့ပါဝင်သည်။

ခြေလျင်/ခြေမြန်တပ်ရင်း(၁၀)ရင်းအား စုဖွဲ့၍ ခြေမြန်တပ်မဌာနချုပ်တစ်ခု (သို့မဟုတ်) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တစ်ခုအဖြစ် သတ်မှတ်ကာ ဗိုလ်မှူးချုပ်တစ်ယောက်မှ ကွပ်ကဲသည်။

ခြေမြန်တပ်မဌာနချုပ်(တမခ)တစ်ခု (သို့မဟုတ်) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ)တစ်ခုစီတွင် ဗိုလ်မှူးကြီးတစ်ယောက်စီကွပ်ကဲသော နည်းဗျူဟာစစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့(နဗဟ)(၃)ခုစီ ပါရှိသည်။

စစ်နယ်ဝှန်းအခြေအနေအရ တိုင်းစစ်ဌာနချုပ် (၁၄) ခုရှိပြီး ဗိုလ်ချုပ်တစ်ယောက်မှ ကွပ်ကဲသည်။

တိုင်းစစ်ဌာနချုပ်များ၏လက်အောက်တွင် အခြေချစစ်ဗျူဟာ(စဗခ)များနှင့် လှုပ်ရှားစစ်ဗျူဟာများရှိကြသည်။

တိုင်းစစ်ဌာနချုပ်သည် မိမိစစ်နယ်ဝှန်းအတွင်းသို့ဝင်ရောက်လာသော တမခ၊ စကခတပ်များကိုလည်း ကွပ်ကဲရသည်။ ခြေမြန်တပ်မဌာနချုပ်တစ်ခု (သို့မဟုတ်) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တစ်ခုစီတွင်ကွပ်ကဲမှုအောက် တပ်ရင်း(၁၀)ရင်းစီရှိသော်လည်း တိုင်းစစ်ဌာနချုပ်နှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်များကတော့ တပ်တည်မှုအနေအထားပေါ်မူတည်က လက်အောက်ခံတပ်ရင်းအရေအတွက် မတူညီကြပေ။

(၁၀)ယောက် (၁)စိပ်၊
(၃)စိပ် (၁)စု၊
(၃)စု (၁)ခွဲ၊
(၅)ခွဲ (၁)ရင်း၊
(၄)ရင်း (၁)ဗျူဟာ၊
(၃)ဗျူဟာ (၁)တပ်မ၊
(၁၀)တပ်မ (၁)စစ်ဆင်ရေး၊
စသည်ဖြင့် ဖွဲ့စည်းသည်။

စခအကြမ်းဖက် ကာကွယ်ရေးဦးစီးချုပ်၏ ကွပ်ကဲမှုအောက်တွင်ကြည်း၊ ရေ၊ လေတို့ပါဝင်သည်။

ကာကွယ်ရေးဝန်ကြီးဌါန လက်အောက်ရှိ လက်ရုံးတပ်ဖွဲ့ရုံးများ -
1. စစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူးရုံး
2. စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး
3. ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး
4. ဆက်သွယ်ရေး ညွှန်ကြားရေးမှူးရုံး
5. ပစ္စည်းဝယ်ယူရေး ညွှန်ကြားရေးမှူးရုံး
6. ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူးရုံး
7. ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး
8. ပြန်လည်နေရာချထားရေး ညွှန်ကြားရေးမှူးရုံး
9. သံချပ်ကာယန္တရားတပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံး
10. အမြောက်တပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံး
11. ဒုံးတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး[၆]
12. ထောက်ပံ့ရေးနှင့်ပို့ဆောင်ရေး ညွှန်ကြားရေးမှူးရုံး
13. တပ်မတော် အင်အားဖြည့်တင်းရေး ညွှန်ကြားရေးမှူးရုံး
14. တပ်မတော်မှတ်တမ်း ညွှန်ကြားရေးမှူးရုံး
15. ငွေစာရင်း ညွှန်ကြားရေးမှူးရုံး
16. လုံခြုံရေးနှင့်ဆိုင်သော ပုံနှိပ်လုပ်ငန်း ညွှန်ကြားရေးမှူးရုံး
17. လျှပ်စစ်နှင့်စက်မှု အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး
တို့ ပါဝင်သည်။

