Unit-K

Unit-K Unified Network For Instant Task- Karenni

ရှေ့တန်း ကယ်ဆယ်ရေး လုပ်ငန်းတွေမှာလဲအတတ်နိုင်ဆုံးပူးပေါင်းပါဝင်အားဖြည့်နေပါတယ်🤗တစ်ခါလေ အခက်ခဲတွေနဲ့ကြုံရတဲ့အခါ ကားပြင်စရိ...
08/08/2026

ရှေ့တန်း ကယ်ဆယ်ရေး လုပ်ငန်းတွေမှာလဲ

အတတ်နိုင်ဆုံးပူးပေါင်းပါဝင်အားဖြည့်နေပါတယ်🤗

တစ်ခါလေ အခက်ခဲတွေနဲ့ကြုံရတဲ့အခါ ကားပြင်စရိတ်တွေ

ဆီဖိုးတွေမလုံလောက်လို့ ရပ်နားနေရတဲ့ အခြေနေတွေလဲ

ရှိနေတာမို့ Ambulance ပြင်ဆင်ထိန်းသိမ်းစာရိတ်တွေလဲ

အားဖြည့်ကူဖို့ အစဥ်မြဲဖိတ်ခေါ်ပါတယ်.....🥰🥰



အလှူရှင်များကိုယ်စား စာသင်ကျောင်းနံရံအကာပြုပြင်ခြင်း နှင့် ကလေးငယ်များအတွက် စာအုပ် ၂၅ ဒါဇင်ကို မျှဝေနိုင်ခဲ့ပါတယ်ဗျ...🥰 ...
05/08/2026

အလှူရှင်များကိုယ်စား

စာသင်ကျောင်းနံရံအကာပြုပြင်ခြင်း နှင့် ကလေးငယ်များအတွက် စာအုပ် ၂၅ ဒါဇင်ကို မျှဝေနိုင်ခဲ့ပါတယ်ဗျ...🥰



 #သက်လုံ
01/08/2026

#သက်လုံ

❗️အရေးကြီးတာမို့ R C S လေးလုပ်ပေးကြဖို့ တောင်းဆိုချင်ပါတယ်❗️

“သက်လုံ” ကမ်ပိန်း

“သက်လုံ ကောင်းကြဆဲမလား”

ကျွန်တော်တို့ လုကာအဖွဲ့သူ၊ အဖွဲ့သားများကတော့ ယနေ့အချိန်အထိ သက်လုံကောင်းကောင်းနဲ့ တော်လှန်ရေးတာဝန်များကို ထမ်းဆောင်ရင်း ရှေ့ဆက်လျှောက်လှမ်းနေကြဆဲ ဖြစ်ပါတယ်။

ဆရာဝန်များ၊ သူနာပြုများ၊ ကုသထောက်ကူဝန်ထမ်းများနှင့် ကျန်းမာရေးပညာရှင်များအားလုံး လက်တွဲညီညီဖြင့် အားတက်သရော ဆောင်ရွက်လာခဲ့ရာ ယခုအခါတွင်-

▪️ဆေးရုံ (၂) ရုံ
▪️ဆေးခန်း (၂) ခန်းကို

ဖွင့်လှစ်လည်ပတ်လျက်ရှိပြီး စစ်ဘေးရှောင်ပြည်သူများနှင့် ရှေ့တန်းရဲဘော်များအတွက် မရှိမဖြစ်လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို အစဉ်အဆက်မပြတ် ပေးအပ်လျက်ရှိပါတယ်။

“သက်လုံ” ကမ်ပိန်းဟာ လုကာဆေးရုံရဲ့ တစ်နှစ်လျှင် တစ်ကြိမ်သာ ပြုလုပ်သော ရန်ပုံငွေရှာဖွေရေးကမ်ပိန်း ဖြစ်ပါတယ်။

ကမ်ပိန်းမှ ရရှိလာမယ့် ရန်ပုံငွေတွေဟာ အသက်ပေါင်းများစွာကို ကယ်တင်ပေးနိုင်မည့် အင်အားဖြစ်သလို၊ ရှေ့ဆက်ရဦးမည့် ခက်ခဲရှည်လျားသော တော်လှန်ရေးခရီးအတွက် “သက်လုံ” အားဆေးတစ်ခွက်လည်း ဖြစ်လာမည်ဟု ယုံကြည်ပါတယ်။

🔺မျှော်မှန်းရန်ပုံငွေ – ကျပ်သိန်း (၆,၆၀၀)

🔺ကမ်ပိန်းကာလ – ဩဂုတ်လ (၁) ရက်နေ့မှ စက်တင်ဘာလ (၁၅) ရက်နေ့အထိ (တစ်လခွဲတိတိ)

တော်လှန်မိဘပြည်သူများအားလုံး၏ ပံ့ပိုးဝန်းရံမှုများနှင့်အတူ ကျွန်တော်တို့ လုကာအဖွဲ့ကြီးဟာသက်လုံကောင်းကောင်းဖြင့် ရှေ့ဆက်
လျှောက်လှမ်းသွားနေဦးမှာပဲ ဖြစ်ပါတယ်။

