KNDF - Karenni Nationalities Defence Force

KNDF - Karenni Nationalities Defence Force Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from KNDF - Karenni Nationalities Defence Force, Armed forces, Loikaw.
(415)

KNDF - Karenni Nationalities Defence Force (ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်ဖွဲ့) ၏ တရားဝင် page ဖြစ်ပါသည်။

ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) ၏ နိုင်ငံရေး လမ်းညွှန်မှုကို ခံယူသည့် တပ်ဖွဲ့အဖြစ် KNDF ကို ၂၀၂၁ မေလ ၃၁ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။

အကြမ်းဖက် စစ်ကော်မရှင် စစ်ကြောင်းအား ချေမှုန်းတိုက်ခိုက်ခြင်း၂၀၂၆ ခုနှစ်၊ မတ်လ (၁၇) ရက်နေ့တွင် ထားလဲ -နန်းဖဲလမ်းမကြီးပေါ...
20/03/2026

အကြမ်းဖက် စစ်ကော်မရှင် စစ်ကြောင်းအား ချေမှုန်း
တိုက်ခိုက်ခြင်း

၂၀၂၆ ခုနှစ်၊ မတ်လ (၁၇) ရက်နေ့တွင် ထားလဲ -နန်းဖဲ
လမ်းမကြီးပေါ်တွင် စစ်ကြောင်းထိုး၍ လမ်းလုံခြုံရေး ယူနေသော စစ်ကော်မရှင်တပ်များအား ကရင်နီတော်လှန်ရေးတပ်ဖွဲ့များမှကြားဖြတ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဘက်မှ (၇)ဦးခန့်သေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တိုက်ပွဲအတွင်း မိမိတို့ဘက်မှ လိုက်လံချေမှုန်းခဲ့ရာ စစ်ကော်မရှင်တပ်ဖွဲ့များ ဖရိုဖရဲဖြစ်ကာ ဆုတ်ခွာသွားခဲ့ပြီး လက်နက်(၅)လက် နှင့်
ခဲယမ်းပစ္စည်းများ သိမ်းဆည်းရရှိခဲ့ပါသည်။

အလားတူ ဖေဖော်ဝါရီလ(၂၇)ရက်နေ့တွင်လည်း အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းအား နန်းဖဲကျေးရွာ အနီးတွင် မိမိတို့တပ်များမှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်ဘက်မှ ထိခိုက်သေဆုံးမှုအချို့ရှိခဲ့ပြီး လက်နက်ငယ် (၁)လက်ကို တော်လှန်ရေးတပ်ဖွဲ့များဘက်မှ သိမ်းဆည်းရမိခဲ့ပါသည်။

စစ်ကောင်စီတပ်သည် ရှမ်းပြည်နယ်တောင်ပိုင်းမှ စတင်သော ရန်နိုင်မင်းစစ်ဆင်ရေးဖြင့် ဖရူဆို-ဘောလခဲ-ဖားဆောင်းသို့ စစ်ကြောင်းထိုးရာ လမ်းကြောင်းတစ်လျှောက်ရှိ မြို့များအားထိန်းချုပ်နိုင်ပြီဟု တစ်ဖက်သပ် ကြွေးကြော်နေသော်လည်း ၎င်းတို့၏ မြေပြင်စစ်ကြောင်းများ ချေမှုန်းခံရခြင်း၊ယာဉ်တန်းများ တိုက်ခိုက် ဖျက်ဆီးခံရခြင်းတို့ဖြင့် ကြုံတွေ့နေရပြီး
မြေပြင်တပ်သားများမှာလည်း ထိခိုက်သေဆုံးမှု များပြားလျှက်ရှိသည်။

မြေပြင်တိုက်ပွဲတွင် ၄င်းတို့ဘက်မှ
ထိခိုက်မှုကျဆုံးမှုများပြား၍ အရှက်မဲ့စွာ လေကြောင်းဖြင့်အရပ်သားပြည်သူများ၏ နေရာများအား ပစ်မှတ်ထားတိုက်ခိုက်လျှက်ရှိနေ ၍ ပြည်သူများအနေဖြင့် လေကြောင်းရန်အထူးသတိပြုကြပါရန် အထူးတိုက်တွန်း အပ်ပါသည်။

ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန
ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDF

ဆက်သွယ်ရန်- +၆၆၈၁၉၇၅၈၇၇၀ ၊ +၉၅၉၄၀၁၄၆၁၄၈၀

14/03/2026

၂၀၂၆ ခုနှစ် ၊ မတ်လ (၅) ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီ၏ ဘတ်ဟိုး (လမ်းပြင်ရန် မြေကော်စက်) ယာဥ်ပါ ယာဥ်တန်းမှာ ဖရူဆို - ထားလဲ လမ်းမကြီးပေါ်သို့ စစ်ကြောင်းထိုး၍ ရောက်ရှိလာပြီး မိမိတို့ တော်လှန်ရေးတပ်များမှ ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့သည့် မှတ်တမ်းအား ထုတ်ပြန် အပ်ပါသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် (၃)ဦးခန့်သေဆုံး၍ ဒဏ်ရာရရှိသူများရှိခဲ့ပြီး လမ်းထိုးရန် လိုက်ပါလာသော ဘတ်ဟိုးအား ပျက်ဆီးသည်အထိ ချေမှုန်းတိုက်ခိုက်နိုင်ခဲ့ပါသည်။

ဒီးမော့ဆို- ဖရူဆို- ဘောလခဲ လမ်းမကြီး တစ်လျှောက်တွင် စစ်ကောင်စီတပ်များနှင့် မိမိတို့တော်လှန်ရေးတပ်များအကြား ထိတွေ့တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်ပွားနေခဲ့ပြီး ခုခံကာကွယ်စစ်ကို ထိ​ရောက်စွာ ပူးပေါင်းဆောင်ရွက်လျှက်ရှိပါသည်။

ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF

09/03/2026

စစ်မီးတောက်လောင်နေသည့် ကရင်နီ‌မြေပြင်၏ အရှေ့တန်းစစ်မျက်နှာသို့ စစ်ကူသွားရန်ချီတက်လာသော စစ်ကောင်စီတပ်သား 11 ဦး။ လူသူကင်းမဲ့‌သော စစ်ပြေးရှောင် ကျေးရွာများကြားဖြတ်သန်းလာစဉ် သူတို့သည်လျှို့ဝှက်ချက်များစွာရှိသည့် ဖြစ်ရပ်တစ်ခုနှင့်ထိပ်တိုက်ကြုံတွေ့ပြီးနောက်တွင် သူတို့တစ်ဦးချင်းစီ၏ အတိတ်ဆိုးများ၊အမှောင်ဖုံးနေသော စိတ်ရိုင်းများနှင့် အမှန်တကယ်ကြောက်မက်ဖွယ်ကောင်းသည့် သဘာဝလွန်ဖြစ်ရပ်များ တစ်ခုပြီးတစ်ခုပေါ်ပေါက်လာသည်။၎င်းတို့ရောက်ရှိနေ့သည့်နေရာဒေသသည် ရိုးရိုးသာမန်ရွာလော၊သို့မဟုတ် သူတို့အတွက်အဖြစ်ဆိုးစေမည့် ငရဲခန်းဖြစ်မည်လော။စစ်ပွဲ၏မြင်ကွင်းနှင့်ထိတ်လန့်ဖွယ်ရာ horror အငွေ့သက်များကိုပေါင်းစပ်ထားသည့် ဤဇာတ်ကားသည် ကြည့်ရှုသူပရိသတ်တွေကိုရင်တမမဖြင့် အဆုံးထိဆွဲခေါ်သွားမည်ဖြစ်သည်။..................................................................................................
ကရင်နီကလူငယ်တွေရဲ့ ဖန်တီးမှုကြီးကိုဒီလ(၂၈)ရက်နေ့ မှာ အားရပါးရ ထိတွေ့ခံစားခွင့်ရတော့မှာပဲဖြစ်ပါတယ်

