Ta'ang Land

Ta'ang Land News&Information

Permanently closed.
အကြမ်းဖက်စစ်ကောင်စီတပ်၏ ရမ်းသမ်းပစ်ခတ်မှုများကြောင့် တအာင်းဒေသအတွင်းရှိ ပြည်သူလူထု၏ ထိခိုက်နစ်နာမှုများအား ထုတ်ပြန်ခြင်း...
22/11/2023

အကြမ်းဖက်စစ်ကောင်စီတပ်၏ ရမ်းသမ်းပစ်ခတ်မှုများကြောင့် တအာင်းဒေသအတွင်းရှိ ပြည်သူလူထု၏ ထိခိုက်နစ်နာမှုများအား ထုတ်ပြန်ခြင်း
=============================

21/11/2023
စစ်ကောင်စီမှ နမ့်ဆန်မြို့သစ်ကျေးရွာအား ပစ်မှတ်ထားဗုံးကျဲတိုက်ခိုက် နေအိမ် (၂၅)လုံး ထိခိုက် ပျက်စီးပြီး ကလေးငယ်(၁)ဦးအပါအ...
20/11/2023

စစ်ကောင်စီမှ နမ့်ဆန်မြို့သစ်ကျေးရွာအား ပစ်မှတ်ထားဗုံးကျဲတိုက်ခိုက် နေအိမ် (၂၅)လုံး ထိခိုက် ပျက်စီးပြီး ကလေးငယ်(၁)ဦးအပါအဝင် ရွာသား( ၂) ဦး ပွဲချင်းသေဆုံး၊ (၇)ဦးဒဏ်ရာရ

နမ့်ဆန်၊ နိုဝင်ဘာလ ၂၀ ရက်

တအာင်းပြည်နယ် တပ်မဟာ(၂)စစ်ဒေသ၊ နမ့်ဆန်မြို့နယ်၊ မြို့သစ်ကျေးရွာတွင်
ကျေးရွာအနီးတစ်ဝိုက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နိုဝင်ဘာလ ၁၉ ရက်နေ့ည (၁၀း၀၀)ဝန်းကျင်တွင် စစ်ကောင်စီမှ ကျေးရွာအား ပစ်မှတ်ထားပြီး ကျေးရွာအား ပေါင်(၅၀၀)ဗုံးဖြင့် ကျေးရွာအား လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့သည်။

ထိုကဲ့သို့ ဗုံးကျဲတိုက်ခိုက်မှုကြောင့် မြို့သစ်ကျေးရွာနေ တားဆန်းနော် နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေးငယ်တစ်ဦးအပါအဝင် အိမ်ရှင် တားဆန်းနော်တို့ (၂)ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ရွာသား(၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့အတူ လူနေအိမ်(၂)လုံး မီးလောင်ခဲ့ပြီး (၂၃)လုံး ထိမှန်ပျက်ဆီးခဲ့သည်။

တအာင်းပြည်နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီးနှင့် လေကြောင်းအသုံးပြုကာ အရပ်သားများနှင့် ဒေသခံလူနေအိမ်များအား ပစ်မှတ်ထားတိုက်ခိုက်မှု များကြောင့် အရပ်သား (၄၀) သေဆုံးခဲ့ပြီး (၅၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၂၂) ရက်မြောက်နေ့ တိုက်ပွဲသတင်းများ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်နေ့၊ ည (၁၀:၄၀) အချိန်...
18/11/2023

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၂၂) ရက်မြောက်နေ့ တိုက်ပွဲသတင်းများ

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်နေ့၊ ည (၁၀:၄၀) အချိန်တွင် ထုတ်ပြန်သည်။

စစ်ဆင်ရေး ရက်ပေါင်း (၂၂) ရက်တာကာလအတွင်း ရှမ်းမြောက်ဒေသမှ ညီနောင်မဟာမိတ် (၃) ဖွဲ့ အစချီလိုက်သော စစ်ဆင်ရေးသည် လက်ရှိအချိန်၌ မြန်မာနိုင်ငံတဝှမ်းရှိ စစ်ရေးအရှိန်မှာ ကြီးမားကျယ်ပြန့်လာပြီး စစ်ကောင်စီသည် တော်လှန်ရေးအင်အားစုများ၏ ထိုးစစ် ကို မြေပြင်တွင် မတွန်းလှန်နိုင်သောကြောင့် အရပ်သားပြည်သူများအား လူသားဒိုင်းကာများသဖွယ် အသုံးပြု၍ နိုင်ငံတကာစစ်ဥပဒေကို ချိုးဖောက်ကာ စစ်ရာဇဝတ်မှုများကို နေ့စဉ်ရက်ဆက်ကျုးလွန်နေလျက်ရှိသည်။

