Labutta Fire Services Department

Labutta Fire Services Department သင့်အားကူညီရန် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့အသင့်ရှိနေပါသည်...

08/06/2024

လပွတ္တာခရိုင်၊လပွတ္တာမြို့နယ်၊ဇင်ရွဲ​လေး​ကျေးရွာတွင်ပြုလုပ်​သော မုန်တိင်သဏ္ဍာန်တူဇာတ်တိုက်​လေ့ကျင့်မှု သတင်းပါရှိမှု

19/03/2022

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ
(၂၀၂၂ခုနှစ်၊ မတ်လ(၁၉)ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
(က) အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေ
ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန်တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)သည် ပိုမိုအားကောင်းလာနိုင်ပြီး၊ မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာနောက် (၂၄)နာရီအတွင်း ကပ္ပလီပင်လယ်ပြင်၊ နီကိုးဘားကျွန်းနှင့် ကိုကိုးကျွန်းတို့အနီးတွင် မုန်တိုင်းငယ်(Depression)အဖြစ်သို့လည်းကောင်း၊ နောက်(၄၈)နာရီအတွင်း ဘင်္ဂလားပင်လယ်အော်အရှေ့ တောင်ပိုင်းနှင့် ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတို့တွင် ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)အဖြစ်သို့လည်းကောင်း အားကောင်းလာနိုင်သည်ဟု ခန့်မှန်းရပါသည်။ အဆိုပါအားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)သည် မုန်တိုင်းငယ်(Depression)အဖြစ် ရောက်ရှိပြီးနောက် (၂၀.၃.၂၀၂၂)ရက်နေ့၌ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းအနီးသို့လည်းကောင်း၊ (၂၁.၃.၂၀၂၂)ရက်နေ့၌ ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းအနီးသို့လည်းကောင်း၊ (၂၂.၃.၂၀၂၂)ရက်နေ့၌ ရခိုင်ကမ်းရိုးတန်းသို့လည်းကောင်း ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။
(ခ) သတိပေးနှိုးဆော်ချက်
-------------------------------
အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)၏အရှိန်ကြောင့် ယနေ့နေ့လယ်မှ (၂၂.၃.၂၀၂၂)ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှနေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၂)ပေခန့် ရှိနိုင်ပါသည်။
(ဂ) အကြံပြုချက်
-------------------
သို့ဖြစ်ပါ၍ အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)၏အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။
အများပြည်သူများအနေဖြင့် မုန်တိုင်းအန္တရာယ် ကြိုတင်သတိပြုနိုင်ရန်၊ ဘေးလွတ်ရာသို့ အချိန်မီပြောင်းရွှေ့နိုင်ရန်နှင့် ဘေးအန္တရာယ်ကျရောက်လာပါက မီးသတ်ဦးစီးဌာနအနေဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အသင့်ကြိုတင်ပြင်ဆင်ထားရှိပြီးဖြစ်ကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။

၁၉.၆.၂၀၂၁ရက်နေ့ ၄ :၅၅ ခန့်တွင် လပွတ္တာ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံး မီးလောင်မှု့ဖြစ်ပွားကြောင်သတင်းရရှိသဖြင့် မြို့န...
19/06/2021

၁၉.၆.၂၀၂၁ရက်နေ့ ၄ :၅၅ ခန့်တွင် လပွတ္တာ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံး မီးလောင်မှု့ဖြစ်ပွားကြောင်သတင်းရရှိသဖြင့် မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဥ်များထွက်ခွာငြှိမ်းသတ်လျှပ်ရှိ

Update
၅:၁၀ အချိန် မီးထိန်းပါသည်။

Update
၅:၁၅ အချိန် မီးငြိမ်းပါသည်။

၁၆.၆.၂၀၂၁ ရက်နေ့ ၂၂း၀၀ နာရီခန့်တွင် လပွတ္တာ -မြောင်းမြ ကားလမ်း မိုင်တိုင်အမှတ် ၁/၇မိုင်တွင် မိုးသည်းထန်းစွာရွာသွန်းမှုကြ...
16/06/2021

၁၆.၆.၂၀၂၁ ရက်နေ့ ၂၂း၀၀ နာရီခန့်တွင် လပွတ္တာ -မြောင်းမြ ကားလမ်း မိုင်တိုင်အမှတ် ၁/၇မိုင်တွင် မိုးသည်းထန်းစွာရွာသွန်းမှုကြောင့်သစ်ပင်လှဲ့ပြို၍ကားလမ်းပိတ်နေကြောင်းသတင်းရရှိသည့်အတွက်လပွတ္တာ မြို့နယ်မီးသတ်စခန်းမှ သွားရောက်ရှင်းလင်းဆောင်ရွက်ပေးခဲ့ပါသည်

09/09/2020
၂၀.၈.၂၀၂၀ ရက်နေ့မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးရဲမင်းသူ၊လပွတ္တာခရိုင်/မြို့နယ်မီးသတ်စခန်းစစ်ဆေးမှ...
21/08/2020

၂၀.၈.၂၀၂၀ ရက်နေ့မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးရဲမင်းသူ၊လပွတ္တာခရိုင်/မြို့နယ်မီးသတ်စခန်းစစ်ဆေးမှုမှတ်တမ်း

၁.၆.၂၀၂၀ ရက်နေ့တွင်လပွတ္တာမြို့နယ် (၃)မြို့သစ်အ.ထ.က ကျောင်းတွင်ဖွင့်လှစ်ထားရှိသော ပြည်ပပြန် COVID-19စောင့်ကြည့်ပြည်သူ့မျ...
01/06/2020