(၂၈)ရက်နေ့ချင်းမိုင်မှာပြမယ့်ပွဲမှာ အားလုံးနဲ့တွေ့ဆုံပါရစေခင်ဗျ 🙆
Ticket 🎫 တစောင် -250 Baht
ဒါက Trailer ကြည့်ချင်သူများအတွက် link လေးပါ👇
https://www.facebook.com/reel/1092074283072028/
လက်မှတ်ကို အောက်က Link တွေမှာ သွားရောက်ဝယ်ယူနိုင်ပါတယ်။
Karenni Zone
https://www.google.com/.../data=!3m1!4b1!4m6!3m5...
Free Bird Cafe CNX Donation Center and Thrift Store
https://www.google.com/.../data=!3m1!4b1!4m6!3m5...
Memories Of Chiang Mai
https://www.google.com/.../data=!3m1!4b1!4m6!3m5...
Location 🌎 & Show Time ⏰ ကိုတော့ Ticket ပေါ်မှာဖော်ပြထားပေးပါတယ်။
အသေးစိတ်သိရှိလိုပါက Page Messenger မှာစုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။
Ph-093 745 7602
Ph-095 578 7218
လေးစားစွာဖြင့် 💫
The Ex*****on Film Team 🎥
______________________________________________________________________
🎬 **A Truly Unforgettable Filming Experience**
One of the most memorable moments during the filming of *The Ex*****on* was the challenging environment we had to work in.
Many of our actors were actually frontline fighters — guarding at night and filming during the day. It was incredibly demanding, but everyone gave their absolute best. 😊
There were times when the sound of heavy weapons forced us to pause filming again and again. Some scenes were shot near villages, and even though we informed the locals in advance and asked for permission, people would still run away when filming started. 😁
What made it even tougher was the limited equipment and resources available for the production. 🙂
Despite all these difficulties, our team worked tirelessly to create the film exactly the way we envisioned it. We truly hope the audience will feel the passion, effort, and emotion that went into every scene. 💫
We warmly invite you to join us at the **special screening in Chiang Mai on the 28th**, where we look forward to meeting all of you in person. 🙆
🎫 **Ticket Price:** 250 Baht
▶ **Watch the Trailer:**
https://www.facebook.com/reel/1092074283072028/
🎟 **Tickets are available at the following locations:**
Karenni Zone
https://www.google.com/.../data=!3m1!4b1!4m6!3m5...
Free Bird Cafe CNX Donation Center and Thrift Store
https://www.google.com/.../data=!3m1!4b1!4m6!3m5...
Memories Of Chiang Mai
https://www.google.com/.../data=!3m1!4b1!4m6!3m5...
📍 **Location** & ⏰ **Show Time** will be stated on the ticket.
For more information, please contact us via **Page Messenger**.
📞 093 745 7602
📞 095 578 7218
With appreciation,
💫 **The Ex*****on Film Team** 🎥

၂၀၂၆ ခုနှစ်၊ မတ်လ (၈) ရက်နေ့၌ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် ကမ္ဘာတစ်ဝန်းလုံးရှိ အမျိုးသမီးများနှင့်...
08/03/2026

၂၀၂၆ ခုနှစ်၊ မတ်လ (၈) ရက်နေ့၌ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် ကမ္ဘာတစ်ဝန်းလုံးရှိ အမျိုးသမီးများနှင့်အတူ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၏ ကဏ္ဍအသီးသီးတွင် ပါဝင်နေကြသည့် အမျိုးသမီးရဲဘော်များကို ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

တော်လှန်ရေး ​ခရီးစဉ်တစ်လျှောက်တွင် အမျိုးသမီး ရဲဘော်များမှာ ရှေ့တန်းတိုက်ခိုက်ရေးနှင့် စစ်ရေးကဏ္ဍများတွင် ထူးချွန်စွာတာဝန်ထမ်းဆောင်ခြင်း နှင့်အတူ ကျန်းမာရေး၊ ပညာရေး၊ လူသားချင်းစာနာထောက်ထားမှုနဲ့ မိသားစုရေးရာ ကဏ္ဍများတွင် လည်း စွမ်းစွမ်းတမံ ဆောင်ရွက်နေသည့် KNDF အမျိုးသမီးရဲဘော်များနှင့်အတူ နယ်ပယ်အသီးသီးရှိ အမျိုးသမီးများအားလုံးကို မိမိတို့ KNDF မှ အစဥ်လေးစားဂုဏ်ပြုပါသည်။

ခေတ်အဆက်ဆက် ဖိနှိပ်မှုများကို ပုံစံမျိုးစုံနှင့် ဆန့်ကျင်တွန်းလှန်ပြီး မတရားမှုကို ဆန့်ကျင်ခဲ့သည့် အမျိုးသမီးထု၏ စိတ်ဓာတ်များကို အရင်းခံကာ ယနေ့တော်လှန်ရေးတွင်လည်း ရဲရဲဝံ့ဝံ့ ရှေ့တန်းမှ ရပ်တည်နေသူများအပြင် နောက်ကွယ်မှ ပံ့ပိုးပေးနေသော မိခင်များ ၊ အိမ်ထောင်ရှင် ဇနီးများနှင့် အမျိုးသမီးထုတစ်ရပ်လုံး၏ အားပေးကူညီမှုများမှာကျွန်ုပ်တို့တော်လှန်ရေးအတွက် အစားထိုး၍ မရသော ခွန်အားများဖြစ်ပါသည်။

ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် -KNDF

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်၏ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ် သတင်းစကား။
08/03/2026

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်၏
အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ် သတင်းစကား။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF ၏ တပ်ဖွဲ့ဝင် ရဲဘော်တစ်ဦး၏ "မလွတ်ကင်းသောနွေ " ခေါင်းစဥ်ဖြင့် ရေးဖွဲ့ထားသော ကဗျာတစ...
06/03/2026

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF ၏ တပ်ဖွဲ့ဝင် ရဲဘော်တစ်ဦး၏ "မလွတ်ကင်းသောနွေ " ခေါင်းစဥ်ဖြင့် ရေးဖွဲ့ထားသော ကဗျာတစ်ပုဒ်အား တော်လှန်သူတို့ကဗျာ အစီအစဥ်ဖြင့် ဖော်ပြပေးလိုက်ပါသည်။

**** မလွတ်ကင်းသောနွေ ****

သွေးသစ်လောင်းလို့ သွန်းကြသည်။
စိတ်ဝိညာဥ်ကိုလွန်၊ အသက်တို့ကိုလှူ၊
သွေးချောင်းတန်းတန်း၊ ခန္ဓာသေကြွယ်။
ဒီပွဲဟာ မိရိုးဖလာ၊ ဘယ်တော့လွတ်မလဲ
ဘယ်တောင်ကိုဖြို၊ ဘယ်ကမ်းကိုကပ်
ဘယ်လမ်းကိုလျှောက်ရပါ့။
ဟိုပိတ်အဖြူအောက်ခို၊ ဒီပိတ်အပြာကိုလှုံ
ဦးခေါင်းတွေကိုနီစေ။
တောပန်းလေးတွေဝေစေ။
များများတွေးချင်ရင် ဒီစာကိုဖတ်။
ငါ့ခေါင်းအဖြူ မင်းဆီကူးစက်စေ။

သွေကြောစိမ်းစိမ်းလေးတွေပြေး
ငါ့လက်သေးသေးလေးတွေ အေးလို့
ဦးနှောက်သေးသေးလေးတွေ တွေး
ငါရူးပြီ....ငါရူးပြီ.....
နွေပူပူမှာ ငါ့အတွေးတွေခြောက်ခြား
နွေဦးညတွေကရိုက်ခတ်
အလွမ်းတွေနွေးနွေး
သောက်လက်စကော်ဖီလေးလဲခမ်း
ငါဆွေးပြီ....ငါဆွေးပြီ.....
နွေဥတုကိုမုန်းသည်။
နွေဥတုမှာရူးသည်။
နွေဥတုမှာဆွေးရသည်။
တောင်လေအေးလဲမကယ်နိုင်တဲ့
ငါ့သောကတွေ ငါမနှစ်သက်တော့ပြီ။

ဖရူဆို- ထားလဲ- နန်းဖဲ-ဘောလခဲ လမ်းမကြီးအား လုံးဝအသုံးပြုသွားလာခြင်းမပြုလုပ်ကြပါရန် အရေးပေါ်အသိပေးခြင်း၂၀၂၆ ခုနှစ် ၊ ဖေဖော...
06/02/2026

ဖရူဆို- ထားလဲ- နန်းဖဲ-ဘောလခဲ လမ်းမကြီးအား လုံးဝအသုံးပြုသွားလာခြင်းမပြုလုပ်ကြပါရန် အရေးပေါ်အသိပေးခြင်း

၂၀၂၆ ခုနှစ် ၊ ဖေဖော်ဝါရီလ (၆)ရက်
စာအမှတ် KNDF/၁ /၂၀၂၆ (၀၀၁)

ကရင်နီပြည်နယ် ၊ ဒီးမော့ဆို -ဖရူဆို -ထားလဲ -နန်းဖဲ - ဘောလခဲ လမ်းမကြီး နှင့် လမ်းမကြီးပေါ်ဖြတ်သန်းသွားသည့် လမ်းသွယ်များအားလုံးအား မြေပြင်စစ်ရေးအခြေအနေအရ အ‌ရေးပေါ်အခြေအနေအဖြစ် သတ်မှတ်၍ ၂၀၂၆ ခုနှစ် ၊ ဖေဖော်ဝါရီလ (၆) ရက်နေ့မှစ၍ လုံးဝအသုံးပြုသွားလာခြင်းမပြုလုပ်ကြပါရန် အများပြည်သူအား အသိပေးအပ်ပါသည်။

