23/08/2024
‼️ ကမ္ဘာတစ်ဝှမ်း အဖြစ်များလာတဲ့ မျောက်ကျောက်ရောဂါ (Monkey Pox) အကြောင်း
🌍 အခုတလော ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကနေ အရေးပေါ်အခြေအနေအဖြစ် ကြေညာထားတဲ့ မျောက်ကျောက်ရောဂါဆိုတာ မျောက်ကျောက်ဗိုင်းရပ်စ် (Monkey Pox Virus) ကြောင့် ကူးစက်ခံရသော ရောဂါဖြစ်ပါတယ်။ မြန်မာလို ကျောက်ကြီးရောဂါလို့ ခေါ်ဆိုပြီး အာဖရိကအလယ်ပိုင်းနှင့် အနောက်ပိုင်းရှိ အပူပိုင်းမိုးသစ်တောများမှာ ပထမဆုံးစတင်တွေ့ရှိခဲ့တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။
👉 မျောက်ကျောက်ရောဂါ (Monkey Pox)ဟာ လူအချင်းချင်းကူးစက်နိုင်သလို တိရစ္ဆာန်ဆီကလည်းလူဆီကို ကူးစက်နိုင်ပါတယ်။
- ရောဂါပိုးရှိနေတဲ့ အရာဝတ္ထုတွေ မျက်နှာပြင်ကို ကိုင်တွယ်ထိတွေ့မိတာ၊အရေပြားပေါက် ပြဲတဲ့နေရာတွေကနေတစ်ဆင့် သွေး၊ ခန္ဓာကိုယ်ကထွက်တဲ့ အရည် တွေဝင်ရောက်ပြီးကူးစက်တာ
- ရောဂါပိုးရှိသူ နှာချေ၊ ချောင်းဆိုးခြင်းမှ ကူးစက်တာ
- ရောဂါပိုးရှိသူနဲ့ အချိန်အတော်ကြာနီးနီး ကပ်ကပ်ထိတွေ့မိတာ၊ ရောဂါပိုးရှိသူရဲ့ အသုံးအဆောင်၊ အိပ်ရာခင်း စတာတွေ အသုံးပြုမိတာ
- ရောဂါပိုး ကူးစက်ခံထားရသူနဲ့ လိင်ဆက်ဆံမိတာတွေကြောင့် ကူးစက်ခံရနိုင်ပါတယ်။
👉 မျောက်ကျောက်ရောဂါ (Monkey Pox) ရဲ့လက္ခဏာတွေကတော့
- မျက်နှာ၊ လက်၊ ခြေထောက်၊ ပါးစပ်၊ လိင်အင်္ဂါများတွင် အနီကွက်များနှင့် အရည်ကြည်ဖုများ ပေါက်ခြင်း
- ပြန်ရည်အိတ်များ(lymph nodes) များရောင်ရမ်းခြင်း
- ခေါင်းကိုက်ခြင်းနှင့် ကြွက်သားများ နာကျင်ကိုက်ခဲခြင်း
- အားအင်ကုန်ခမ်းခြင်း စတဲ့ ဝေဒနာတွေ ခံစားရနိုင်ပါတယ်။
👉 ကလေးငယ်တွေ၊ အသက်အရွယ်ကြီးရင့်သူတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ခုခံအားကျဆင်းလျက်ရှိသူတွေမှာတော့ ရောဂါလက္ခဏာတွေပြင်းထန်နိုင်ပါတယ်။
✅ မျောက်ကျောက်ရောဂါ (Monkey Pox) မှ ကာကွယ်နိုင်ရန်
- နှာခေါင်းစည်း (Mask) များတပ်ခြင်း
- လက်ကို သန့်ရှင်းစင်ကြယ်အောင် မကြာခဏဆေးခြင်း
- တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ခြင်း
- အသား၊ ငါးများကို သန့်ရှင်းလတ်ဆတ်စွာ စားသောက်ခြင်း တို့ဖြင့် ကာကွယ်နိုင်ပါတယ်။
⁉️ မျောက်ကျောက်ရောဂါဟာ ကူးစက်မှု နှေးကွေးနေလို့ ကမ္ဘာ့ကပ်ရောဂါ (pandemic disease)အနေနဲ့မရောက်ရှိနိုင်ဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ခန့်မှန်းထားပေမဲ့ ယခင်ကျောက်ကြီး (small pox) ဖြစ်ခဲ့ဖူးတဲ့ရာဇဝင်အရ အစုလိုက်အပြုံလိုက်ပြန်ဖြစ်လာကာ သေဆုံးနိုင်မှုတွေ၊ ပျံ့နှံ့ကူးစက်မှုတွေ ရှိလာနိုင်လို့ အစောကတည်းက ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ထားသင့်ပါတယ်။
“သုခချမ်းသာဆေးရုံ''
လိပ်စာ - ပြည်လုံးနိုင်ရပ်ကွက်၊ရန်ကုန်-မန္တလေး
လမ်းမကြီး ဘေး၊ ကျောက်ဆည်မြို့။
ဖုန်းနံပါတ် - 09 766404041 , 09 797600634