24/03/2023
ညောင်လေးပင်မြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ
=====================
ညောင်လေးပင်မြို့သည် မြန်မာနိုင်ငံ၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်၏ ရုံးစိုက်မြို့ဖြစ်သည်။ ညောင်လေးပင်မြို့နယ်သည် ပဲခူးတိုင်းအရှေ့ခြမ်း၏ အလယ်ဗဟိုအကျဆုံးနေရာတွင် တည်ရှိနေသည်။ ထို့ပြင် ပဲခူးတိုင်းဒေသကြီးအရှေ့ခြမ်း၏ ပို့ဆောင်ဆက်သွယ်ရေးအချက်အချာမြို့ကြီးများစာရင်းတွင်ပါဝင်သည်။
မော်တော်ကားလမ်းအားဖြင့် ပဲခူးမြို့ မှ ၄၈ မိုင်၊ ရန်ကုန်မြို့ ၈၂ မိုင်၊ နေပြည်တော်မြို့မှ ၁၄၀ မိုင်၊ မန္တလေးမြို့မှ ၃၃၂ မိုင်၊ တောင်ငူမြို့ မှ ၇၄ မိုင်ခန့် ကွာဝေးသည်။ အမှတ်(၁) ပြည်ထောင်စုအဝေးပြေးလမ်းမကြီး ( ရန်ကုန်-တောင်ငူ-မန္တလေး အဝေးပြေးလမ်း) မှာလည်း ညောင်လေးပင်မြို့လယ်ကို အလယ်ဗဟိုကျကျ ဖြတ်သန်းသွားကာ မိုင်တိုင်အမှတ် (၈၈ မိုင်/၀ ဖာလုံ) မှ စတင်၍ မိုင်တိုင်အမှတ် (၁၀၉ မိုင်/၀ ဖာလုံ) အထိ ၂၁ မိုင် ပါဝင်သည်။ ရန်ကုန်-မန္တလေး အမြန်လမ်း သည် မြို့၏ အနောက်ဘက် ၁၅ မိုင်ခန့်မျှမှ ဖြတ်သန်းဖောက်လုပ်သွားသည်။ သို့သော် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးနှင့် အဝေးပြေးလမ်းမကြီးတို့ကို ညောင်လေးပင်- ကျွန်းကုန်း- ဖဒို- မြို့ချောင်းလမ်း ဖြင့် ၂၄ မိုင် ဆက်သွယ်လမ်းဖြင့် ဆက်သွယ်ထားသည်။ ညောင်လေးပင်မြို့၏ မြောက်ဘက် ၂၈ ကီလိုမီတာခန့်တွင် ကျောက်တံခါးမြို့၊ တောင်ဘက် ၁၇ ကီလိုမီ တာခန့်တွင် ဒိုက်ဦးမြို့၊ အရှေ့ဘက် ၁၉ ကီလိုမီတာခန့်တွင် မဒေါက်မြို့ တို့တည်ရှိသည်။
တော်လှန်ရေးကောင်စီ လက်ထက်တွင် ညောင်လေးပင်မြို့တွင် မြူနီစီပယ်အဖွဲ့ရှိ၍ မြို့တွင်းကိစ္စရပ်များတို့ကိုဆောင်ရွက်ရသည်။ ညောင်လေးပင်နယ်တွင် ညောင်လေးပင်မြို့နယ်၊ ညောင်လေးပင်အနောက်မြို့နယ်(ကျောက်တံခါးမြို့နယ်)နှင့် ဒိုက်ဦးမြို့နယ်များ ပါဝင်လေသည်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ လက်ထက်မှစ၍ ညောင်လေးပင်မြို့နယ်သည် ပဲခူးခရိုင် အပိုင်မြို့နယ်တစ်ခုဖြစ်လာခဲ့သည်။ ညောင်လေးပင်အရှေ့မြို့နယ်တစ်ဝှမ်းလုံးမှာ အများအားဖြင့် ဆန်စပါးကို အဓိကထား၍ စိုက်ပျိုးသော လယ်ယာများသာဖြစ်သည်။ ညောင်လေးပင်အနောက်မြို့နယ်မှာမူ၊ ကုန်းမြင့်ဒေသများ၊ တောင်တန်းများဖြစ်၍ လယ်ယာလုပ်ကိုင်ကြသော်လည်း၊ အနည်းငယ်မျှသာဖြစ်သည်။ပဲခူးမြောက်ပိုင်း စပါးရောင်းဝယ်တင်ပို့ရာ ဗဟိုဌာနတစ်ခုဖြစ်၍ အတော်ပင်စည်ကားသည်။
