
အိပ်မက်သစ် စာကြည့်တိုက် မင်္ဂလာပါ ...

16/01/2025

New dream

23/09/2024

သိမ်ဇရပ်မြို့ မှ အိပ်မက်သစ် စာကြည့်တိုက်
09790155655

04/07/2024

အိပ်မက်သစ် စာကြည့်တိုက်
သိမ်ဇရပ်မြို့
09422133233

ကျွန်တော်တို့ငယ်ဘဝမှာ ကျွန်တော်ကို အလေးထားဆက်ဆံခဲ့သူများနှင့် နေရာများကို ကျွန်တော်အခုထိ မှတ်မိနေပါသည်။ ကျွန်တော်တို့ကို...
27/06/2024

ကျွန်တော်တို့ငယ်ဘဝမှာ ကျွန်တော်ကို အလေးထားဆက်ဆံခဲ့သူများနှင့် နေရာများကို ကျွန်တော်အခုထိ မှတ်မိနေပါသည်။

ကျွန်တော်တို့ကို မေတ္တာပေးပြီး ကိုယ်ခြင်းစာတရားနှင့် လူရာသွင်းတဲ့ နေရာလေးတွေကို ခဏခဏသွားဖြစ်ပါသည်။ကျေနပ်စွာ အတုယူမိပါသည်။ အဲ့ဒီလို ခံစားချက်လေးတွေကို ကြိုက်ပါသည်။

လူငယ်လေးတွေအတွက်လည်း ထိုသို့သော နေရာလေးတွေ ဖန်တီးပေချင်သည်။ လူငယ်လေးတွေကို မေတ္တာတရား ကိုယ်ချင်းစာတရား အသိတရားရရှိနိုင်တဲ့ နေရာလေးတွေမှာ ရှင်သန်စေချင်သည်။

ဆင်းရဲ ချမ်းသာ နေရာ နီးဝေး လူမရွေးပဲ လူငယ်တွေအားလုံး ငယ်ဘဝမှာ သိက္ခာရှိရှိ ဝင်ထွက်သွားလာနိုင်တဲ့ နေရာလေး ဖြစ်လာအောင် ကြိုးစားပါသည်။

လူငယ်လေးတွေ အတားအစီးမရှိ ဝင်ထွက်သွားလာနိုင်တဲ့ အိပ်မက်သစ်စာကြည့်တိုက် လေး သူငယ်ချင်းတွေနဲ့ ဖွင့်ပါသည်။

နေ့စဉ်နေ့တိုင်း သူတို့ပျော်ရွှင်အောင် အသိတိုးအောင် ဘယ်လိုလုပ်ပေးရမလဲ စဉ်းစားပါသည်။ လုပ်ပေးပါသည်။

လုပ်ပေးထားတဲ့ အရာများလဲ ရေရှည်တည်တံ့နေအောင် စာကြည့်တိုက် အဖွဲ့ဝင်များ ကြိုးစားကြပါသည်။ အဓိကကတော့ ကျွန်တော်တို့ မရှိတော့ရင်တောင် နောင်မျိုးဆက်သစ်လေးတွေအတွက် ပျော်ရွှင်စွာ ဝင်ထွက်သွားလာနိုင်တဲ့ နေရာလေးအဖြစ် နှစ်ပေါင်းများစွာ ရေရှည်တည်တံ့ နေစေချင်ပါသည်။
အိပ်မက်သစ်စာကြည့်တိုက်
09790155655
သိမ်ဇရပ်မြို့

03/06/2024
သိမ်ဇရပ် မြေမှာခြေစုံရပ်လိုက်​တာနဲ့ အားလုံးအားလုံး အမောပြေသွားမည့်မြို့အလယ်သီသီသန့်သန့်ခံ့ခံ့ညားညားမားမားမတ်မတ်ရပ်ကာလူငယ...
27/05/2024

