Eastern Shan State Agricultural Technologist

Eastern Shan State Agricultural Technologist Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Eastern Shan State Agricultural Technologist, Government Organization, Kyaingdôn.

Eastern Shan State Agricultural Technologist (ESSAT)ESSAT ဆိုတာ ရှမ်းပြည်နယ်အရှေ့ပိုင်း အတွက်ရေရှည်စိုက်ပျိုးရေး  ခေတ်မှ...
11/06/2023

Eastern Shan State Agricultural Technologist (ESSAT)
ESSAT ဆိုတာ ရှမ်းပြည်နယ်အရှေ့ပိုင်း အတွက်
ရေရှည်စိုက်ပျိုးရေး ခေတ်မှီစိုက်ပျိုးရေးနှင့် စိုက်ပျိုးရေး
ကဏ္ဍအသီးသီးအတွက် နည်းပညာဖွင့်ဖြိုးတိုးတက်ဖို့
ရည်ရွယ်ဖွဲ့စည်းထားတဲ့ အဖွဲ့စည်းတစ်ခုပါ🏛️🏛️🏛️

ဒီအဖွဲ့အစည်းထဲမှာ
အငြိမ်းစားမြေဆီလွှာ ပညာရှင်
သီးနှံအာဟာရ ပညာရှင်
သီးနှံကာကွယ်ရေးအထူးပြု ပညာရှင်များနှင့်
ဒေသတွင်း ပညာရှင်များပါဝင်ပါတယ်

အထူးသဖြင့်
ရှမ်းရှေ့ တောင်သူများနှင့်အခြားသော
စိုက်ပျိုးရေးလုပ်ငန်းများအတွက်
နည်းပညာများကို online မှတဆင့်
အခမဲ့ မေးမြန်းခြင်း အကြံပြုချက်များ
တောင်းခံခြင်းကိုပြုလုပ်နိုင်မှာပါ

မြေဆီလွှာ ပြုပြင်နည်းသင်တန်း
မြေဩဇာသုံးစွဲနည်းသင်တန်း
ခေတ်မှီဟင်းသီးဟင်းရွက် စိုက်ပျိုးနည်းသင်တန်း
အလှပန်းပင် စိုက်ပျိုးပြုစုနည်းသင်တန်း
သစ်ခွစိုက်ပျိုးနည်းသင်တန်း
မှိုမျိုးစုံ စိုက်ပျိုးနည်းသင်တန်း
အ‌ခြေခံစိုက်ပျိုး‌ေရးနည်းပညာသင်တန်း
မြေဩဇာပြုလုပ်နည်းသင်တန်း
Organic စိုက်ပျိုးနည်းသင်တန်း
အစရှိသည့်သင်တန်းပေါင်းများစွာကို
ပို့ချမည့်အပြင်

စီးပွားဖြစ်စိုက်နည်း master plan
Project planများလည်း ဈေးနှုန်း
သင့်တင့်စွာဖြင့် ရေးဆွဲပေးပါမည်

စိုက်ပျိုးရေးမှာအရေးကြီးဆုံးဖြစ်တဲ့
မြေဓာတ်ခွဲခြင်း ကိုလည်း
အထူးဈေးနှုန်းများဖြင့် ရရှိနိုင်မှာပါ
မြေဓာတ်ခွဲခြင်းကို
PH
Nitrogen
Phosphorus
Potassium
Soil type................................…......
စုစုပေါင်း7မျိုးကို
15000ကျပ်ဖြင့်သာ
ဓာတ်ခွဲစစ်ဆေးပေးသွားပါမည်🧑‍🔬🧑‍🔬🧑‍🔬🧑‍🔬

Promotion အနေနဲ့
Juneလအတွင်း
မြေဓာတ်ခွဲသူစုစုပေါင်း
50ဦးကိုလည်း ဓာတ်ခွဲခ
5000ကျပ်ဖြင့်သာ
စစ်ဆေးပေးသွားပါမည်🧑‍🔬🧑‍🔬🧑‍🔬

‌တနင်္လာ‌ သောကြာနေ့များတွင်
ရုံးထိုင်ပီး ကျန်နေ့များတွင်
ကွင်းဆင်းလုပ်ငန်းများလုပ်ကိုင်မည်ဖြစ်သော‌
‌ရုံးတည်နေရာ🏛️🏛️🏛️။ နောင်တုံကန်ဘေး
ဆက်သွယ်ရန် 09660172257
(မှတ်ချက် ယခုpostအား like and shareလုပ်ပီး
SSအား comment ရေးရုံဖြင့် သစ်ခွစိုက်ပျိုးခြင်း
စာအုပ်၊မြေဆီလွှာသိပ္ပံ၊အရွက်ဖြန်းမြေဩဇာစာအုပ်နှင့်
မြေဓာတ်ခွဲခွင့်5ဦးအား ကံစမ်းရယူလိုက်ပါ)

မြေချဉ်ငံကိန်း Soil pH Level********************pH ဆိုတာ မြေဆီလွှာထဲမှာပါတဲ့ အက်ဆစ်ဓာတ် သို့မဟုတ် အယ်ကာလီဓာတ်ကို တိုင်းတ...
11/06/2023

မြေချဉ်ငံကိန်း Soil pH Level
********************
pH ဆိုတာ မြေဆီလွှာထဲမှာပါတဲ့ အက်ဆစ်ဓာတ် သို့မဟုတ် အယ်ကာလီဓာတ်ကို တိုင်းတာပါတယ်။
pH 7 အောက်ဆို အက်ဆစ်ဓာတ်များပြီး မြေချဉ်တယ်။
Ph 7 ထက်များရင် အယ်လ်ကာလီဓာတ်များပြီး မြေငံပါတယ်။
အပင်အများစုက pH 6 မှ pH 7 အတွင်း အကောင်းဆုံး ဖြစ်ထွန်းပါတယ်။

pH မြေချဉ်ငံကိန်းကို ဘယ်လို သိရှိနိုင်သလဲ
********************
Soil meter သို့မဟုတ် soil tester ဖြင့် သိရှိနိုင်ပါတယ်။ စျေးက သောင်းဂဏန်းကနေ သိန်းဂဏန်းအထိ အစားစား ရှိကြပါတယ်။ အစိုဓာတ် ရှိတဲ့မြေထဲ လေးလက်မခန့် ထိုးသွင်းပြီး မိမိမြေရဲ့ pH အဆင့်ကို တိုင်းတာနိုင်ပါတယ်။

