Read more Each day

Read more Each day Knowledge can be got by reading

တခါတုန်းကပေါ့...ငါးဖမ်းစက်လှေတွအများကြီးပိုင်တဲ့ သူဌေးကြီးတစ်ဦးဟာ သူ့လှေတွေစစ်ဆေးဖို့လမ်းလျှောက်ထွက်လာရင်း ကမ်းစပ်အရိပ်တ...
19/01/2022

တခါတုန်းကပေါ့...
ငါးဖမ်းစက်လှေတွအများကြီးပိုင်တဲ့
သူဌေးကြီးတစ်ဦးဟာ သူ့လှေတွေစစ်ဆေးဖို့
လမ်းလျှောက်ထွက်လာရင်း
ကမ်းစပ်အရိပ်တစ်ခုမှာ အနားယူနေတဲ့ တံငါသည်လေးကိုတွေ့တော့ အားမလိုအားမရနဲ့
ဆုံးမစကားပြောတယ်တဲ့...

"လူလေးရယ် ခုချိန်မှာ နားနေမယ့်အစား
နောက်တစ်ခေါက် ငါးဖမ်းထွက်ပါလားကွာ"

"ကျွန်တော်မနက်က ဟင်းစားရခဲ့ပြီးပါပြီဗျ...
နောက်တစ်ခေါက် ဘာလို့ထွက်ရမှာလဲ"လို့
တံငါသည်လေးက သူဌေးကြီးကို ပြန်ပြောတယ်။

"ဟာ..နောက်တခေါက်ထပ်ထွက်တော့ မင်း
အပိုဝင်ငွေပိုရမယ်..
အဲ့ခါကျတော့ငါးဖမ်းပိုက်ကောင်းကောင်း
ဝယ်နိုင်တာပေါ့..."

"ငါးဖမ်းပိုက်ကောင်းကောင်း ဝယ်နိုင်တော့
ဘာဖြစ်မှာမို့လဲ!!"

"ဟာ! အဲ့ဒါဆို ငါးတွေအများကြီးပိုမိပြီး
ငါးဖမ်းလှေတွေ ထပ်ဝယ်နိုင်မှာပေါ့ကွ"

"ငါးဖမ်းလှေတွေ အများကြီး ဝယ်နိုင်တော့ရော
ဘာဖြစ်မှာမို့လဲ.."

"ဟာ!ငါးဖမ်းလှေတွေအများကြီးပိုင်တော့ ငါ့လို
သူဌေးဖြစ်ပြီး ဘဝကို ဇိမ်ကျကျ နေနိုင်မှာပေါ့ကွ"

သူဌေးကြီးရဲ့စကားအဆုံးမှာ တံငါသည်လေးဟာ
ခပ်ထေ့ထေ့ပြုံးလိုက်ပြီး...

"ဇိမ်ကျကျဘဝကို ဖြတ်သန်းနိုင်မှာ ဟုတ်လား?
ခုရောကျွန်တော် ဘာလုပ်နေတယ်ထင်လဲဗျ"တဲ့။

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

ပုံပြင်လေးကို
ဒီနေရာမှာ ရပ်လိုက်မယ်ဆိုရင်တော့
ကျွန်တော်တို့လူမျိုးတွေအကြိုက်
ရောင့်ရဲတင်းတိမ်မှုနဲ့လည်း လောကကို
ဇိမ်ကျကျဖြတ်သန်းနိုင်တာပဲလို့
မှတ်ယူတွေးထင်စရာဖြစ်ပါတယ်...။

ဒါပေမယ့် ပုံပြင်လေးဟာ ဒီလောက်နဲ့ ရပ်မသွားခဲ့ပါဘူး...

ဒီလိုနဲ့ တစ်နေ့စာတစ်နေ့သာ
ရှာဖွေပြီး ဇိမ်ကျခဲ့တဲ့ တံငါသည်လေးဟာ တစ်နေ့တော့ အပြင်းဖျားပြီး အိပ်ရာထဲ
လှဲနေရပါလေရော...။

သူ့သူငယ်ချင်းမိတ်ဆွေတွေဟာလည်း
သူလိုဆင်းရဲတဲ့သူတွေမို့ တံငါသည်လေးရဲ့
စားဝတ်နေရေးနဲ့ ဆေးကုသဖို့ဟာ
ခက်ခဲလာပါတော့တယ်...။

တံငါသည်လေးသတင်းကြားတဲ့
စက်လှေပိုင်ရှင်သူဌေးကြီးဟာ
မနေနိုင်တော့ပဲ စားစရာတချို့နဲ့
ဆေးကုသစရိတ်ကို လာပေးလေတယ်တဲ့...

