Kayan Township Info Committee NLD

Kayan Township Info Committee NLD Official page of Information Committee, Kayan Township, National League for Democracy.

22/07/2026

* ဒေါ်အောင်ဆန်းစုကြည်နှင့် ယုံကြည်ချက်
ကြောင့် အကျဥ်းကျခံနေရသော
နိုင်ငံရေးအကျဥ်းသားများအား
ချက်ချင်းလွှတ်........

#ပြည်သူ


* ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ    နိုင်ငံရေးအကျဥ်းသားများအားလုံး   ချွင်းချက်မရှိ ချက်ချင်းလွှတ်........ #ပြည်သူ
22/07/2026

* ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ
နိုင်ငံရေးအကျဥ်းသားများအားလုံး
ချွင်းချက်မရှိ ချက်ချင်းလွှတ်........

#ပြည်သူ


21/07/2026

" ကျွန်မတို့ အတူတူလုပ်မှ အောင်မြင်မှနော်.....မျှော်လင့်နေလို့လဲ အောင်မြင်မှာမဟုတ်ဘူး....... လိုချင်နေလို့လဲ ရမှာမဟုတ်ဘူး............
လိုချင်တာရအောင်ကို လုပ်တတ်မှ ........လုပ်ရဲမှ....လုပ်နိုင်မှ ရမှာ။ "

#ပြည်သူ
#ပြည်သူသည်သာအဓိက


-TZAG

20/07/2026

* ပညာမပါတဲ့ သတ္တိဆိုတာ............
.............. ဘာမှတန်ဖိုးမရှိပါဘူး။

#ဗိုလ်ချုပ်အောင်ဆန်း


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်ကော်မတီအမှတ်(၉၇/ခ)၊ အနောက်ရွှေဂုံတိုင်လမ်းဗဟန်းမြို့နယ်၊ ရန်ကုန်မြို့nld.cwc@proto...
20/07/2026

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဗဟိုအလုပ်ကော်မတီ
အမှတ်(၉၇/ခ)၊ အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
[email protected]

ရက်စွဲ - ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၂၀) ရက်

သတင်းထုတ်ပြန်ချက်အမှတ် (၀၄ /၂၀၂၆)

၁။ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော နိုင်ငံရေးအကျပ်အတည်းကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေး အတွက် ကမ္ဘာ့ကုလသမဂ္ဂ၊ အာဆီယံနှင့် မိတ်ဆွေနိုင်ငံများ၏ အပြုသဘောဆောင် ကြိုးပမ်းမှုများကို ကြိုဆိုပါသည်။ အထူးသဖြင့် အာဆီယံ၏ဘုံသဘောတူညီချက် (၅) ချက်သည် မြန်မာ့အရေးကို ဖြေရှင်းရာ၌ အဓိကမူဘောင်အဖြစ် ဆက်လက်တည်ရှိကြောင်း ထပ်မံအတည်ပြုခဲ့ခြင်းကို ကြိုဆိုပါ သည်။

၂။ မြန်မာနိုင်ငံ၏လက်ရှိအကျပ်အတည်းကို ဖြေရှင်းရာတွင် အရပ်သားများအပေါ် အကြမ်းဖက်မှု များ ရပ်တန့်ရေး၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက် ရေး၊ လူသားချင်းစာနာထောက်ထားရေး အကူအညီများကို အမှန်တကယ်လိုအပ်သည့်နေရာများသို့ အတားအဆီး အကန့်အသတ်မရှိ ရောက်ရှိစေရေးနှင့် အားလုံးပါဝင်သောတွေ့ဆုံဆွေးနွေးရေးတို့သည် မရှိမဖြစ် လိုအပ်ပါသည်။