အပင်အတွက် pH ဘာကြောင့်အရေးပါ
*******************
သင့်တော်တဲ့ pH level မရှိရင် မြေဆီလွှာထဲမှာရှိတဲ့ အစာအာဟာရကို မစုပ်ယူနိုင်လို့ပါ။

pH 7 ထက်နိမ့်တဲ့ အက်ဆစ်ဆန်သော မြေချဉ်များမှာ အနည်းလို အာဟာရဓာတ်များဖြစ်တဲ့ ကယ်လစီယမ်၊ မဂ္ဂနီစီယမ်၊ ဖော့စ်ဖာရပ်စ်စတဲ့ ဓာတ်တွေ မစုပ်ယူနိုင်ပါ။

pH 7 ထက်မြင့်တဲ့ အယ်လ်ကာလီဆန်သော မြေငံများမှာ အနည်းလို အာဟာရဓာတ်များဖြစ်တဲ့ ဇင့်၊ ကော့ပါးစတဲ့ ဓာတ်တွေကို မစုပ်ယူနိုင်ပါ။

မြေချဉ်ငံကိန်းကို ဘယ်လို ပြုပြင်ကြမလဲ
*************************
Increasing soil pH
အက်ဆစ်ဆန်သောမြေကို မြှင့်လိုလျှင်
ထုံး၊ ပြာ ထည့်ပါ။ ထုံးထည့်ပြီးလျှင် ရေလောင်းဖြန်းပေးဖို့ လိုအပ်ပါတယ်။

Decreasing soil pH
အယ်လ်ကာလီ ဆန်သောမြေကို နှိမ့်လိုလျှင်
အော်ဂဲနစ်မြေဆွေးသစ်ဆွေးများ၊ အလူမီနီယမ် ဆာလ်ဖိတ်၊ ဆာလ်ဖာ၊ ဒိုင်အမိုနီယမ် ဖော့စဖိတ်၊ အမိုနီယမ် နိုက်ထရိတ်စတဲ့ အရာများထည့်ပါ။ ဆာလ်ဖာ ထည့်ပြီးလျှင် အပင်တွေမလောင်ဖို့ ရေလောင်းဖြန်းပေးဖို့ လိုအပ်ပါတယ်။

စိုက်ပျိုးမြေကောင်း🍚မကောင်းစမ်းသပ်နည်း===============================ကိုယ့် မြေကြီးဘယ်လောက်ပျက်စီးနေသလဲ သိချင်ရင်လက်ရှိစ...
11/06/2023

စိုက်ပျိုးမြေကောင်း🍚မကောင်းစမ်းသပ်နည်း
===============================
ကိုယ့် မြေကြီးဘယ်လောက်ပျက်စီးနေသလဲ သိချင်ရင်လက်ရှိစိုက်ပျိုးလုပ်ကိုင်နေတဲ့ ၄၊ ၅ နေရာကမြေကြီး လက်တဆုပ် ကျုံးပါ။

ရေသန့်ဗူးလွတ်ထဲထည့်ရေအပြည့်ထပ်ဖြည့်ပြီး အဖုံးကို မတင်းမလျော့ ဖုံးပေးပါ။

အရိပ်ရပြီး ခြောက်သွေ့တဲ့နေရာမှာ ထားလိုက်ပါ။
ဗူးကို လုံးဝမလှုပ်စေရပါ။

မြေကြီးကျုံးတဲ့နေရာဟာမြေသြဇာ တိရိစ္ဆာန်ချေး၊ ဘိုကာချီ အီးအမ်၊ အင်ဇိုင်း နဲ့ အမိုင်နို ၊ဟော်မုန်းဆေးတွေ ဖျန်းထားတဲ့နေရာ မဖြစ်ရပါဘူး

(၂၁) ရက် ကျော်ကြာလာရင် ပုံစံပြောင်းလာရပါမယ်။

အောက်ပါတို့ဟာ အဖြေ ဖြစ်ပါတယ်။

၁။ အရောင်မပြောင်းဘူးကြည်လင်နေတယ် ဆိုရင် သင့်ခြံမှာ မြေဆီ မြေနှစ် မရှိတော့သလောက်ဖြစ်နေပါပြီ။

၂။ အနည်းငယ်နောက်ကျိနေမယ်ဆိုရင်
သင့်ခြံဟာ အလယ်အလတ် အဆင့်ပါ။

၃။ နီညိုရောင် စိမ်းပြာပုပ်ရောင်ဆိုရင်တော့ သင့်ခြံ ဟာ GOOD ပါ။

မြန်မာနိုင်ငံ ရဲ့ လယ်မြေတွေကို
စမ်းသပ်ကြည့်လိုက်ရာ ရေအရောင်ဟာ
အကြည်လင်ဆုံး ဖြစ်နေတာကို ဝမ်းနည်းစရာ တွေ့ရပါတယ်

သစ်တောကြီးတွေရဲ့အောက်ကမြေကို
စမ်းကြည့်ရာ နီညိုစိမ်းပြာမဲပုပ်နေတာတွေ့ရပါတယ်

Credit original uploder

စပါးခွံ ကို စိုက်ပျိုးရေတွင် မြေသြဇာအဖြစ်ဘယ်လိုအသုံးပြုသင့်ပါသလဲ..?🌾🌾🌾စပါးခွံကိုမြေသြဇာပြုလုပ်သုံးစွဲးတော့မယ်ဆိုလျှင် C:...
11/06/2023

စပါးခွံ ကို စိုက်ပျိုးရေတွင် မြေသြဇာအဖြစ်ဘယ်လိုအသုံးပြုသင့်ပါသလဲ..?🌾🌾🌾

စပါးခွံကိုမြေသြဇာပြုလုပ်သုံးစွဲး
တော့မယ်ဆိုလျှင် C:N ..ratio
အချိုးနဲသာပြုလုပ်လို့ရနိုင်
ပါတယ် စပါးခွံသည် ကာဗွန် သည် 252.အချိုးထိရှိပါတယ်

စပါးခွံကို ရေ (၅)ရက်ခန့်
စိမ်ထားသည်ဖြစ်စေ
မိုးရည်ခံထားသည်ဖြစ်စေ
စပါခွံကိုရေစုပ်ထားအောင်
အရင်ပြုလုပ်ထားပါ

စပါးခွံကို (၅)လက်မခန့်
၁.လွှာခင်းထားပေးပါ
ရေဖျန်းပေးပါ

တိရစ္ဆာန်ချေးအခြောက်ကို
စပါခွံအပေါ်ကို (၃)မခန့် ၁.လွှာ
ထက်ခင်းပေးပါ ရေဖျန်ပေးပါ

စပါးခွံ တစ်လွှာ
နွားချေးခြောက် တစ်လွှာ
အားလုံးပေါင်း ၅.လွှာပြု
လုပ်ပေးပြီး အပေါ်ဆုံးအထက်
သည်နွားချေး အထက်ဖြစ်ရပါမယ်
ခြေထောက်ဖြင့် တက်နက်ခြင်းမပြုပါနဲ..