သိမ်ဇရပ် မြေမှာ
ခြေစုံရပ်လိုက်​တာနဲ့
အားလုံး
အားလုံး အမောပြေသွားမည့်
မြို့အလယ်
သီသီသန့်သန့်
ခံ့ခံ့ညားညား
မားမားမတ်မတ်ရပ်ကာ
လူငယ်များကို အလင်းပေးနေသော
အိပ်မက်သစ်စာကြည့်တိုက် က
နွေးထွေးစွာ
ပွေ့ဖက်နှုတ်ဆက်နေပါတော့သည်။

စာကြည့်တိုက် ဆိုတာ အလင်းရောင် ချက်လုပ်တဲ့ စက်ရုံတဲ့ ကျွန်တော် စာတွေထဲမှာ ဖတ်ဖူးပါသည် ။ ကျွန်တော်တို့ သူငယ်ချင်းများ ကိုယ့်ရပ်ရွာမှာ ဘဝရဲ့ မှတ်တိုင်တစ်ခုအနေနဲ့ စာပေချစ်သော သူများ၏ ကူညီဖေမမှု များစွာဖြစ် အလင်းရောင် ထုတ်တဲ့စက်ရုံတစ်ရုံ ရှင်သန်စွာ တည်ဆောက်နိုင်ခဲ့လို့ ဂုဏ်ယူမိပါသည် ။
အိပ်မက်သစ် စာကြည့်တိုက် (သိမ်ဇရပ်)
09422133233

18/03/2024

အိပ်မက်သစ် စာကြည့်တိုက် နေ့စဉ် လူဝင်လူထွက်

စာကြည့်တိုက် တည်ထောင်သော ရည်ရွယ်ချက်**** * *ကိုယ့်ရဲ့အသိဉာဏ် ဗဟုသုတဟာ ကိုယ့်ဘဝဖြစ်ပါသည်။ကိုယ့်ရဲ့ ကျန်းမာရေး အသိဟာ ကိုယ့...
15/03/2024

စာကြည့်တိုက် တည်ထောင်သော ရည်ရွယ်ချက်
**** * *
ကိုယ့်ရဲ့အသိဉာဏ် ဗဟုသုတဟာ ကိုယ့်ဘဝဖြစ်ပါသည်။
ကိုယ့်ရဲ့ ကျန်းမာရေး အသိဟာ ကိုယ့်မိသားစုရဲ့ ကျန်းမာရေး ဖြစ်ပါသည်။
ကိုယ့်ရဲ့ စီးပွားရေးအသိဟာ ကိုယ့်မိသားစုရဲ့ စီးပွားရေးဖြစ်ပါသည်။
ကိုယ့်ရဲ့ လူမှုဆက်ဆံရေး အသိဟာ ကိုယ့်အတွက် ကောင်းမွန်တဲ့ ပတ်ဝန်ကျင် ဖန်တီးခြင်း ဖြစ်ပါသည်။
ကိုယ့်ရဲ့ မိသားစုအပေါ် တန်ဖိုးထားခြင်း အသိဟာ ကိုယ့်ဘဝရဲ့ ပျော်ရွှင်ခြင်း အစစ်အမှန် ဖြစ်ပါသည်။
ကိုယ့်ရဲ့ အသိဉာဏ်အလင်းရောင် နှင့် ဘဝကို ယုံကြည်မှု ရှိရှိ လူငယ်များကို ရှင်သန်စေချင်ပါသည်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပီး အမှီအခိုကင်းစွာ ရပ်တည်စေချင်ပါသည်။
စာပေရဲ့ အကျိုးကျေးဇူးကို ခံစားစေချင်သည်။
ရသစာပေ ဖတ်ပြီး နုလုံးသားတွေ နူးညံ့စေချင်ပါသည်။ သုတစာပေတွေဖတ်ပြီး အသိဉာဏ်ပညာ တဆင့်မြင့်စေချင်ပါသည်။
အောင်မြင်ရေး စာပေတွေဖတ်ပြီး ခံစားမှုထက် တည်ဆောက်ခြင်းကို ပိုပြီးအလေးထားစေချင်ပါသည်။
သူတို့ရဲ့ အသိဉာဏ်ပညာ ဖြင့် သူတို့တည်ဆောက်သော မိသားစု ဘဝလေးတွေ သာယာ ချမ်းမြေ့စေချင်ပါသည်။
ထိုသို့သော ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ဖို့ စာကြည့်တိုက်တည်ထောင်ပြီး နေ့စဉ် ကြိုးစားနေပါသည်။
အိပ်မက်သစ်စာကြည့်တိုက်
သိမ်ဇရပ်မြို့
09790155655

