KTYC Library

KTYC Library Youth Library in KengTung

06/01/2021

မင်္ဂလာရှိသောနှစ်သစ်လေးပါ။

"ရည်မှန်းချက် နှင့် ဘဝတက္ကသိုလ်" ရဲ့ ပိုပြီးစိတ်ဝင်စားစရာကောင်းလာတဲ့ Topic of the week လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။

Topic of the week: "လူငယ်နှင့်စာပေစကားဝိုင်း"
__________________________________

Pandemic ကာလမှာစာအုပ်တွေနဲ့ ဖြတ်သန်းနေသူတွေ
ဒါမှမဟုတ် နှစ်သစ်မှာစာအုပ်တွေပိုပြီးဖတ်မယ်လို့ plan ထားထားသူတွေ
ဒါမှမဟုတ် စာအုပ်စာပေအကြောင်းပိုပြီးလေ့လာချင်သူတွေ
ဒါမှမဟုတ် Topic မှာရွေးချယ်ထားတဲ့စာအုပ် "The Guys of Rangoon 1930" နှင့် The Guys From Mandalay 1950s" တို့ ရဲ့ ပရိတ်သတ်များအနေနဲ့ စာရေးသူနဲ့တွေ့ဆုံခွင့်ရမဲ့အပြင် စာအုပ်ပါ
အကြောင်းအရာတို့ကို လေကန်လေဖုတ်ပြီး စကားဝိုင်းလေးဖန်တီးချင်သူတို့အတွက်
"လူငယ်နှင့်စာပေစကားဝိုင်း" အစီအစဉ်မှာ စာရေးဆရာခက်ဇော်ကို ဖိတ်ခေါ်ထားပါတယ်။

ရွေးချယ်ထားသောစာအုပ်
________________

စာအုပ်ချစ်တဲ့သူတွေအတွက် မစိမ်းလှသော 2020 ရဲ့ Best selling ဖြစ်ခဲ့သော စာအုပ်များဖြစ်တဲ့ ဆရာခက်ဇော်၏

The Guys Of Rangoon 1930
Guys from Mandalay 1950s

စာရေးသူကိုယ်ရေးအကျဉ်း
________________

ဆရာ့နာမည်အရင်းက ကျော်စွာနိုင်ဖြစ်ပါတယ်
၁၉၈၈၊ ပဲခူးမြို့မှာမွေးဖွားခဲ့ပါတယ်
သရော်စာ၊ ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာ တို့ကို ကလောင်ခွဲတွေဖြစ်တဲ့ ခက်ဇော် ၊ ဝိုင်စ တို့ဖြင့်ရေးသားပြီး ထင်ရှားသောကလောင်အမည်ကတော့ ဗြိတိသျှကိုကိုမောင်ဖြစ်ပါတယ်။
The voice မှာ contributor အဖြစ်လုပ်ကိုင်ခဲ့ဖူးပြီး လက်ရှိမှာတော့ Real Live Real Stories Magazine မှာ တာဝန်ခံအယ်ဒီတာအဖြစ် လုပ်ဆောင်လျှက်ရှိပါတယ်။
2014 မှ 2020 အတွင်း စာအုပ် 12အုပ်အထိ ထုတ်ဝေထားပါတယ်။

ဒီအပတ်မှာ ရွေးချယ်ထားတဲ့ စာအုပ်တွေကို အတော်များများလည်း ဖတ်ပြီးကြလောက်မယ်လို့ထင်ပါတယ် မဖတ်ရသေးသူများကလည်း ဆရာ့ရဲ့
page - [ https://www.facebook.com/The-Guys-of-Yangon-1930-111029160557451/ ]
လေးမှာလည်း အပိုင်းလေးတွေနဲ့ ခွဲပီးတင်ပေးပြီးသားဖြစ်လို့ သွားရောက်ဖတ်ရှုနိုင်ပါတယ်

ဒီစကားဝိုင်းမှာ ပါဝင်ချင်သူတွေက form ဖြည့်ပြီး ကြိုတင်စာရင်းပေးထားနိုင်ပါတယ်
Registration link
°°°°°°°°°°°°°°°°°°°
https://forms.gle/BiPHKfc9Pxj2J9kJ7