ညောင်လေးပင်မြို့မှ အရှေ့ဘက် ၁၂ မိုင်ခန့်ဝေးသော မဒေါက်သို့ မီးရထားလမ်းခွဲတစ်ခုရှိ၍၊ မဒေါက်မှ စစ်တောင်းမြစ်ကို ဖြတ်ကူးလိုက်လျှင် ပဲခူးခရိုင်၊ရွှေကျင်မြို့နယ်၊ ရွှေကျင်မြို့သို့ရောက်ရှိနိုင်လေသည်။
ညောင်လေးပင် မြို့မဈေး
ညောင်လေးပင်မြို့မှာ နယ်ပိုင်ဝန်ထောက်ရုံးစိုက်သော မြို့ဖြစ်သည့်အားလျော်စွာ အစိုးရရုံးများ၊ ကျောင်း၊ ဆေးရုံ၊ ဈေးစသော အဆောက်အအုံများဖြင့် စည်စည်ကားကားရှိသည်။ မြို့နယ်မှာ စပါးအထွက်များသော နယ်ဖြစ်သည့်အပြင်၊ မီးရထားလမ်း၊ ကားလမ်းများရှိသောကြောင့် အရောင်းအဝယ်တွင်ကျယ်သည်။ ညောင်လေးပင်မြို့သည် လုဒ်(စ်)မယ်တော်သခင်မကျောင်း ကြောင့်ထင်ရှားကျော်ကြားရသည်။
ဒေသသမိုင်းအကျဉ်း
ညောင်လေးပင်မြို့ကို မည်သူမည်ဝါ တည်ထောင်ခဲ့သည်ဟုခိုင်လုံသောအထောက်အထားမရရှိသေးပါ။ရှေးအစဉ်အဆက်စကားအရ ဥသြငှက်ညောင်ပင်စိုက်ထို၌မြို့ရွာတည်လတ္တံဟုတစ်ဘောင်တစ်ခုရှိခဲ့သဖြင့် ၁၁၁၇ခုနှစ်၌ မြို့ရွာတည်ခဲ့သည်ဟု ယူဆရပါသည်။
ညောင်လေးပင်မြို့တည်သောနှစ်သည် ကုန်းဘောင်ခေတ်ထက်(၂)နှစ်ခန့်နောက်ကျတည်ခဲ့ကြောင်း မြို့နယ်သမိုင်းလေ့လာရေးပုဂ္ဂိုလ်များက အဆိုရှိပါသည်။ညောင်လေးပင်မြို့မှအရှေ့ဘက် (၄)မိုင်အကွာရှိ ပုဇွန်မြောင်းရွာအန်းအရှေ့အရပ်၌တည်ထားသောရှေးဟောင်းစေတီမှရရှိသည့် ရတနာခေတ်ဟောင်း ဒေါင်းဒင်္ဂါးများတွေ့ရှိခဲ့မှုအရ ၎င်းစေကီ(၃)ဆူကို တည်ထားသော ဘိုးတော်တပ်မှူးမှာ မင်းတုန်းမင်း၏တပ်မှူးတစ်ဦးဖြစ်ခြင်း၊မြင်းကွန်းမြင်းခုံတိုင်ညီနောင်ကို နှိမ်နှင်းရန်စေလွှတ်ရာမှ ပျဉ်းမနားတွင် မင်းသားညီနောင်နှင့်တွေ့ဆုံပြီး သစ္စာရေသောက်လိုက်ရသဖြင့် နေပြည်တော်သို့မပြန်ဝံ့ဘဲ အောက်ပြည်အောက်ရွာသို့ တိမ်းရှောင်ရင်း ညောင်လေးပင်မြို့၊ပုဇွန်ပြောင်းရွာသို့ရောက်ရှိကြောင်း အမှတ်အသားရှိပါသည်။