11/03/2024

သည်ဘဝကိုသည်တစ်ကြိမ်သာငါဖြတ်သန်းရပေမည်။
ဒါကြောင့်ငါနဲ့အတူလူသတ္တဝါတွေအတွက်
ငါလုပ်နိုင်တဲ့ကောင်းမှုမှန်သမျှ
ငါပေးနိုင်တဲ့ကြင်နာယုယမှုမှန်သမျှယခုငါလုပ်ပရစေ။
အချိန်မရွှေ့မိပါစေနှင့်မျက်ကွယ်မပြုမိပါစေနဲ့
သည်လမ်းကိုနောက်တစ်ဖန်
ငါမလျှေက်လှမ်းတော့ပြီဖြစ်သောကြောင့်ပင်...။
( အေးတီယန်း ဒီဂရဲလေး)

21/02/2024

အိပ်မက်သစ် စာကြည့်တိုက်သို့ စက်ဘီးလေးနဲ့ ပုံမှန်လာတဲ့ ကလေးငယ်။
အိပ်မက်သစ် စာကြည့်တိုက်
သိမ်ဇရပ်မြို့
09422133233

စာကြည့်တိုက် စတင်တည်ထောင်မယ် စတင်စိတ်ကူးခဲ့တဲ့ 2011 ခုနှစ်မှ စ၍ ယခု 2024 ခုနှစ်ထိ စာကြည့်တိုက်အကြောင်း မတွေးခဲ့တဲ့နေ့ စာ...
20/02/2024