Registration Deadline
°°°°°°°°°°°°°°°°°°°°°°°°°°
January 8, 2021 (12:00 pm)

Event Detail
°°°°°°°°°°°°°°
Date - January 9, 2021
Time - 7:00 pm to 8:30pm
Location - Zoom

“လူငယ်တွေရဲ့ ဘဝမှာ အချစ်ဆိုတာကြီးကို စတင်တွေရှိလာချိန်မှာ ရွေးချယ်ရ ခက်နေတဲ့ မြန်မာ လူငယ် ကောင်လေး တစ်ယောက်ကြောင်းကို ရေ...
28/08/2020

“လူငယ်တွေရဲ့ ဘဝမှာ အချစ်ဆိုတာကြီးကို စတင်တွေရှိလာချိန်မှာ ရွေးချယ်ရ ခက်နေတဲ့ မြန်မာ လူငယ် ကောင်လေး တစ်ယောက်ကြောင်းကို ရေးထားတဲ့ စာအုပ်လေး တစ်အုပ်ပါဗျာ......
#အတူရှိနေရခြင်းသည်
အချစ်၏စတင်ရာနေရာလား
သို့တည်းမဟုတ်
လူတစ်ယောက်ကိုတစ်ဖက်သက်
‌မျှော်လင့်စောင့်ဆိုင်းနေခြင်းသည်ကပဲ
အချစ်လားဆိုတာ ဝေခွဲမရခဲ့။
 ကောင်လေးတစ်ယောက်ဆိုလို စိတ်ကူးယဥ် ဖန်တီးထားတဲ့ အချစ်ဇာတ်လမ်း မဟုတ်ဘူး .......
 စာရေးသားသူ ဝင်းကိုကိုအောင်(PJW) ရေးသားထားတဲ့ ဝတ္ထုစာအုပ်ကောင်းလေးတစ်အုပ်ပါ။

 ဝတ္ထုဆိုပေမယ့် ဒီစာအုပ်လေးမှာက ဖွဲ့နွဲ့တန်ဆာဆင်ထားတာမျိုးတွေ လုံးဝမပါဘူး။
 လူငယ်တွေ အလွယ်တကူ ဖတ်နိုင်မည့် စကားလုံး ပေါ့ပေါ့ပါးပါးလေးတွေပဲ သုံးပြီး ဇာတ်ရှိန်ကို အမြင်ဆုံးထိ ရောက်အောင် ဆွဲ‌ခေါ်သွားနိုင်တယ်.........
 မြန်မာနိုင်ငံသား လူငယ်လေး တစ်ယောက်နဲ့ အိမ်နီးချင်း နိုင်ငံက နိုင်ငံသူလေးတွေနဲ့ အမှတ်မထင် ဆုံပြီး ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာ သိချင်ရင် စာအုပ်ထဲမှာ ဖတ်ကြပါဗျို........
 စာအုပ်ဖတ်ချင် ကျိုင်းတုံ လူငယ်စင်တာ မှာ လာရောက် ငှားရမ်းလို့ ရပါတယ်ဗျို....
.K

Hello 👋! လူငယ်တွေ အတွက် အင်္ဂလိပ်စာအုပ် သို့မဟုတ် မြန်မာစာအုပ်လေးတွေ အသစ်ရောက်နေပါတယ် ခင်ဗျား။ အမြန်ဆုံးလာရောက် ဌားရမ်းက...
18/08/2020

Hello 👋! လူငယ်တွေ အတွက် အင်္ဂလိပ်စာအုပ် သို့မဟုတ် မြန်မာစာအုပ်လေးတွေ အသစ်ရောက်နေပါတယ် ခင်ဗျား။ အမြန်ဆုံးလာရောက် ဌားရမ်းကြပါရန် တိုက်သွန်းအပ်ပါတယ်။ 😉😉

