11/01/2022
သင်တန်းများဖွင့်လှစ်နိုင်ရေး တွေ့ဆုံဆွေးနွေး
မကွေးတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန မှ တိုင်းဦးစီးမှူးနှင့် မန်းရေနံမြေ၊ MPRL E&P မှ (CSR & Communications Manager)
ဒေါ်ဝတ်မှုန်တင်လတ် တို့ တွေ့ဆုံ၍ မန်းရေနံမြေဒေသအတွင်း နေထိုင်သော ကျေးရွာများမှ ပြည်သူများ အလုပ်အကိုင် ရရှိရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ရည်ရွယ်ကာ ၎င်းဒေသဝန်းကျင်တွင် များပြားစွာ ထွက်ရှိသော ခရမ်းချဉ်သီးများနှင့် ပတ်သက်၍ တန်ဖိုးမြှင့် ထုတ်ကုန်များဖြစ်သော ခရမ်းချဉ်သီးယို၊ ခရမ်းချဉ်သီးဆော့စ်၊ ခရမ်းချဉ်သီးဖျော်ရည် အစရှိသည် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး သင်တန်းဖွင့်လှစ်ပေးနိုင်ရန် တင်ပြတောင်းဆိုမှုအား ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ဖွင့်လှစ်ပေးနိုင်ရန် တိုင်းဦးစီးမှူးမှ စီစဉ်ဆောင်ရွက်ခဲ့ပါသည်။
၎င်း သင်တန်းမှ ရရှိလာသော နည်းပညာများဖြင့် ထုတ်ကုန်များ ဆက်လက် ထုတ်လုပ်၍ ရန်ကုန်မြို့ရှိ ဟော်တယ်များ၊ စားသောက်ဆိုင်ဆိုင်များ၊ စူပါမားကတ်များသို့ တင်ပို့ရောင်းချနိုင်ရေး ကြိုးပမ်းဆောင်ရွက်
လျှက်ရှိသည်ကိုလည်း သိရှိရပါသည်။