စာကြည့်တိုက် စတင်တည်ထောင်မယ် စတင်စိတ်ကူးခဲ့တဲ့ 2011 ခုနှစ်မှ စ၍ ယခု 2024 ခုနှစ်ထိ စာကြည့်တိုက်အကြောင်း မတွေးခဲ့တဲ့နေ့ စာကြည့်တိုက်မသွားတဲ့နေ့ မရှိသလောက်နဲခဲ့ပါသည်။
စာကြည့်တိုက်ဖွင့်တာနဲ့ ကျွန်တော်စာကြည့်တိုက် ရောက်သွားပါသည်။ စာကြည့်တိုက်မှူးများ လုပ်နေတာများ ဝိုင်းဝန်လုပ်ကိုင်ပြီး အရင်နေ့က စာဖတ်အား စာငှားအားမေးပါသည်။
နေ့လည်ခင်း တစ်ခေါက်သွားပါသည်။ စာဖတ်တဲ့ ကလေးတွေ အခြေအနေ သွားကြည့်ပါသည်။ စာဖတ်သူငှားသူများ ဘာစာအုပ်တွေ ငှားလေ့ရှိလဲ သွားလေ့လာဖြစ်ပါသည်။
ညနေခင်း သမီးလေး ကျောင်းကြိုရင်းနဲ့ တစ်ခေါက်သွားပါသည်။ စာကြည့်တိုက် ပြုပြင်ထိန်းသိမ်းရေး လိုအပ်ချက်များ ဖြည့်ဆည်းရေး စာကြည့်တိုက်မှူးများနဲ့ ပုံမှန်ဆွေးနွေးဖြစ်ပါသည်။
စာကြည့်တိုက် အလှူရှင်လာတဲ့အခါ ဧည့်သည်လာတဲ့အခါ စာကြည့်တိုက်မှူးများ လှမ်းခေါ်၍ သွားရတာလဲ ရှိပါသည်။ စီးပွားရေး အလုပ်ကိစ္စတွေပြီးလို့ အားနေတဲ့အခါ စာကြည့်တိုက်သို့ သွားဖြစ်ပါသည်။
ဒီလိုနဲ့ပဲ ကျွန်တော်ရဲ့ အားလပ်ချိန် တော်တော်များများကို ကျွန်တော်ဝါသနာပါတဲ့ စာကြည့်တိုက်လုပ်ငန်း လုပ်ရင်ဖြတ်သန်းနေမိပါသည်။လကုန်ရက်ရောက်တဲ့ နေ့များဆိုရင် စာကြည့်တိုက် လစဉ်အလှူငွေများ တစ်အိမ်ဝင် တစ်အိမ်ထွက် လိုက်ကောက်နေပါသည်။
ကျွန်တော် လျောက်ချင်တဲ့ လမ်းဖြစ်တာကြောင့် အခက်အခဲတွေ ရှိမလာခဲ့ပါ။ စိတ်ပျက်အားငယ်ခြင်းတွေ ဖြစ်မလာခဲ့ပါ။ မဖြစ်နိုင်ဘူးဆိုတာတွေ တွေးမနေခဲ့ပါ။
စာကြည့်တိုက်အတွက် ကျွန်တော်ရဲ့ ကဏ္ဍပိုင်းလေးမှာ ကျွန်တော်ရဲ့ လှုပ်ရှာမှုများ ဖြစ်ပါသည်။ ကျွန်တော်သည် စာကြည့်တိုက် ဥက္ကဌ မဟုတ်ပါ ဦးဆောင်သူမဟုတ်ပါ အိပ်မက်သစ်စာကြည့်တိုက် အဖွဲ့ဝင်တစ်ဦးသာ ဖြစ်ပါသည်။
အိပ်မက်သစ် စာကြည့်တိုက် အဖွဲ့ဝင် ၇ ယောက်သည်လဲ ကျွန်တော်ထက် မလျော့တဲ့ လုပ်ဆောင်မှုမျိုးများနှင့် ကျရာ ကဏ္ဍများမှာ ပါဝင်လှုပ်ရှာနေကြပါသည်။
စာကြည့်တိုက် အဖွဲ့ဝင်များမှာ တူညီသော ရည်ရွက်ချက် ရှိပါသည်။ လူငယ်များ စာဖတ်ဓလေ့ ထွန်းကားရေးအတွက် စာကြည့်တိုက်ကြီး ရေရှည်အောင်မြင်ရေး အတူလက်တွဲပြီး ကြိုးစားချင်ကြပါသည်။
အိပ်မက်သစ် စာကြည့်တိုက်
သိမ်ဇရပ်မြို့
09790155655

ဆရာလေး တစ်ပါး ဆွမ်းခံကြွရင်း စာအုပ်ပုံမှန်လာငှားပါသည်။စာအုပ်လာအပ်တဲ့အခါ စာကြည့်တိုက်မှူးများတွက် မုန့်လေးတွေယူလာပေးပါသည်...
25/11/2023

ဆရာလေး တစ်ပါး ဆွမ်းခံကြွရင်း စာအုပ်ပုံမှန်လာငှားပါသည်။စာအုပ်လာအပ်တဲ့အခါ စာကြည့်တိုက်မှူးများတွက် မုန့်လေးတွေယူလာပေးပါသည်။ ဆရာလေး သည် စာဖတ်အားကောင်းပြီး ဆရာလေးဖတ်ချင်သော စာအုပ်များကို စာကြည့်တိုက်မှူးများကို မှာထားလေ့ရှိပါသည်။ စာအုပ်ငှားပြီးတိုင်း ချိုသာသောအသံ ဖြင့် ကျေးဇူးတင်စကား ပြောပါသည်။

Address

Theinzayat
Kyaikhto
93

Opening Hours

Monday 07:30 - 18:00
Tuesday 07:30 - 18:00
Wednesday 07:30 - 18:00
Thursday 07:30 - 18:00
Friday 07:30 - 18:00
Saturday 07:30 - 18:00

Telephone

+959422133233

Website

Alerts

Be the first to know and let us send you an email when အိပ်မက်သစ် စာကြည့်တိုက် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category