15/05/2020

📝 မြန်မာစာပေဆိုင်ရာစာအုပ် (၄၅) အုပ် 📝
~~~~~~~~~~~~~~~~~~~~~~~~~~

ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးရဲ့ခေတ်အဆက်ဆက်က စာပေအကြောင်းတွေကို ဆရာကြီးတွေရဲ့အရေးအသားနဲ့အတူ အရသာခံဖတ်ရှူ့လိုက်ပါဦးနော်

#အခြားသူများလဲဖတ်ရှူ့နိုင်အောင်လွတ်လပ်စွာမျှဝေပေးနိုင်ပါတယ်ခင်ဗျာ

စောလူ..ဒီနေ့ခေတ်သုံးဗမာစကားအရေးအသား.pdf
https://yadi.sk/i/YPbif1g5ewndi

ကြည်ဦး..စကားပုံ အလင်းပြကျမ်း.pdf
https://yadi.sk/i/XvNRHyxEewnfp

မြန်မာနိုင်ငံစာဆိုတော်နေ့အခမ်းအနား.pdf
https://yadi.sk/i/wceYHIGXewnfL

မြန်မာတိုင်းရင်းသားစကားပုံများ.pdf
https://yadi.sk/i/GpouLyBnewnfG

မြန်မာစာမတတ်သော မြန်မာများသာ ဖတ်ရန်.pdf
https://yadi.sk/i/AKrAZbGv3PbZs4

မြန်မာ့နန်းစဉ်ရတနာများ.pdf
https://yadi.sk/i/Gsuw44qoewnfY

ကြည်ဦး..မြန်မာ့ရိုးရာ စကားထာများ.pdf
https://yadi.sk/i/mEfI8Uahewnfr

မောင်ခင်မင်.. စကားသမုဒ္ဒရာ စာသမုဒ္ဒရာ.pdf
https://yadi.sk/i/FeAr0Fkxewndr

မြန်မာ့ သမိုင်း ပုံပြင်များ.pdf
https://yadi.sk/i/gV3s7J8TewnfS

ကာတွန်းဦးဖေသိန်း-စကားပုံ ပုံပမာကာတွန်းပဒေသာ.pdf
https://yadi.sk/i/uNmnULGMewnd4

မောင်ခင်မင်...အမေးနှင့် အဖြေ ၂၀၁၁..pdf
https://yadi.sk/i/zMw6Mhd0ewndz

သုတေသန အလင်းပြကျမ်း.pdf
https://yadi.sk/i/-NviZ0XHewndW

မြန်မာ့ သမိုင်းပုံပြင်များ.pdf
https://yadi.sk/i/ucVNAx-eewnfU

လှသမိန်..မြန်မာစကားပုံ အဘိဓာန်.pdf
https://yadi.sk/i/ilT2Qk2JewndQ

မေမြို့မိုးကြည်-မြန်မာစာပေတိုက်ပွဲများ ၁.pdf
https://yadi.sk/i/k8giR2iTewnfA

မေမြို့မိုးကြည်-မြန်မာစာပေတိုက်ပွဲများ ၂.pdf
https://yadi.sk/i/57eMtqDM3Pbap7

လှသမိန် ...ဘန်းစကား.pdf
https://yadi.sk/i/5x7D-134ewndE

ဦးသိန်းအောင်(မြန်မာစာ)..စကားဇာစ်မြစ် ၁၀၀.pdf
https://yadi.sk/i/w3A5evB0ewnde

ကိုဆောင်း..မြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်းသမိုင်း.pdf
https://yadi.sk/i/r5TBCDIHewndA

မောင်ခင်မင်.. အိုဆာကာရောက်ဧည့်သည်.pdf
https://yadi.sk/i/S9pMNRfxewndt

စောလူ - ပုဂံခေတ်မြန်မာစာ ၃.pdf
https://yadi.sk/i/UXcd7hx73PbZrM

မြန်မာ့ဘဝ၊ မြန်မာ့ဝန်းကျင်နှင့် မြန်မာ့ကဗျာ(တင်မိုး).pdf
https://yadi.sk/i/qkFx5WaWewnfi