မြေသြဇာအပုံးကိုဘာနဲမှ
ဖုန်အုပ်စရာမလို့ပါဘူး
မြေသြဇာပြုလုပ်ပြီး
တစ်ပက်ခန့်ပြည်သောအခါမှာ
မြေသြဇာအပုံးရဲ့ အလည်
လောက်ကို လက်ဖြင့်နှိုက်ကြည်ပါ
အပူဓာတ်ကို ခံစားရပါမယ်

အပူဓာတ်ဖြစ်ပေါ်ခြင်းသည်
မီးတိန်ဓာတ်ကြောက်ဖြစ်တယ်
ရက်ပေါင်း ၆၀.ပြည်ရင် တခါ
ပြန်စမ်းကြည့်ပါ မီတိန်ဓာတ်ငွေ
ကုန် မကုန် အပူချိန်ကုန်သွားရင်
စပြီးအသုံးပြုလို့ရပါပြီး..

မြေသြဇာများကိုမီးတိန်ဓာတ်ငွေ
မကုန်ပဲ အသုံးမပြုပါနဲ့ အပင်ရဲ့
အမြစ်ထိခိုက်နိုင်ပြီး မြေတွင်ရှိ
သက်ရှိများလည် သေဆုံးနိုင်
ပါသေတယ် သစ်ရွက်ခြောက်နှင်
ပြုလုပ်သည်ဖြစ်စေ ကောက်ရိုး
ပဲရိုး ပဲမှော် ပြောင်းဖူးရိုးများကို
လည် ထိုနည်လမ်းအတိုင်း
ပြုလုပ်သုံးစွဲနိုင်ပါတယ်

ပြုလုပ်ပြီးသာ C:N ratro ..
သဘာဝမြေသြဇာကို
အသုံးပြုရင်မြေသြဇာအပုံးကို
ဖြက်ပြီး တစ်ပက်လောက်
အခြောက်ခံထားပြီးမှ အသုံးပြုပါ..

ဓာတ်ခွဲစမ်းသပ်ဖို့ မြေနမူနာယူမယ်ဓါတ်ခွဲစမ်းသပ်မည့် မြေနမူနာသည် မိမိစမ်းသပ်လိုသော မြေနေရာအား ကိုယ်စားပြုရန် ကျဘမ်းနေရာ  (...
11/06/2023

ဓာတ်ခွဲစမ်းသပ်ဖို့ မြေနမူနာယူမယ်

ဓါတ်ခွဲစမ်းသပ်မည့် မြေနမူနာသည် မိမိစမ်းသပ်လိုသော မြေနေရာအား ကိုယ်စားပြုရန် ကျဘမ်းနေရာ (Points) များစွာမှ ရယူရမည်ဖြစ်ပါသည်။ ကျဘမ်းနေရာ မည်မျှယူရမည်ဆိုသည်မှာ မိမိမြေ၏အကျယ် ဝန်းနှင့် တိကျမှန်ကန်မှု (Precision) ပေါ်မူတည်ပါသည်။ ယေဘုယျအားဖြင့် သီးနှံစိုက်ပျိုးမြေ တစ် ဧကအတွက် အနည်းဆုံး ကျဘမ်းနေရာ ( ၂၀ ) မှ အပေါ်ယံ မြေလွှာ ( ၆ လက်မ) ၏ မြေနမူနာတို့ကို ယူပေးရမည် ဖြစ်ပါသည်။

နှစ်ချင်းသီးနှံများနှင့် ဟင်းသီးဟင်းရွက် စိုက်ခင်းများအတွက် ( ၆ လက်မ မှ ၈ လက်မ ) အနက် ( သို့) ထယ်အတွက်အနက်ထိ တူးယူရပါမည်။ နှစ်ရှည်သီးနှံပင်များအတွက် ( ၀-၁ ) ပေ တစ်လွှာ၊ ( ၁-၂ ) ပေ တစ်လွှာနှင့် ( ၂-၃ ) ပေ တစ်လွှာ စသည်ဖြင့် အလွှာလိုက်ခွဲပြီး ယူနိုင်ပါသည်။

မြေနမူနာကို အော်ဂါ (Augar ) ခေါ် မြေနမူနာယူသည့် လွန်ဖြင့်လည်းကောင်း၊ တူရွင်းပြားဖြင့်လည်းကောင်း ၊ ပေါက်ပြားဖြင့်လည်း ကောင်း ရယူနိုင်ပါသည်။ သံချေးတက်သော ပစ္စည်းကိရိယာများအား အသုံးမပြုသင့်ပါ။

စိုက်ပျိုးသီးနှံများအတွက် ထယ်ရေး ထွန်ရေးမပြုလုပ်မီ (သို့ ) သီးနှံ ရိတ်သိမ်းပြီးချိန် ရယူရမည်။

(၁) ထောင့်ဖြတ် (x) ပုံယူနည်း၊ (W) ပုံယူနည်းနှင့် (Zigzag - Z) ပုံယူနည်း စသည့်ဖြင့် ရှိရာကွင်းထဲ၌ လမ်းလျှောက်ပြီး အကွာအဝေးကို ခန့်မှန်းကာ မြေနမူနာရယူရပါမည်။

(၂) မိမိယူလိုသည့် မြေအပေါ်ယံမှ အမှိုက်သရိုက်နှင့် ပေါင်းမြက်များအား ရှင်းလင်းပေးပြီး ( ၆ ) လက်မ အနက်ထိ ပေါက်ပြားဖြင့် ( V Shape) ပုံသဏ္ဍာန် ပေါက်ချပါ။ အကျယ်မှာ ပေါက်ပြား တစ်ပြားစာ ( ၆) လက်မ ဖြစ်လျှင် လုံလောက်ပါသည်။

(၃) (V) ပုံသဏ္ဍာန်ကျင်း၏ မျက်နှာတစ်ဘက်မှ (၁) လက်မအထူ မြေချပ်ရအောင် ပေါက်ပြားဖြင့် ပေါက်၍ယူပါ။

(၄) (၆) လက်မ ပတ်လည်ခန့်ရှိသော မြေချပ်အား ဘေးအစွန်း( ၂ ) လက်မစီဖယ်ပြီး အတွင်းမှ ( ၂ x ၆ ) လက်မအရွယ် မြေချပ်ကိုသာ ယူပါ။

(၅) ဤနည်းအားဖြင့် တစ်ဧကလျှင် အနည်းဆုံး နေရာ ( ၂၀ ) မှ ကောက်ယူပါ။

(၆) ကောက်ယူရရှိသော မြေအချပ်များကို သမအောင်ရောနှောပြီး စုစုပေါင်း မြေပမာဏသည် (၂) ပေါင် ထက် များနေလျှင် (၄) ပုံခွဲပုံ၍ ၎င်း(၄) ပုံမှ ကျပန်း( ၂) ပုံကို ယူပါ။