၃။ "အားလုံးပါဝင်ရေး" ဆိုသည့် အခြေခံမူသည် သက်ဆိုင်သူအားလုံး၏ ယုံကြည်မှုကို အခြေခံ ရမည်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်သူလူထု၏ဆင့်လွှဲအာဏာကို သောင်ပြိုကမ်းပြို ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ခေါင်းဆောင်ဖြစ်သည့်နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ကမ္ဘာ့ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိအမှတ်ပြုထားသည့် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ကိုယ်စားပြုမှုရှိသော နိုင်ငံရေးအင်အားစုများ၊ တိုင်းရင်းသားအင် အားစုများ၏အပြည့်အဝ ပါဝင်မှု မရှိသည့် မည်သည့်နိုင်ငံရေးဖြစ်စဉ်မျိုးမဆို ပြည်သူလူထု၏ ယုံကြည် လက်ခံမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပြည့်ဝစွာ ရရှိရန် ခက်ခဲမည်ဟု အလေးအနက် ယုံကြည်ပါသည်။

၄။ မြန်မာ့နိုင်ငံရေးပြဿနာ၏မူလအကြောင်းအရင်းမှာ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ပယ် ဖျက်ပြီး ပြည်သူ့ဆန္ဒအား ဆန့်ကျင်ကာ လက်နက်အားကိုးဖြင့် အာဏာသိမ်းယူခဲ့ခြင်းကြောင့် ဖြစ်ပါ သည်။ ထိုသို့စစ်အာဏာသိမ်းမှုကြောင့် နောက်ဆက်တွဲ ပေါ်ပေါက်လာသော မြန်မာ့နိုင်ငံရေးပြဿနာ များကို ဖြေရှင်းရာတွင် ပြည်သူလူထု၏ ယုံကြည်မှုနှင့် တရားဝင်ဆင့်လွှဲအာဏာ ရရှိထားသည့် ဒေါ်အောင်ဆန်းစုကြည်၏ပါဝင်ဆောင်ရွက်မှုသည် မရှိမဖြစ် လိုအပ်ပါသည်။

၅။ အာဆီယံအနေဖြင့် မြန်မာ့အရေးအတွက် ကြိုးပမ်းရာ၌ ထိတွေ့ဆက်ဆံရေးမူဝါဒသည် လက်တွေ့ဆန်သည့် နိုင်ငံရေးဖြေရှင်းမှုကို ဦးတည်စေနိုင်သော်လည်း အတုအယောင်ရွေးကောက်ပွဲမှ ပေါ်ပေါက်လာသည့် အုပ်ချုပ်ရေးအား အသိအမှတ်အမှတ်ပြုသည့်အဆင့်သို့ မရောက်ရှိသွားစေရန် အရေးကြီးပြီး အာဆီယံ၏ဘုံသဘောတူညီချက် (၅) ချက်ကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်ခြင်း ဖြင့် မြန်မာ့ပဋိပက္ခအား ဖြေရှင်းရေးအတွက် အထောက်အကူဖြစ်စေမည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ယုံကြည်ပါသည်။

၆။ နိုင်ငံရေးအကျဉ်းသားများအား ဆက်လက်ထိန်းသိမ်းထားခြင်းသည် မြန်မာ့အကျပ်အတည်း ဖြေရှင်းရာ၌ အဓိကအတားအဆီးတရပ်အဖြစ် တည်ရှိနေပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးခေါင်းဆောင်များနှင့် နိုင်ငံရေးအင်အားစုများ လွတ်လပ်စွာ ပါဝင်ဆွေးနွေးနိုင်သည့် ပတ်ဝန်း ကျင်တရပ် ဖန်တီးနိုင်မှသာ မြန်မာ့ပဋိပက္ခချုပ်ငြိမ်းရေးကို အရှိန်မြှင့်တင်ပေးနိုင်မည်ဟု ရှုမြင်ပါသည်။

