Guty Full Security Co.,Ltd.

Guty Full Security Co.,Ltd. Love Story

 #လမ်းခွဲဖို့ကိုကိုယ်ပဲရွေးပါတယ် ငါတို့ လမ်းခွဲရအောင်ဆိုတဲ့ စကားကို သူကိုယ်တိုင်ပဲပြောပြီး သူကိုယ်တိုင်ပဲ ငိုနေတဲ့ ကောင်...
25/01/2024

#လမ်းခွဲဖို့ကိုကိုယ်ပဲရွေးပါတယ်
ငါတို့ လမ်းခွဲရအောင်ဆိုတဲ့ စကားကို သူကိုယ်တိုင်ပဲပြောပြီး သူကိုယ်တိုင်ပဲ ငိုနေတဲ့ ကောင်မလေးတစ်ယောက်ပေါ့ … တစ်ဖက်က ဆွဲထားလေဦးမလားဆိုပြီး ရူးမိုက်ပြီး တွေးနေမိသေးသလို ဒီတိုင်းဆက်သွားရင် ပိုချစ်သွားမယ့်သူက သူကိုယ်တိုင်ဖြစ်ပြီး ဒီထက်ပိုနာကျင်ခံစားရမှာကို ကြိုသိနေတဲ့အဖြစ်တွေကနေ ရုန်းထွက်ချင်နေမိတဲ့အတွေးတွေက တစ်ဖက်ပေါ့ … လမ်းခွဲဖို့ လွယ်သလားမေးရင် မချစ်တဲ့လူတစ်ယောက်အတွက်ကတော့ လွယ်မှာပါ … တကယ်ချစ်တဲ့သူအတွက်ကျတော့ လမ်းခွဲဖို့ ဘာကြောင့်ရွေးသလဲ မေးရင် မုန်းမိသွားမှာစိုးလို့ လို့ပဲ ပြန်ဖြေကြမယ်ထင်ပါတယ် ။

ကျွန်တော်လေ သူ့ကို သိပ်ချစ်တာ … ဒါပေမယ့် လူတစ်ယောက်ကို ဘယ်လောက်ပဲချစ်ချစ် ကိုယ့်ရဲ့ ချစ်ခြင်းမေတ္တာက အဲ့ဒီလူအတွက် မလိုအပ်ဘူးဆိုရင် ချစ်ပါတယ် ဒါပေမယ့် ဆိုတဲ့စကားကို သုံးရတာပါပဲ ။ ရပ်နေရင်းက ကိုယ်က ပိုနေမှန်းပိုသိသာလာတဲ့ရက်ပေါင်းများစွာမှာ တစ်ယောက်တည်း ဘယ်သူက ငိုနေနိုင်ပါ့မလဲ ။တန်ပြန်မေတ္တာကို မျှော်ပေမယ့် ပေါ်မလာတဲ့ လူတစ်ယောက်ကို နာနာကျင်ကျင်နဲ့ နှစ်ပေါင်း ဘယ်လောက်ကြာတဲ့အထိ စောင့်နေနိုင်မလဲ ။ လူတစ်ယောက်ကို လွယ်လွယ်လေး ချစ်တတ်ဖို့ မလွယ်ကူခဲ့သလို နောက်ဆုံး … လမ်းခွဲရအောင်ဆိုတဲ့ စကားတွေ ပြောဖို့ကလည်း တကယ်မလွယ်ပါဘူး ။

သူနဲ့ လမ်းခွဲဖို့ ငါရွေးလိုက်တော့မယ်ဆိုတဲ့ စကားကို ကျွန်တော့် သူငယ်ချင်းတွေကို ပြောပြတဲ့အချိန်မှာလေ … တားမယ်လို့ ထင်နေခဲ့တာ တကယ်တမ်းကျတော့ နောက်တောင်ကျနေသေးတယ်ဆိုပြီး ပြောကြတယ် ။ ဘာလို့လဲသိလား ကျွန်တော့်မျက်ရည်တွေကို မြင်နိုင်တာဆိုလို့ သူတို့ပဲ ရှိခဲ့တယ် ။ ကျွန်တော် အဆင်မပြေတိုင်း ရင်ဖွင့်မိလို့ မကြာခဏ ဒေါသထွက်ကြတာလဲ သူတို့ပဲ ။ မျက်ရည်တွေနဲ့ စကားတွေ သွားပြောလိုက် … သူတို့ ဆုံးမတဲ့အခါ ကိုယ့်မှာ မင်းကို မမေ့နိုင်လို့ မကြားချင်ယောင်ဆောင်လိုက်နဲ့ ဒီနှစ်ထဲ သံသရာတွေလည်နေခဲ့တာ ။