မောင်ခင်မင်..ပြည်သူ အတွက်မြန်မာစကားပြေ.pdf
https://yadi.sk/i/Mz2g0AjKewne9

စောလူ - ပုဂံခေတ်မြန်မာစာ ၁.pdf
https://yadi.sk/i/QUuTfTsj3PbZrH

မြန်မာ့ ဆိုရိုးစကား.pdf
https://yadi.sk/i/ady5N9kuewnfQ

ကာတွန်းဦးဖေသိန်း..စကားကြီးဆယ်မျိုး ပုံပမာ.pdf
https://yadi.sk/i/PnoLjj3lewnd6

ဇေယျစာတမ်း.pdf
https://yadi.sk/i/i3mUkJWfewndk

မောင်ထင်...မြန်မာဆယ့်နှစ်လ အကြောင်း.pdf
https://yadi.sk/i/cTYiA0gEewnfC

စိတ်ကြိုက်မြန်မာစာ ကဗျာဖွဲ့နည်း-တင်မိုး.pdf
https://yadi.sk/i/CQjmE3rh3PbZr3

မြန်မာစာပေ.pdf
https://yadi.sk/i/9i85MvnPewnf2

မြန်မာ့မျက်ပွင့်.pdf
https://yadi.sk/i/VjvruXgPewnfn

မောင်ခင်မင်...ဓလေ့သုံးစကား.pdf
https://yadi.sk/i/j9dNvA4dewndv

မောင်ခင်မင်..ငယ်ပေါင်းကြီးဖေါ်မြန်မာစာ.pdf
https://yadi.sk/i/2JXmAgUeewne3

စာကိုးအဘိဓါန်.pdf
https://yadi.sk/i/sFZ_gcj83PbZqz

မောင်ခင်မင်...အမေးနှင့် အဖြေ ၂၀၁၀..pdf
https://yadi.sk/i/uZZx6BBAewndx

ဇေယျ၏မြန်မာမျက်ပွင့်စာဓလေ့.pdf
https://yadi.sk/i/45ZnSeC9ewndn

စောလူ - ပုဂံခေတ်မြန်မာစာ ၂.pdf
https://yadi.sk/i/WubAMvrd3PbZrK

မြန်မာစာ မြန်မာစကား.pdf
https://yadi.sk/i/k6lqdAg0ewneq

သုတဘဏ် စာတမ်းများ ၄.pdf
https://yadi.sk/i/YIDblmwNewndU

မြန်မာ ပုံပြင်များ...လူထု ဦးလှ.pdf
https://yadi.sk/i/bUUFNIwqewneo

သကျဝံသ..မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးစံ ၁၀၀.pdf
https://yadi.sk/i/wASbWNg-ewndS

ဇော်ဂျီ..ရသစာပေအဖွင့်နှင့် နိဒါန်း.pdf
https://yadi.sk/i/3i9fRN3Uewndp

ဦးဖေမောင်တင်..မြန်မာစာပေသမိုင်း.pdf
https://yadi.sk/i/r86n6Vg8ewndg

မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း.pdf
https://yadi.sk/i/ZYlHJgwvAxF4Ew

မင်းသုဝဏ်..မြန်မာစာ မြန်မာမှု.pdf
https://yadi.sk/i/OVrlAJv3ewndJ
____________________________________

Credit - original uploaders



27/04/2020

ကျွန်တော်တို့ PoP ကနေ လာမဲ့ မေလ ၁ ရက်နေ့မှာ စဖွင့်မဲ့ သင်တန်းအသစ်တစ်ခုအကြောင်း မိတ်ဆက်ချင်ပါတယ်။ ခုကာလမှာ ဖွင့်တာဆိုတော့ ဟုတ်ပါတယ်၊ အွန်လိုင်းသင်တန်းပါ။

နာမည်ကိုတော့ Smart & Healthy Adolescents (SHA) လို့ နာမည်ပေးထားပါတယ်။