မိမိတို့ညီနောင်မဟာမိတ် (၃) ဖွဲ့သည် စစ်ရေးရည်မှန်းချက်များကို မဟာမိတ်အင်အားစုများနှင့် ဟန်ချက်ညီပူးပေါင်းဆောင်ရွက်လျက်ရှိပြီး စစ်ဆင်ရေးပစ်မှတ်များကို အပြီးသတ်သိမ်းပိုက်နိုင်ရေးနှင့် မိမိတို့ဌာနေတွင် ပြန်လည်အခြေချနိုင်ရေးတို့ကို ဦးစားပေးဆောင်ရွက်နေပြီး စစ်ဆင်ရေးနှင့်ဆက်စပ်သည့်ကိစ္စရပ်များ အပါအဝင် စစ်ကောင်စီယန္တရားကို ဖြိုလဲလိုက်သော အုပ်ချုပ်ရေးဒေါက်တိုင်များတွင် မိမိတို့အနေဖြင့် ဝင်ရောက်နေရာယူပြီး ပြည်သူလူထုလုံခြုံရေး၊ ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်တိုက်လုပ်ဆောင်နေလျက်ရှိသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်အတွင်း မိမိတို့ညီနောင်မဟာမိတ် (၃) ဖွဲ့သည် ယခင်ရက်များနည်းတူ ရန်သူစစ်ကောင်စီ၏ စခန်းကြီး၊ ငယ်များ၊ ဗျူဟာကုန်းများနှင့် လက်နက်ကြီးများအား ထပ်မံသိမ်းပိုက်ခဲ့သည်။ တိုက်ပွဲများအတွင်း ရန်သူဘက်မှ ၁၀၂၇ စစ်ဆင်ရေးတွင် အကျအဆုံး စံချိန်တင်ခဲ့သည်မှာ အမှန်ပင်ဖြစ်သလို မိမိတို့တပ်ဖွဲ့ဝင်များဘက်မှလည်း အကျအဆုံးအချို့ရှိခဲ့သည်။

(၁) ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်နေ့၊ နံနက် (၆:၀၀) အချိန်ခန့်တွင် တအာင်းပြည်နယ်၊ တပ်မဟာ (၁) စစ်ဒေသ၊ နမ့်ခမ်းမြို့ရှိ စစ်ကောင်စီ၏ စခန်းသစ်ကုန်းအား တအာင်းတပ်မတော် (TNLA) မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲဖြစ်ပွားစဉ် နမ့်ခမ်းမြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံ ခလရ (၁၄၄) မန်တပ်စခန်းမှ လက်နက်ကြီးဖြင့် (၅) ကြိမ်၊ ကွတ်ခိုင်မြို့နယ်အခြေစိုက် စစ်ကောင်စီ၏ နမ့်ဖတ်ကာစခန်းမှ လက်နက်ကြီးဖြင့် (၁၂) ထက်ကြိမ်ထက်မနည်း အပြင်းအထန်ပစ်ကူတိုက်ခိုက်ခဲ့သည်။

(၂) ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်နေ့၊ နံနက် (၆:၅၀) အချိန်ခန့်တွင် တအာင်းပြည်နယ်၊ တပ်မဟာ (၂) စစ်ဒေသ၊ နောင်ချိုမြို့နယ်၊ ဂုတ်တွင်းအနီးတဝိုက်တွင် တအာင်းတပ်မတော် (TNLA) + MDY PDF ပူးပေါင်းတပ်ဖွဲ့သည် စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ သည်။

(၃) ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်နေ့၊ နေ့လယ် (၁:၄၅) အချိန်ခန့်တွင် တအာင်းပြည်နယ်၊ တပ်မဟာ (၂) စစ်ဒေသ၊ ကျောက်မဲမြို့နယ်၊ လုံကြိမ်ကျေးရွာအနီး၌ တအာင်းတပ်မတော် (TNLA) + MDY PDF ပူးပေါင်းတပ်ဖွဲ့တို့သည် စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ သည်။

