Kyaukpadaung Township Students Union Work and Executive Committee

Kyaukpadaung Township Students Union Work and Executive Committee This is the information page of Kyaukpadaung Township Students Union

05/12/2019

ယခု ပြန်ကြားရေးစာမျက်နှာကို ရပ်ဆိုင်းလိုက်ပြီး ဖြစ်သည်။ ကျောက်ပန်းတောင်းမြို့နယ် စက်မှုလက်မှုသိပ္ပံ ကျောင်းသားများသမဂ္ဂ ကို ပြန်လည်ဖွဲ့စည်းပြီးဖြစ်၍ အောက်ပါ linkမှတစ်ဆင့် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။

https://www.facebook.com/SUofGTIkpg/

Community organisation

ကျောက်ပန်းတောင်းမြို့နယ်ကျောင်းသားများသမဂ္ဂမှစီစဉ်သော ဆဲဗင်းဂျူလိုင် အရေးတော်ပုံ ၅၅နှစ် ပြည့်မြောက်ခြင်း အောက်မေ့တသ ကဗျာရ...
07/07/2017

ကျောက်ပန်းတောင်းမြို့နယ်ကျောင်းသားများသမဂ္ဂမှစီစဉ်သော ဆဲဗင်းဂျူလိုင် အရေးတော်ပုံ ၅၅နှစ် ပြည့်မြောက်ခြင်း အောက်မေ့တသ ကဗျာရွတ်အလေးပြုပွဲ ပုံရိပ်များ...

လာရောက်ဝန်းရံပေးပါသော ကျောက်ပန်းတောင်းမြို့နယ် နိုင်ငံရေးအကျဉ်းသားဟောင်းများကွန်ရက်၊ ဆရာကြီးဦးစောယုရှိန်၊ ဆရာတော်ဦးကောသလ္လနှင့် နိုင်ငံရေးအဖွဲ့အစည်းအားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။

#အမှုဆောင်အဖွဲ့_ယာယီ
#ကျောက်ပန်းတောင်းမြို့နယ်ကျောင်းသားများသမဂ္ဂ
#ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်

ဗကသများအဖွဲ့ချုပ်၏ဆဲဗင်းဂျူလိုင်အထိမ်းအမှတ်သဘောထားထုတ်ပြန်ကြေညာချက်
07/07/2017

ဗကသများအဖွဲ့ချုပ်၏ဆဲဗင်းဂျူလိုင်အထိမ်းအမှတ်သဘောထားထုတ်ပြန်ကြေညာချက်

ကျောင်းသားရဲဘော်အပေါင်းအားဖိတ်ကြားအပ်ပါသည်။
06/07/2017

ကျောင်းသားရဲဘော်အပေါင်းအားဖိတ်ကြားအပ်ပါသည်။



ဆဲဗင်းဂျူလိုင်ကိုအလေးပြုကြ....ှကျောင်းများအတွင်းလိုက်လံဖြန့်ဝေမည့်ဆဲဗင်းဂျူလိုင်သမိုင်းအကျဉ်းချုပ်
06/07/2017

ဆဲဗင်းဂျူလိုင်ကိုအလေးပြုကြ....
ှကျောင်းများအတွင်းလိုက်လံဖြန့်ဝေမည့်ဆဲဗင်းဂျူလိုင်သမိုင်းအကျဉ်းချုပ်

ကျောက်ပန်းတောင်းမြို့နယ်ကျောင်းသားများသမဂ္ဂနှင့်အခြေခံပညာကျောင်းသားများသမဂ္ဂ(ကျောက်ပန်းတောင်းမြို့နယ်)တို့မှအာဇာနည်ကိုးဦး...
16/07/2016

ကျောက်ပန်းတောင်းမြို့နယ်ကျောင်းသားများသမဂ္ဂနှင့်အခြေခံပညာကျောင်းသားများသမဂ္ဂ(ကျောက်ပန်းတောင်းမြို့နယ်)တို့မှအာဇာနည်ကိုးဦးအားချီတက်အလေးပြုမည်။

