11/07/2019
မျက်လုံးများ
ပိတ်မရတဲ့တံခါး၊ ဖွင့်မရတဲ့အလွှာ
မြို့ပြနက်ကြီးထဲမှာ မျက်လုံးပေါင်းများစွာဟာ
လမ်းပျောက်နေကြတယ်။
မျက်လုံးတွေဟာ
လူတွေကြား၊ ခြေထောက်များကြား၊ စိတ်တွေကြားမှာ
မသင်္ကာစရာတွေတစ်ခုပြီးတစ်ခု လိုက်ရှာ
တွေ့သမျှကိုမသင်္ကာစရာအဖြစ် တေးမှတ်ထား
မျက်လုံးတွေဟာ
ဘယ်တော့မှ သူတို့ကိုယ်သူတို့စကားမပြောရ
မျက်လုံးတွေသာစူးရှပြီး မေးခွန်းထုတ်ကြတယ်
ဘယ်သူလဲ၊ ဘယ်ကလဲ၊ ဘာလဲစသည်ဖြင့်
မျက်လုံးတွေဟာ
တစ်ခုခုကိုတွေ့ပြီဆို မလွှတ်တမ်းအမိအရကိုက်ခဲထား
နောက်ကြောင်းအေးပါစေရယ်လို့ ဘယ်တော့မှအရှင်းမထား
မျက်လုံးတွေအိပ်တဲ့အချိန်မှာ
အရာရာဟာ သူ့အလိုလိုသေကြေကြရတော့တယ်။
လင်းထက်ယံ
၁၁. ဇူလိုင်.၁၉