အခြားသောအကူလက်ရုံးတပ်ဖွဲ့များမှာ -
အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(၁၀)ခု၊
ဒုံးစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(၁)ခု
သံချပ်ကာစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(၅)ခု၊
လေကြောင်းရန်ကာကွယ်ရေးစစ်ဆင်မှုကွပ်ကဲရေးဌာနချုပ်(၉)ခု၊
အထူးဆောက်လုပ်မှုစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(၁)ခု၊

စစ်ဖက်ဆိုင်ရာ တာဝန်ခန့်အပ်မှု -
1. တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (Commander in Chief of Defense Services)
2. ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် (Deputy Commander in Chief of Defense Services)
3. ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး (Minster of Ministry of Defense)
4. ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) (Joint Chief of Staff ( Army, Navy ,Air))
5. ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) (Commander in Chief (Army))
6. ကာကွယ်ရေး ဦးစီးချုပ် (ရေ) (Commander in Chief (Navy))
7. ကာကွယ်ရေး ဦးစီးချုပ် (လေ) (Commander in Chief (Air))
8. စစ်ဆင်ရေးအထူအဖွဲ့မှူး (Chief of Special Operation Bureau)
9. စစ်ရေးချုပ် (Adjutant General)
10. စစ်ထောက်ချုပ် (Quartermaster General)
11. စစ်ရာထူးခန့်ချုပ် (Military Appointments General)
12. စစ်ဥပဒေချုပ် (Judge Advocate General)
13. စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် (Chief of Military Security Affairs)
14. တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် (Chief of Armed Forces Training)
15. တပ်မတော်စစ်ဆေးရေး အရာရှိချုပ် (Defense Services Inspector General)
16. လေကြောင်းရန်ကာကွယ်ရေးအရာရှိချုပ်
17. ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုအရာရှိချုပ်
18. စစ်ဦးစီးအရာရှိချုပ် (ကြည်း) (Chief of Staff (Army))
19. စစ်ဦးစီး အရာရှိချုပ် (ရေ) (Chief of Staff (Navy))
20. စစ်ဦးစီး အရာရှိချုပ် (လေ) (Chief of Staff (Air))
21. တွဲဖက်စစ်ရေးချုပ် (Vice Adjutant General)
22. တွဲဖက် စစ်ထောက်ချုပ် (Vice Quartermaster General)
23. တပ်မတော် တပ်ထိန်းချုပ် (Provost Marshal)
24. စစ်လက်နက်ပစ္စည်းညွှန်ကြားရေးမှူး (Director of Ordinance)
25. စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူး (Director of Military Engineering)
26. ဆေးဝန်ထမ်း ညွှန်ကြားရေးမှူး (Director of Medical Services)
27. ဆက်သွယ်ရေး ညွှန်ကြားရေးမှူး (Director of Signal)
28. ပစ္စည်းဝယ်ယူမှု ညွှန်ကြားရေးမှူး (Director of Defense Services Procurement)
29. ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များ ညွှန်ကြားရေးမှူး (Director of People Militias and Frontier Forces)
30. ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူး (Director of People Relation and Psychological Welfare)
31. ပြန်လည်နေရာချထားရေး ညွှန်ကြားရေးမှူး (Director of Resettlement)
32. သံချပ်ကာယန္တရားတပ်ဖွဲ့ ညွှန်ကြားရေးမှူး (Director of Armor)
33. အမြောက်တပ်ဖွဲ့ ညွှန်ကြားရေးမှူး (Director of Artillery)
34. ဒုံးတပ်ဖွဲ့ညွှန်ကြားရေးမှူး
35. ထောက်ပံ့ရေးနှင့်ပို့ဆောင်ရေးညွှန်ကြားရေးမှူး
36. အင်အားဖြည့်တင်းရေးညွှန်ကြားရေးမှူး
37. တိုင်းမှူး
38. ကျောင်းအုပ်ကြီး ( နကတ/ဥစတ/ စတသ)
39. စစ်ဦးစီးဗိုလ်မှူးချုပ်
40. ဒုတိယတိုင်းမှူး
41. ကျောင်းအုပ်ကြီး ( တနတ/တဆတ/တသဆ/ ဗသက/ တခရ /တအက/တတက)
42. ဒုတိယကျောင်းအုပ်ကြီး ( နကတ/ဥစတ/ စတသ)
43. ပါမောက္ခချုပ် (စတသ)
44. တပ်မမှူး
45. စစ်ဆင်ရေးကွပ်ကဲရေးမှူး
46. ဒေသကွပ်ကဲရေးမှူး
47. ဒုတိယကျောင်းအုပ်ကြီး ( တနတ/တဆတ/တသဆ/ ဗသက/ တခရ /တအက/တတက)
48. ဒုတိယတပ်မမှူး
49. ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး
50. ဒုတိယဒေသကွပ်ကဲရေးမှူး
51. နည်းပြအရာရှိချုပ် ( စတသ/တနတ/ တနတ/တဆတ/တသဆ/ ဗသက/ တခရ /တအက/တတက)
52. အထက်တန်းနည်းပြ(နကတ)
53. စစ်ဗျူဟာမှူး (Tactical Operation Command)
54. နည်းဗျုဟာမှူး
55. အထက်တန်းနည်းပြ(ဥစတ)
56. စစ်ဦးစီးမှူး(ပထမတန်း)
57. ဦးစီးအရာရှိ(ပထမတန်း)
58. တပ်ရင်းမှူး
59. ဒုတိယ တပ်ရင်းမှူး
60. စစ်ဦးစီးမှူး(ဒုတိယတန်း)
61. ဦးစီးအရာရှိ (ဒုတိယတန်း)
62. တပ်ခွဲမှူး
63. စစ်ဦးစီးမှူး (တတိယတန်း)
64. ဦးစီးအရာရှိ (တတိယတန်း)
65. တပ်ရေးဗိုလ်ကြီး (Adjutant)
66. တပ်ထောက်ဗိုလ်ကြီး (Quarter Master)
67. ထောက်လှမ်းရေးအရာရှိ (Intelligence Officer)
68. ဆက်သွယ်ရေးအရာရှိ (Signal Officer)
69. ဆေးမှူး (Medical Officer)
70. ဆေးလက်ထောက် အရာခံဗိုလ် (Medical Assistant)
71. တပ်ရင်းတပ်ထောက် အရာခံဗိုလ် (Regimental Quarter Master Sergeant)
72. ရုံးအုပ်ကြီး (Head Clerk)
73. တပ်ကြပ်ကြီးစာရေး
74. တပ်စာရင်းကိုင် (Unit Accountant)
75. ဗိုလ်လောင်း (Cadet)