သမိုင်းပညာရှင်အချို့ကလည်း အနောက်ဘက်လွန်မင်း ပေါ်တူကီ၊ငဇင်ကာနှင့်နတ်ရှင်နောင်တို့ကိုနှိမ်နှင်းရန် ချီတက်ရာတွင် တောင်ငူမှသန်လျင်သို့ ပုဇွန်မြောင်းအရပ်တွင် မိုးကျသဖြင့်ရိက္ခာဖြည့်တင်းခဲ့ကြောင်း၊စစ်သားအချို့ ကျန်ရစ်ခဲ့ပြီး အညာဒေသမှအိုးလုပ်သောအတတ်ဖြင့် အသက်မွေးဝမ်းကြောင်းပြုလုပ်ခဲ့ကြသဖြင့် ယခုတိုင်ပုဇွန်မြောင်းအိုးသည် နာမည်ကြီးဖြစ်၍ အင်းဝခေတ်နောက်ပိုင်း၌တည်သည်ဟုယူဆနိုင်သည့်အပြင် ယခုတော်ဒီကျေးရွာ ရန်ကုန်-မန္တလေးကားလမ်းအနီး မင်းရဲလှကင်းတပ်မြို့၊ ဟံသာဝတီကင်းတပ်မြို့ (၃၂)မြို့အပါအဝင် အမှတ်အသားများကျန်ရှိသဖြင့် ဟံသာဝတီခေတ်တွင် ညောင်လေးပင်ဟူ၍မပေါ်ပေါက်သေးကြောင်း ယူဆရပါသည်။
ညောင်လေးပင်မြို့သည် (၁၉၁၁)ခုနှစ်၊ မြို့ပြဥပဒေပုဒ်မ၄အရ မြို့အဖြစ်သို့ရောက်ရှိခဲ့ပြီး ထိုစဉ်က (၁)ဘုရားကြီးရပ်၊ (၂)ဈေးပိုင်းရပ်၊(၃)လမ်းသစ်ရပ်၊ (၄)မြို့ပတ်ရပ်၊ (၅)ရွာမတောင်အရပ်၊(၆)ရွာမမြောက်အရပ်၊ (၇)ဗိုလ်ချုပ်ရပ်၊ (၈)ရွာမအနောက်အရပ်ဟူ၍ (၃၁-၁၀-၁၉၇၂)ရက်နေ့တွင် ရပ်ကွက်(၈)ခုဖွဲ့စည်းခဲ့ပြီး
ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာ(၁၀၈၄)အရ ညောင်လေးပင်မြို့ကို ရပ်ကွက် (၁/၂/၃/၄/၅)ဟူ၍ ဖွဲ့စည်းခဲ့ပါသည်။
တည်နေရာနှင့်
ညောင်လေးပင်မြို့နယ်သည် မြောက်လတ္တီတွဒ်၁၆ဒီဂရီ၅၉မိနစ်နှင့် ၁၈ဒီဂရီ ၁၂မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၆ဒီဂရီ ၃၆မိနစ်နှင့် ၉၆ဒီဂရီ ၅၃မိနစ်တွင် တည်ရှိပါသည်။
အကျယ်အဝန်း
ညောင်လေးပင်မြို့နယ်သည် ဧရိယာစတုရန်းမိုင်ပေါင်း(၂၈၂.၈၄)မိုင် ကျယ်ဝန်းပြီး အရှေ့မှအနောက်သို့ (၂၁)မိုင်နှင့် တောင်မှမြောက်သို့(၂၀)မိုင်ရှည်လျားပါသည်။
နယ်နမိတ်
ညောင်လေးပင်မြို့နယ်၏ အရှေ့ဘက်တွင် စစ်တောင်းမြစ်နှင့် ရွှေကျင်မြို့နယ်၊တောင်ဘက်တွင်ဝေါမြို့နယ်နှင့် ဒိုက်ဦးမြို့နယ်၊အနောက်ဘက်တွင် ဒိုက်ဦးမြို့နယ်၊ကျောက်တံခါးမြို့နယ်၊မြောက်ဘက်တွင် ကျောက်တံခါးမြို့တို့နှင့် နယ်နမိတ်ချင်းထိစပ်လျှက်ရှိပါသည်။
မြေမျက်နှာသွင်ပြင်
ညောင်လေးပင်မြို့နယ်၏ မြေမျက်နှာသွင်ပြင်မှာ ပင်လယ်ရေမျက်နှာပြင်အောက် (၅၀)ပေနိမ့်သောဒေသများဖြစ်ပြီး အရှေ့ဘက်ခွင် ရှမ်းရိုးမတောင်တန်းများ၊ အနောက်ဘက်တွင် ပဲခူးရိုးမတောင်တန်းများ တည်ရှိကာ ရန်ကုန်-မန္တလေးမီးရထားလမ်းတို့သည် အနိမ့်ဘက်ခြမ်းတွင်တည်ရှိပါသည်။
ရေဆင်း
ညောင်လေးပင်မြို့နယ်တွင် မြစ်ချောင်းများပေါများသည့် ဒေသတစ်ခုဖြစ်ပြီး မြစ်ချောင်းများသည် အများအားဖြင့်မြောက်မှတောင်သို့ စီးဆင်းလျှက်ရှိပါသည်။
