U Thein Zaw Latt

U Thein Zaw Latt တိုင်း(၂) လွှတ်တော်ကိုယ်စားလှယ်ခရမ်းမြို့နယ်

31/01/2024
02/12/2023
04/08/2023
12/05/2023
"တသံတည်းညီ တချီတည်းရုန်း"●──●──●──●──●──●──●လာမယ့် ဖေဖော်ဝါရီ (၁) ရက်နေ့ဆိုရင် ပြည်သူ့နွေဦးတော်လှန်ရေးကြီး (၂) နှစ်ပြည့်...
31/01/2023

"တသံတည်းညီ တချီတည်းရုန်း"
●──●──●──●──●──●──●

လာမယ့် ဖေဖော်ဝါရီ (၁) ရက်နေ့ဆိုရင် ပြည်သူ့နွေဦးတော်လှန်ရေးကြီး (၂) နှစ်ပြည့် တနည်းပြောရရင် စစ်အာဏာသိမ်းမှု (၂) နှစ်ပြည့်ချေပြီ။

ဒီလို တော်လှန်ရေး (၂) နှစ်ပြည့်တဲ့အချိန်မှာ ကျနော်တို့ ပြည်သူတွေ သွေးအေးမနေဘူး၊ သွေးကြောင်မသွားဘူး၊ စစ်အုပ်ချုပ်ရေးယန္တရားအောက်မှာ အသားကျမသွားဘူးဆိုတာကို ကမ္ဘာသိ၊ မြန်မာသိ ဆက်လက် ဖော်ထုတ်ပြသနေကြဖို့ လိုပါတယ်။ အထူးသဖြင့် အကြမ်းဖက်စစ်အုပ်စုရဲ့ အရေးပေါ်အခြေအနေ သက်တမ်းကုန်ဆုံးမယ့်နေ့လည်းဖြစ်တာမို့ ကမ္ဘာကြီးက အဲ့နေ့မှာ ကျနော်တို့ မြန်မာ့အရေးကို ပိုလို့ စိတ်ဝင်စားစွာ စောင့်ကြည့်နေကြပါလိမ့်မယ်။

ဒါ့ကြောင့် ကျနော်တို့ ပြည်သူ့နွေဦးတော်လှန်ရေးကြီး (၂) နှစ်ပြည့်တဲ့ (ဖေဖော်ဝါရီ ၁ ရက်၊ ၂၀၂၃) မှာ တနိုင်ငံလုံး၊ လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် ပြည်သူအားလုံး ပါဝင်ဆင်နွှဲနိုင်တဲ့ “အပြင်မထွက်၊ တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်” (Silent Strike) ကြီး ဖော်ဆောင်၊ ဆင်နွှဲကြဖို့ ဖြစ်ပါတယ်။

ကျနော်တို့ လူထုရဲ့ Silent Strike လှုပ်ရှားမှုဟာ အကြမ်းဖက် စစ်အုပ်စု တုန်နေအောင်၊ ပြာနေအောင် ကြောက်တဲ့ လူထုတိုက်ပွဲနည်းနာလည်း ဖြစ်တယ်။ ကမ္ဘာမှာ တနိုင်ငံလုံးအဆင့် ဒီလိုသပိတ်မျိုးလုပ်နိုင်ဖို့ဆိုတာ ရှားမှ ရှားပြီး ကျနော်တို့ ပြည်သူတွေ သွေးစည်းညီညွတ်မှုကြောင့်သာ တနိုင်ငံလုံးအဆင့် အောင်အောင်မြင်မြင် ဆင်နွှဲနိုင်ကြတဲ့ အသံတိတ်သပိတ်ကြီး ဖြစ်ပါတယ်။

ကျနော်တို့ ဒီတစ်ခေါက်မှာ Silent Strike လူထုလှုပ်ရှားမှုကြီးရဲ့ နောက်ထပ်လေးနက်တဲ့ အဓိပ္ပာယ်တရပ်လည်း ရှိပါသေးတယ်။ အခုဆို အကြမ်းဖက်စစ်အုပ်စုဟာ ဒင်းတို့ရဲ့ ထွက်ပေါက်၊ နိုင်ငံရေးလှည့်ကွက်အနေနဲ့ တရားမဝင်၊ အတုအယောင် ရွေးကောက်ပွဲ၊ တနည်းပြောရရင် “လုပ်ပွဲ” တခုကို အဓမ္မကျင်းပဖို့ ပြင်ဆင်နေတာကို အားလုံး သိရှိကြမှာပါ။ အခု ကျနော်တို့ လူထုရဲ့ အပြင်မထွက်၊ အသံတိတ်သပိတ်လှုပ်ရှားမှုကြီးက ဒီတရားမဝင် ရွေးကောက်ပွဲကို လူထုက လုံးဝ လက်မခံကြောင်း၊ ဆန့်ကျင်ကြောင်းကိုလည်း ဖော်ထုတ်၊ သက်သေပြခြင်းလည်း ဖြစ်ပါတယ်။