(၄) ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်နေ့၊ နေ့လယ် (၂:၃၇) အချိန်ခန့်တွင် ကိုးကန့်တပ်မတော် (MNDAA) မှ ကိုးကန့်ခရိုင်၊ ရှီးရှမ်းဒေသ၊ ချင့်ချိုမ့်ထန်ကျေးရွာအနီးရှိ စစ်ကောင်စီ၏ အမှတ် (၂) တပ်စခန်းအား အပြီးသတ်ချေမှုန်းသိမ်းပိုက်ခဲ့သည်။
(၅) ရက္ခိုင့်တပ်တော် (AA) သည် စစ်ကောင်စီ၏ မောင်တောအခြေစိုက် “ဒုံးညိုနယ်ခြားစောင့်စခန်း” အား ယမန်နေ့ နံနက် (၁၀:၀၀) ခန့်မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ယနေ့ နေ့လယ် (၁:၀၀) အချိန်တွင် အပြီးသတ်ချေမှုန်းသိမ်းပိုက်ခဲ့သည်။

ယမန်နေ့ကလည်း တအာင်းတပ်မတော် (TNLA) သည် နမ့်ခမ်းမြို့နယ်၊ နောင်အင်ကျေးရွာတွင် အခြေစိုက်ထားသော စစ်ကောင်စီ၏ “တာကွန့်တပ်စခန်း” အား အပြီးသတ်ချေမှုန်းသိမ်းပိုက်ခဲ့ပြီး ကိုးကန့်တပ်မတော် (MNDAA) မှ ကိုးကန့်ခရိုင်၊ တုန်းရှမ်းဒေသရှိ “ခုတ်ထန် တပ်စခန်း” နှင့် ရှီးရှမ်းဒေသရှိ “ရှင်းဖောက်လုပ်တပ်စခန်း” (၂) ခုအား အပြီးသတ်ချေမှုန်းသိမ်းပိုက်ခဲ့သည်။ စစ်ကောင်စီသည် ၎င်း၏ “ခုတ်ထန်တပ်စခန်း” အား (၆) နာရီကြာ ခုခံကာကွယ်ခဲ့ပြီးနောက် မိမိတို့တပ်ဖွဲ့ဝင်များ၏ ပေးဆပ်မှုများစွာဖြင့် အဆုံးသတ်တိုက်ပွဲကို အောင်မြင်စွာ ဖော်ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။

ညီနောင် (၃) ဖွဲ့၏ စစ်ဆင်ရေးဆင်နွှဲနေသည့် နေရာဒေသများနှင့် တခြားသော စစ်ဆင်ရေးဆက်စပ်နေရာဒေသများတွင် စစ်ကောင်စီသည် ၎င်းတို့ နေ့စဉ်ရက်ဆက် လက်လွတ်ဆုံးရှုံးနေရသည့် မြို့ကြီးများကို ပြန်လည်ရယူနိုင်ရေးအတွက် အလွန်ဖျက်အားပြင်းသော လက်နက်ကြီး များဖြင့် လေကြောင်းတိုက်ခိုက်မှုကို အဆုံးစွန် အားထားနေရပြီး ရက္ခိုင်ဒေသမှာဆိုလျှင်ပင် ရေကြောင်းတိုက်ခိုက်မှုများကိုပါ ပြုလုပ်လာသည်ကို တွေ့လာရသည်။
အဘက်ဘက်မှ ရှုံးနိမ့်နေသည့် စစ်ကောင်စီသည် စစ်ရေးရင်ဆိုင်မှုကို စစ်မျက်နှာစာများတွင် ပြန်လည်ခုခံနိုင်ခြင်းမရှိတော့ဘဲ ကြည်း၊ ရေ၊ လေ ထိုးစစ်များဖြင့် အရပ်သားပြည်သူများအား ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်မှတ်ထားတိုက်ခိုက်သော စစ်ရာဇဝတ်မှုများကို ကျူးလွန်နေခြင်းနှင့် အရပ်သားပြည်သူများနေထိုင်ရာ မြို့များကို လေးဘက်လေးတန် ဝိုင်းရံပိတ်ဆို့ကာ လူသားဒိုင်းကာအဖြစ် အသုံးပြုသော တန်ပြန်ထိုးစစ်များ ဖြင့် တုန့်ပြန်နေခြင်းသည်ပင်လျှင် နိုင်ငံတကာစစ်ဥပဒေနှင့် ပြောင်ပြောင်တင်းတင်း ဆန့်ကျင်နေသော လုပ်ရပ်ဖြစ်သည်။