ထင်ရှားသည့်မြစ်မှာ စစ်တောင်းမြစ်ဖြစ်ပြီး မြောက်မှတောင်သို့စီးဆင်းပါသည်။ထင်ရှားသောချောင်းများမှာရဲနွယ်ချောင်း၊ ဘိုင်းဒါးချောင်းတို့ဖြစ်ပြီး ပဲခူးရိုးမတွင် မြစ်ဖျားခံ၍ မြို့နယ်အတွင်း အနောက်မှအရှေ့သို့ဖြတ်သန်း၍ စစ်တောင်းမြစ်အတွင်းစီးဝင်ပါသည်။
ဒေသအတွင်းရှိ ရေအရင်းမြစ်များမှာ ရေချိုများဖြစ်ပြီး စိုက်ပျိုးရေ၊သောက်သုံးရေအတွက် အသုံးပြုနိုင်ပါသည်။ စစ်တောင်းမြစ်မှာနွေရာသီတွင်ရေအနက်(၂၀)ပေခန့်ရှိ၍ စက်လှေများသွားလာနိုင်ပါသည်။
ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်
ညောင်လေးပင်မြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အောက် (၅၀)ပေနိမ့်သောဒေသတွင်တည်ရှိပါသည်။
ရာသီဥတု
ညောင်လေးပင်မြို့နယ်သည် ပူနွေးစိုစွတ်သောရာသီဥတုရှိပြီး၊အမြင့်ဆုံးအပူချိန်(၄၂)ဒီဂရီစင်တီဂရိတ်နှင့်အနိမ့်ဆုံးအပူချိန်မှာ(၁၃)ဒီဂရီစင်တီဂရိတ်ဖြစ်ပါသည်။တစ်နှစ်ပတ်လုံးမိုးရေချိန်အများဆုံး (၁၃၇)လက်မမှ တစ်နှစ်ပတ်လုံးမိုးရေချိန်အနည်းဆုံး (၁၀၀)လက်မခန့် ရွာသွန်းပါသည်။
သဘာဝပေါက်ပင်များ
ညောင်လေးပင်မြို့နယ်အတွင်း ပေါက်ရောက်သည့်သဘာဝပေါက်ပင်များမှာ ကုက္ကိုလ်၊ မအူ၊ ပေါက်၊ကျွန်း၊ ပျဉ်းမ၊ ငု၊ မယ်ဇလီ၊ စစ်၊ ထိန်၊အောရီရှား၊အင်ကြင်းပင်များပေါက်ရောက်ပြီး သရက်၊ မာလကာ၊ ရှောက်၊သံပုရာ၊ ငှက်ပျော၊ အုန်း၊ ထန်း စသည့်စားသုံးပင်များလည်း ဖြစ်ထွန်းပေါက်ရောက်ပါသည်။ စားကျက်မြေ၊
မြေများတွင်ကိုင်း၊ သက်ငယ်ပင်များထူထပ်စွာပေါက်ရောက်ပါသည်။
တောရိုင်းတိရစ္ဆာန်များ
ညောင်လေးပင်မြို့နယ်တွင်သစ်တောကြိုးဝိုင်းကြိုးပြင်တောများမရှိသဖြင့် တောရိုင်းတိရစ္ဆာန်များမရှိပါ။ စားကျက်တောများ၌ ယုန်၊ တောကြောင်၊ ဖွတ်၊ လိပ်၊ ပုတက်၊ မြွေ၊ ပုတ်သင်၊ ကင်းလိပ်ရှော သတ္တဝါများသာရှိပါသည်။
သဘာဝပတ်ဝန်းကျင်လက်ရှိအခြေနေ
ညောင်လေးပင်မြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အောက်ပေ(၅၀)အောက်နိမ့်သောလွင်ပြင်ဒေသဖြစ်ပြီး
အဓိကမြစ်ချောင်းများဖြစ်သည့် စစ်တောင်းမြစ်၊ရဲနွယ်ချောင်း၊ဘိုင်းဒါးချောင်း၊ချိန်းချောင်းတို့မှာနှုံးပို့ချမှုများပြီး တိမ်ကောလာမှုကြောင့် ရေစီးဆင်းမှုကိုအဟန့်အတားဖြစ်စေသဖြင့် မိုးရာသီမိုးများချိန်တွင် ရေနုတ်အားနည်းပြီး ရေကြီးခြင်းများ မကြာခဏဖြစ်ပေါ်လျှက်ရှိပါသည်။
စီးပွားရေးဆိုင်ရာခြုံငုံသုံးသပ်ချက်