ကျနော်တို့ အပြင်မထွက်ဘူး၊ တိတ်ဆိတ်ငြိမ်သက်တယ်ဆိုတာက ကြောက်တာ၊ သွေးအေးတာ လုံးဝ မဟုတ်ဘူး။ ငါတို့ မြို့၊ ငါတို့ရွာကို ငါတို့သာ ပိုင်တယ်၊ တော်လှန်ရေးအတွက် ငါတို့ ငြိမ်ရင် ငြိမ်မယ်၊ ငါတို့ လှုပ်ရင် လှုပ်မယ်ဆိုတာကို အကြမ်းဖက် စစ်မိစ္ဆာတွေ သိစေဖို့ဖြစ်တယ်။ နောက်၊ ပြည်သူတွေက သိကြပြီးဖြစ်မှာပါ။ ဒီဖေဖော်ဝါရီ (၁) ရက်နေ့မှာပဲ အကြမ်းဖက်စစ်အုပ်စုဘက်ကလည်း လူစုလူဝေးနဲ့ အင်အားပြပွဲတွေ၊ စစ်တပ်ထောက်ခံပွဲဆိုတာတွေကို အကြီးအကျယ်လုပ်ကြဖို့ ပြင်ဆင်နေပါတယ်။ ကျနော်တို့ ပြည်သူတွေအနေနဲ့တော့ အဲ့ဒီ အကြမ်းဖက် လူအုပ်စုနဲ့ ဝေးဝေးရှောင်၊ မပတ်သက်ကြဖို့ပါပဲ။ ကိုယ့်နေရာမှာသာ ကိုယ်နေကြဖို့ ဖြစ်ပါတယ်။

ဒါ့ကြောင့် လာမယ့် ဖေဖော်ဝါရီလ (၁) ရက်နေ့၊ မနက် (၁၀) နာရီကနေ ညနေ (၃) နာရီတွင်းမှာ ကျနော်တို့တွေအားလုံး အပြင်ကို (လုံးဝ) မထွက်ကြဘူးဗျာ။ ကိုယ့်အိမ်၊ ကိုယ့်အလုပ်ခွင်၊ ကိုယ့်ဆိုင်၊ ကိုယ့်ရုံးစတဲ့ ကိုယ်ရှိနေတဲ့ နေရာမှာပဲ နေကြမယ်။ အဲ့ဒီနေ့၊ အဲ့ဒီအချိန်တွင်းမှာ လမ်းတွေထက်မှာ၊ အများပြည်သူနေရာတွေမှာ လူသူကင်းမဲ့ ခြောက်သွေ့နေရမယ်၊ တိတ်ဆိတ်နေရမယ်ဗျာ။ အဲ့လို ကိုယ့်နေရာမှာ ကိုယ်နေ နေတဲ့ အချိန်မှာလည်း ပြည်သူ့တော်လှန်ရေးအတွက် အထောက်အပံ့ဖြစ်ရာဖြစ်ကြောင်း တစ်ခုခုကို ထပ်ပြီးလုပ်ကြဦးမယ်ဗျာ။ ဥပမာ၊ PDF တွေအတွက် ခါတိုင်းထက်ပိုပြီး Click ကြမယ်ဗျာ၊ လှူကြမယ်ဗျာ။ အကြမ်းဖက် စစ်အုပ်စု လက်ချက်ကြောင့် ကျဆုံးခဲ့ရ၊ ပေးဆပ်ခဲ့ရ၊ အကျဉ်းထောင်တွေထဲ ရောက်နေကြရတဲ့ ရဲဘော်တွေအတွက် ထောက်ပံ့၊ လှူဒါန်း၊ ကုသိုလ်ပြုကြမယ်။ အခုလို (၂) နှစ်ပြည့်ချိန်မှာ နွေဦးတော်လှန်ရေးကို ရည်ညွှန်းတဲ့ သရုပ်ဖော်မှု Performance တွေကိုလည်း ဉာဏ်ရှိရင် ရှိသလို ကွန့်မြူး ဖော်ဆောင်ကြမယ်ဗျာ။

အခု (၂၀၂၃) ခုနှစ်ကို “အဆုံးသတ်တိုက်ပွဲအတွက် အဆုံးအဖြတ်နှစ်” သတ်မှတ်ထားကြတဲ့အတိုင်း အားကုန်ထုတ်၊ ရုန်းကန်တိုက်ပွဲဝင်သွားကြဖို့ ဖြစ်တယ်။ ဒါ့ကြောင့် လူထုတရပ်လုံးအနေနဲ့ “တသံတည်းညီ တချီတည်းရုန်း” ကြပြီး အဆုံးသတ်တိုက်ပွဲကို အတူလှမ်းချီကြပါစို့လို့ တိုက်တွန်းနှိုးဆော်အပ်ပါတယ်ခင်ဗျား/ရှင်။