အဲ့ဒိအချိန်ဟာ အလွန်ဒုက္ခရောက်နေချိန်မို့
လာကူညီတဲ့ သူဌေးကြီးကို တံငါသည်လေးက
ကျေးဇူးတင်လွန်းလို့ သင့်မြတ်ရာမှာ ထိုင်စေပြီး
ကန်တော့ပါတယ်...

တံငါသည်လေးကန်တော့ကို ခံယူပြီးချိန်မှာ
သူဌေးကြီးက လေးနက်တည်ငြိမ်စွာနဲ့ စကားတခွန်းပြောတယ်...

"မင်းသာ ငါ ငါးဖမ်းထွက်ခိုင်းချိန်မှာ
လိုက်နာခဲ့မယ်ဆို ခုချိန်မှာ
ငါ့လို တစ်ဦးတစ်ယောက်ရဲ့
ကန်တော့ခံရမယ့်အခြေအနေ ရောက်နေလောက်ပြီ" တဲ့...။
........................................

ပုံပြင်လေးအဆုံးထိ ကျွန်တော် ဖတ်ပြီးချိန်မှာတော့ ကောက်ချက်တစ်ခု ချမိတယ်...။

"ရောင့်ရဲတင်းတိမ်မှုတရားဆိုတာ
လုံ့လလွန် အားထုတ်ကြိုးစားမှုလွန်နေသူတွေ အတွက်သာ 'ဆေး'ဖြစ်တယ်...

ငပျင်းတွေအတွက် ပိုပျင်းကောင်းစေတဲ့
အကြောင်းပြချက်တော့ မဟုတ်ဘူး..
လက်ရှိအချေအနေထက် ပိုဖျင်းမသွားချင်ရင်ပေါ့...လို့။
Credit*➳
#ဘဝရဲ့ခရီးသည်✍️

ရွာတစ်ရွာမှာ ထင်ရှားကျော်ကြားတဲ့ သင်္ချာပညာရှင်ကြီးတစ်ယောက်ရှိတယ်။ သူဟာသင်္ချာပညာမှာ တော်လွန်းလို့ဘုရင်ကတောင် သင်္ချာဘာသ...
19/01/2022

ရွာတစ်ရွာမှာ
ထင်ရှားကျော်ကြားတဲ့ သင်္ချာပညာရှင်ကြီးတစ်ယောက်ရှိတယ်။ သူဟာသင်္ချာပညာမှာ
တော်လွန်းလို့ဘုရင်ကတောင် သင်္ချာဘာသာအတွက်သူ့ကို
ခေါ်ပြီးတိုင်ပင်ရတယ်။

တနေ့မှာ ရွာသူကြီးက
သူ့အိမ်ကိုလာလည်ရင်း
ခုလိုပြောတယ်။

ခင်ဗျားကသာ
ဘုရင်ရဲ့အတိုင်ပင်ခံလိုဖြစ်နေတာ ခင်ဗျားရဲ့သားကတော့
ရွှေနဲ့ငွေမှာဘယ်ဟာက
ပိုအဖိုးတန်မှန်းတောင်မသိဘူး။
ထူလိုက် အလိုက်တာ
လွန်ရောဗျာ •• တဲ့။

နောက်ပိုင်းမှာလည်း
နေ့စဉ်ရက်ဆက်အဲဒီစကားကို
ကျန်တဲ့ရွာလူကြီးတွေရှေ့မှာပြောပြီး
စ နောက် နေလို့
သင်္ချာပညာရှင်ဟာ
ကြာတော့ရှက်လာတယ်။

ဒါကြောင့်
၁ဝ တန်းကျောင်းသားဖြစ်တဲ့
သူ့သားကိုမေးတယ်။
သား ရွှေနဲ့ငွေ ဘယ်ဟာက
ပိုပြီး အဖိုးတန်သလဲ
ရွှေပါ အဖေ။

ဒါဆိုရင်
မင်းကဘာလို့ ရွာလူကြီးကို
ငွေက ပိုအဖိုးတန်တယ်လို့
ပြောရတာလဲ။
အဖေ့ကို မင်းဟာရွှေနဲ့ငွေ ဘယ်ဟာကပိုတန်မှန်းတောင်
မသိဘူးလို့
နေ့တိုင်းလာပြောနေတော့
အဖေ ရှက်တာပေါ့။