ဆက်သွယ်ရန်-09452444320
-09785060461
-09789000137

15/07/2016

၁၉. ၇.၂၀၁၆ (အင်္ဂါ) နေ့တွင် ကျရောက်မည့်
အာဇာနည်နေ့တွင် ကျောက်ပန်းတောင်း မြို့နယ်
ကျောင်းသားများသမဂ္ဂ သည် ယခင်နှစ်ကဲ့သို့
ဗိုလ်ချုပ်ကြေးရုပ်တွင် ပန်းခွေချခြင်း ၊ ဂါရဝ ပြုခြင်း ၊ ဘုန်းကြီးကျောင်းတွင် ဆွမ်းကပ်ခြင်းတို့
အား ပြုလုပ်မည် ဖြစ်ပါ၍ GTI ကျောင်း အပါ
အဝင် ကျောင်းသား/ သူ မည်သူ မဆို ပါဝင်ပါရန်
ဖိတ်ကြားအပ်ပါသည် ။


ကျောင်သားများသမဂ္ဂ

ဆက်သွယ်ရန် Ph _09452444320
_09785060461
_09789000137

05/07/2016

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ခုပ်မှကြီးမှူးကျင်းပသောတက္ကသိုလ်သမဂ္ဂများနှီနှောဖလယ်ပွဲသို့ကျောက်ပန်းတောင်းမြို့နယ်မှကျောင်းသားကိုယ်စားလှယ်များအဖြစ်ကိုရဲဝင့်အောင်နှင့်မချောလှနွယ်တို့တက်ရောက်ခဲ့ကြသည်။

ဗကသများ အဖွဲ့ချုပ်မှ ကြီးမှူး ကျင်းပသော တက္ကသိုလ်သမဂ္ဂများ နှီးနှောဖလှယ်ပွဲ မှ ထွက်ပေါ်လာသော သဘောတူညီချက်များ ။နေ့စွဲ - ဇူလ...
05/07/2016

ဗကသများ အဖွဲ့ချုပ်မှ ကြီးမှူး ကျင်းပသော တက္ကသိုလ်သမဂ္ဂများ နှီးနှောဖလှယ်ပွဲ မှ ထွက်ပေါ်လာသော သဘောတူညီချက်များ ။

နေ့စွဲ - ဇူလိုင်လ (၄)ရက်၊ ၂၀၁၆ ခု။

ဗကသများအဖွဲ့ချုပ်က ကြီးမှူး၍ ၂၀၁၆ခုနှစ် ဇူလိုင်လ(၂)ရက်မှ (၄)ရက်နေ့အထိ ပဲခူးမြို့၊ ကျောက်တန်းရွာ၊ ပန်းပျိုးလက် ဘုန်းတော်ကြီးသင် ပညာဒါနကျောင်းတွင် ကျင်းပသော တက္ကသိုလ်သမဂ္ဂများ နှီးနှောဖလှယ်ပွဲ သို့ တိုင်းနှင့်ပြည်နယ်(၁၃)ခု ရှိ တက္ကသိုလ်ပေါင်း(၅၇)ကျောင်း မှ ကျောင်းသားသမဂ္ဂများ၊ တိုင်းရင်းသား လူမျိုးစုသမဂ္ဂများ၊ အ.က.သ ကိုယ်စားလှယ်များ၊ လေ့လာသူ ကျောင်းသား ကျောင်းသူများ ၊ စုစုပေါင်း ကျောင်းသားဦးရေ (၂၂၃) ဦး တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ နှီးနှောဖလှယ်ပွဲတွင် ဒေသတွင်းတက္ကသိုလ်များ ၊ ကျောင်းများ အတွင်း သမဂ္ဂများ ၏ ပကတိအခြေအနေ ၊ အခက် အခဲ ၊ စိန်ခေါ်မှုများ ဆွေးနွေးခဲ့ပြီး ဖြေရှင်းနိုင်မည့် နည်းလမ်းများ ကို ဝိုင်းဝန်းရှာဖွေခဲ့ကြပါသည်။

တက္ကသိုလ် သမဂ္ဂများ နှီးနှောဖလှယ်ပွဲသို့ တက်ရောက် ဆွေးနွေးခဲ့ကြသော ကျောင်းသားသမဂ္ဂ အသီးသီး မှ အောက်ပါ လုပ်ငန်းစဉ်များ ကို သဘောတူညီခဲ့ကြပါသည်။

၁။ တက္ကသိုလ် အသီးသီးတွင် စည်းရုံးရေး လုပ်ငန်းစဉ်များကို မြှင့်တင်၍ တက္ကသိုလ်သမဂ္ဂများ၏ ဖွဲ့စည်းပုံများ၊ ရွေးကောက်ပွဲ များ ဖော်ဆောင်နိုင်ရန် ကြိုးစားဆောင်ရွက်သွားမည်။