“သက်လုံ” ကမ်ပိန်းတွင် ပါဝင်အားဖြည့်ပေးကြပါဖို့ မေတ္တာရပ်ခံလိုက်ရပါတယ်ခင်ဗျာ။

#သက်လုံ
#လုကာဆေးရုံ
#နွေဦးလူထုရန်ပုံငွေ

လကုန်ရက်လေးမှာ ကလေးဦးရေ ( ၄၅ )  ဦးနဲ့ ဆရာ/မ ( ၅ ) ဦးသာရှိတဲ့စစ်ရှောင်စာသင်ကျောင်းလေးအတွက် လိုအပ်ချက်လေးအနည်းငယ်ကို ဝိ...
31/07/2026

လကုန်ရက်လေးမှာ

ကလေးဦးရေ ( ၄၅ ) ဦးနဲ့ ဆရာ/မ ( ၅ ) ဦးသာရှိတဲ့

စစ်ရှောင်စာသင်ကျောင်းလေးအတွက် လိုအပ်ချက်လေး

အနည်းငယ်ကို ဝိုင်းဝန်းကူညီပေးကြဖို့ ဖိတ်ခေါ်ပါရစေ 🥰

အောက်မှာဖော်ပြထားတဲ့အရာလေးတွေအတွက်

မိမိ တတ်နိုင်တဲ့ ငွေပမာဏလေးနဲ့ ပါဝင်နိုင်ပါတယ်ဗျ🥰



လမ်းခရီးအခြေအနေ အမျိုးမျိုးကြောင့်ကျောင်းသုံးဖတ်စာအုပ် တွေ အခုမှ ရောက်လာလို့ကလေးတွေဆီကို အပ်ပေးလိုက်ပါပြီဗျ 🥰🥰အလှူရှင်တစ...
29/07/2026

လမ်းခရီးအခြေအနေ အမျိုးမျိုးကြောင့်

ကျောင်းသုံးဖတ်စာအုပ် တွေ အခုမှ ရောက်လာလို့

ကလေးတွေဆီကို အပ်ပေးလိုက်ပါပြီဗျ 🥰🥰

အလှူရှင်တစ်ယောက်စီကို ကျေးဇူးအထူးတင်ရှိပါတယ်

🥰🥰🥰



Hello ! အားလုံးဘဲ မင်္ဂလာပါဒီနေ့ စစ်ရှောင်တစ်ခုမှာ အဟာရသွားကျွေးရင်း သူတို့ကျောင်းလေးကိုတွေ့ခဲ့ရတာ တကယ်ကို အခက်ခဲ အများက...
17/07/2026

Hello ! အားလုံးဘဲ မင်္ဂလာပါ

ဒီနေ့ စစ်ရှောင်တစ်ခုမှာ အဟာရသွားကျွေးရင်း
သူတို့ကျောင်းလေးကိုတွေ့ခဲ့ရတာ တကယ်ကို
အခက်ခဲ အများကြီးနဲ့ပါ အခက်ခဲအများကြီးထဲကမှ
ကျောင်းလေးကို သင်ထောက်ကူ လေးတွေ ကူပေးကြ
ရအောင်ဗျာ.....🥰

KG ခန်းဆိုရင်လဲ ဘာ ရုပ်ပြပုံတစ်ခုမှ
မရှိတာမို့ သူတို့အတွက် အဓိကထားပြီး ကူပေးစေ
ချင်ပါတယ်ဗျ 🥰

သူတို့တွေကို ကူပေးမယ်ဆိုရင် cb မှာ ဆက်သွယ်
လာပေးကြပါဗျ...🥰 ဂုဏ်ပြုမှတ်တမ်းလဲ ပြန်ထုတ်ပေးပါမယ်ဗျ 🥰


14/07/2026

"Save Lives,Be A Hero'' ကမ်းပိန်းရဲ့ အဓိက

ရည်ရွယ်ချက်က ရှေ့တန်း နဲ့ ဆေးရုံ ကြားမှာ

အသက်တွေကို သေမင်းနဲ့ အပြိုင်ယှဥ်လုနိုင်ဖို့

အဓိက ရည်ရွယ်တာဖြစ်လို့ မလိုအပ်ဘဲ အသက်တွေ

မဆုံးရှုံးရအောင် အသက်ကယ် ကမ်းပိန်းမှာ

ပါဝင်အားဖြည့်ပေးကြပါ....💙




ကျွန်တော်တို့ Medical Team အရင်လိုစစ်ရှောင်ပြည်သူတွေကို ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ဖို့အတွက် ဆေးဝါးအလှူရှင်များ လ...
11/07/2026

ကျွန်တော်တို့ Medical Team အရင်လို

စစ်ရှောင်ပြည်သူတွေကို ကျန်းမာရေး စောင့်ရှောက်မှု

ပေးနိုင်ဖို့အတွက် ဆေးဝါးအလှူရှင်များ လိုအပ်လျက်

ရှိနေပါတယ်ဗျ....🥰🥰

Our Medical Team is in need of medicine donors so that we can continue providing essential healthcare services to internally displaced people (IDPs), just as we have done before.

Your generous support will help us reach those who need medical care the most. Thank you for standing with us. 🥰🥰





Address

Everywhere
Loikaw

Website

Alerts

Be the first to know and let us send you an email when Unit-K posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share