ဆယ်ကျော်သက်တွေအတွက် အဓိက ရည်ရွယ်တာပါ။ ခုဆို ၁၀ တန်းတွေ ဖြေထားတဲ့အချိန်လည်း ဖြစ်တယ်။ ပြောရရင် ဒီအချိန်က ကိုယ့်ဘဝအတွက် အလှည့်အပြောင်းကာလ တစ်ခုပါပဲ။ နောက်ပြီး ဆယ်ကျော်သက်အရွယ်ဆိုတာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲနေတဲ့ ကာလလည်းဖြစ်တယ်။ ဒါကြောင့် ဒီကာလကို အောင်အောင်မြင်မြင် ပျော်ပျော်ရွှင်ရွှင်နဲ့ ကျော်ဖြတ်နိုင်ဖို့မှာ တစ်ခုခု အထောက်အကူ ဖြစ်စေဖို့ ရည်ရွယ်ပြီး စီစဉ်ဖြစ်တာပါ။

ပါဝင်မဲ့ အကြောင်းအရာတွေက

၁။ လိင်နှင့် မျိုးဆက်ပွား ကျန်းမာရေး (Sexual & Reproductive Health)

ဒါကတော့ ဆယ်ကျော်သက်တွေအတွက် အရေးကြီးဆုံးလို့တောင် ပြောနိုင်ပါတယ်။ ပျိုဖော်ဝင်စ အပြောင်းအလဲတွေ၊ ကိုယ်ဝန်တားနည်းတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ စသဖြင့် ပြောပြပါမယ်။

၂။ ပညာရေးနှင့် အလုပ်အကိုင် (Education & Career)

တစ်ခါတစ်လေမှာ မိဘတွေကိုယ်တိုင်က ရှေးရိုးတအားဆန်နေတာမျိုး၊ အခုခေတ်မှာ ဘာတွေ ပြောင်းလဲလာပြီ ဆိုတာကို သတိမထားမိတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် ရှေ့ဆက်လျှောက်မဲ့ ပညာရေးခရီးနဲ့ အလုပ်အကိုင် ရွေးချယ်မှုမှာ ဘာတွေကို ထည့်စဉ်းစားရမလဲ။ ဘာတွေ ပြင်ဆင်ထားသင့်သလဲ ဆိုတာကို ဆွေးနွေးပါမယ်။

၃။ ထိရောက်စွာ စဉ်းစားခြင်း (Effective thinking)

ဒါကတော့ ဆရာဇင်ဇေရဲ့ နာမည်ကျော်ခေါင်းစဉ် ဖြစ်ပါတယ်။ အိမ်က ဆေးကျောင်းတက်ခိုင်းလို့ တက်ရတာထက်စာရင်၊ အောင်မြင်နေတဲ့ ဆရာဝန်တွေကို မြင်ပြီး အားကျလို့ ဆေးကျောင်းတက်မိတာထက် စာရင် ဒီအလုပ်ရဲ့ အကောင်းအဆိုး အကျိုးအပြစ်ကို သိအောင်လုပ်ပြီးမှ ဆုံးဖြတ်တာက အမှန်နဲ့ ပိုနီးစပ်တာပေါ့။ ဒီအတွက် အသက်မွေးဝမ်းကျောင်း တက္ကသိုလ်တစ်ခု၊ အလုပ်တစ်ခုကို ရွေးတော့မယ် ဆိုတဲ့အခါ ဘာတွေ စဉ်းစားသင့်သလဲ ဆိုတာကို ဆွေးနွေးမှာ ဖြစ်ပါတယ်။

၄။ ထိရောက်စွာ လေ့လာခြင်း (Effective Learning)

များပြားလှတဲ့ သင်ယူစရာတွေကို လေ့လာနေရတဲ့အခါမှာ ထိထိရောက်ရောက် ဖြစ်အောင် ဘယ်လိုလေ့လာသင့်သလဲ ဆိုတာကို ဝေမျှပါမယ်။

၅။ ၂၁ ရာစု လူနေမှုပုံစံ (21st Century Lifestyle)

၂၁ ရာစုက တအားတိုးတက်လာတယ်။ တစ်ဖက်မှာလည်း ဆုတ်ယုတ်သွားတာတွေ ရှိတယ်။ လူတွေက အပြိုင်အဆိုင် များလာတယ်။ ရုပ်ဝတ္ထု ကိုးကွယ်လာတယ်။ အထီးကျန်လာတယ်။ ဒီလိုဆိုးကျိုးတွေကို သတိထားမိအောင်၊ ဒါတွေကို အတတ်နိုင်ဆုံး ဘယ်လိုကျော်ဖြတ်ရမလဲ သိအောင် ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။