၂။ ကျောင်းသားထုညီလာခံ ဖေါ်ဆောင်နိုင်ရေး အတွက် ကျောင်းသားထု ညီလာခံဖြစ်မြောက်ရေး အကြို အစည်းအဝေး ကို ၂၀၁၆-ခုနှစ်၊ နိုဝင်ဘာလ အတွင်း ကျင်းပသွားမည်ဖြစ်ပါသည်။

၃။ ပြည်ထောင်စုနိုင်ငံတော် သို့ ဦးတည်နေသည်နှင့်အညီ ဖက်ဒရယ်စနစ်ကို အခြေခံသော လွတ်လပ်သည့် ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်တစ်ခု ဖြစ်ပေါ်လာရန် အတွက် တိုင်းရင်းသားကျောင်းသား များ အားလုံး လက်တွဲ ဆောင်ရွက်သွားမည်ဖြစ်သည်။

အဆိုပါ သဘောတူညီချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် ကျွန်ုပ်တို့မှ လုပ်ငန်းစဉ်အဆင့်တိုင်းတွင် ညီညွတ်စွာ ဆက်လက်ပူးပေါင်း အကောင်အထည်ဖော်သွားမည်ဖြစ်သည်။

ကျောင်းသားထု ညီလာခံ ဖေါ်ဆောင်နိုင်ရေး အတွက် တစ်တိုင်းပြည်လုံးရှိ လွတ်လပ်သော ကျောင်းသားသမဂ္ဂ အားလုံး ပါဝင်ရန် ဖိတ်ခေါ်လိုက်သည်။ အမှီအခိုမကင်း ၊ ကိုယ်ပိုင်မူ မရှိ ၊ ကျောင်းသားသမဂ္ဂ အများစု ပါဝင်ခြင်းမရှိ ၊ ညှိနှိုင်းမှု မရှိဘဲ ကျင်းပမည့် မည်သည့် ညီလာခံများကို မှ လုံးဝ အသိအမှတ် မပြုကြောင်း ကြေညာလိုက်သည်။

ကျောင်းသားထုညီလာခံ ဖော်ဆောင်ရန်အတွက် တက္ကသိုလ်များတွင် ကျောင်းသားသမဂ္ဂများ ပေါ်ထွန်းရေးနှင့် လွတ်လပ်စွာ စည်းရုံး လှုပ်ရှားခွင့်ပေးရန်၊ ကျောင်းသားထုကြားတွင် သွေးကွဲစေနိုင်သော ခွဲခြားဆက်ဆံမှုများ မပြုလုပ်ကြရန် သက်ဆိုင်ရာ တာဝန် ရှိသူများ နှင့် ကျောင်းအာဏာပိုင်များ အား ကျွန်ုပ်တို့မှ တိုက်တွန်း တောင်းဆိုလိုက်သည်။

တက္ကသိုလ်သမဂ္ဂများ နှီးနှော ဖလှယ်ပွဲ

ပန်းပျိုးလက် ဘုန်းတော်ကြီးသင် ပညာဒါနကျောင်း၊ ပဲခူးမြို့။

________________________________

ဗကသများ အဖွဲ့ချုပ်မှ ကြီးမှူး ကျင်းပသော တက္ကသိုလ်သမဂ္ဂများ နှီးနှောဖလှယ်ပွဲ သို့ တက်ရောက်လာသော အောက်ပါ တက္ကသိုလ်ပေါင်း (၅၇)ကျောင်း မှ အထက်ပါ သဘောထားကြေညာချက် ကို တညီတညွှတ်တည်း သဘောတူ၍ ထုတ်ပြန် ကြေညာသည်။