လက်ရှိတိုက်ပွဲများဖြစ်ပွားနေသော ကိုးကန့်၊ တအာင်းနှင့် ရက္ခိုင်ဒေသတွင်း အပါအဝင် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် တိုက်ပွဲများမှာ တစ်ရက်ပြီးတစ်ရက်ပြင်းထန်နေခြင်းနှင့်အတူ စစ်ကောင်စီ တပ်စခန်းများအား တစ်ခုပြီးတစ်ခု သိမ်းပိုက်ပြီး မိမိတို့၏စစ်ရေးရည်မှန်းချက်များအား အကောင်အထည်ဖော်လျက်ရှိသည်။ ဤသည်မှာ “Nationwide Operation” ၏ ပထမဆုံးအဆင့်ပင်ဖြစ်သည်။

မိမိတို့၏စစ်ဆင်ရေးနှင့် နောက်ဆက်တွဲသတင်းများရှိပါက အချိန်နှင့်တပြေးညီ ဆက်လက်တင်ပေးသွားပါမည်။

ညီနောင်မဟာမိတ် (၃) ဖွဲ့
MNDAA + TNLA + AA

Summary of the combat the PSLF/TNLA engaged in as part of “Operation 1027” in Ta’ang State on November 16Ta’ang State, N...
17/11/2023

Summary of the combat the PSLF/TNLA engaged in as part of “Operation 1027” in Ta’ang State on November 16

Ta’ang State, November 16
Operation 1027

1. Brigade (4) Military Territory: The Palaung State Liberation Front/Ta’ang National Liberation Army (PSLF/TNLA) seized the base of the Man Lwin militia group under the junta’s military in Hseni Township at 8:20 PM today.

2. Brigade (1) Military Territory: The PSLF/TNLA seized the junta military’s Tar Kun camp in Nawngin village, Namhkam Township at 10:50 AM today.

3. Brigade (1) Military Territory: Clashes broke out between the junta’s military and PSLF/TNLA near Kyin San Kyawt junction, Muse Township at 11:43 AM this morning.

4. Brigade (2) Military Territory: Clashes broke out between the PSLF/TNLA and junta’s military near a road junction in Nawng Pein village, Kyaukme Township, at 8:25 AM this morning!

5. Brigade (2) Military Territory: Junta’s military fired at least 6 artillery shells from its Than Bo camp in Nawnghkio Township, into Sin Phyu Yay village at 4:15 AM this morning.

6. Brigade (5) Military Territory: Junta’s military fired 16 artillery shells from its camp in Namhpatkar into the areas of Tee Mar and Ho Maw villages at around 5:30 AM today.

Up to the 21st Day of “Operation 1027” that our Three Brotherhood Alliance coordinated, the PSLF/TNLA seized Namhkam, Manton Towns and over 40 bases of the enemy, as well as seized arms and ammunition.
The Operation 1027 of Three Brotherhood Alliance seized Hpawnghseng, Kyu Koke, Mone Koe, Chinshwehaw, Kunlong, Namhkam, and Manton Towns, and the operation has also seized over (150) enemy bases. The enemy suffered over a hundred casualties and lost armoured vehicles, military trucks, military equipment and piles of arms and ammunition. Over 300 troops from Light Infantry Battalion 431, and Light Infantry Battalion 129 under the Light Infantry Division 99 of the junta’s military surrendered and took refuge in the people’s embrace.
Besides, the junta’s military suffered over a hundred of casualties, including the commander and deputy commander of Light Infantry Battalion 425, in “Operation 1111”. The revolutionary forces seized many bases of the enemy, including the Loikaw city, and 38 junta’s military troops surrendered.

/TNLA
&_Information_Department

နမ့်ခမ်းမြို့ နောင်အင်ကျေးရွာရှိ တာကွန့် တပ်စခန်း သိမ်းရပုံ
16/11/2023

နမ့်ခမ်းမြို့ နောင်အင်ကျေးရွာရှိ တာကွန့် တပ်စခန်း သိမ်းရပုံ

Address

Lashio
06304

Telephone

+959798230168

Website

Alerts

Be the first to know and let us send you an email when Ta'ang Land posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share