ညောင်လေးပင်မြို့နယ်သည ပဲခူးတိုင်းဒေသကြီးအတွင်းတွင်တည်ရှိပြီး စီးပွားရေးအရ အချက်အချာကျပြီး ဖွံဖြိုးတိုးတက်မှုအသင့်အတင့်ရှိသော မြို့နယ်တစ်ခုဖြစ်ပါသည်။ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူလူထုသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ဆောင်ရွက်ကြပါသည်။ ညောင်လေးပင်မြို့နယ်သည် မီးရထားလမ်း
နှင့် ကားလမ်းဆုံရာတွင် တည်ရှိပြီး လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သော မြို့နယ်ဖြစ်ပါသည်။ မြို့နယ်၏ အဓိကထွက်ကုန်များမှာ ဆန်၊ စပါး၊ ပဲမျိုးစုံတို့ဖြစ်ပြီး ရန်ကုန်မြို့ နှင့် အထက်အညာဒေသသို့ အများဆုံးတင်ပို့ရောင်းချပါသည်။
လူဦးရေ၊မြို့၊ရပ်ကွက်၊ကျေးရွာအုပ်စု၊ကျေးရွာ
ညောင်လေးပင်မြို့နယ်၌ ၂၀၁၄သန်းခေါင်စာရင်းအရ လူဦးရေစုစုပေါင်း(၁၉၉၄၈၃)ဦး၊ အမျိုးသား(၉၄၄၆၄)ဦး၊ အမျိုးသမီး(၁၀၅၀၁၉)ဦးရှိပြီး ညောင်လေးပင်မြို့၊ မဒေါက်မြို့၊ ပြွန်တန်ဆာမြို့၊ ပိန်းဇလုတ်မြို့ဟူ၍ မြို့(၄)မြို့ရှိကာ ရပ်ကွက်(၁၁)ရပ်ကွက်၊ ကျေးရွာအုပ်စု(၄၉)အုပ်စု၊ ကျေးရွာပေါင်း(၁၅၂)ရွာ ရှိပါသည်။
ရပ်ကွက်များ
ညောင်လေးပင်မြို့
၁။ မြို့မ/အမှတ်(၁)ရပ်ကွက်
၂။ မြို့မ/အမှတ်(၂)ရပ်ကွက်
၃။ မြို့မ/အမှတ်(၃)ရပ်ကွက်
၄။ မြို့မ/အမှတ်(၄)ရပ်ကွက်
၅။ မြို့မ/အမှတ်(၅)ရပ်ကွက်
မဒေါက်မြို့
၆။ မြို့မ(၁)ရပ်ကွက်၊
၇။ မြို့မ(၂)ရပ်ကွက်
ပြွန်တန်ဆာမြို့
၈။ မြို့မ(၁)ရပ်ကွက်
၉။ မြို့မ(၂)ရပ်ကွက်
၁၀။ မြို့မ(၃)ရပ်ကွက်
၁၁။ မြို့မ(၄)ရပ်ကွက်၊
ကျေးရွာအုပ်စုများ
၁။အလယ်
၂။ချောင်းကျိုး
၃။ဒလဆိပ်
၄။အေး
၅။ဂွေးကုန်း
၆။ကြို့ပင်
၇။ဂျောင်းတာ
၈။လှည်းဆိပ်
၉။အင်းချောင်
၁ဝ။အင်ကုန်း
၁၁။အင်းဝိုင်း
၁၂။ကလိန်ခင်
၁၃။ကန်ကလေး
၁၄။ကုန်းအင်း
၁၅။ချောင်းရင်း
၁၆။ကွင်းဒလကြီး
၁၇။ကျဘမ်း
၁၈။ကြံဘို
၁၉။ကြာအင်းကြီး
၂၀။မုက်ခမူ
၂၁။မိုးခို
၂၂။ငှက်ပျောတော
၂၃။ညောင်ပင်ပေါက်
၂၄။နဘဲပင်
၂၅။ပိန်းဇလုပ်
၂၆။ဖိုးတုပ်ပုံ
၂၇။ပျဉ်ရေကြီး
၂၈။စမ်းကလေး (အရှေ့)
၂၉။စမ်းကြီး
၃၀။ရှမ်း
၃၁။ဆွဲဒလွဲ
၃၂။ထော်နွတ်
၃၃။တော်ပသီ
၃၄။တော်ဝိ
၃၅။ထိန်တပင်
၃၆။သောင်ကြီး
၃၇။ထင်းကုန်း
၃၈။သံတံတား
၃၉။ဝါးပတော
၄၀။ဝါးရုံကုန်း
၄၁။ဝင်္ဂဘော်
၄၂။ဝဲဝန်း
၄၃။ရေဖြူကန်
၄၄။ရေတွင်းကုန်း
၄၅။ရေဆုံး
၄၆။ရေကျော်