၁။ ဗန်းမော် နည်းပညာ တက္ကသိုလ်
၂။ ဗန်းမော် တက္ကသိုလ်
၃။ မိုးညှင်း နည်းပညာ တက္ကသိုလ်
၎။ မိုးညှင်း ဒီဂရီကောလိပ်
၅။ မြစ်ကြီးနား တက္ကသိုလ်
၆။ တောင်ကြီး တက္ကသိုလ်
၇။ လွိုင်ကော် တက္ကသိုလ်
၈။ နည်းပညာ တက္ကသိုလ်(မော်လမြိုင်)
၉။ ဘားအံ တက္ကသိုလ်
၁၀။ ဘားအံ နည်းပညာ တက္ကသိုလ်
၁၁။ ကန့်ဘလူ နည်းပညာ တက္ကသိုလ်
၁၂။ ကန့်ဘလူ GTI
၁၃။ ရွှေဘို တက္ကသိုလ်
၁၄။ ကလေး တက္ကသိုလ်
၁၅။ သမ၀ါယမ တက္ကသိုလ် (စစ်ကိုင်း)
၁၆။ ပညာရေး တက္ကသိုလ် (စစ်ကိုင်း)
၁၇။ မုံရွာ တက္ကသိုလ်
၁၈။ မုံရွာ စီးပွားရေး တက္ကသိုလ်
၁၉။ မကွေး ဆေးတက္ကသိုလ်
၂၀။ မကွေး တက္ကသိုလ်
၂၁။ ပခုက္ကူ တက္ကသိုလ်
၂၂။ ထားဝယ် တက္ကသိုလ်
၂၃။ မန္တလေး တက္ကသိုလ်
၂၄။ မန္တလေး နည်းပညာ
၂၅။ ရတနာပုံ တက္ကသိုလ် (မန္တလေး)
၂၆။ ကျောက်ဆည် နည်းပညာ
၂၇။ ကျောက်ဆည် တက္ကသိုလ်
၂၈။ GTI ကျောက်ပန်းတောင်း
၂၉။ ရမည်းသင်း နည်းပညာ တက္ကသိုလ်
၃၀။ ပြည် တက္ကသိုလ်
၃၁။ စိုက်ပျိုးရေး (ရေဆင်း)
၃၂။ မြင်းခြံ ဒီဂရီကောလိပ်
၃၃။ မြင်းခြံ နည်းပညာ တက္ကသိုလ်
၃၄။ မိတ္ထီလာ တက္ကသိုလ်
၃၅။ မိတ္ထီလာ နည်းပညာ တက္ကသိုလ်
၃၆။ မိတ္ထီလာ စီးပွားရေး တက္ကသိုလ်
၃၇။ ပဲခူး တက္ကသိုလ်
၃၈။ တောင်ငူ တက္ကသိုလ်
၃၉။ တောင်ငူ နည်းပညာ တက္ကသိုလ်
၄၀။ တောင်ငူ ကွန်ပျူတာ တက္ကသိုလ်
၄၁။ ရန်ကုန် ပညာရေး တက္ကသိုလ်
၄၂။ ဒဂုံ တက္ကသိုလ်
၄၃။ အမျိုးသား ယဉ်ကျေးမှု နှင့် အနုပညာ တက္ကသိုလ် (ရန်ကုန်)
၄၄။ ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ်
၄၅။ ရန်ကုန် အနောက်ပိုင်း တက္ကသိုလ်
၄၆။ သန်လျင် နည်းပညာ
၄၇။ သမ၀ါယမ တက္ကသိုလ်(သန်လျင်)
၄၈။ ရေကြောင်း တက္ကသိုလ်
၄၉။ ရန်ကုန် တက္ကသိုလ်
၅၀။ ဟင်္သာတ တက္ကသိုလ်
၅၁။ ဟင်္သာတ ကွန်ပျူတာ တက္ကသိုလ်
၅၂။ ဟင်္သာတ နည်းပညာ တက္ကသိုလ်
၅၃။ ပုသိမ် နည်းပညာ တက္ကသိုလ်
၅၄။ ပုသိမ် တက္ကသိုလ်
၅၅။ မအူပင် တက္ကသိုလ်
၅၆။ မအူပင် ကွန်ပျူတာ တက္ကသိုလ်
၅၇။ မှော်ဘီ နည်းပညာ တက္ကသိုလ်

သတင်းနှင့်ပြန်ကြားရေး
တက္ကသိုလ် သမဂ္ဂများ နှီးနှောဖလှယ်ပွဲ ။

မေလ၂၁ရက်၊၂၂ရက်များတွင်ကျင်းပမည့်နိုင်ငံလုံးဆိုင်ရာအခြေခံပညာကျောင်းသားများသမဂ္ဂစုံညီအစည်းအဝေးသို့ကိုဇွဲသစ်ခ(ဥက္ကဌ)၊ကိုဇွဲလွ...
11/05/2016