စစ်ကောင်စီ၏ စစ်ကြောင်းအချို့မှာ ဖရူဆို- ထားလဲ လမ်းမကြီးအပေါ် နှင့် နန်းဖဲကျးရွာ ဖက်သို့ ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ (၅)ရက်နေ့မှစ၍ စစ်ကြောင်းထိုးလှုပ်ရှားလာနေသောကြောင့် မိမိတို့တော်လှန်ရေးတပ်များနှင့် ထိတွေ့မှုများရှိနေပြီး အများပြည်သူ များ အသုံးပြုသွားလာနေသော လမ်းကြောင်းများနှင့် နီးစပ်နေသည့် အခြေအနေများကြောင့် လုံခြုံရေးကို အလေးထား၍ အထက်ပါ လမ်းများအား လုံးဝအသုံးပြုသွားလာခြင်းမျိုး မပြုလုပ်ကြပါရန် အထူးမေတ္တာရပ်ခံပါသည်။

ဒီးမော့ဆို - ဖရူဆို -ထားလဲ -နန်းဖဲ- ဘောလခဲ လမ်းမကြီးနှင့် လမ်းမကြီးအပေါ် ဖြတ်သန်းသွားလာရသည့် လမ်းသွယ်များအားလုံးအား အထက်ပါမြေပြင် စစ်ရေးအခြေအနေများကြောင့် ၂၀၂၆ ခုနှစ် ၊ ဖေဖော်ဝါရီလ (၆) ရက်နေ့မှစ၍ ရက်အကန့်အသက်မရှိ ပိတ်ထားမည်ဖြစ်ကြောင်း လေးစားစွာ အသိပေးထုတ်ပြန်အပ်ပါသည်။

ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန
ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDF

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၂၄) ရက် မိုဆိုအစုလိုက် အပြုံလိုက်မီးရှို့သတ်ဖြတ်မှု မှတ်တမ်းရုပ်ရှင်။ သတိ​ပေးချက်။        ။ဤရုပ်ရှ...
24/12/2025

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၂၄) ရက် မိုဆိုအစုလိုက် အပြုံလိုက်မီးရှို့သတ်ဖြတ်မှု မှတ်တမ်းရုပ်ရှင်။

သတိ​ပေးချက်။ ။ဤရုပ်ရှင်မှတ်တမ်းတွင် စိတ်မချမ်းမြေ့ဖွယ်ရာ၊ ရုပ်သံများပါရှိသည်။

သတိ​ပေးချက်။ ။ဤရုပ်ရှင်မှတ်တမ်းအတွင်း စိတ်မချမ်းမြေ့ဖွယ်ရာ၊ ရုပ်သံများပါရှိသည်။

အရေးကြီးကာလ သတိပေးချက်။
19/12/2025

အရေးကြီးကာလ သတိပေးချက်။

15/12/2025
15/12/2025

"နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု" ဖွဲ့စည်းကြောင်းကြေညာခြင်း

ရက်စွဲ ။ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗျူဟာ အမှတ် (၆)၏ အပတ်စဥ် (၄) သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ခြင်း ၂၀၂၅ ခုနှစ် ၊ ဒီဇင်ဘာ...
15/12/2025

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗျူဟာ အမှတ် (၆)၏ အပတ်စဥ် (၄) သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ခြင်း

၂၀၂၅ ခုနှစ် ၊ ဒီဇင်ဘာလ (၁၅)ရက်

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗျူဟာ အမှတ် (၆)၏ အပတ်စဥ် (၄) အခြေခံစစ်သင်တန်းဆင်းပွဲ အခမ်းအနားအား ၂၀၂၅ ခုနှစ် ၊ ဒီဇင်ဘာလ (၁၃) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အပတ်စဥ် (၄)၏ အခြေခံစစ်သင်တန်းမှာ (၄)လတာကြာမြင့်ခဲ့ပြီး သင်တန်းသား /သင်တန်းသူ (၂၇၁)ဦးအောင်မြင်စွာ သင်တန်းတတ်ရောက်နိုင်ခဲ့ပြီး သက်ဆိုင်ရာ ဗျူဟာ ၊တပ်ရင်း များတွင် တော်လှန်ရေး တာဝန်များကို စစ်ပညာရပ် အရည်အသွေးပြည့်ဝစွာဖြင့် ထမ်းဆောင်ကြတော့မည် ဖြစ်ပါသည်။

ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန
ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDF

Address

Loikaw

Alerts

Be the first to know and let us send you an email when KNDF - Karenni Nationalities Defence Force posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category