၄၇။ရေပေါ်သောင်
၄၈။ဇီးကုန်းကြီး
၄၉။စီပင်
ညောင်လေးပင်မြို့နယ်ရှိ ရွာများ (အက္ခရာစဉ်)
က
ကင်ပွန်းကန်ရွာ၊ ညောင်လေးပင်မြို့နယ်
ကညင်နှစ်ပင်ရွာ၊ ညောင်လေးပင်မြို့နယ်
ကတုတ်ရွာ၊ ညောင်လေးပင်မြို့နယ်
ကဒါးရွာ၊ ညောင်လေးပင်မြို့နယ်
ကရင်စုရွာ၊ ညောင်ပင်ပေါက်
ကရင်စုရွာ၊ ညောင်လေးပင်မြို့နယ်
ကလိန်ခင်ရွာ၊ ညောင်လေးပင်မြို့နယ်
ကုက္ကဲစုရွာ၊ ညောင်လေးပင်မြို့နယ်
ကုန်းအင်းရွာ၊ ညောင်လေးပင်မြို့နယ်
ကုလားကြီးကုန်းရွာ၊ ညောင်လေးပင်မြို့နယ်
ကောက်ကွေ့ရွာ၊ ညောင်လေးပင်မြို့နယ်
ကောက်မယ်သူရွာ၊ ညောင်လေးပင်မြို့နယ်
ကံကလေးရွာ၊ ညောင်လေးပင်မြို့နယ်
ကျဘန်းရွာ၊ ညောင်လေးပင်မြို့နယ်
ကျားချောင်းရွာ၊ ညောင်လေးပင်မြို့နယ်
ကျူချောင်း (အနောက်)ရွာ၊ ညောင်လေးပင်မြို့နယ်
ကျူချောင်း (အရှေ့)ရွာ၊ ညောင်လေးပင်မြို့နယ်
ကျူချောင်း (အလယ်)ရွာ၊ ညောင်လေးပင်မြို့နယ်
ကျောင်းရွာ၊ ညောင်လေးပင်မြို့နယ်
ကျွန်းချောင်းရွာ၊ ညောင်လေးပင်မြို့နယ်
ကျွန်းစုရွာ၊ ညောင်လေးပင်မြို့နယ်
ကျွဲသေမြောင်ရွာ၊ ညောင်လေးပင်မြို့နယ်
ကြာအင်းကြီးရွာ၊ ညောင်လေးပင်မြို့နယ်
ကြိုးကြာကွင်းရွာ၊ ညောင်လေးပင်မြို့နယ်
ကြောင်လျှာဖျားရွာ၊ ညောင်လေးပင်မြို့နယ်
ကြံဘိုကုန်းရွာ၊ ညောင်လေးပင်မြို့နယ်
ကြံဘိုရွာ၊ ညောင်လေးပင်မြို့နယ်
ကွင်းဒလရွာ၊ ညောင်လေးပင်မြို့နယ်
ကွင်းဒလလေးရွာ၊ ညောင်လေးပင်မြို့နယ်
ခ
ခင်ကန့်လန့်ရွာမရွာ၊ ညောင်လေးပင်မြို့နယ်
ခင်ကန့်လန့်ရွာသစ်ရွာ၊ ညောင်လေးပင်မြို့နယ်
ချင်းစုရွာ၊ ညောင်လေးပင်မြို့နယ်
ချုံအင်းရွာ၊ ညောင်လေးပင်မြို့နယ်
ချောင်းကျိုးရွာ၊ ညောင်လေးပင်မြို့နယ်
ချောင်းရင်းရွာ၊ ညောင်လေးပင်မြို့နယ်
ဂ
ဂျို့ပင်ရွာ၊ ညောင်လေးပင်မြို့နယ်
ဂျောင်းတာရွာ၊ ညောင်လေးပင်မြို့နယ်
ဂွေးကုန်းရွာ၊ ညောင်လေးပင်မြို့နယ်
င
ငှက်ပျောတောရွာ၊ ညောင်လေးပင်မြို့နယ်
စ
စစ်ကုန်းရွာ၊ ညောင်လေးပင်မြို့နယ်
စည်ပင်ရွာ၊ ညောင်လေးပင်မြို့နယ်
စမ်းကလေး (အနောက်)ရွာ၊ ညောင်လေးပင်မြို့နယ်
စမ်းကလေး (အရှေ့)ရွာ၊ ညောင်လေးပင်မြို့နယ်
စမ်းချောင်းရွာ၊ ညောင်လေးပင်မြို့နယ်
စိုင်ကွရွာ၊ ညောင်လေးပင်မြို့နယ်
စံဖဲရွာ၊ ညောင်လေးပင်မြို့နယ်
ဆ
ဆင်ကူးရွာ၊ ညောင်လေးပင်မြို့နယ်
ဆာဆေးရွာ၊ ညောင်လေးပင်မြို့နယ်
ဆုံကုန်းရွာ၊ ညောင်လေးပင်မြို့နယ်