မေလ၂၁ရက်၊၂၂ရက်များတွင်ကျင်းပမည့်နိုင်ငံလုံးဆိုင်ရာအခြေခံပညာကျောင်းသားများသမဂ္ဂစုံညီအစည်းအဝေးသို့ကိုဇွဲသစ်ခ(ဥက္ကဌ)၊ကိုဇွဲလွင်နိုင်(အထွေထွေအတွင်းရေးမှူး)၊ကိုထင်အောင်(မှတ်တမ်းနှင့်သုတေသနတာဝန်ခံ)တို့မှကျောက်ပန်းတောင်းမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂကိုယ်စားလှယ်များအဖြစ်တက်ရောက်ကြမည်ဖြစ်သည်။

အမှုဆောင်အဖွဲ့
ကျောက်ပန်းတောင်းမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်၏ နှစ်(၈၀)ပြည့် ပန်ကြားလွှာ ။နေ့စွဲ ။        ။ ၂၀၁၆ ခု ၊ မေလ (၈)ရက် ။...
08/05/2016

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်၏ နှစ်(၈၀)ပြည့် ပန်ကြားလွှာ ။

နေ့စွဲ ။ ။ ၂၀၁၆ ခု ၊ မေလ (၈)ရက် ။

(၈-၅-၂၀၁၆)နေ့သည် ၁၉၃၆-ခုနှစ်တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်၏ နှစ်(၈၀)ပြည့်သည့်နေ့ဖြစ်ပါသည်။ နှစ်ပတ်လည်အခါသမယအချိန်တွင် ခေတ်အဆက်ဆက်က တာဝန် ထမ်းဆောင် စွန့်လွတ် အနစ်နာခံခဲ့ကြသော ကျောင်းသားကြီးများ နှင့် ကျောင်းသား အာဇာနည် အပေါင်းအား ဦးညွှတ် အလေးပြုပါသည် ။ ထို့အတူ ခေတ်အဆက်ဆက် လက်ဆင့်ကမ်းလျက် ဗကသများအဖွဲ့ချုပ် အဓွန့်ရှည် တည်ရှိနိုင်ရေး ကို စစ်အာဏာရှင် အဆက်ဆက် မလျော့ သော ဇွဲများဖြင့် ကိုယ်ကျိုးစွန့် ဆောင်ရွက်ခဲ့ကြသော ကျောင်းသား အပေါင်း ကို လည်း ဦးညွှတ်မှတ်တမ်း တင်အပ်ပါသည် ။ ယနေ့ ဗကသများအဖွဲ့ချုပ်၏မူ(၅)ချက်ကို မယိမ်းမယိုင်ကိုင်စွဲလျက် သမိုင်းလက်ဆင့်ကမ်း ထမ်းဆောင်နေကြသော မျက်မှောက် မျိုးဆက်သစ် ကျောင်းသား အပေါင်းအားလည်း ဦးညွှတ်လေးစားစွာ ဂုဏ်ယူပါသည် ။