၇။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းများဖြင့်သာ ဖြေရှင်းရမည်ဟု ယုံကြည်ထားပြီး တွေ့ဆုံညှိနှိုင်းအဖြေရှာရေးမူကိုသာ အစဉ်အမြဲ ကိုင်စွဲထားပါ သည်။ သို့ဖြစ်ပါ၍ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရာတွင် ပြည်သူ့ဆန္ဒ၊ ဒီမိုကရေစီအခြေခံမူများနှင့် ဥပဒေစိုးမိုးရေးတို့ကို အခြေခံရမည်ဟု ယုံကြည်ကြောင်း သဘောထား ထုတ်ပြန်အပ်ပါသည်။

ဗဟိုအလုပ်ကော်မတီ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ခြံအမှတ် (၅၄)၊ တက္ကသိုလ်ရိပ်သာလမ်း----------------------------------* သမိုင်းကိုဖျောက်ဖျက်ပစ်၍ မရပါ။ ပြည်သူတို့၏အမှတ်တရမ...
20/07/2026

ခြံအမှတ် (၅၄)၊ တက္ကသိုလ်ရိပ်သာလမ်း
----------------------------------
* သမိုင်းကိုဖျောက်ဖျက်ပစ်၍ မရပါ။ ပြည်သူတို့၏အမှတ်တရများအဖြစ် အမြဲကျန်နေလိမ့်မည်။

#ဗိုလ်ချုပ်အောင်ဆန်း

19/07/2026

(၇၉)နှစ်မြောက် အာဇာနည်နေ့
---------------------------------------------
* အာဇာနည်မျိုး သေရိုးမရှိ
အာဇာနည်တိုင်း သမိုင်းမသေ

#ဗိုလ်ချုပ်အောင်ဆန်း

#ပင်လုံစိတ်ဓာတ်

(၇၉)နှစ်မြောက် အာဇာနည်နေ့---------------------------------------------* အာဇာနည်မျိုး သေရိုးမရှိ   အာဇာနည်တိုင်း သမိုင်းမ...
19/07/2026

(၇၉)နှစ်မြောက် အာဇာနည်နေ့
---------------------------------------------
* အာဇာနည်မျိုး သေရိုးမရှိ
အာဇာနည်တိုင်း သမိုင်းမသေ

#ဗိုလ်ချုပ်အောင်ဆန်း

#ပင်လုံစိတ်ဓာတ်

18/07/2026

* ဒီတိုင်းပြည်ကြီးက လွတ်လပ်တယ်ဆိုပေမဲ့..... ဟိုလူ့လည်းပဲ မြင်ရတဲ့အခါ မျက်နှာချိုသွေးရ..... ဒီလူ့မြင်ရတဲ့အခါလည်း မျက်နှာချိုသွေးရ......

#ဗိုလ်ချုပ်အောင်ဆန်း

#ပင်လုံစိတ်ဓာတ်

* ဂဠုန်ဦးစောက သူ့ကိုတစ်ကြိမ်လုပ်ကြံခဲ့တယ်.........* သူရယူပေးခဲ့လို့ လွတ်လပ်ရေးရခဲ့တဲ့ နိုင်ငံမှာ အခွင့်ထူးခံနေကြတဲ့သူတွ...
18/07/2026

* ဂဠုန်ဦးစောက သူ့ကိုတစ်ကြိမ်လုပ်ကြံခဲ့တယ်.........

* သူရယူပေးခဲ့လို့ လွတ်လပ်ရေးရခဲ့တဲ့ နိုင်ငံမှာ အခွင့်ထူးခံနေကြတဲ့သူတွေက.........

* ဒီနေ့
(၂၀၂၆) ခုနှစ်အထိ ဗိုလ်ချုပ်အောင်ဆန်းကို အကြိမ်ကြိမ် လုပ်ကြံနေကြတုန်း.........

#ဗိုလ်ချုပ်အောင်ဆန်း

#ပင်လုံစိတ်ဓာတ်

Address

Kayan

Telephone

+959799615966

Website

Alerts

Be the first to know and let us send you an email when Kayan Township Info Committee NLD posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share