ဆုံကွဲရွာ၊ ညောင်လေးပင်မြို့နယ်
ဇ
ဇရပ်ကုန်းရွာ၊ ညောင်လေးပင်မြို့နယ်
ဇရပ်ခင်ရွာ၊ ညောင်လေးပင်မြို့နယ်
ဇလုပ်ကုန်းရွာ၊ ညောင်လေးပင်မြို့နယ်
ဇီးကန် (အနောက်)ရွာ၊ ညောင်လေးပင်မြို့နယ်
ဇီးကန် (အရှေ့)ရွာ၊ ညောင်လေးပင်မြို့နယ်
ဇီးကုန်းကြီးရွာ၊ ညောင်လေးပင်မြို့နယ်
ဇီးကုန်းလေးရွာ၊ ညောင်လေးပင်မြို့နယ်
ဇီးဖြူခင်ရွာ၊ ညောင်လေးပင်မြို့နယ်
ဇီးဖြူဘုရားရွာ၊ ညောင်လေးပင်မြို့နယ်
ည
ညောင်ကန်ရွာ၊ ညောင်လေးပင်မြို့နယ်
ညောင်ပင်ပေါက်ရွာ၊ ညောင်လေးပင်မြို့နယ်
ညောင်ပင်သာရွာ၊ ညောင်လေးပင်မြို့နယ်
ညောင်ပင်သာရွာ၊ ဝါးပတော
တ
တရုပ်စုရွာ၊ ညောင်လေးပင်မြို့နယ်
တာတိုရွာ၊ ညောင်လေးပင်မြို့နယ်
တာဦးရွာ၊ ညောင်လေးပင်မြို့နယ်
တောင်သူကုန်းရွာ၊ ညောင်လေးပင်မြို့နယ်
တောဝိရွာမရွာ၊ ညောင်လေးပင်မြို့နယ်
တောဝိရွာသစ်ရွာ၊ ညောင်လေးပင်မြို့နယ်
တော်ပသီရွာ၊ ညောင်လေးပင်မြို့နယ်
ထ
ထင်းကုန်းရွာ၊ ညောင်လေးပင်မြို့နယ်
ထိန်တပင်ရွာ၊ ညောင်လေးပင်မြို့နယ်
ထော်နွတ်ရွာ၊ ညောင်လေးပင်မြို့နယ်
ထွနီကုန်းရွာ၊ ညောင်လေးပင်မြို့နယ်
ဒ
ဒလဆိပ်ရွာ၊ ညောင်လေးပင်မြို့နယ်
ဒုံဇရစ် (အနောက်)ရွာ၊ ညောင်လေးပင်မြို့နယ်
န
နတ်ကတော်ခင်ရွာ၊ ညောင်လေးပင်မြို့နယ်
နတ်စင်ကုန်းရွာ၊ ညောင်လေးပင်မြို့နယ်
နဘဲပင်ရွာ၊ ညောင်လေးပင်မြို့နယ်
နဘဲဘုရားရွာ၊ ညောင်လေးပင်မြို့နယ်
ပ
ပန်းတင်ရွာ၊ ညောင်လေးပင်မြို့နယ်
ပိန်းဇလုပ်ရွာမရွာ၊ ညောင်လေးပင်မြို့နယ်
ပိန်းဇလုပ်ရွာ၊ ညောင်လေးပင်မြို့နယ်
ပုဂံကွဲ (မြောက်)ရွာ၊ ညောင်လေးပင်မြို့နယ်
ပုဇွန်မြောင်းရွာ၊ ညောင်လေးပင်မြို့နယ်
ပေါက်တောရွာ၊ ညောင်လေးပင်မြို့နယ်
ပျဉ်ရေကြီးရွာ၊ ညောင်လေးပင်မြို့နယ်
ပြည်ကိုယ်တော်ရွာ၊ ညောင်လေးပင်မြို့နယ်
ဖ
ဖအောင်းရွာ၊ ညောင်လေးပင်မြို့နယ်
ဖိုးတုပ္ပုံ (အလယ်စု)ရွာ၊ ညောင်လေးပင်မြို့နယ်
ဖိုးတုပ္ပုံရွာမရွာ၊ ညောင်လေးပင်မြို့နယ်
ဘ
ဘိုင်းဒါးရွာ၊ ညောင်လေးပင်မြို့နယ်
ဘူတာစုရွာ၊ ညောင်လေးပင်မြို့နယ်
မ
မယ်ဇလီခင်ရွာ၊ ညောင်လေးပင်မြို့နယ်
မအူတန်းရွာ၊ ညောင်လေးပင်မြို့နယ်
မအူရိုးရွာ၊ ညောင်လေးပင်မြို့နယ်
မိုးခို (အထက်)ရွာ၊ ညောင်လေးပင်မြို့နယ်
မိုးခို (အောက်)ရွာ၊ ညောင်လေးပင်မြို့နယ်
မီးလောင်ကုန်းရွာ၊ ညောင်လေးပင်မြို့နယ်
မုက္ခမူရွာ၊ ညောင်လေးပင်မြို့နယ်