အော် •• ဒီလိုလား ••
သားရှင်းပြပါ့မယ်
ကျနော်မနက်ကျောင်းသွားလို့
သူကြီးအိမ်ရှေ့ဖြတ်တိုင်း
သူကြီးကကျနော့်ကို
အိမ်ပေါ်ခေါ်တယ်။
ပြီးရင် သူက
လက်ဖဝါးတစ်ဖက်ပေါ်မှာ
ရွှေဒင်္ဂါးတစ်ပြားနဲ့
နောက်လက်ဖဝါးပေါ်မှာ
ငွေဒင်္ဂါးတစ်ပြားကို တင်ထားပြီး
ပိုတန်ဖိုးကြီးတာကိုယူလို့ပြောလို့
ငွေဒင်္ဂါးပြားကိုယူပြီး
အိမ်ပေါ်ကဆင်းလာတယ်။
သူကြီးနဲ့ရွာလူကြီးတွေ
တဟားဟားနဲ့ရယ်မော
ကျန်ရစ်နေခဲ့ကြတယ်။

နေ့တိုင်းသူကြီးက ရွှေနဲ့ငွေ
တန်ဖိုးကြီးတာကို ရွေးခိုင်းပြီး ရယ်စရာလုပ်နေကြတယ်။
သား•• မင်းဟာရွှေက
တန်ဖိုးပိုကြီးမှန်းသိရက်သားနဲ့
နေ့တိုင်းဘာလို့ငွေဒင်္ဂါးတွေကိုပဲ
ရွေးချယ်ရတာလဲ?

အဖေ •• သားအခန်းထဲကို
ခဏလိုက်ခဲ့ပါ•• ပြစရာရှိလို့ပါ။

အဖေဟာ
သူ့သားအခန်းထဲကို
လိုက်သွားတယ်။
သားက သူ့ကုတင်အောက်က
သေတ္တာတစ်လုံးကို
ဆွဲထုတ်လိုက်ပြီး
အဖုံးကိုဖွင့်ပြလိုက်တယ်။
သေတ္တာထဲမှာ ငွေဒင်္ဂါးအပြား
တစ်ရာလောက်ရှိမယ်။
သားက သူ့အဖေကိုလှည့်ကြည့်ရင်း ခုလိုပြောလိုက်ပါတယ်။

တကယ်လို့ သားသာ
ရွှေဒင်္ဂါးပြားကိုရွေးချယ်လိုက်ရင်
ပထမနေ့မှာပဲ
ပွဲပြီးသွားမှာပေါ့
သူကြီးက ရွှေဒင်္ဂါးပြားကို
နောက်နေ့ ဘယ်ပေးတော့မလဲ။

တကယ့်လူလည်တွေဟာ
"လူအ" လို ဟန်ဆောင်တတ်ကြတယ်။
သူတို့ကို "လူအ"လို့
ထင်နေကြသူတွေကို
ပို လိမ်လို့ လွယ်ကူပါတယ်
Credit writer and photo
ဗန်းမော်သိန်းဖေ

" တချို့တွေကို အဖတ်မလုပ်ပါနဲ့ "အသက်လေးရလာတော့ကိုယ့်ကိုမလိုအပ်တဲ့လူတွေတွေ့ရင်ဝမ်းမနည်းမိတော့ဘူး။သူတို့လိုအပ်တဲ့လူတွေသူတို...
18/01/2022

" တချို့တွေကို အဖတ်မလုပ်ပါနဲ့ "

အသက်လေးရလာတော့
ကိုယ့်ကိုမလိုအပ်တဲ့လူတွေတွေ့ရင်
ဝမ်းမနည်းမိတော့ဘူး။
သူတို့လိုအပ်တဲ့လူတွေ
သူတို့နားမှာမြဲနေပါစေပဲဆုတောင်းတယ်။

ကိုယ့်ကိုမကြိုက်တဲ့လူတွေတွေ့ရင်လည်း
သူတို့ကျေနပ်အောင် လိုက်မနေပေးတော့ဘူး။
သူတို့ကြိုက်တဲ့လူတွေနဲ့သူတို့
ဆက်ခင်နေပါစေလို့သာ ဆုတောင်းတယ်။