(၇) ၎င်း(၂) ပုံမှ မြေသည်လည်း များလွန်းနေသေးလျှင် အထက်ပါအတိုင်း ပြန်လုပ်၍ နောက်ဆုံး ( ၅၀) ကျပ်သားခန့် ရသောအခါ အညိုရောင် စက္ကူအထူအိတ်ထဲသို့ အညွှန်းကဒ်ပြား(Identification Label) နှင့် အတူထည့်၍ အိတ်ကို သေချာစွာ ပိတ်ပါ။

(၈)အထုပ်၏ အပြင်မှလည်း အညွှန်းစာထပ်ရေးပါ ။

(၉) မြေနမူနာသည် စိုလွန်းပါက ( သို့မဟုတ်) မိမိ၏ ရည်ရွယ်ချက်အတိုင်း ချက်ချင်း အစိုအခြေအ နေမှာပင် ဓါတ်ခွဲစမ်းသပ်လိုပါက လေလုံသောပုလင်း (သို့) သန့်ရှင်းသော ပလပ်စတစ်အိတ်တွင် ထည့်၍ အိတ်ကို သေချာစွာပိတ်ကာ အပြင်မှ အညွှန်းကဒ်ပြား ထပ်မံချည်နှောင်ပေးရပါမည်။

(၁၀)အကယ်၍ မိမိမြေနမူနာသည် စိုလွန်းနေပြီး ချက်ချင်းဓါတ်ခွဲစမ်းသပ်ရန် ရည်ရွယ်ချက်မရှိပါက အရိပ်အောက်တွင် လေသလပ်ခံအခြောက်လှန်းပြီး သန့်ရှင်းသော စက္ကူဘူး၊ သစ်သားသေတ္တာ စ သည်တို့တွင်ထည့်ကာ ဓါတ်ခွဲခန်းသို့ ပို့နိုင်ပါသည်။

(၁၁) မြေနမူနာအတွင်းသို့ မီးဖိုပြာ၊ ဓါတ်မြေဩဇာ စသည့်များ ရောနှောပါဝင်ခြင်း မရှိစေရန် သတိ ပြုရပါမည်။

(၁၂) အညွှန်း ( Label) တွင် မြေနမူနာယူသည့် ရက်စွဲ၊ နေရာ(ကွင်း၊ ဦးပိုင် အမှတ်၊ ကျေးရွာ၊ အုပ်စု၊ မြို့နယ်၊ ပြည်နယ်၊ တိုင်းဒေသကြီး၊) ကွင်းအရွယ်အစား၊ စိုက်ပျိုးသည့်သီးနှံ၊ ရိတ်သိမ်းသည့် ရက်စွဲ၊ မြေနမူနာယူသည့် အနက်၊ ယခင် စိုက်ပျိုးခဲ့သော သီးနှံနှင့် အသုံးပြုခဲ့သော မြေဆွေးနှင့် ဓါတ်မြေဩ ဇာနှုန်းထား စသည့်အချက်များ ပြည့်စုံစွာ ဖော်ပြပေးရပါမည်။

မြေနမူနာ မယူသင့်သော နေရာများ

( ၁) စိုက်ခင်းအတွင်းရှိ လူသွားလမ်းနှင့် ကန်သင်းပေါ်ရှိမြေ။

(၂) စိုက်တန်း၊ အပင်များအတွင်း ဓါတ်မြေဩဇာ ချခဲ့သောအတန်း၊ နေရာမှမြေ။

(၃) ကတ္တရာလမ်း (သို့မဟုတ်) ကားလမ်းမှပေ (၁၀၀) အတွင်းရှိမြေ။

(၄) ရွာနှင့် အလွန်နီးသောနေရာ၊ နွားချေးပုံဘေး၊ မြေဆွေးပုံဘေးမှ မြေများ။

မြေဆီလွှာ​ကောင်းခြင်းလက္ခဏာရပ်များ 🌱""""""""""""""""""""""""""""""""""""""""""""""""""✅ အ​ကြောင်းနဲ့ အကျိုးတရား (Cause a...
10/06/2023

မြေဆီလွှာ​ကောင်းခြင်းလက္ခဏာရပ်များ 🌱
""""""""""""""""""""""""""""""""""""""""""""""""""
✅ အ​ကြောင်းနဲ့ အကျိုးတရား (Cause and effect)သီအိုရီအရ,​မြေဆီလွှာ​ကို အမှီပြုရ​တဲ့သီးနှံ​တွေ ၊များများထွက်ပြီး၊​ကောင်း​ကောင်းသီးပွင့်နိုင်ဖို့ အ​ကြောင်းတရား(Cause)​ကောင်းဖို့လိုအပ်တာ အ​မှန်ပါ။​အ‌ကြောင်းတရား(Cause) ​ကောင်းရင်၊အကျိုးတရား (effect )​ကောင်းမှာ အ​​သေအချာပါဘဲ။🥦🥕🌶️

​မြေဆီလွှာ​ကောင်းခြင်းလက္ခဏာများ 🌱
"""""""""""""""""""""""""""""""""""""""""""""""""
​၁။မြေအမျိုးအစား(soil type)

၂။​မြေချဥ်/ငံ ကိန်း (soil pH)

၃။​မြေကြီးအာဟာရ (soil nutrients)

အထက်ပါ အချက်များကို ကြည့်၍ ​မြေဆီလွှာ ​ကောင်းခြင်း၊မ​ကောင်းခြင်း ​လေ့လာအကဲခတ်နိုင်ပါတယ်။

၁။​မြေဆီလွှာအမျိုးအစား 📝
""""""""""""""""""""""
-သဲ​မြေလား(sand) 🏜️
-နုံး​မြေလား (silt)
​-မြေ​စေး​မြေလား (Clay)
​ယေဘုယျ ခြုံငုံသုံးသပ်ပါက.
သဲ+နုံး+ ​မြေ​စေး = နုံး​မြေနု(loam) ​မြေဟာ အပင်အ​တော်များများအတွက် ၊အ​ကောင်းဆုံးမြေလို့ ဆိုနိုင်ပါတယ်။🤗

၂။ ​မြေကြီး pH 📊

မြေဆီလွှာ​ကောင်းခြင်းလက္ခဏာထဲမှာ ​မြေချဥ်ငံ ကိန်းမျှတဖိူ့ လည်း အ​ရေးပါပါတယ်။ 🤠
pH 6နဲ့ 7 အကြား ရှိ​နေမှ၊ ​မြေဆီလွှာ​ကောင်းခြင်းမည်ပါတယ်။ 🤗