#တသံတည်းညီ_တချီတည်းရုန်း

#တရားမဝင်ရွေးကောက်ပွဲကို_တိုက်ဖျက်ကြ_တိတ်ဆိတ်မှုနဲ့_သက်သေပြ





#လုံးဝအုပ်ချုပ်ခွင့်မရစေရ

#အရေးတော်ပုံ_အောင်ရမည်

အနှောင်အဖွဲ့မှ အမြန်ဆုံးလွတ်မြောက်ပြီး သက်တော် ရာကျော်ရှည်ပါစေ အမေစု
18/06/2021

အနှောင်အဖွဲ့မှ အမြန်ဆုံးလွတ်မြောက်ပြီး သက်တော် ရာကျော်ရှည်ပါစေ အမေစု

29/04/2021

CDM ဝန်ထမ်းများအတွက် ဝမ်းသာစရာ သတင်းကောင်း

မြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေး အစိုးရ အနေဖြင့် ဝန်ကြီးဌာန အသီးသီးဖွဲ့စည်းပြီးနောက် ဘက်ဂျက်လျာထားချက်များ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင်ထွန်းနိုင်မှ ဦးဆောင်ရေးဆွဲနေပြီ ဖြစ်သည်။ ကက်ဘိနက် အစည်းအဝေး ဆုံးဖြတ်ချက်အရ ထိုဘက်ဂျက် လျာထားချက်တွင် CDM ဝန်ထမ်းများအား မူရင်းလစာအတိုင်း လစဉ်ပုံမှန်ပေးအပ်သွားရန် အစီအစဉ်လည်း ပါဝင်ကြောင်း သတင်းရရှိသည်။

ကြေညာချက် အမှတ် ( ၁၉/၂၀၂၁ )၁၃၈၂ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက်မတ်လ (၃၁)ရက်၊ ၂၀၂၁ခုနှစ်။================ဖက်ဒရယ်ဒီမိုကရေ...
31/03/2021

ကြေညာချက် အမှတ် ( ၁၉/၂၀၂၁ )
၁၃၈၂ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက်
မတ်လ (၃၁)ရက်၊ ၂၀၂၁ခုနှစ်။
================
ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် ထုတ်ပြန်ကြေညာခြင်း

၁။ ပြည်ထောင်စုအတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ၊ အရင်းခံပြဿနာများကို အပြီးသတ်ချုပ်ငြိမ်းစေရန်၊ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး ပူးပေါင်းပါဝင်လက်တွဲနိုင်ရန်၊ ဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အာမခံသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ထောင်ရန်၊ ပြည်ထောင်စု၏ လူမျိုးများအားလုံး၊ နိုင်ငံသားများအားလုံး လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်း၊ တရားမျှတခြင်းတို့ကို အခြေခံကာ အပြန်အလှန်အသိအမှတ်ပြုလေးစားမှု ချစ်ကြည်ရိုင်းပင်းမှု၊ သွေးစည်းညီညွတ်မှုတို့ဖြင့် ငြိမ်းချမ်းစွာ အေးအတူ ပူအမျှ အတူတကွယှဉ်တွဲနေထိုင်နိုင်ရန် ခိုင်မာသော သန္နိဋ္ဌာန်ချမှတ်လျက် ဤ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် (Federal Democracy Charter ) ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ယနေ့ ၂၀၂၁ ခုနှစ်၊ မတ်လ ၃၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။

၂။ ခေတ္တ ဒုတိယသမ္မတမန်းဝင်းခိုင်သန်း ဦးဆောင်လျက် ခေတ္တ ပြည်ထောင်စုဝန်ကြီးများ ပါဝင်သော ပြည်သူ့အစိုးရအဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ မဖွဲ့စည်းမီ ကာလတွင် နိုင်ငံတော်၏ အုပ်ချုပ်ရေးတာဝန် များကို ဆက်လက် ထမ်းဆောင်သွားမည် ဖြစ်ပါသည်။

၃။ ၂၀၂၀ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ပြည်သူက ဒီမိုကရေစီနည်းကျ အပ်နှင်းလိုက်သော အာဏာကို ကိုင်စွဲလျက် ၂၀၂၁ ခုနှစ်၊ ဧပြီလ ပထမပတ်အတွင်း အမျိုးသားညီညွတ်ရေးအစိုးရကို ဖွဲ့စည်းပြီး ဖက်ဒရယ်ဒီမိုကရေစီအင်အားစု အားလုံးနှင့် လက်တွဲကာ ဤ ပဋိညာဉ်ပါ ဦးတည်ချက်၊ ရည်ရွယ်ချက်များနှင့် နိုင်ငံရေးလမ်းပြမြေပုံ အဆင့်ဆင့်အား စုပေါင်းခေါင်းဆောင်မှု စုပေါင်းအင်အားဖြင့် လက်တွေ့အကောင်အထည် ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

13/03/2021

Address

Kayan

Telephone

09797665448

Website

Alerts

Be the first to know and let us send you an email when U Thein Zaw Latt posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to U Thein Zaw Latt:

Share