ကျွန​်တော်လေ ... လမ်းခွဲဖို့ ဘယ်တုန်းကမှ မတွေးခဲ့မိဘူး.… ဒါပေမယ့် ဒီတစ်ခါတော့ လမ်းခွဲဖို့ကို ကျွန်တော်ပဲ ရွေးပါတယ် ။ ဘာကြောင့်လဲလို့ မေးရင် … ကျွန်တော် သိပ်ချစ်တဲ့ ခင်​ဗျားကို ခါးခါးသီးသီး မမုန်းချင်တဲ့အတွက်ကြောင့်လို့ပဲ ဖြေရမယ် ။ ကျွန်တော်က လူသားတစ်ယောက်လေ … အသွေးအသားနဲ့ တည်ဆောက်ထားတဲ့ လူသားတစ်ယောက်ဖြစ်သလို နာကျင်ခံစားတတ်တဲ့ နှလုံးသားနဲ့ သက်ရှိတစ်ယောက်လေ ။ ခင်ဗျ ငယ်ငယ်တုန်းက လိုချင်ခဲ့ဖူးတဲ့ အရုပ်လေးတစ်ရုပ်လို မဟုတ်ဘူးလေ … ကစားလို့ ၀သွားတဲ့အခါ ကြုံတဲ့ နေရာ ကြုံသလိုပစ်ထားလို့ရတဲ့ အရုပ်လေးတစ်ရုပ်မဟုတ်ဘူးလေ .. အရုပ်လေးတစ်ရုပ်တောင် ဂျောင်ထိုးထားတာ ကြာသွားရင် ဖုန် သဲ တွေနဲ့ ဆွေးမြေ့ပျက်စီးသွားရတတ်သေးတာပဲ ။ ခင်​ဗျားဥပေက္ခာ အကြာကြီးပစ်ထားတဲ့ ကျွန်တော် လဲ ဒီအချိန် တော်တော်လေး ထိခိုက်ကြေကွဲပြီးနေပါပြီ ။

ကျွန်တော်တို့ တွဲခဲ့ကြတဲ့ နှစ်တွေကို ပြန်ရေတွက်ကြည့်ပါဦး ခင်ဗျား ကျွန်တော့် မွေးနေ့ကို ဒီနေ့အထိ မှတ်မိဖို့ ခဲယှဉ်းနေတုန်းပဲ ။ ကျွန်တော် တို့ရဲ့ Anni date ကို ခဏခဏ ပြန်မေးနေရတုန်းပဲ ။ အသေးအမွှားလေးတွေပါတဲ့ … ကျွန်​တော်က ခင်ဗျား ရဲ့ မှတ်ပုံတင်နံပါတ်ကအစ မှတ်ထားတတ်တဲ့အချိန်မှာ အဲ့ဒီအသေးအမွှားလေးတွေက ကျွန်တော့် ကို ထိခိုက်နာကျင်စေခဲ့တယ် ။ တစ်ခါတစ်လေမှာ နာမ်စားတွေ မှားတဲ့အထိ ခင်ဗျားကအတွေးတွေများပါတယ် အကြိမ်ကြိမ်အခါခါ မစွန့်လွှတ်နိုင်လို့ ခွင့်လွှတ်ခဲ့ခြင်းတွေက ကိုယ့်ရဲ့ ရူးမိုက်ချင်တွေပဲ ။ အမှားတစ်ခုကို ခွင့်လွှတ်လိုက်တဲ့အကြိမ်တိုင်းမှာ ကျွန်တော် ဘယ်လောက်နာကျင်ရသလဲဆိုတာကို ဒီနေ့ထိ ခင်ဗျား မစာနာတတ်သေးဘူး ။ မင်း ကြည်ဖြူလို့ ခွင့်လွှတ်ခဲ့တာပဲ မဟုတ်လားဆိုတဲ့ စကားနဲ့ ကျွန်တော့် ရဲ့နာကျင်မှုကို ပျက်ရယ်ပြုဖို့ပဲ ကြိုးစားတယ် ။

