21/05/2021
ကယားပြည်နယ်မှာ ပြည်သူတွေ အပြင်မထွက်ဖို့ ကာကွယ်ရေးတပ်တွေ သတိပေးနေပြီ ...
ယနေ့မနက် ဒေါငံခါးမှာ အပြန်အလှန်ပစ်နေချိန်
စစ်သားတွေ တပ်ချထားတဲ့
ဒီးမော့ဆိုမြို့နယ် ထွေ/အုပ်ရုံးနှင့်
အားကစားရုံနေရာများ၌ ဗုံးမိုးရွာ (10:00AMဝန်းကျင်)
နေ့လည် လွိုင်ကော် နောင်ယားရပ်ကွက်
ကြံ့ဖွတ်ရုံး ဗုံး(၂)လုံးကွဲ။
ဝန်ကြီးအိမ်ယာဖက် ဗုံး(၁)လုံးကွဲ။
အထိအခိုက် အကျအဆုံးစာရင်း အတည်မပြုနိုင်သေး
မနေ့က ကယားပြည်နယ်မှာ ကရင်နီတပ်မတော်
KNPP ရဲ့ သေနတ်ဖောက်သံအပြီးမှာ
ကယားပြည်နယ်တစ်ခုလုံးက CDF အဖွဲ့တွေ
တော်လှန်ရေးအတွက် အသင့်ဖြစ်နေကြပါပြီ။
ပြည်သူများ အပြင်မထွက်ကြရန် သတိပေးထားပါသည်။
Source: ကယား CDF