31/03/2026
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ကို ဖွဲ့စည်း
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းစဉ်များကို လက်တွေ့အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန်နှင့် တော်လှန်ရေးကိုအရှိန်အဟုန်မြှင့်တင်ပြီး အသွင်းကူးပြောင်းရေး အစိုးရတစ်ရပ်ဖွဲ့စည်းနိုင်ရန် ရည်ရွယ်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ကို ဖွဲ့စည်းလိုက်ကြောင်း မတ်လ ၃၀ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။
SCEF တွင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်နီအင်အားစုတွေ (KNPP၊IEC၊KSCC)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ ပါဝင်သည်။ ကောင်စီကို ပြည်နယ်/ဖက်ဒရယ်ယူ နစ်/EROs ကိုယ်စားပြု၊ ပြည်သူ့ကိုယ်စားပြုနှင့် အမျိုးသမီး ကိုယ်စားပြုမဏ္ဍိုင် သုံးရပ်ဖြင့် တရားဝင်ဖွဲ့ စည်းထားသည်။
SCEF သည် လက်ရှိတော်လှန်ရေးအဆင့်ကို တက်လှမ်းကာ အသွင်ကူးပြောင်းရေးကာလ အစီအမံများ ကို အတည်ပြုရန်၊ အသွင်ကူးအစိုးရဖွဲ့စည်းရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရန် ရည်ရွယ်သည်။ စစ်ရေး၊ နိုင်ငံရေး၊ ဖက်ဒရယ်ရေးနှင့် အင်စတီကျူးရှင်း ကိစ္စများကို ညှိနှိုင်းဦးဆောင်ရန် လည်း ရည်ရွယ်ထားသည်။ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်များကို အမြစ်ပြတ်ဖယ်ရှား ကာ လူမျိုးများ၏ ကိုယ်ပိုင်လက္ခဏာ ကာကွယ်မြှင့်တင်ပြီး အမျိုးသားတန်းတူရေး ရှိသော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်မည်ဟု ထုတ်ပြန်ထားသည်။
SCEF က နိုင်ငံရေး ဦးတည်ချက် ၆ ချက်ကို ထုတ်ပြန်ထားသည်။ အဓိက ချက်များမှာ စစ်အာဏာ သိမ်းမှု ဖယ်ရှားပြီး စစ်တပ်သည် နိုင်ငံရေးတွင် ပါဝင်မှု အဆုံးသတ်ရန်၊ လက်နက်ကိုင်တပ်ဖွဲ့များအားလုံးကို အရပ်သား စီမံအုပ်ချုပ်မှုအောက်တွင် ထားရှိရန်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီ အခြေခံဥပဒေသစ်ရေးဆွဲရန်၊ ပဋိပက္ခအတွင်း ထိခိုက်ခံရသူများအတွက် တရားမျှတမှုနှင့် အသွင်ကူးပြောင်းရေးကာလအတွင်း တရားမျှတမှု ရရှိရေးလုပ်ငန်းစဉ်များကို ဖော်ဆောင်နိုင်ရန်ဖြစ်သည်။
မျှဝေသုံးစွဲသော “Shared Sovereignty” မူကို ကိုင်စွဲကာ အချုပ်အခြာအာဏာများကို ပြည်နယ်/ဖက်ဒ ရယ် ယူနစ်အတွင်းနေထိုင်ကြသော ပြည်သူလူထုက ပိုင်ဆိုင်ကြသည်ဟု ဆိုထားသည်။ နိုင်ငံရေးဆုံးဖြတ် ချက်များကို စုပေါင်းခေါင်းဆောင်မှု (Collective Leadership) ဖြင့်ဖော်ဆော်သွားမည်ဖြစ်သည်။ မတူကွဲ ပြားမှုကို အခြေခံ၍ One policy, one strategy” ဖြင့် စစ်ရေး၊ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးကဏ္ဍများကို ပူးပေါင်းညှိနှိုင်း၍ ရည်မှန်းချက်ပန်းတိုင်ရောက်ရန်အတွက် လက်တွဲဆောင်ရွက်သွားမည်ဟု ထုတ်ပြန် ထားသည်။
သို့သော် ကောင်စီတွင် မွန်ဒေသ၊ ရှမ်းဒေသ၊ ရခိုင်ဒေသမှ လက်နက်ကိုင်အဖွဲ့အချို့ မပါဝင်သေးဘူးဆိုတာ တွေ့ရသည်။