အစော်ကားခံလိုက်ရခြင်းတွေကို ခွင့်လွှတ်လိုက်တဲ့ လူတစ်ယောက်ရဲ့ ရင်ထဲမှာလေ … အဲ့ဒီနေ့ရက်တွေကို ပြန်တွေးတိုင်း အဲ့ဒီနေ့တွေတုန်းကအတိုင်း အမြဲတမ်းနာကျင်ခံစားနေရတုန်းပဲ ဆိုတာ ခင်ဗျား မသိတတ်ခဲ့ဘူး ။ အမှားတွေကို ခွင့်လွှတ်ဖို့ လွယ်ကောင်း လွယ်နိုင်ပေမယ့် အဲ့ဒီအမှားတွေကို အလုံးစုံမေ့သွားနိုင်ဖို့ကျ သိပ့်ခတ်ခဲပါတယ် ခင်ဗျားခွင့်မလွတ်ဖူးသေးလို့ပါ ။ ပြီးတော့ မနာကျင်ဖူးသေးလို့ပါ ။ ကိုယ် သိပ်ချစ်တဲ့သူ တစ်ယောက်ကို ဆွဲထားရင်းက ပင်ပန်းလာတဲ့နေ့ရက်တွေမှာလေ ဘယ်သူ့ကို ရင်ဖွင့်လို့ ရင်ဖွင့်ရမယ်မသိအောင် လမ်းတွေ ပျောက်ခဲ့ရတဲ့ နေ့ရက်တွေမှာ ခင်ဗျား ပျော်နေတာလေးကို ငေးပြီး ကျွန်တော့် မှာ မျက်ရည်ပိုကျရတယ် ။ နေနိုင်လိုက်တာကွာ … နေတတ်လိုက်တာဆိုတဲ့ စကားကို ရေရွှတ်ပြီး အသည်းတွေ တစ်ဆစ်ဆစ်နာခဲ့ရတာ ။

လမ်းခွဲရအောင်ဆိုတဲ့ စကားဟာ … မချစ်တတ်တဲ့သူတစ်ယောက်အတွက်တော့ လွယ်ပါတယ် … ဒါပေမယ့် သိပ်ချစ်တတ်တဲ့ လူတစ်ယောက်အတွက်ကျတော့လေ … လမ်းခွဲရအောင်ဆိုတဲ့ စကားကိုသုံးဖို့ နှစ်တွေ လတွေ အတော်ကြာ အချိန်ပေးရတယ် … ကိုယ်ရခဲ့တဲ့ ဒဏ်ရာတွေကို ပြန်ငေးရတယ် … စိတ်နာစရာတွေ တွေ့လာတိုင်း မင်းကို မုန်းရမယ့် အချိန်တွေ မရောက်ချင်ဘူးဆိုတဲ့ သတိပေးစကားတွေဆိုရတယ် .. ကျေးဇူးပြုပြီး နေနိုင်သွားတဲ့အထိ ပစ်မထားပါနဲ့လားဆိုပြီး မျက်ရည်တွေနဲ့ တောင်းပန်ခဲ့ရသေးတာ ။ ဒါတွေကို ခင်​ဗျားမှ ဂရုမစိုက်ခဲ့ပဲလေ

ဘယ်တော့မှ မင်းကို ပစ်သွားမှာ မဟုတ်ဘူးဆိုတဲ့ ယုံကြည်ချက် အပြည့်အ၀နဲ့ မင်းက ရပ်နေတဲ့ ကိုယ့်ကို နည်းနည်းလေးတောင် ဂရုစိုက်ပေးဖို့ သတိမရခဲ့ဘူး … ဒီရက်တွေ မရောက်ချင်ခဲ့ဘူးသိလား … ကျွန်တော် တစ်နေ့ကျရင်ဆိုတဲ့ မျှော်လင့်ချက်လေးကို ဆုတ်ကိုင်ထားပြီး ထပ်ပြီးရပ်နေဖို့ သတ္တိတွေ မွေးခဲ့ပါသေးတယ် ဒါပေမယ့် ဒီထက်ပိုနာကျင်ရရင် ကျွန်တော့် စိတ်တွေဟာ ဒီထက် နာသွားဖို့ပဲရှိတော့တာ ။ ကျွန်တော် သိပ်ချစ်တဲ့ ခင်ဗျား ကို မုန်းမိသွားမှာပဲ ကြောက်တာပါ ။ ဒီအတိုင်း ချစ်မြဲအတိုင်း ဆက်ချစ်နေချင်ပါတယ် ။ နာကျင်စရာကောင်းတဲ့ အတိတ်ကို ဖယ်ပြီး ကိုယ်တို့ချစ်ခဲ့ဖူးပါလားဆိုတဲ့ အမှတ်တရလေးကိုပဲ မှတ်မိနေချင်ပါတယ် ။