၆။ မိဘအုပ်ထိန်းမှုနှင့် ကိုယ်ရည်ကိုယ်သွေး အဆက်အစပ် (Parenting & Personality)

တကယ်တော့ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိတာ၊ သုူတစ်ပါးကို ဖြည့်တွေးပေးတတ်တာ၊ ကိုယ့်ကိုယ်ကိုယ် လေးစားမှု ရှိတာ၊ အပြောအဆို ယဉ်ကျေးတာ စတဲ့ ကိုယ်ရည်ကိုယ်သွေးတွေဟာ ငယ်စဉ်က မိဘက ဘယ်လိုပျိုးထောင်လိုက်သလဲ ဆိုတာနဲ့ အဓိက ဆက်စပ်ပါတယ်။ ဒါကြောင့် ဒီအချက်ကို သတိထားမိသွားအောင် ထည့်ဆွေးနွေးတာပါ။

တစ်ပတ်ကို တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ ၃ ရက်နဲ့ ၄ ပတ် ကြာမြင့်ပါမယ်။ စုစုပေါင်း ၁၂ ချိန်ပေါ့။ တစ်ချိန်ကို တစ်နာရီကြာ ဆွေးနွေးပါမယ်။ အချိန်က ည ၉ နာရီ ဖြစ်ပါတယ်။ Facebook group က​နေတစ်ဆင့် ​ဆွေး​နွေးမှာပါ။

သင်တန်းကြေးကတော့ တစ်သောင်းပါ။ ခုလို ငွေကို စိစစ်သုံးနေရတဲ့ ကာလလည်း ဖြစ်တယ်။ နောက်ပြီး ဆယ်ကျော်သက်တွေအတွက် ရည်ရွယ်တာလည်း ဖြစ်နေလို့ အဲ့လောက်နှုန်းထားနဲ့ပဲ လုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ နောက်ပြီး မိဘနဲ့ သားသမီး ၂ ကောင့်တူတူ အတွဲလိုက် တက်လို့ ရပါမယ်။ တကယ်လို့ ကိုယ်က သားသမီး မရှိသေးဘဲ စိတ်ပါဝင်စားတယ်ဆိုလည်း တစ်ယောက်တည်း တက်လို့ ရပါတယ်။ ဆယ်ကျော်သက်တွေအနေနဲ့လည်း ကိုယ်ပဲ တက်ချင်တယ်ဆိုလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ ငွေသွင်းပြီးကြောင်း လာပြောပြတာနဲ့ အကောင့် ၂ ခုစာ လက်ခံပေးသွားမှာပါ။

အစကတော့ ဆယ်ကျော်သက်တွေအနေနဲ့က မိဘမပါဘူးဆိုရင် သူတို့သီးသန့် ပြောချင်တာ၊ မေးချင်တာတွေများ ရှိနေမလား စဉ်းစားမိသေးတယ်။ နောက်တော့ ကျွန်တော်တို့ အတွေ့အကြုံအရ ဆယ်ကျော်သက်တွေကိုချည်း ပြောနေရုံနဲ့ မလုံလောက်ဘူး။ မိဘတွေကပါ သိနေမှ အဆင်ပြေမှာ။ ဥပမာ တက္ကသိုလ် ရွေးချယ်မှုလိုပေါ့။ ကလေးက သူ ဝါသနာပါတာကို လုပ်ချင်ပေမဲ့ မိဘက ခွင့်မပြုရင် ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ။ ဒါကြောင့် မိဘတွေကိုပါ အတူရောတက်ခိုင်းဖို့ စီစဉ်လိုက်ပါတယ်။ ခုတစ်ခေါက် တက်ရောက်သူတွေရဲ့ အမြင်ကို နားထောင်ပြီးမှ နောက်အတန်းတွေကျ တစ်မျိုး စဉ်းစားပါ့မယ်။