ရာထူးအဆင့်များ -
1. ဗိုလ်ချုပ်မှူးကြီး (Senior General)
2. ဒုတိယဗိုလ်ချုပ်မှူးကြီး (Vice Senior General)
3. ဗိုလ်ချုပ်ကြီး (General)
4. ဒုတိယ ဗိုလ်ချုပ်ကြီး (Lieutenant General)
5. ဗိုလ်ချုပ် (Major General)
6. ဗိုလ်မှူးချုပ် (Brigadier General)
7. ဗိုလ်မှူးကြီး (Colonel)
8. ဒုတိယ ဗိုလ်မှူးကြီး (Lieutenant Colonel)
9. ဗိုလ်မှူး (Major)
10. ဗိုလ်ကြီး (Captain)
11. ဗိုလ် (Lieutenant)
12. ဒုတိယ ဗိုလ် (Second Lieutenant)
13. အရာခံ ဗိုလ် (Warrant Officer I)
14. ဒုတိယအရာခံ ဗိုလ် (Warrant Officer II)
15. တပ်ခွဲ တပ်ကြပ်ကြီး (Quarter Master Sergeant)
16. တပ်ကြပ်ကြီး (Sergeant)
17. တပ်ကြပ် (Corporal)
18. ဒုတပ်ကြပ် (Lance Corporal)
19. တပ်သား (Private)

👉 ယခုဖွဲ့စည်းပုံသည် တည်ဆောက်ပုံအရသာဖြစ်သည်
ဖွဲ့စည်းပုံမပြည့်၍ တစ်ဖြုတ်ဖြုတ်သေနဲ့ CDM စာရင်းပေါင်းလိုက်လျှင် လက်တစ်ဆုပ်စာမျှသာရှိတော့သည်။

Address

Kayan

Website

Alerts

Be the first to know and let us send you an email when Karenni people's voice - ကရင်နီပြည်သူ့အသံ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share