ကျွန်တော် ဆက်ချစ်နေသရွေ့ လမ်းခွဲရအောင်ဆိုတဲ့စကားကို ဘယ်တော့မှ သုံးမှာမဟုတ်တဲ့ ခင်ဗျား ကို ကျွန်တော် ကပဲ လမ်းခွဲဖို့ကို ရွေးပါမယ် ။

နှစ်တွေကြာလာရင် … သူငါ့ကို တကယ်ချစ်လာမှာပါဆိုတဲ့ မျှော်လင့်ချက်လေးက ဝေဝါးပျောက်ကွယ်သွားပြီမို့ ။

တစ်နေ့ကျရင် ငါတို့နီးရမှာဆိုတဲ့ အိပ်မက်လေးက တစ်နေ့ထက်တစ်နေ့ ပိုအေးစက်လာတဲ့ ဆက်ဆံရေးမှ ကျကွဲသွားပြီမို့ ။

သူ ချစ်တတ်လာတဲ့တစ်နေ့ထိ ကိုယ် ရပ်နေချင်တယ်ဆိုတဲ့ စိတ်ကူးလေးက အင်အားမဲ့သွားပြီမို့

ကိုယ်ပဲ လမ်းခွဲဖို့ကို ရွေးပါတယ် ။

 #လူတစ်ယောက်ကိုချစ်နေရင်းက_ပင်ပန်းလာတတ်ပါတယ် ။အရင်ကတွေးခဲ့ဖူးတာက လူတစ်ယောက်ကို ချစ်နေရရုံ သူ ပျော်နေတာလေးကို ငေးနေရုံနဲ့...
20/12/2023

#လူတစ်ယောက်ကိုချစ်နေရင်းက_ပင်ပန်းလာတတ်ပါတယ် ။

အရင်ကတွေးခဲ့ဖူးတာက လူတစ်ယောက်ကို ချစ်နေရရုံ သူ ပျော်နေတာလေးကို ငေးနေရုံနဲ့ အဆင်ပြေမယ်ထင်ခဲ့တာ ။ တကယ်တမ်းကျတော့ လူတစ်ယောက်ကို ချစ်နေရင်းက ပင်ပန်းလာတတ်တဲ့ စိတ်တွေကလဲ ရှိနေသေးတယ် ။ငါမချစ်ပဲနေနိုင်ရင်ကောင်းမယ်ဆိုပြီးတွေးမိတဲ့ ရက်တွေနဲ့လဲ ကြုံရတတ်တယ် ။ ဘာကြောင့်လဲ မေးရင် ...တချို့အချစ်တွေကတစ်ဖက်သတ်ဆန်လွန်းလို့ ။

နားလည်မှုဆိုတဲ့ စကားလုံးလေးကိုတောင်ရှာလို့မရတဲ့ ဆက်ဆံရေးတစ်ခုမှာ ဘယ်လောက်ကြာကြာ ကိုယ့်ဖက်ကချည်း နားလည် ကိုယ့်ဖက်ကချည်းခွင့်လွှတ်ရင်း ရှေ့ဆက်နိုင်မှာလဲ ။ သ၀န်တိုလို့ဆိုတဲ့ ခေါင်းစဥ်အောက်မှာ နေရ ကျဥ်းကျပ်လာတဲ့ အချိန်တွေက တကယ်ချစ်တာကော ဟုတ်ရဲ့လားဆိုတဲ့ ကိုယ့်ကို တွေးစေတယ် ။ စိတ်မချလို့ စိတ်ပူလို့ သ၀န်တိုလို့ ခေါင်းစဥ်တွေ ပြောင်းသွားတာပဲရှိတာပါ အရာရာက သူ့အတ္တကို အရောင်တင်ဖို့ချည်းပါပဲ ။