၃။​မြေကြီးအာဟာရ 💪

​မြေဆီလွှာ ​ကောင်းခြင်းလက္ခဏာ​တွေထဲမှာ၊
သီးနှံပင်​တွေကြိုက်နှစ်သက်တဲ့အာဟာရ​တွေ ရှိ​နေဖို့လည်း လိုအပ်ပါတယ်။👈
အပင်​တွေကြိုက်တဲ့ အာဟာရ အမျိုး ၂၀ ရှိတယ်လို့၊ပညာရှင်​တွေ ဆိုထားပါတယ်။
ကာဗွန်၊ဟိုက်ဒြိုဂျင်၊​အောက်ဆီဂျင်
-နိုက်ထရိုဂျင်၊​ဖော့စဖရပ်၊ပိုတက်စီယံ
-ကယ်လ်စီယံ၊မဂ္ဂမီစီယံ၊ဆာလဖာ
-မင်းဂနိ၊ဇင့်၊သံ၊​ကော့ပါး၊ဘိုရွန်၊​မော်လစ်ဒီနမ်
ဆီလီကွန်၊ကို​ဘော့၊နီကယ်၊ဗာနာဒီယံ၊စထရွန်တီယံ၊(BAC, fertilizer)🌱

အပင်​ကောင်းချင်...​"မြေကိုပြင်"
လူကို​ကောင်းချင်....."စိတ် ကိုပြင်"
""""""""""""""""""""""""""""""""

✅သို့ဖြစ်ပါ၍.. မိမိစိုက်ခင်း​မြေအမျိုးအစား အလိုက်၊လိုအပ်ချက်များကို အသိ၊သတိဖြင့် ပြုပြင်​ဆောင်ရွက်နိုင်ပါရန်နှင့် ဓါတ်​မြေသြဇာ အသုံးပြုတိုင်း၊သဘာဝ​မြေသြဇာ တွဲဖက် အသုံးပြုပြီးသကာလ၊ သီးနှံပင်အမြစ်များ အစာ​ရေစာ အလွယ်တကူစုပ်ယူစားသုံးနိုင်​သော /ကျန်းမာ​သော/မြေဆီလွှာများဖြစ်အောင် ပြုပြင် လုပ်​ဆောင်နိုင်ကြပါရန် တိုက်တွန်း​ရေးသားလိုက်ရပါတယ်ခင်ဗျာ။ 🌱🥕🌶️🥦

Credit to original writer

#မြေဆီလွှာ #စိုက်ပျိုးရေး

အာလူးပင်နဲ့ တွဲဖက်စိုက်ပျိုးနိုင်တဲ့ အပင်များ ကျွန်ုပ်တို့ရဲ့ စိုက်ခင်းတွေကို စီမံခန့်ခွဲတဲ့အခါ အာလူးပင်တွေနဲ့ အနီးအနားမ...
10/06/2023

အာလူးပင်နဲ့ တွဲဖက်စိုက်ပျိုးနိုင်တဲ့ အပင်များ

ကျွန်ုပ်တို့ရဲ့ စိုက်ခင်းတွေကို စီမံခန့်ခွဲတဲ့အခါ အာလူးပင်တွေနဲ့ အနီးအနားမှာ ကောင်းစွာ ရှင်သန်ပေါက်ရောက်နိုင်တဲ့ အပင်တွေအများကြီးရှိသလို အာလူးပင်တွေရဲ့ အနီးအနားမှာ စိုက်ပျိုးခြင်းကို ရှောင်ရှားသင့်တဲ့ အပင်အချို့လည်း ရှိနေပါတယ်။ အဖော်ပင်စိုက်ပျိုးနည်း (သို့မဟုတ်) တွဲဖက်စိုက်ပျိုးနည်းဗျူဟာတွေကို သိနားလည်ခြင်းဟာ အာလူးစိုက်ခင်းတွေကို စီမံခန့်ခွဲရာမှာ ကောင်းစွာအထောက်အကူ ပြုပေးနိုင်မှာ ဖြစ်ပါတယ်။

အဖော်ပင်စိုက်ပျိုးခြင်းဆိုတာဟာ တစ်ပင်နဲ့တစ်ပင် အကျိုးဖြစ်ထွန်းနိုင်မှုအပေါ်မူတည်ပြီး မတူညီတဲ့ အပင်မျိုးစိတ်တွေကို အတူတကွ ယှဥ်တွဲ စိုက်ပျိုးခြင်း ဖြစ်ပါတယ်။ သီးနှံတွေ စိုက်ပျိုးရာမှာ အောက်ဖော်ပြပါ အကြောင်းအရင်းတွေအပေါ် အခြေခံပြီး သင့်တော်တဲ့ အဖော်ပင်တွေအဖြစ် သတ်မှတ်လေ့ရှိကြပါတယ်။