ကိုယ့်ကိုမကောင်းပြောတာပြန်ကြားရင်
အစကတော့ဒေါသဖြစ်မိတယ်။
ဒါပေမယ့် လူတွေဆိုတာ
ဘုရားကိုတောင်သတ်ဖို့ကြိုးစားခဲ့ကြသေးတာပဲ။
ပြောရုံသာပြောပြီး
ကိုယ့်ကိုလာမသတ်တာကို
ကြံဖန်ကျေးဇူးတင်လိုက်ပါ။

လူတွေအပေါ်သိပ်ဂရုစိုက်လွန်းတာကို
လျှော့လိုက်ပါ
နေရတာပေါ့ပါးသွားမယ်။

သူတို့ကကိုယ့်တစ်ယောက်ထဲကို
လိုက်ကြည့်နေတာမဟုတ်သလို
ကိုယ့်ကိုမတွေ့လည်း နောက်လူတွေကို
ဆက်ကြည့်နေမှာဖြစ်တယ်။

ကိုယ့်အကြောင်းပြောစရာမတွေ့လည်း
နောက်တစ်ယောက်အကြောင်းကို
ထပ်ပြောနေမှာဖြစ်တယ်။

သူတို့လိုအင်တွေပြည့်နေစဉ်
သူတို့အကြိုက်လိုက်နေပေးစဉ်
သင်ကကောင်းနေမှာဖြစ်ပြီး....

သူတို့စိတ်ထဲမတွေ့တော့ရင်
သူတို့စိတ်ကြိုက်နေမပေးရင်
သင်ဟာသူတို့ရန်သူဖြစ်သွားမှာပါ။

သူတို့ပါးစပ္ထဲမြာ
သင်က ကောင်းလိုက် မကောင်းလိုက်
သူတို့အမြင်မှာ
သင်က ခင်ဖို့ကောင်းလိုက် မုန်းဖို့ကောင်းလိုက်
သူတို့အတွေးမှာ
သင်က လိုသုံးကြီးဖြစ်လိုက် လူပိုကြီးဖြစ်လိုက်
အနိမ့်အမြင့် မျိုးစုံနဲ့ သူတို့စိတ်ထဲမှာ
တနေ့တမျိုးမရိုးရအောင်
သင်က ကပြနေရတာပါ။

တကယ်တော့
လူတွေကိုသိပ်ဖက်တွယ်လွန်းရင်
သိပ်အာရုံထဲထည့်ထားရင်
အာရုံနောက်ရမှာက သင်ပဲဖြစ်တယ်။
သူတို့ကတော့ သူတို့အလုပ်ဖြစ်တဲ့
ပြောမယ် ဆိုမယ် ဝေဖန်မယ် ကဲ့ရဲ့မယ် ချီးမွမ်းမယ်ဆိုတာတွေကို
ဆက်လက်လုပ်နေမှာဖြစ်တယ်။

ဒါ့ကြောင့်
လူတချို့သင့်ကိုမလိုဘူးဆိုရင်
မနှစ်သက်ဘူးဆိုရင်
မကောင်းပြောနေတယ်ဆိုရင်
ဘာမှ ခံစားမနေဘဲ
ကိုယ်လုပ်စရာရှိတာ ဆက်သာလုပ်ပါ။
နေတတ်သလိုဆက်သာနေပါ။

သင့်တစ်နေ့တာအတွက် စိတ်ကြည်နေဖို့
အမှိုက်လိုလူတွေရဲ့
ပုပ်နေတဲ့စကားတွေ
လောက်တက်နေတဲ့ အပြုအမူတွေကို
ဘာလို့ ဆက်ပြီးခံစားနေမှာလဲ။

သူ့လမ်း ကိုယ့်လမ်း
သူ့ဘဝ ကိုယ့်ဘဝ
သူ့ထမင်း ကိုယ့်ထမင်း တူတာမှမဟုတ်တာ။

ဒါကြောင့်
သင့်မှာ အခုလိုလူတွေရှိရင်
အဖက်လုပ်မနေပါနဲ့

အဖက်မလုပ်ခြင်းဟာ
အပြင်းထန်ဆုံးတုန့်ပြန်ခြင်းသာဖြစ်ပါတယ်။
Credit*➳
#ဘဝရဲ့ခရီးသည်✍️

Photo credit
18/01/2022

Photo credit

Address

Kyaingdôn

Telephone

+959699519997

Website

Alerts

Be the first to know and let us send you an email when Read more Each day posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Read more Each day:

Share

Category

Education

Sharing Knowledge