ကိုယ်လည်း မှားခဲ့ပါတယ် ။ ကြီးကြီးမားမားရယ်လို့တော့ မဟုတ်ပါဘူး ။ ပိုချစ်ပြလိုက်မိတာရယ် အရမ်းအလိုက်သိလွန်းခဲ့တာရယ် ဒါလေးပါပဲ ။ ဒီအမှားတွေကပဲ ဒီအချိန်မှာ ကိုယ့်ကို ပိုလို့ပင်ပန်းစေတာပါ ။ ကိုယ့်ဖက်ကမှ စမခေါ်ရင် တိတ်ဆိတ်နေမယ့် Conservation လေးကို တစ်ရက်လောက်ဖြစ်ဖြစ် ကိုယ် တိတ်ပြီး ငေးကြည့်ချင်မိပါတယ် ။ အဲ့ဒီအချိန်တွေရောက်ရင် အရင်လို မဟုတ်တော့ဘူးဆိုတဲ့ စကားလုံးတွေနဲ့ စကားနာတွေထိုးဦးမယ် ။ ခဏနော်ဆိုပြီး အကြာကြီး စောင့်ခဲ့ဖူးတဲ့ ကိုယ်က ဘယ်တုန်းကမှ စောဒက မတက်ခဲ့ဖူးပေမယ့် မအားလို့ မကိုင်နိုင်လိုက်တဲ့ ဖုန်းတစ်ကောက ပြဿနာတွေ အများကြီး သယ်လာခဲ့ဖူးတယ် ။

သူပျော်နေတာလေးကို ငေးပြီး အဆင်ပြေအောင် နေတတ်ချင်ပေမယ့် ကိုယ် ငိုနေရတာကတော့ တကယ်အဆင်မပြေဘူး ။ ဒီဆက်ဆံရေးမှာ အများကြီး လိုအပ်နေတာမဟုတ်ပါဘူး ... နားလည်မှု ဒါမှမဟုတ် ကိုယ့်ဖက်သူ့ဖက် မျှတွေးတတ်တဲ့ အကျင့်လေးတစ်ခုပဲ လိုတာပါ ။ ခက်တာက အဲ့တာပဲ ရှိမနေခဲ့တာလေ ။ ချစ်တယ် ... အဲ့ဒီ ချစ်ခြင်းမေတ္တာတွေက ပါးစပ်ဖျားလေးကလာပြီး လုပ်ရက်တွေက ​မချစ်ပါလားဆိုတဲ့ အတွေးတွေ ၀င်စေတဲ့ နေ့ရက်တွေတိုင်းမှာ ကိုယ် သိပ်ပင်ပန်းရပါတယ်......

အမောပြေလေးဆိုပြီး ထင်ထားတဲ့ လူတစ်ယောက်က အမောဆို့စရာ စကားလုံးတွေနဲ့ ကြိုတဲ့အခါ ကိုယ့်မှာ ငိုရပါတယ် ။ ရင်ဖွင့်ရာလေးလို့ ထင်ထားခဲ့ပေမယ့် ကိုယ် မျက်ရည်စို့တဲ့အခါ ကိုယ့်မျက်ရည် ပထမဆုံး အပြစ်တင်တတ်တဲ့ ကိုယ့်ရဲ့ နာကျင်စရာလေးပေါ့ ။ ကိုယ် ထွက်သွားဖို့ ပြင်တဲ့အခါ ငိုတစ်လှည့် ခြောက်တစ်လှည့် တားပြီး ကိုယ် ရှိနေတဲ့အခါ ကိုယ့်ကို မေ့ထားတတ်တဲ့ ဆက်ဆံရေးမျိုးကို ဘယ်လို ငရဲလို့ အမည်တပ်ရမလဲ ။

လူတချို့က ကိုယ့်ကိုယ်ကိုယ် သိပ်ချစ်တတ်ကြပြီး သူတို့ကို ချစ်ပေးနေတဲ့ လူတစ်ယောက်ကို ပြန်ဂရုစိုက်ရသင့်မှန်း သတိမရတတ်ကြဘူး ။ အမြဲတမ်း နားလည်ပေးတတ်တဲ့ လူတစ်ယောက်ကလဲ တစ်ခါတစ်လေ နားလည်ပေးမှုတွေ ပြန်လိုအပ်ကြောင်း မသိချင်ယောင်ဆောင်တတ်ကြတယ် ထင်ပါတယ် ။ လူတစ်ယောက်ကို ချစ်ရင် ဒီလောက် ပင်ပန်းရတတ်ကြောင်းကိုလည်း ကိုယ် တကယ်မသိခဲ့ဘူး ။