၁။ ကြီးထွားရှင်သန်မှု မပြိုင်ဆိုင်ခြင်း
အပင်တွေဟာ ၎င်းတို့သဘာဝအရ တစ်ပင်နဲ့တစ်ပင် ကြီးထွားရှင်သန်မှု အလေ့အထတွေ ကွဲပြားပေမယ့်လည်း ရေ၊ အာဟာရ၊ မြေနေရာ စတဲ့အခြေခံလိုအပ်ချက်တွေမှာ ယှဥ်ပြိုင်ခြင်းမရှိတာကြောင့် ထိခိုက်မှုမရှိဘဲ အတူယှဥ်တွဲ စိုက်ပျိုးနိုင်တဲ့ အခြေအနေကို ဆိုလိုတာ ဖြစ်ပါတယ်။
၂။ ကြီးထွားရှင်သန်မှုဆိုင်ရာ လိုအပ်ချက်များ ဆင်တူခြင်း
အချို့သော သီးနှံပင်တွေဟာ အမျိုးအစားမတူညီပေမယ့် မြေသြဇာ၊ ရေ နဲ့ နေရောင်ခြည် လိုအပ်ချက်တွေကတော့ ယေယူယျအားဖြင့် ဆင်တူနေလေ့ရှိတာကြောင့် အတူယှဥ်တွဲစိုက်ပျိုးရာမှာ စီမံခန့်ခွဲဖို့ ပိုမိုလွယ်ကူစေပါတယ်။ ဥပမာအားဖြင့် ရေလိုအပ်ချက် မြင့်မားတဲ့အပင်တွေကို အတူယှဥ်တွဲ စိုက်ပျိုးခြင်းဟာ ရေအသုံးချခြင်းကို ပိုမိုထိရောက်စေပြီး သီးနှံပင်အားလုံးကို သင့်တော်တဲ့ရေပမာဏ ရရှိစေမှာ ဖြစ်ပါတယ်။
၃။ ပိုးမွှားကျရောက်မှု ဟန့်တားပေးခြင်း
အချို့သော အပင်တွေဟာ အတူယှဥ်တွဲစိုက်ပျိုးထားတဲ့ အခြားသောအပင်တွေမှာ ဖျက်ဆီးစားသောက်တတ်တဲ့ အင်းဆက်ပိုးမွှားအချို့ကို ကာကွယ်ပေးနိုင်တာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ထပ်တရာပန်း (Marigolds) ဟာ ၎င်းနဲ့ အတူတွဲဖက်စိုက်ပျိုးတဲ့ အပင်များစွာအတွက် အဖော်ကောင်းဖြစ်ပါတယ်။ အခြားအပင်တွေအတွက် အန္တရာယ်ရှိတဲ့ အင်းဆက်အဖျက်ပိုးတွေကို သားကောင်အဖြစ် စားသောက်ပေးတဲ့ အကျိုးပြုအင်းဆက်တွေကို စိုက်ခင်းဆီ လာရောက်နိုင်အောင် အမှန်တကယ် ဆွဲဆောင်နိုင်တာကြောင့် ဖြစ်ပါတယ်။
၄။ မြေဆီလွှာမှာ အာဟာရ ညီမျှစေခြင်း
အမျိုးအစားမတူတဲ့ သီးနှံတွေကို တွဲဖက်စိုက်ပျိုးတာကြောင့် မတူညီတဲ့ အမြစ်ဖွဲ့စည်းပုံတွေ ရှိနေတဲ့အတွက် မြေဆီလွှာကို လေဝင်လေထွက်ကောင်းစေပြီး မြေဆီလွှာရဲ့ မတူညီတဲ့အစိတ်အပိုင်းတွေကနေ အာဟာရမျိုးစုံကို ထုတ်ယူနိုင်တာ ဖြစ်ပါတယ်။
၅။ မြေဆီလွှာ အာဟာရဖြည့်တင်းပေးနိုင်ခြင်း
အချို့အပင်တွေကတော့ တွဲဖက်စိုက်ပျိုးခြင်းအားဖြင့် မြေဆီလွှာရဲ့ အာဟာရတန်ဖိုးကို အမှန်တကယ် တိုးတက်စေနိုင်တာ ဖြစ်ပါတယ်။ ဥပမာ ပဲမျိုးရင်းဝင် အပင်တွေဟာ အခြားအပင်များစွာအတွက် ရရှိစားသုံးနိုင်မယ့် နိုက်ထရိုဂျင်ပုံစံအဖြစ် ပြုပြင်ပေးတာကြောင့် အပင်များစွာအတွက် အဖော်ကောင်းအပင်ဖြစ်ပါတယ်။
၆။ အရသာ တိုးတက်ကောင်းမွန်ခြင်း
အချို့သော အပင်တွေကတော့ တွဲဖက်စိုက်ပျိုးတဲ့အခါ အခြားသီးနှံပင်ရဲ့ အရသာကို မြှင့်တင်ပေးနိုင်တာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ခရမ်းချဉ်သီးကဲ့သို့သော ဟင်းသီးဟင်းရွက်အချို့ကို ပင်စိမ်းနဲ့ တွဲဖက်စိုက်ပျိုးခြင်းဖြင့် ခရမ်းချဥ်ရဲ့ ကြီးထွားမှုနဲ့ အရသာတို့ကို တိုးတက်စေနိုင်တာ ဖြစ်ပါတယ်။

အာလူးနဲ့ တွဲဖက်စိုက်ပျိုးနိုင်တဲ့ အကောင်းဆုံး အဖော်ပင်များ
အာလူးနဲ့ တွဲဖက်စိုက်ပျိုးနိုင်တဲ့ အပင်တွေကတော့ ဇကွဲပန်း (သို့) ပေါက်ပေါက်ဆုပ်ပန်း (alyssum)၊ ပင်စိမ်း၊ ပဲ၊ ဂေါ်ဖီထုပ်၊ ကမ်မိုမိုင် (Chamomile)၊ နံနံပင်၊ နှဲလေးပန်း (Petunias)၊ ပြောင်းဖူး၊ ဆလပ်ရွက်၊ ထပ်တရာပန်း၊ တောင်ကြာကလေး၊ ဒန့်သလွန်၊ မုန်လာဥဖြူ၊ ဟင်းနုနွယ်ရွက်၊ ကြောင်ဆေးပင် (catnip)၊ စမုန်ဖြူ စတဲ့ အပင်တွေ ဖြစ်ပါတယ်။

ဆလပ်ရွက်၊ ဟင်းနုနွယ်နဲ့ မုန်လာဥဖြူတွေဟာ အာလူးပင်တွေကြားမှာရှိတဲ့ နေရာလွတ်တွေကို အသုံးပြုဖို့အတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်ပြီး အမြစ်တိမ်တဲ့ ဟင်းသီးဟင်းရွက်အပင်တွေ ဖြစ်ပါတယ်။ အာလူးပင်တွေဟာ ရာသီနှောင်းပိုင်းမှာ ရိတ်သိမ်းရတာကြောင့် အာလူးများမရိတ်သိမ်းခင် စိုက်ခင်းပတ်လည်မှာ ရာသီကြို ဟင်းသီးဟင်းရွက်တွေကို စိုက်ပျိုးထားခြင်းအားဖြင့် ကောင်းမွန်တဲ့ အကျိုးကျေးဇူးရရှိစေမှာ ဖြစ်ပါတယ်။
သိပ္ပံနည်းကျ သက်သေမပြထားတာမျိုး မရှိပေမယ့်လည်း အာလူးပင်တွေကို ဒန့်သလွန်၊ ထပ်တရာပန်း စတဲ့အပင်တွေနဲ့ တွဲဖက်စိုက်ပျိုးတဲ့အခါ အာလူးရဲ့ အရသာကို မြှင့်တင်ပေးနိုင်တယ်လို့လည်း ဆိုကြတာ ရှိပါတယ်။ ပဲမျိုးရင်းဝင် အပင်တွေဆိုရင်လည်း မြေဆီလွှာအတွင်းမှာရှိတဲ့ နိုက်ထရိုဂျင်ပမာဏကို တိုးမြင့်စေနိုင်တာကြောင့် နိုက်ထရိုဂျင်ဓာတ်ကို စားသုံးမှုများတဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ တွဲဖက်စိုက်ပျိုးနိုင်တဲ့ အဖော်ကောင်း အပင်တွေဖြစ်ကြပါတယ်။
မုန်လာဥဖြူတွေဟာ အာလူးပင်တွေကို ပိုးမွှားနဲ့ ရောဂါဒဏ်ကို ခံနိုင်ရည်ရှိစေတယ်လို့ ဆိုကြပြီး နှဲလေးပန်း (Petunias) နဲ့ ပေါက်ပေါက်ဆုပ်ပန်း (alyssum) ပန်းတွေကတော့ အာလူးပင်တွေကို တိုက်ခိုက်တဲ့ အင်းဆက်ပိုးမွှားတွေကို စားသုံးတဲ့ အကျိုးပြုအင်းဆက်တွေကို စိုက်ခင်းဆီလာရောက်အောင် ဆွဲဆောင်နိုင်မှာ ဖြစ်ပါတယ်။ ကော်လိုရာဒိုအာလူးကျိုင်း တွေဟာ အာလူးပင်တွေမှာ ကျရောက်တဲ့ အထူးပြဿနာတစ်ခုဖြစ်ပြီး ဒီအဖျက်ပိုးတွေကို ကာကွယ်ပေးနိုင်ပြီး အာလူးနဲ့တွဲဖက်စိုက်ပျိုးနိုင်တဲ့ အပင်တွေကတော့ နံနံပင်နဲ့ ကြောင်ဆေးပင် (catnip) တို့ပဲ ဖြစ်ပါတယ်။