၁.၆.၂၀၂၀ ရက်နေ့တွင်လပွတ္တာမြို့နယ် (၃)မြို့သစ်အ.ထ.က ကျောင်းတွင်ဖွင့်လှစ်ထားရှိသော ပြည်ပပြန် COVID-19စောင့်ကြည့်ပြည်သူ့များထားရှိသော Facility. Quarantine Center အားယခုအခါစာသင်ခန်းမအဖြစ်အသုံးပြုတော့မည်ဖြစ်ပါ၍လပွတ္တာမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင် ၂+၆ ဦးဖြင့်ဆေးဖြန်းခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ အမျိုးသမီး/အမျိုးသားတပ်သားသစ်များ လျှောက်လွှာခေါ်ယူခြင်းသတ်မှတ်အရည်အချင်း...(က) ပြည်ထောင်စုသမ...
31/05/2020

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ အမျိုးသမီး/အမျိုးသား
တပ်သားသစ်များ လျှောက်လွှာခေါ်ယူခြင်း

သတ်မှတ်အရည်အချင်း...
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။

(ခ) အသက် ၁၈ နှစ်မှ ၃၀နှစ် အတွင်းဖြစ်ရမည်။

(ဂ) တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ ဖြစ်ရမည်(သို့)
အခြေခံပညာအထက်တန်းအောင်မြင်ပြီးသူ

(ဃ) ရုပ်ရည်ပြေပြစ်ပြီးအိမ်ထောင်မရှိသူ(အပျို)ဖြစ်ရမည်။
(တပ်ဖွဲ့သို့ ဝင်ရောက်ပြီး၂နှစ်အတွင်း အိမ်ထောင်မပြုပါကြောင်း ဝန်ခံကတိ ပါရှိရမည်)

(င) အနည်းဆုံးအရပ် ၅ပေ ၂လက်မရှိရမည်။ကိုယ်အလေးချိန် ၉၀ပေါင်မှ ၁၃၀ပေါင် အတွင်းရှိရမည်။

(စ) ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။

(ဆ) အကျင့်စာရိတ္တကောင်းမွန်သူဖြစ်ရမည်။

အထက်ဖော်ပြပါ သတ်မှတ်အရည်ချင်းနှင့်ပြည့်မှီသူများ
သည် နီးစပ်ရာ မိမိနေထိုင်ရာမြို့နယ်မီးသတ်စခန်း
(သန္ဓေ) တွင် လူကိုယ်တိုင်လာရောက်
လျှောက်ထားနိူင်ရမည်

#

၂၇.၅.၂၀၂၀ ရက်နေ့တွင်လပွတ္တာမြို့နယ်လပွတ္တလုပ်ကျေးရွာအုပ်စုလပွတ္တလုပ်ကျေးရွာသို့လပွတ္တာမြို့နယ်မီးသတ်စခန်းမှ5I/9497ဒေါင်း...
27/05/2020

၂၇.၅.၂၀၂၀ ရက်နေ့တွင်လပွတ္တာမြို့နယ်လပွတ္တလုပ်ကျေးရွာအုပ်စုလပွတ္တလုပ်ကျေးရွာသို့လပွတ္တာမြို့နယ်မီးသတ်စခန်းမှ5I/9497ဒေါင်းဖန်းရေသယ်ယာဥ် ဖြင့်သောက်ရေဂါလံ ၁၆၀၀ သွားရောက်လှူဒါန်းခဲ့ပါသည်

၂၆.၅.၂၀၂၀ ရက်နေ့လပွတ္တာမြို့နယ်လပွတ္တလုပ်တောင်ကျေးရွာအုပ်စုဘုရားကြီးကုန်းကျေးရွာသို့လပွတ္တာမြို့နယ်မီးသတ်စခန်းမှ 5I/9497...
26/05/2020

၂၆.၅.၂၀၂၀ ရက်နေ့လပွတ္တာမြို့နယ်လပွတ္တလုပ်တောင်ကျေးရွာအုပ်စုဘုရားကြီးကုန်းကျေးရွာသို့လပွတ္တာမြို့နယ်မီးသတ်စခန်းမှ 5I/9497 ဒေါင်းဖန်းရေသယ်ယာဥ် ဖြင့်သောက်ရေဂါလံ ၁၆၀၀သွားရောက်လှူဒါန်းခဲ့ပါသည်

18.5.2020ရက်နေ့တွင်လပွတ္တာမြို့နယ်အမှတ် (၂)ရပ်ကွက်နှင့်အမှတ် (၉) ရက်ကွက်တို့အား‌မြောင်းမြမြို့နယ်မီးသတ်စခန်းမှဒေါင်းဖန်း...
18/05/2020

18.5.2020ရက်နေ့တွင်လပွတ္တာမြို့နယ်အမှတ် (၂)ရပ်ကွက်နှင့်အမှတ် (၉) ရက်ကွက်တို့အား‌မြောင်းမြမြို့နယ်မီးသတ်စခန်းမှဒေါင်းဖန်းရေသယ်ယာဉ်ဖြင့်ရေဂါလံ(၁၆၀၀) လပွတ္တာမြို့နယ်မီးသတ်စခန်းမှဒေါင်းဖန်းရေသယ်ယာဉ်ဖြင့်ရေဂါလံ(၁၆၀၀) စုစုပေါင်းရေဂါလံ (၃၂၀၀)လှူဒါန်းခဲ့ပါသည်

Address

Fire Services Department
Labutta

Website

Alerts

Be the first to know and let us send you an email when Labutta Fire Services Department posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category