မင်းနှုတ်ခမ်းက အပြုံးလေးတွေကို နောက်ဆုံးထွက်သက်ထိ ငေးချင်မိတဲ့အထိ မင်းကိုချစ်ရပါတယ် ။ဒါပေမယ့် တချို့ရက်တွေမှာ မင်းကို ပြန်ငဲ့မကြည့်ပဲ ထွက်သွားဖို့ တွေးမိတဲ့အထိ ပင်ပန်းရပါတယ် ။ မင်းကို ချစ်ရတာ တကယ် ပင်ပန်းပါတယ် ။

 #ကျွန်တော်စျေးမပေါချင်တော့ဘူးတကယ်ပါ ချထားတဲ့မာနတွေက နင်းသွားရုံသက်သက်ပဲဆို ဘာလို့ ခင်ဗျားဖိနပ်လုပ်စီးဖို့ ချထားတော့မလဲ ...
20/12/2023

#ကျွန်တော်စျေးမပေါချင်တော့ဘူး

တကယ်ပါ ချထားတဲ့မာနတွေက နင်းသွားရုံသက်သက်ပဲဆို ဘာလို့ ခင်ဗျားဖိနပ်လုပ်စီးဖို့ ချထားတော့မလဲ ဝေးမသွားချင်လို့ ချထားတဲ့ မာနတွေကို ဒီတစ်ခါတော့ ပြန်တင်လိုက်ချင်ပြီ ။

ကျွန်တော့်မှာ လုပ်စရာတွေအများကြီးထဲကမှ ခင်ဗျားကို အောက်ကျနောက်ကျခံပြီးကပ်နေရတာ နောက်ဆုံး ကိုယ့်ကိုယ်ကိုယ်တောင် စိတ်ပျက်လာမိပြီ... တကယ်ဆို ကျွန်တော်လဲ ခင်ဗျားလိုပဲ နေခဲ့သင့်တာ စပြီးတောင် မဆက်ခဲ့သင့်ဘူးလေ။

မျက်ရည်တွေကျတဲ့အခါ မျက်ရည်လွယ်လိုက်တာဆိုတဲ့ အပြစ်တင်စကားကို လွယ်လွယ်လေးပဲ ပြောတယ် ဟုတ်ပါတယ် ကျွန်တော်က ခင်ဗျားနဲ့ ပတ်သက်ပြီးမှ မျက်ရည်တွေလွယ်တတ်ခဲ့မှန်း နဲနဲလေးတောင် မသိခဲ့ဘူး မဟုတ်လား...

မခေါ်ပဲ အမြဲရောက်နေတတ်တာတွေ... မလိုပါပဲ အမြဲရှိနေတာတွေက အရမ်းကို ကြာနေပြီလေ... ကျွန်တော် ဒီထက်ပိုပြီး စျေးမပေါချင်တော့ဘူး... အသွားအပြန်မရှိတော့တဲ့ မေတ္တာတွေမှာ ကိုယ်တစ်ယောက်တည်းက ပေးပြီး ကိုယ်််တစ်ယောက်တည်း နာကျင်စရာတွေ ရလာတာတွေက လုံလောက်ပြီထင်ပါတယ် ။

ကျွန်တော် ဒီထက်ပိုပြီး စျေးမပေါချင်တော့ဘူးလေနော်... ဒီထက်ပိုပြီးလဲ မနာကျင်နိုင်တော့ဘူး

ရန်​ကုန်​မြို့ ၁၄ရက်​ lockdown ချထား​သော်​လည်းဝန်​ထမ်းများနှင့်​ ကုမ္ပဏီများအားလိုက်​လံကြည့်​ရှုစစ်​​ဆေး...!
25/09/2020

ရန်​ကုန်​မြို့ ၁၄ရက်​ lockdown ချထား​သော်​လည်း
ဝန်​ထမ်းများနှင့်​ ကုမ္ပဏီများအားလိုက်​လံကြည့်​ရှုစစ်​​ဆေး...!

Address

သထုံစု
Kyaikhto

Website

Alerts

Be the first to know and let us send you an email when Guty Full Security Co.,Ltd. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share