ဗကသများအဖွဲ့ချုပ် (ဗဟိုလုပ်ငန်းကော်မတီ) အနေဖြင့် ၂၀၁၂ ခု မှ စပြီး ကျောင်း / ခရိုင် သမဂ္ဂများ ပေါ်ထွန်း အားကောင်းလာအောင် အခက်အခဲ အမျိုးမျိုးနှင့်အတူ ဆောင်ရွက်ခဲ့ပြီး ယနေ့ ပြည်သူလူထုမှ တင်မြောက် သော ၂၀၁၆ အစိုးရသစ် လက်ထက်တွင် ပိုမိုပွင့်လင်းစွာ ဆောင်ရွက်နိုင်မည် အလားအလာများ နှင့် ဟန်ချက်ညီစွာ ဖွဲ့စည်းပြီးသော ကျောင်း/ခရိုင်သမဂ္ဂများ ၊ ပြည်နယ်/တိုင်းရင်းသား ကျောင်းသားသမဂ္ဂများ နှင့် ကျောင်းသားများ ပါဝင်လျက် နိုင်ငံလုံးဆိုင်ရာ ညီလာခံတရပ် ကျင်းပမည့် အခြေအနေ ကို (၆-၅-၁၆) နေ့တွင် ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် ကြေညာခဲ့ပြီး ဖြစ်ပါသည် ။ ဗဟိုလုပ်ငန်း ကော်မတီ စုံညီ အစည်းအဝေး ကျင်းပခဲ့သော (၂-၅-၁၆) နေ့ မှ (၂)လပြည့်လျှင် တက္ကသိုလ် ပေါင်းစုံ ကျောင်းသား သမဂ္ဂ ကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပမည် ဖြစ်ပြီး ၊ (၄)လပြည့်တွင် ခရိုင်ပေါင်းစုံ ကျောင်းသား သမဂ္ဂ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပမည် ဖြစ်ပါသည်။ ထိုခရိုင်ပေါင်းစုံ တွေ့ဆုံပွဲ မှ ညီလာခံ ကျင်းပရေးနှင့် စပ်လျဉ်းသည့် ကော်မတီ တရပ်ကို (၂၀၁၂ မှ ၂၀၁၆ ) အတွင်း တာဝန် ထမ်းဆောင်ခဲ့သော / ထမ်းဆောင် လျက် ရှိသော ဗကသ ကျောင်းသား ကျောင်းသူများ ဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်သွားမည် ဖြစ်ပါသည် ။ ၎င်းကော်မတီမှ ညီလာခံကျင်းပမည့်အခြေအနေများကို စီစဉ် ဆောင်ရွက်ကြမည်ဖြစ်ပါသည်။ ဗဟိုလုပ်ငန်းကော်မတီ အနေဖြင့် (၆)လထက် မပိုသောအချိန်တွင် လက်ရှိထမ်းဆောင်နေသော တာဝန် အသီးသီးမှ ရပ်ဆိုင်း ဖျက်သိမ်းမည် ဖြစ်ပြီး ညီလာခံ ကျင်းပရေး ကော်မတီက ကျင်းပသော ညီလာခံမှတဆင့် ပေါ်ထွက်လာမည့် ဗဟိုအလုပ်အမှုဆောင်သို့ လွှဲအပ်သွားမည်ဖြစ်ပါသည် ။

ထို့ကြောင့် လက်ရှိဗကသများအဖွဲ့ချုပ်၏ရှေ့လုပ်ငန်းစဉ်များ အောင်မြင်စွာဖော်ဆောင်နိုင်ပြီး ပြည်သူ့အကျိုး၊ တိုင်းပြည် အကျိုးနှင့် ပညာရေးပြုပြင်ပြောင်းလဲရေး ဆောင်ရွက်မှုများတွင် အင်ပြည့်အားပြည့်ဖြင့် ပြည်သူလူထုတရပ်လုံးနှင့်အတူ တာဝန် ထမ်းဆောင်နိုင်ရန် ၊ နှစ်(၈၀)ပြည့် အခါသမယအချိန်အခါနှင့် တိုက်ဆိုင်စွာကျင်းပမည့် နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထုညီလာခံ တရပ် ကျင်းပနိုင်ရေးအတွက် ဗကသကျောင်းသားဟောင်းများ နှင့် ကျောင်းသားမျိုးဆက်သစ်များ၏ ပူးပေါင်း ကြိုးစား အားထုတ်မှုကို ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက် ပေးကြပါရန် ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ် မှ လေးစားစွာ ပန်ကြားအပ်ပါသည် ။


ဗဟိုလုပ်ငန်းကော်မတီ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ။

မူရင်း ABFSU CWC page

လက်ရှိစစ်ကိုင်းမှအစိုးရရုံးထိုင်ရာနေပြည်တော်သို့ချီတက်လျက်ရှိသောအလုပ်သမားသပိတ်စစ်ကြောင်းနှင့်စပ်လျဉ်း၍ဗမာနိုင်ငံလုံးဆိုင...
30/04/2016

လက်ရှိစစ်ကိုင်းမှအစိုးရရုံးထိုင်ရာနေပြည်တော်သို့ချီတက်လျက်ရှိသောအလုပ်သမားသပိတ်စစ်ကြောင်းနှင့်စပ်လျဉ်း၍ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ALL BURMA FEDERATION OF STUDENT UNIONS)မှ သဘောထား ထုတ်ပြန်ကြေညာချက်။

Address

Kyaukpadaung. MandalayRegion. Burma
Kyaukpadaung

Telephone

09961307102

Website

Alerts

Be the first to know and let us send you an email when Kyaukpadaung Township Students Union Work and Executive Committee posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share