မောလေးစုရွာ၊ ညောင်လေးပင်မြို့နယ်
မှော်ဖျားရွာ၊ ညောင်လေးပင်မြို့နယ်
ရ
ရေကျော်ကြီးရွာ၊ ညောင်လေးပင်မြို့နယ်
ရေကျော်လေးရွာ၊ ညောင်လေးပင်မြို့နယ်
ရေကြည်ချောင်းရွာ၊ ညောင်လေးပင်မြို့နယ်
ရေဆုံးရွာ၊ ညောင်လေးပင်မြို့နယ်
ရေတွင်းကုန်းရွာမရွာ၊ ညောင်လေးပင်မြို့နယ်
ရေပေါ်သောင်ရွာ၊ ညောင်လေးပင်မြို့နယ်
ရေဖြူကန်ရွာ၊ ညောင်လေးပင်မြို့နယ်
ရဲလှကုန်းရွာ၊ ညောင်လေးပင်မြို့နယ်
ရွှေခဲစုရွာ၊ ညောင်လေးပင်မြို့နယ်
ရွှေဘုံသာရွာ၊ ညောင်လေးပင်မြို့နယ်
ရှမ်းစုရွာ၊ ညောင်လေးပင်မြို့နယ်
ရှမ်းဒိုးတန်းရွာ၊ ညောင်လေးပင်မြို့နယ်
ရှမ်းရွာ၊ ညောင်လေးပင်မြို့နယ်
လ
လက်ပံခုံရွာ၊ ညောင်လေးပင်မြို့နယ်
လက်ပံဘု (အနောက်)ရွာ၊ ညောင်လေးပင်မြို့နယ်
လက်ပံဘု (အရှေ့)ရွာ၊ ညောင်လေးပင်မြို့နယ်
လက်ပံဘု (အလယ်)ရွာ၊ ညောင်လေးပင်မြို့နယ်
လသာကုန်းရွာ၊ ညောင်လေးပင်မြို့နယ်
လေးအိမ်စုရွာ၊ ချောင်းကျိုး
လေးအိမ်စုရွာ၊ စမ်းကြီး
လေးအိမ်စုရွာ၊ ညောင်လေးပင်မြို့နယ်
ဝ
ဝက်ချဲရွာ၊ ညောင်လေးပင်မြို့နယ်
ဝင်္ဂဘော် (မြောက်)ရွာ၊ ညောင်လေးပင်မြို့နယ်
ဝင်္ဂဘော်ရွာ၊ ညောင်လေးပင်မြို့နယ်
ဝါးရုံကုန်းရွာ၊ ညောင်လေးပင်မြို့နယ်
ဝိုင်ရွာ၊ ညောင်လေးပင်မြို့နယ်
ဝဲဝန်းကျောင်းစုရွာ၊ ညောင်လေးပင်မြို့နယ်
ဝဲဝန်းရွာမရွာ၊ ညောင်လေးပင်မြို့နယ်
ဝဲဝန်းရှမ်းစုရွာ၊ ညောင်လေးပင်မြို့နယ်
သ
သရက်ကုန်းရွာ၊ ညောင်လေးပင်မြို့နယ်
သာယာစုရွာ၊ ညောင်လေးပင်မြို့နယ်
သာလူကုန်းရွာ၊ ညောင်လေးပင်မြို့နယ်
သိင်္ဂံရွာ၊ ညောင်လေးပင်မြို့နယ်
သောင်ကြီးရွာ၊ ညောင်လေးပင်မြို့နယ်
သဲကျောရွာ၊ ညောင်လေးပင်မြို့နယ်
သံတံတားရွာ၊ ညောင်လေးပင်မြို့နယ်
အ
အင်ကုန်းရွာ၊ ညောင်လေးပင်မြို့နယ်
အင်းကပ်ပလိပ်ရွာ၊ ညောင်လေးပင်မြို့နယ်
အင်းကျိုက်ရွာ၊ ညောင်လေးပင်မြို့နယ်
အင်းကြီးစုရွာ၊ ညောင်လေးပင်မြို့နယ်
အင်းပရိရွာ၊ ညောင်လေးပင်မြို့နယ်
အင်းပုလွဲရွာ၊ ညောင်လေးပင်မြို့နယ်
အင်းပုဝါရွာ၊ ညောင်လေးပင်မြို့နယ်
အင်းဝိုင်းရွာ၊ ညောင်လေးပင်မြို့နယ်
အလယ်ရွာ၊ ညောင်လေးပင်မြို့နယ်
အလုပ်စုရွာ၊ ညောင်လေးပင်မြို့နယ်
အုပ်ပလင်ရွာ၊ ညောင်လေးပင်မြို့နယ်
အောက်ချိုင်းရွာ၊ ညောင်လေးပင်မြို့နယ်
အောင်းကြီးရွာ၊ ညောင်လေးပင်မြို့နယ်
အေးရွာ၊ ညောင်လေးပင်မြို့နယ်