တွဲဖက်မစိုက်ပျိုးသင့်သော အာလူးအဖော်အပင်များ
အချို့သော အပင်မျိုးစိတ်တွေဟာ တွဲဖက်စိုက်ပျိုးတဲ့ အပင်တွေအပေါ်မှာ အပျက်သဘောဆောင်တဲ့ အကျိုးသက်ရောက်မှု ရှိတတ်ကြပါတယ်။ ဥပမာအားဖြင့် အခြားအပင်တွေရဲ့ အရသာကို ထိခိုက်စေတာမျိုး၊ ဖျက်ဆီးတတ်တဲ့ အင်းဆက်ပိုးမွှားများကို ဆွဲဆောင်နိုင်တာမျိုး၊ နေရောင်ခြည်၊ မြေဆီလွှာအာဟာရ သို့မဟုတ် မြေနေရာအတွက် ယှဉ်ပြိုင်ရတာမျိုး၊ တူညီတဲ့ရောဂါများ ကျ‌ရောက်နိုင်တာမျိုး စသည်ဖြင့် ဖြစ်ပေါ်နိုင်တာကြောင့် အာလူးပင်တွေနဲ့ တွဲဖက်စိုက်ပျိုးဖို့ မရွေးချယ်သင့်တဲ့ အပင်တွေကိုလည်း မျှဝေပေးလိုက်ပါတယ်။
တွဲဖက်မစိုက်သင့်တဲ့ အပင်တွေကတော့ မုန်လာဥနီ၊ သခွားသီး၊ ခရမ်းသီး၊ စမုန်နက်၊ ရုံးပတီသီး၊ ကြက်သွန်နီ၊ ငရုတ်ကောင်း၊ ရွှေဖရုံသီး၊ သခွားမွှေးသီး၊ နေကြာ၊ ခရမ်းချဉ် စတဲ့ အပင်တွေ ဖြစ်ပါတယ်။

Htoo (Agri)

မြေဆီလွှာ အမျိုးအစား ၅ မျိုးဥယျာဉ်မှူးများနှင့် စိုက်ပျိုးသူများ အသုံးများသော မြေဆီလွှာ အမျိုးအစား ၅ မျိုး ရှိသည်။ ၎င်းတ...
10/06/2023

မြေဆီလွှာ အမျိုးအစား ၅ မျိုး

ဥယျာဉ်မှူးများနှင့် စိုက်ပျိုးသူများ အသုံးများသော မြေဆီလွှာ အမျိုးအစား ၅ မျိုး ရှိသည်။ ၎င်းတို့အား သဲ၊ နုန်း နှင့် ရွံ့တို့ဖြင့် ပေါင်းစပ်ထားခြင်းဖြစ်ပြီး ပေါင်းစပ်ပုံပေါ်မူတည်၍ မြေဆီလွှာတို့၏ အထိအတွေ့၊ ရေထိန်းနိုင်စွမ်း နှင့် စီမံခန့်ခွဲပုံတို့ ကွဲပြားသည်။

၁။ သဲမြေ

သဲမြေတွင် ပါဝင်သော အမှုန်အရွယ်စားမှာ အကြီးဆုံးဖြစ်သည်။ ၎င်းအမှုန်များကြားတွင် နေရာလပ်များ ရှိနေခြင်းကြောင့် ရေဓါတ်ကိုလည်း မထိန်းနိုင်ပေ။ ထို့ကြောင့် ဤမြေသည် ခြောက်သွေ့ပြီး အထိတွေ့မှာ ကြမ်းရှရှဖြစ်သည်။ ရေသည် လျင်မြန်စွာဖြင့် အမြစ်တို့ကို ဖြတ်လျက် အောက်သို့ စီးဆင်းသွားခြင်းကြောင့် အပင်သည် သဲမြေမှ လိုအပ်သော အာဟာရများကို မရနိုင်ပါ။
သဲမြေ၏ ကောင်းကျိုးမှာ နွေဦးတွင် အခြား မြေဆီလွှာကဲ့သို့ မဟုတ်ဘဲ လျင်မြန်စွာ ပြန်နွေးလာသည်။ မြေဆီလွှာအမျိုးအစားကို စမ်းသပ်ရန် မြေကြီးအား ရှေးဦးစွာ စိုစွတ်အောင် ပြုလုပ်ပြီး ၎င်းအား အလုံးလုံးရမည်။ သဲမြေဖြစ်ပါက အလုံးလုံးသောအခါ အလုံးဖြစ်မည်မဟုတ်ဘဲ သင့်လက်ချောင်းကြားများမှ ကျသွားပြီး သင့်လက်တွင် ဘာမျှကျန်မည် မဟုတ်ပါ။

၂။ ရွံ့မြေ

ရွံ့မြေ၏ အမှုန်အရွယ်အစားမှာ သဲမြေထက် သေးပြီး အထိတွေ့မှာ ချောမွေ့သည်။ ထိုမြေ စိုစွတ်ပါက ဆပ်ပြာကဲ့သို့ ချောကျိကျိဖြစ်ပြီး ၎င်းအား အလုံးလုံးပါက သင့်လက် ပေကျန်သွားပေလိမ့်မည်။ ဤမြေ၏ ရေထိန်းနိုင်စွမ်းမှာ ကောင်းသော်လည်း အာဟာရဓါတ်များအား အများကြီးထိန်းမထားနိုင်ပေ။
ရေထိန်းနိုင်စွမ်းမြင့်ပြီး ရေကို ချုပ်ထားသောကြောင့် ရွှံ့မြေသည် အေးပြီး ရေစီးဆင်းနိုင်မှု ညံ့ဖျင်းသည်။ ရွံ့မြေသည် သိပ်သည်းရန် လွယ်သဖြင့် လေဝင်လေပေါက် ပျောက်နိုင်သောကြောင့် မဖိသိပ်မိစေရန် သတိထားသင့်သည်။