ပညာဒါနလို့တော့ မသုံးနှုန်းချင်ပါဘူး။ တန်ဖိုးလည်း ထားစေချင်လို့ Free course အနေနဲ့ မလုပ်တာပါ။ အရင့်အရင် လုပ်နေကျ သင်တန်းတွေကို စီစဉ်ဖြစ်တုန်းကလိုပဲ၊ ဒီသင်တန်း လုပ်ရတဲ့ ရည်ရွယ်ချက်က လူငယ်တွေကို ကျွန်တော်တို့ ငယ်ငယ်ကလို မဖြစ်စေချင်ဘူး။ နောက်ပြီး ခုလို Covid 19 ကြောင့် အခိုက်အတန့် ရပ်နေပေမဲ့ အချိန်တန်ရင် အကုန်ပြန်လည်ပတ်မှာပဲ။ ဒီအတွက် လေ့လာစရာ ရှိတာတော့ လေ့လာစေချင်တယ်။ ကျွန်တော်တို့အနေနဲ့လည်း ခုလို အချိန်မျိုးမှာ ကိုယ့်ကိုယ်ကိုယ် အနားမပေးချင်ဘူး။ အသုံးတည့်တာတွေ လုပ်နေချင်တယ်။ ဒီအတွက် စီစဉ်ဖြစ်ခဲ့တာပါ။

အွန်လိုင်းက သင်မှာဖြစ်လို့ သင်တန်းသားဦးရေ ကန့်သတ်မထားဘဲ မေလ ပထမပတ်အကုန်ထိ စာရင်းသွင်းလို့ ရပါတယ်။ တက်မယ်ဆိုရင်တော့

ဖြိုးသီဟ
KBZ: 999- 3070-1000-935-001
CB: 95030-8000-3357-014
AYA: 013-22220-1000-3178
KBZ Pay 09 9752 63798 တို့ကို သင်တန်းကြေး လွှဲပေးပါ။ လွှဲပြီးကြောင်း Page ကို ပြောပြလိုက်ရင် ကျွန်တော်တို့ဘက်က Group link ကို ပြန်ပေးပါ့မယ်။ တက်မယ့် အကောင့် ၂ ခုရဲ့ နာမည်ကို ပြန်ပြောပေးပါ။ ဒါဆို ကျွန်တော်တို့ လက်ခံပေးလိုက်ရင် ရပါပြီ။

အားလုံးပဲ ကျန်းမာရေးလည်း ဂရုစိုက်ကြပါ။ လက်သေချာဆေးပါ။ တတ်နိုင်သလောက် အိမ်မှာနေပါ။ မဖြစ်မနေ အပြင်သွားရရင်လည်း Mask တပ်ပါ။ ကိုယ်ခံအားကောင်းအောင် နေပါ။ စိတ်ဖိစီးမှုတွေလည်း လျှော့ချပါ။ ဒီပြဿနာကြီးကို အတူတူ အကောင်းဆုံး ကျော်ဖြတ်ကြတာပေါ့နော်။ ကျေးဇူးတင်ပါတယ်။

ဆန္ဒမွန်ဖြင့်
Power of Passion အဖွဲ့သားများ

ဆက်သွယ်ရန်-
Message ဖြင့် >>> https://m.me/powerofpassion.drthurein.zinzae.drphio/

ဖုန်း - 09 44 39 49 210, 09 752 254 786

Library to door ရဲ့ အိမ်အရောက် စာအုပ်ပို့ဆောင်ပေးမှုမှာ ပါဝင်ငှားခဲ့ကြသူများကို ပထမအကြိမ်အနေနဲ့  (၁၃.၄.၂၀၂၀) မှာ ပို့ပေး...
14/04/2020

Library to door ရဲ့ အိမ်အရောက် စာအုပ်ပို့ဆောင်ပေးမှုမှာ ပါဝင်ငှားခဲ့ကြသူများကို ပထမအကြိမ်အနေနဲ့ (၁၃.၄.၂၀၂၀) မှာ ပို့ပေးခဲ့ပြီးဖြစ်ပါတယ်။

(စာအုပ်ငှားသူများသည် စာကြည့်တိုက် စည်းကမ်းချက် (၄) နှင့် (၅) အတိုင်း လိုက်နာပေးကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါတယ်။)

ဆက်လက်၍ ငှားရမ်းလိုသူများအနေဖြင့် ဇယားပါအစီအစဉ်အတိုင်း ဆက်သွယ်ငှားယူနိုင်ပါတယ်။

https://m.facebook.com/story.php?story_fbid=3496506623779182&id=1420541374709061?sfnsn=mo

Address

Kengtung

Website

Alerts

Be the first to know and let us send you an email when KTYC Library posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category