၃။ မြေစေး

မြေစေး၏ အမှုန်အရွယ်အစားမှာ အသေးဆုံးဖြစ်သောကြောင့် ရေထိန်းနိုင်စွမ်း ကောင်းမွန်သည်။ ခြောက်သွေ့ချိန်တွင် အထိတွေ့ ချောမွေ့ပြီး စိုစွတ်ချိန်တွင် အထိတွေ့မှာ ကပ်စီးကပ်စီးဖြစ်သည်။ ထို့ကြောင့် လေအနည်းငယ်သာ ဝင်နိုင်ပြီး ရေစီးဆင်းရန် ခက်ခဲသောကြောင့် အပင်အတွက် အာဟာရများကို ထိန်းသိမ်းနိုင်စွမ်း ကောင်းမွန်သည်။
မြေစေးသည် အေးပြီး နွေဦးတွင် ပြန်နွေးလာရန် အချိန်ယူရပြီး မြေစေးများ ခြောက်သွားပါက မာပြီး သိပ်သည်းသွားသဖြင့် စိုက်ပျိုးရန် ခက်ခဲသည်။ စိုစွတ်နေချိန်တွင် ကပ်စီးကပ်စီး ရှိပြီး လုံးလိုက်ပါက ဘော်လုံးကဲ့သို့ ဖြစ်မည်မှာ ဧကန်ပင်ဖြစ်သည်။

၄။ မြေဆွေး

မြေဆွေးတွင် ရေဓါတ် နှင့် အော်ဂဲနစ်ပစ္စည်းပါဝင်မှု မြင့်သောကြောင့် အညှိရောင် (သို့) အမဲရောင် ရှိပြီး နူးညံ့ပျော့ပျောင်းသည်။ လွန်ခဲ့သော နှစ်ပေါင်း ကိုးထောင်ကျော်လောက်က ရေခဲတောင်များ အရည်ပျော်ခြင်းကြောင့် အပင်အများအပြား သေဆုံးကာ ရေအောက်တွင် ဆွေးမြေ့ခြင်းဖြစ်စဉ် နှေးကွေးသဖြင့် အော်ဂဲနစ် ပစ္စည်းများ စုပုံသွားခြင်းကြောင့် မြေဆွေးတွင် အော်ဂဲနစ်ပစ္စည်း ပါဝင်မှု မြင့်မားသည်။
ထို့ကြောင့် ဤမြေသည် အပင်စိုက်ပျိုးရန် သင့်တော်သည်။ နွေရာသီတွင် မြေဆွေးသည် ရေကို သိုလှောင်နိုင်စွမ်းရှိရုံတင်မက စိုစွတ်သော အချိန်တွင် အမြစ်များ မပျက်စီးအောင်ပင် ကာကွယ်ပေးသည်။ မြေဆွေးတွင် အက်စစ်ဓါတ်ပါဝင်သောကြောင့် စိုက်ပျိုးသူအချို့သည် ၎င်းအား မြေဆီလွှာ၏ pH Level ထိန်းညှိရန် အသုံးပြုလေ့ရှိသည်။ မြေဆွေးအစိုကို လုံးပါက ရမည်မဟုတ်ပေ။ ၎င်းမှာ ပင်လယ်ရေမော်နှင့် တူပြီး ညစ်ပါက ရေများ ထွက်လာမည်ဖြစ်သည်။

၅။ စားကျက်မြေ

အလွန်ခြောက်သွေ့သော ဒေသရှိ မြေကြီးမှာ ဆားပါဝင်မှုကြောင့် များသောအားဖြင့် အမဲရောင်ဖြစ်သည်။ စားကျက်မြေသည် အပင် ကြီးထွားမှု၊ အညှောက်ပေါက်မှု နှင့် ဆည်မြောင်းတူး၍ ရေလောင်းခြင်းကိုပါ အဟန့်အတားဖြစ်စေသည်။
ရိုင်ဇိုစဖီးယား ခေါ် အလွှာ၌ ပျော်ဝင်ဆားရှိနေခြင်းကြောင့် စကျက်မြေတွင် ဆားဓါတ် ပါဝင်နေရခြင်း ဖြစ်သည်။ စားကျက်မြေကို စမ်းသပ်ရန်မှာ လွယ်ကူပေသည်။ မြေဆီလွှာ၏ မျက်နှာပြင်တွင် အဖြူရောင်အလွှာပါး ရှိနေပြီး အပင်ငယ်များ၏ အရွက်ထိပ်များ လောင်နေမည်မှာ မုချပင်ဖြစ်သည်။
နုန်းမြေ
ဥယျာဉ်မှူးများ ကြိုက်ကြသော မြေဆီလွှာ အမျိုးအစားမှာ နုန်းမြေဖြစ်သည်။ ၎င်းတွင် သဲ၊ နုန်းနှင့် ရွံ့မြေတို့ အညီအမျှ ပါဝင်သည့်အမျှ မြေဆွေးတို့ပင် ပါဝင်သည်။ ထိုမြေသည် အမဲရောင်ဖြစ်ပြီး ချောမွေ့သည်။ ထိုမြေသည် ရေထိန်းနိုင်စွမ်းမြင့်ပြီး ရေစီးဆင်းမှု နှင့် လေဝင်လေထွက်ပါ ကောင်းသည်။ အထိတွေ့မှာ အနည်းငယ်ကြမ်းပြီး ကပ်စီးသော ဘောလုံး ဖြစ်နိုင်သော်လည်း ထို ဘောလုံးမှာ ပျက်ဆီးလွယ်သည်။
မြေဆီလွှာ အမျိုးအစားကို သိလိုပါက မြေဆီလွှာနမူနာကို ပုလင်းတစ်ခုတွင် ထည့်၍ လှုပ်ခါပြီး ညသိပ်ထားပါ။ နောက်တနေ့တွင် မြေဆီလွှာများ အလွှာလိုက်ဖြစ်နေပါလိမ့်မည်။ သဲမြေသည် အောက်ဆုံး၊ မြေစေးသည် အပေါ်ဆုံး၊ နှင့် ရွံ့မြေသည် အပေါ်ဆုံးတွင် တွေ့ရပါလိမ့်မည်။ မိတ်ဆွေ၏ မြေဆီလွှာတွင် မည်သည့်မြေအမျိုးအစား မည်မျှ ပါဝင်မည်ကို မြင်တွေ့ရပေလိမ့်မည်။

#မူရင်းရေးသားသူကို crd ပေးပါတယ်ရှင့်

ခေတ်သစ်ရဲ့ အပြင်အဆင်သစ်
10/06/2023

ခေတ်သစ်ရဲ့ အပြင်အဆင်သစ်

Address

Kyaingdôn
084

Website

Alerts

Be the first to know and let us send you an email when Eastern Shan State Agricultural Technologist posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share